ရောက်တတ်ရာရာ လက်တည့်စမ်းခဲ့သော
ဤဘလော့လေး ကို ..........
နောက်ထပ်တခါ အသစ်သစ် ဖြည့်ဆည်း
ကောင်းမွန်သိပ်သည်းတဲ့ စာကောင်းပေမွန်
များ ဖြင့်ရောင်စုံခြယ်မှုန်း ရန် မဖြစ်နိုင်တော့
သောကြောင့်...................
အဖက်ဖက်က..ကူညီအားဖြည့်ပေးကြတဲ့
ဘလော့ချစ်ခင် ညီအကို မောင်နှမ ဆရာ
ဆရာမ ဘလော့ဂါ များ အား လည်းကောင်း
ပြည်တွင်းကနေ ကျော်ခွ လာရောက်လည်ပတ်
ကြသော..၊ ပြည်ပ ကမ္ဘာတလွှား က နေ လာ
ရောက် လည် ပတ် ကြသော မိတ်ဆွေ သင်္ဂဟ
များ အားလုံး အား လည်းကောင်း....
ကျေးဇူး အထူး တင် ပါကြောင်း နဲ့...
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေဖို့
ဆုတောင်းရင်း....နှုတ်ဆက်ခဲ့ပါတယ်။
စာအရေးအသား အကြောင်းအရာ (တင်ပြပုံ)
အထားအသို မသေမသပ် စာလုံးပေါင်း အမှား
အယွင်း များစွာ နဲ့ ပင်ကိုယ် ညံ့ဖျင်းမှု များ
အတွက် လည်း တောင်း ပန် ခဲ့ပါတယ်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Friday, March 19, 2010
မိတ်ဆွေများသို့..နှုတ်ဆက်ခဲ့ခြင်း
Posted by ah..maye.. latt..yar at Friday, March 19, 2010 0 comments Links to this post
Tuesday, March 9, 2010
ဇာတ်ရံ
“ဇာတ်ရံ”
ခွင့်လွှတ်ပါကွယ်..
အရိုးခံပြောမယ့် စကားတခွန်းအတွက်
လက်ဖျားတွေ အေးစက်နေခဲ့တယ်။
ယုံကြည်နိုင်မလား...
ဝေခွဲရခက်လွန်းတဲ့ အဓိပါယ်တွေနဲ့
မျှော်လင့်ချက် မလင်းတလက်
တဘဝစာ မှီးပိတ်ထားတဲ့ အခန်းကျဉ်းလို
အငိုတွေနဲ့ အပို မဆိုချင်ပါဘူး
ငါရူးမယ့် နောက်ဆုံး-ဇာတ်ဝင်ခန်းက
မင်း............ပျော်ရွှင်ဖို့
စိတ်အဖြူရောင် သန့်သန့်လေးပါ။
သိန်းထိုက်(မလေးရှား)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီတခါ ဗစ်တာထွန်းဇေ ကို ဟိုတွေး ဒီရေး လုပ်ခိုင်းစရာ
မလိုပဲ မလေးရှားရောက် ကိုသိန်းထိုက် ရဲ့ ခံစားမှု လေးကို
ကိုယ့်ဖာသာ အလွယ်တကူ ကော်ပီလုပ် ကူးချလိုက်ပါတယ်။
အီးမေးလ် နဲ့ ကိုယ်ပိုင် ခံစားမှုလေး ကို တကူးတက
ထုတ်ဖော် မျှဝေ ပေးခဲ့တဲ့ ဆရာ ကိုသိန်းထိုက် ကို
အမေ့လက်ရာ က ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ.
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Tuesday, March 09, 2010 0 comments Links to this post
Sunday, March 7, 2010
ပြင်းလွန်း တဲ့နွေ
အပူရှိန်လွဲကဲ
တချိန်လုံးလောင်ကျွမ်းနေလိုက်တာ
ငါ့အလွမ်းသစ်ပင်အို ခြောက်သွေ့
လေဝှေ့စရာမလိုအောင်
ရင်နှစ်မွှာ စွယ်တော်ရွက်ကလေး
နွေ ကန္တာရ လမ်းပေါ်
(ရင်ခုန်သံ တိတ်တဆိတ်နဲ့)
တရွက်စီ တရွက်စီ
လွင့်..လွင့်ကြွေ။
ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပျော်ရွှင်ဧချမ်းသာယာကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Sunday, March 07, 2010 0 comments Links to this post




