Tuesday, January 13, 2009

”ဗျို့..ဆရာတို့UK ထီပေါက်တယ်တဲ့”


အွန်လိုင်းထီ ပေါက်ဖူးကြလား?

နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှာနေတဲ့ ညီမငယ် Moon တစ်ယောက် ထီပေါက်လို့ဆိုပြီး ကျွန်မဆီ အီးမေးလ်ပို့ထားတာ ကြာပါပြီ။ အီးမေးလ်ထဲမှာ သူအွန်လိုင်းထီတွေထိုးပြီး US$ 800,000 ,00 ပေါက်လို့ ကျွန်မကို တစ်ဝက်ခွဲပေးမယ်လို့ ရေးထားတာ မဟုတ်ပါဘူး.. ဟား..ဟား ထုံးစံအတိုင်း ပုံစံဖြည့်ပါ၊ အခွန်ဆောင်ပါတွေပြောပြီး ကိုယ့်ဆီက အခွန်ဆောင်ငွေရမှ သူတို့က ပိုက်ဆံလွဲပေးမယ်တွေ လုပ်လို့ ကျွန်မကို ဒီလိုကြုံခဲ့ဖူးလား? ကြားဖူးခဲ့လား? ကြုံဖူးတဲ့လူတွေလည်း သူတို့အတွေ့အကြုံတွေ ပြန်ပြောပြနိုင်အောင် ရေးပါအုန်းလို့ Moon က ပြောလာပါတယ်။

ကျွန်မလဲ ဟိုရှုပ်ဒီရှုပ်၊ လူမှုရေးရှုပ်၊ နှလုံးသားရေးရှုပ်၊ ခေါင်းတွေခြောက်ပြီး မရေးဖြစ်ခဲ့ဘူး။ ဒီမနက်တော့ ကျွန်မဆီ Ticket Number: 8603775966738 လို့ခေါင်းစဉ်တပ်ထားတဲ့ အီးမေးလ်တစ်စောင် ဝင်လာခဲ့လို့ ဒီစာကို ရေးဖြစ်လိုက်ပါတယ်။ အီးမေးလ်က ကျွန်မ ထီပေါက်တဲ့ အီးမေးလ်ဖြစ်နေတယ်။ ကျွန်မ ထီလဲမထိုးတတ်ပါဘူး။ ထီလဲ မထိုးဖူးပါဘူး။ ပို့ပေးတဲ့ လိပ်စာက အောက်ကအတိုင်းဖြစ်ပါတယ်။

THE INTERNATIONAL AWARENESS PROMOTION
DEPARTMENT OF THE BMW AUTOMOBILE COMPANY.
41 Wigmore Street London W1U 1PJ, United Kingdom,

In the final draw of 7TH day of January 2009 Your e-mail address attached to Ticket Number: 8603775966738 with the following Winning Numbers:6, 18, 40, 43, 47, 49, 32 (bonus no.32) has won you £500,000.00 G.B.P. (Five Hundred thousand Great British Pounds) in the ongoing BMW AUTOMOBILE 2009 awareness program lottery.

တကယ်ဟုတ်ခဲ့ရင် အဲလောက်များတဲ့ငွေနဲ့ ကျွန်မ ဘာလုပ်ရမှန်း မသိဘဲ ရူးသွားမလား မသိဘူး :P ဒါပေမယ့် ဒီအီးမေးလ်ကို ကျွန်မဖျက်လိုက်ပါတယ်။ တကယ်လို့ ဒီအီးမေးလ်ကို ကျွန်မပြန်ခဲ့ရင် Moon လိုပဲ ဖောင်ဖြည့်ပါ၊ အကောင့်နံပါတ်ပေးပါ၊ အခွန်အရင်ဆောင်ပါ၊ ပြီးမှ ငွေပို့ပေးမယ်ဆိုတာတွေ ဖြစ်လာတော့မှာ... လောကကြီးမှာ အလကားစားရတဲ့ ညစာမရှိပါဘူး။
ဒီလိုအီးမေးလ်မျိုးကို တစ်ခြားလူတွေလည်း မကြာခဏ လက်ခံရမယ်ထင်ပါတယ်။ ဒီလိုမေးလ် ဝင်လာတိုင်း ကျွန်မက ဖျက်ပစ်နေကျဆိုတော့ အတွေ့အကြုံတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဟိုးအရင် ကျွန်မထိုင်ဝမ်မှာ ကျောင်းတက်တုန်းက အဆောင်နေ အခန်းဖော်အစ်မတစ်ယောက် ဒီလိုအဖြစ်မျိုး ကြုံတာကို တွေ့ခဲ့ဖူးတယ်။ သူလဲ ထီပေါက်တယ်၊ ကံစမ်းမဲပေါက်တယ်ဆိုတဲ့ မက်ဆေ့ကို ဖုန်းထဲကနေရခဲ့တယ်။ အဲဒီတုန်းက ကျွန်မလဲ တောသားမြို့တက်စဆိုတော့ တကယ်ပေါက်တယ်ထင်ပြီး သူ့အတွက် ဝမ်းသာပေးလိုက်တာ.. သူလဲ ငွေတွေရရင် မိသားစုအတွက် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ စီမံကိန်းတွေ ချပြီး ပျော်နေခဲ့တယ်။

ဖုန်းတွေဆက်၊ အကောင့်နံပါတ်တွေပေးပြီး ငွေလွဲပေးပါလို့ ပြောတော့ အခွန်အရင်ဆောင်ပါတဲ့။ အခွန်ကို ပေါက်တဲ့ ငွေထဲကနေ နုတ်ယူပါဆိုတော့ မရဘူးတဲ့။ နောက်တော့ ဖုန်းခကုန်တာပဲ အဖတ်တင်ပါတယ်။ စကားတွေ ပြောတာများလာပြီ၊ စကားထဲကနေ လိမ်ကြောင်း သိလိုက်ရတယ်။ ဒီလိုသတင်းမျိုးက မကြာခဏ ကြားနေရပါတယ်။ နည်းနည်းပိုတုံးတဲ့ လူက ငွေတွေထည့်ထားတဲ့ ကိုယ့်အကောင့်ကို ပေးလိုက်တယ်။ သူတို့ဆီကငွေတွေ မရတဲ့အပြင် ကိုယ့်အကောင့်ထဲက ငွေတွေတောင် အဆစ်ပါသွားတတ်သေးတယ်။ တစ်ချို့ကလည်း အတိအကျပဲ ချက်နဲ့ လွဲပေးမယ်ဆိုပြီး အယုံပြ... တကယ်တော့ သူတို့ဖက်ကနေ ချက်လက်မှတ်ကို အလွယ်တကူ cancel လုပ်နိုင်ပါတယ်။

ကြုံဖူးသူတွေရှိရင်လဲ ညီမငယ် Moon ပိုသိရအောင်၊ ဒါမှမဟုတ် အကြံဥာဏ်လေး ပေးကြပါအုန်းလို့ Moon ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

နိုင်းနိုင်းစနေ
ရေးသားသူ....... နိုင်းနိုင်းစနေ at 1/13/2009 01:19:00 AM 8 comments
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ထုံးစံအတိုင်း ..မနိုင်းနိုင်းရဲ့ လက်ရာကောင်းတွေထဲမှ
ကိုယ်နဲ့တိုက်ဆိုင်သော အကြောင်းလေးဖြစ်နေလို့
ကော်ပီ..ပေ့စ် လုပ်လိုက်ပါတယ်..။
မနိင်းနိုင်းကို ဒီနေရာမှ ပဲကျေးဇူးတင်ကြောင်းထပ်လောင်း
ဆိုချင်ပါတယ်။

ကျွန်တော့်ဘလော့.................
လာလည်ဖတ်သူ သူငယ်ချင်းမိတ်ဆွေများ ခင်ဗျား
အွန်လိုင်းမှအီးမေးလ်နှင့်ဝင်လာသောသတင်း
များအထူးဂရုပြုဖတ်ကြပါ။ပိုက်ဆံပေးပေး၊နတ်သမီး
နတ်သားပေးပေး ကိုယ့်ဘက်က ရဲရဲတင်းတင်း
“NO နိုး..”လို့ပြော ”Go ဂိုး” ဆိုပြီး အဲဒီမေးလ် ကို
အမှုက်ပုံးထဲ ဒုံး မြည်အောင် ပစ်သာထည့်ကြဗျို့။
သွားလွမ်းမပြနဲ့ ဒင်းက အုပ်သွားလိမ့်မယ်။

အားလုံးကို
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

0 comments: