Wednesday, April 29, 2009

တသက်စာ ....



ရာသီတွေ ရဲ့ အစ
အငုံ အကင်း အဖူးလေးဘဝ
နေ့ရဲ့ ရာချီ ဇာတ်လမ်း
ည ရဲ့ ဂန္တဝင် မှတ်တမ်း
နှစ်ချို့ ဝိုင်ခါးခါးတွေ နဲ့
မသိမသာ ကြီးပြင်းရပေါ့။

တနေ့...
ခပ်သွဲ့သွဲ့ လေညာ အဝှေ့မှာ
ယိမ်းနွဲ့လို့ အမှုမဲ့စွာ
အမှတ်တရ အလွှာလိုက်
ကာရံမဲ့အောင် လွတ်ကျ ပွင့်ဝေ။

မိတ်ဆွေတို့..
ကျေးဇူးပြုပြီး ကြားရပါသလား
မိတ်ဆွေတို့..
ကျေးဇူးပြုပြီး မြင်ရပါသလား ။

သင်တို့..
ထံအနီးမှာ

သင်တို့..
လက်တကမ်းမှာ

ဒါ..အလှဆုံး ပန်းတပွင့်
ဒါ..ကမ္ဘာသုံး ပန်းတပွင့်လေ။



ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

အားလုံးပြုံးပျော် ကြည်နူးနိုင်ပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

မျက်စိ အာဟာရ လက် ဆေးရောင်ခြယ်ဒီဇိုင်းအလှ

ညစ်နေကြ လို့ ပဲ ဖြစ် ဖြစ်၊ချစ်နေ ကြလို့ပဲ ဖြစ် ဖြစ်
လက်ကောက်ဝတ် နဲ့ လက်ချောင်းလေး တွေကို ဆေး
ရောင်စုံ လှလှ ဒီဇိုင်းပုံစံ ကျကျ အသက်သွင်း ဖန် တီး
တိရစ္ဆာန် ဥယျာဉ် လေး ထဲ ရောက် နေ သ လို ခံစား
ကြည့်ကြဖို့ ရည်ရွယ်ကာ.ပုံလေးတွေမျှဝေလိုက်ပါတယ်။




















အားလုံးပြုံးပျော် ရွှင်လန်းကြပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Tuesday, April 28, 2009

ပြောရအုံးမယ်.......အေးမိရေ

အေးမိရေ.......
နေ့လည်က နင်ဖုန်းခေါ်တာကို ပြန်မပြောနိုင်ခဲ့တာကို
နားလည်ပေးပါ။ အလုပ်က မိုးမရွာမှီ အပြီး ကတ္တရာ
လမ်းခင်းနေ ရတော့ မကုတ်အား ဘူးဟယ်။ဟိုနေ့က
နင့်ကို မှာ စရာရှိတယ် ဆိုတာ တခြား မ ဟုတ်ဘူး။
စလုံးကို အလုပ်လာရှာရင်း ဟိုစပ်စပ် ဒီစပ်စပ်လျှောက်
သွား လျှောက်စား တတ်တဲ့ နင့်ကိုမှာချင်တာကတချို့
FOOD COURT တွေ က မသန့် ရှင်း ဘူး တဲ့ ဟ။
ဂေးလန်းက အိန္ဒိယ မလေး ဆိုင် မှာ တရုပ်မ ကြီးတ
ယောက် အစားမှားတာက စတဲ့ ကိစ္စ...အနိစ္စ လျှော
သွားသလိုအဲဒီဆိုင်မှာပဲ နင့်လို အစားကြီးတဲ့ လူပေါင်း
၅၀ ကျော် လောက်လည်းဆေးဝါးကုသ စစ်ဆေးမှုတွေ
ရှိခဲ့တာ တီဗွီသတင်းလိုင်း မှာတွေ့ခဲ့တယ်လေ။ စုံစမ်း
စစ်ဆေးမှုတွေအရ ဆိုင်အပြင် အဆင် သန့်ရှင်းမှုလျော့
ရဲမှုတွေနဲ့ ပင် လယ် စာ Sea-Foodကြောင့်လို့ကြား
ရတယ်။နေ့စဉ် သတင်းစာ တွေမှာတော့အနီးအနားက
ကြွက်တွေ ဖမ်းဆီးပုံ ၊ကျန်းမာရေးဝန်ကြီးကဆိုင်တချို့နဲ့
စားသုံးသုတွေ ကို ကွင်းဆင်းလေ့လာသတိပေးမေးမြန်း
နေပုံ၊ဆိုင်ရှင်တချို့က သတင်းဌာနအင်တာဗျူးသမားတွေ
ကို မိမိဆိုင် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် လိုင်စင်
အဆင့်(အေ၊ဘီ၊စီ၊ဒီ)ကဒ်ပြားလေးတွေထောင်ပြနေပုံတွေ
ကိုတွေ့ရတယ်။ဒါကြောင့်.ငယ်ငယ်က အဘနဲ့အမ ပြော
တယ်မှတ်လား..အစားမတော် ကိစ္စလျှော (အဲ..လေ)
အစားမ တော် တလုပ် ဆိုတာ။

ဒါနဲ့..မိုးမိုးထွေး က ကိုသန်းဦး ကိုပြောပြလို့ နင် MRT
စီး ရင် နေရာ ရဖို့ အတင်း တိုးတယ်တဲ့။မရွှေချော..ရေ၊
ကြည့်ပြီးမှ စွန့်စားနော်ဒီမှာက ရန်ကုန်မှာ နင်လိုင်းကားတိုး
တက်သလို ၊မြို့ပတ်ရထားပြေးလိုက်သလို မလွယ်ဘူးဟ။ဟို
မှာ..တို့ အားလုံးက အကျင့်ဖြစ် နေပြီးသား၊ယဉ်မောင်းဆ
ရာတွေက လည်း ငါတို့ရွှေအမျိုးများကိုသိပြီးသား။သူ့အရပ်နဲ့
သူ့ဇာတ် ဟဲ့။ဒီမှာက..မလွယ်ဘူးနော်။ဟိုရှေးလ လယ်တုန်း
ကလားမသိဘူးCLEMENTI MRTမှာမနက်(၆)နာရီခွဲလောက်
အသက်(၇၁)နှစ် တရုပ်အဘွားကြီး တယောက်အလုပ်အပြန်
မီးရထား တိုက်သွားတာ ကြားရပြန်တယ်။ဒါကြောင့်သူတို့က
လည်း ခဏခဏသတိပေးကြော်ငြာနေတာလေနင်ကြားမှာပေါ့
..Please stand behind the yellow line ဆို
တာ။ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ ၂၀၁၂ ခု အ မှီ
အပြီး မှန်ကာတံခါး(စီးတီးဟောMRT မှာလိုမျိုး)MRTမီးရထား
ဘူတာတိုင်း တပ်ဆင်ရေးစီမံကိန်းလည်းကြားရပြန်တယ်။လော
လောဆယ်..မရွှေချော ကိစ္စမချောဖို့မျဉ်းဝါနောက်ဘေးမှာ..
စိတ်အေးလက်အေး နဲ့ လေချွန်ရပ်တော်မူပါ။



စိတ်အေးလက်အေး ဆိုမှနောက်ဆုံးသတင်းက SWINE FLU
တဲ့။ဝက်တုပ်ကွေး ဆိုလား။ကြံကြံဖန်ဖန် ရီမယ်လုပ်မနေနဲ့အုံး။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့မက္ကဆီကိုနိုင်ငံကစတဲ့
SWINE FLU ဟာစိုးရိမ်အဆင့် ၄ မှာရောက်နေပြီမို့၊သတိထား
ကြဗျို့လို့ အော်နေပြီ။အေးမိရေ..ကမ္ဘာကြီးမှာရောဂါတွေတနေ့
တနေ့ဆန်းကျယ်လာပြီးသူ့အလိုလိုသေကြရမယ့်အထဲ၊ဟို နိုင်ငံ
တွေမှာ ဟိုလူမျိုးတွေ က ဘာ သာအယူဝါဒတွေအတွက်အမြတ်
အစွန်းတွေအတွက် အသေခံဗုံးခွဲကြ ပစ် ကြ ခတ်ကြ အော်ကြ
ဟစ်ကြ နဲ့တရား ကျချင်စရာ။ဘယ်လိုရှိစေ..ဒီ SWINE FLU
ရောဂါဆန်းအတွက် နင့် ဘဘကြီးလီကွမ်ယု ကတော့ဒီဟာက
အရင် ၂၀၀၂ လောက်တုန်းက SARS ရောဂါလိုပဲတဲ့..၊ဘယ်
လောက်ကြာမယ်ဆိုတာထက် နေရာတိုင်းမှာ သတိထားပြင်ဆင်
(အရင် SARS ရောဂါဖြစ်တုန်းက အတွေ့အကြုံကို)သင်ခန်းစာ
ယူလို့တင်ကြို ကာကွယ်မှု တွေလုပ်မယ် တဲ့ ..သူရဲ့ ဒီ နေ့
စင်္ကာပူ Flyer ဖိတ်ကြားပွဲ မှာသူ့အ ဖွဲ့သူ အဖွဲ့သား၁၄၀နဲ့
မိသားစုဝင် တွေကို ပြောခဲ့တာပေါ့။ဒီကို သူဒီနေ့ လာတာက
လည်း မနှစ် ဧပရယ် ၁၅ ရက်တုန်းကFlyer ဖွင့်ပွဲပြီး တုန်း
ကတည်းကဆို ဒါ ပထမဦးဆုံး ခရီးစဉ်ပဲတဲ့လေ။အေးမိရေ...
အ လ ကားရတိုင်း အွန်လိုင်းကနေ နင့်ကို ဆရာ ကြီး လုပ်
လူတတ်ကြီး အစွမ်း ပြနေတာမဟုတ်ဘူး နော်၊နင် ဟာ ငါ့နှမ
ဖြစ်လို့ စိုးရိမ် လို့ ဆိုတာ နား လည်။ တုပ်ကွေး အ တွက်
တင်ကြိုတဲ့ အနေ နဲ့ ရေများများသောက် ၊ အိပ်ရေးဝ အောင်
အိပ်၊ဗီတာမင်(C)စီပါတဲ့အစာ၊ဆေးစားသောက်ပါတဲ့။ ဒါကတော့
အန်တီမေမှာတာ။အခုပြောခဲ့တဲ့ အကြောင်းတွေအားလုံးကိုနေ့စဉ်
လွှင့်တီဗွီရုပ်သံလိုင်း နဲ့သတင်းစာ တို့ကနေ နဲ့အချက်အလက်
တွေ ကိုးကားပြီး ပြန်ပြောပါတယ်။

အေးမိရေ..ဒီလောက်နဲ့ ပဲနားပါရစေဟယ်။
ကျန်းမာပျော်ရွှင် ဘေးဘယာဝေးလို့ အလုပ်မြန်မြန်ရပါစေ။

နင့်ရဲ့...
ဖိုးကုလား

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော်ရွှင်လို့ကျန်းမာကြပါစေ။

သိနေဟဖြင့်...

သားရွှေနု
(အမေ့လက်ရာ)

Sunday, April 26, 2009

ပင်လယ်ခြင်္သေ့ဖျံကောင်သတိထား




ပင်လယ်ခြင်္သေ့ဖျံ အကြောင်းပြောချင်တာကြာပြီ။တနေ့တ နေ့
သူများ အတင်းလေးမှ မတုပ်ရရင် မနေနိုင်သူမို့ ပြောပါ ရစေ။
စင်္ကာပူနိုင်ငံ ကို အဓိပါယ်ဖွင့်ဆိုသူများကတော့ခြင်္သေ့မြို့တော်
ပင်လယ်ပျော် လို့ ပြောကြပါတယ်။သင်္ကေတအထိမ်းအမှတ်ပုံက
ခြင်္သေ့ခေါင်း ငါးကြင်းမြီးကိုယ် လေ။ဘယ်လိုရှိပါစေ...နနွင်းမ
ကင်းမုန့်သာသာ တိုင်းပြည် ကလေးရဲ့စီးပွါးရှာကောင်းပုံ ဖွံ့ဖြိုး
တိုးတက်ပုံကတော့ အာဆီယံနိုင်ငံတွေ အလယ်မှာ ဂုဏ် ယူ
လောက်ပါတယ်။မည်သည့် သံယံဇာတ တွင်းထွက်ပစ္စည်းမှမရှိ
သဘာဝ သီးနှံစားပင်ဘာမှ စိုက်ပျိုးမရ ဗလာ ကျွန်း သေးသေး
ကလေးက ပင်လယ်ကူးဆိပ်ကမ်း၊ကုန်လှောင်ရာမြေ၊ လေယာဉ်
များစွာ စခန်းတထောက် ဆင်းသက် ပျံတက်ရာ။နည်းပညာစက်
မှုတိုးတက်ဖွံ့ဖြိုးရာ၊ပညာရေး၊ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေ
တော်ထက် ကောင်းမြတ်ရာတွေ ရေးရရင် မဆုံးဘူး။ ။

ရုပ်ချောပြီးလူလည်ကျတယ်ဆိုရင် ဘယ်သူမှကြိုက်ကျမှာမဟုတ်
သလိုပါပဲ။နည်းပညာနဲ့ဆက်သွယ်ရေးဖွံ့ဖြိုးတဲ့ တိုင်းပြည်လေးက
နိုင်ငံခြားသားများအတွက် အပြည်ပြည်သို့လွယ်ကူစွာခေါ်ဆိုနိုင်ရန်
ရည်ရွယ်၊ ဈေးသက်သာ အသံကြည်လင် တဲ့ IDD oversea
callback cards ကလေးတွေထုတ်လုပ်ရောင်းချပါတယ်။ ။
တောက..အဘနဲ့အမ ကို လစဉ်ဖုံးခေါ်တိုင်း ကျွန်တော် IDD
callback များ စွာ ထဲ က Lion Telecom Pte Ltd
“ကမ္ဘာလုံးပုံလေးကို နှုတ်သီးနဲ့ခေါင်းမော့တော့ကစားနေဟန် ဖျံ
တကောင်ပုံပါ” SEALION 2 in 1 card စလုံးဒေါ်လာ(၀၅)
ကျပ်တန်ကို အမြဲဝယ်သုံးပါတယ်။call back dial နံပါတ်ကို
ကိုယ့်ဟန်းဖုံးနဲ့ခေါ်၊ခဏအတွင်းမှာပဲ လိုင်းကနေ ကိုယ့်ဆီကိုပြန်
ခေါ်ပြီးတော့အော်ပရေတာပြောတဲ့အတိုင်း အဆင့်တခုအနေ နဲ့
မြန်မာဘာသာကုဒ်ကို နှိပ်၊ ပြီးတော့ ခဲခြစ်ကိုဖျက် ကဒ်ပင်နံပါတ်
ရိုက်သွင်း မြန်မာဘာသာဖြင့်အမျိုးသမီးအသံသွင်းထားသူ ပြောတဲ့
အတိုင်းလိုက်နှိပ်ရင်း ကိုယ့်မှာကဒ် topup လုပ်ဆောင်အောင်မြင်
လို့ တန်ဖိုး ၅ ဒေါ်လာ ရရှိခဲ့ပါတယ်။ဒီနောက် ကိုယ်ခေါ်ဆိုလိုရာ
နိုင်ငံ၊ ပြည်နယ်၊ တယ်လီဖုန်းနံပါတ်တို့ကို နှိပ် ရင်း callback
အော်ပရေတာရဲ့ ဘယ်လောက်မိနစ် ကြာအောင်ပြောဆိုနိုင်ပါသည်
ဆိုတာကို နားစိုက် တဘက်က ဖုန်းခေါ်သံတတူတူ အသံရှည် ကို
စောင့်ဆိုင်း “ဟယ်လို” ဆိုတာလေးကြားလိုက်ရုံ လိပ်ခေါင်းထွက်
အောင် ဆောင့်ကြီးအောင့်ကြီး “ကြားလား”အခွန်း တ ထောင်
ဇော်ဝင်းထွဋ် ဟစ်သလို ဟစ်ပေမယ့် လက်ကျန်တပြားမှ မကျန်ပဲ
ဘာမှန်းမသိအောင် ပင်လယ်ခြင်္သေ့ ဖျံကြသွားပါတယ်။ မမှတ် တဲ့
အသည်း အခါတရာမက ကွဲ ခဲ့လာတာ ကြာပါပြီ။မခံနိုင်လွန်း လို့
ထက် ဖျံကြပြီး ဝန်ဆောင်ခ ညာယူတာကို မကြိုက်တာပါပဲ။ဒီလိုမျိုး
ဖျံဖုံးကဒ်တွေချည်း နာမည် မျိုးစုံထုတ်လုပ်ရောင်းနေတော့လည်း..
အခက်သား။သူတို့ကုမဏီဝန်ထမ်းသူငယ်ချင်းအသိကတော့ မင်းတို့
မြန်မာနိုင်ငံမို့လို့ ဖြစ်တာပါတဲ့။တခြား ယိုးဒယားတို့၊အိန္ဒိယတို့ကျ
တော့ ဒီလိုအဖြစ်မျိုးမကြားမိပါဘူးတဲ့..................။
ဘာပဲဖြစ်ဖြစ် ပင်လယ်ဖျံကောင် ကတော့ ဖျံပါပဲ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော် ဖျံကြခံရခြင်းမှကင်းဝေးကြပါစေ
သိနေဟဖြင့်..

သားရွှေနု
(အမေ့လက်ရာ)

စင်္ကာပူမှာ ဘုရားဖူးလို့တရားထိုင်မယ်

စလုံးက မောင်ဖုန်း တယောက်...အ ခု တ လော
လက်ရှိအလုပ်အကိုင် တည်မြဲဖို့မသေချာလာ လေလေ
ရွှေပြည်တော် ပြန်ခါနီး ဘုရားသွား ကျောင်း တက်မှန်
လာလေလေ ဆိုရ မ လား ပဲ။ ။



ဗုဒ္ဒရှင်ဂေါတမဇိန



ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ရောက်ဖြစ်ခဲ့တဲ့အ
ထင်ကရ မြန်မာဘုန်းကြီးကျောင်း အကြောင်းအား မျှ
ဝေချင်ပါတယ်။စင်္ကာပူနိုင်ငံမှာ မြန်မာမှု လက်ရာများနဲ့
အကြီးမားဆုံး ဗုဒ္ဒရုပ်ပွါးဆင်းတုတော် နှစ်ဆူ ၊ရိုး ရာ
မြန်မာ့ယဉ်ကျေးမှု ပွဲတော် အ လှု ကြီးများ မ ပြတ်
ကျင်းပ ရာ၊သာသာရေးဆိုင်ရာတရားပွဲများ၊သင် တန်း
များဖွင့်လှစ်ပို့ချရာ၊စင်္ကာပူရောက်ရွှေမြန်မာ အသက်
ကြီးငယ် အဆင့်အတန်းမရွေး သွားရောက် ဖူး မြော်
ကောင်းမှုပြုကြရာ တိုပါယိုး(MRT)အနီးက တိုပါယိုး
ဘုန်းကြီး ကျောင်း(ခေါ်)မဟာသာသနာ့ရံသီ ဗမာ့
ဗုဒ္ဒဘာသာ ကျောင်းတော် ကို ဖော် ပြ ပါ ရ စေ ။



ဘုရားဒါယိကာ ဥပသကာကြီးမြန့်မာဆေးဆရာကျော်
ဦးမဲခေါင် ဆိုသူက ဗုဒ္ဒ သာသနာ ရောင်ဝါ စည် ပင်
ကမ္ဘာတခွင် ပြန့်ပွါး စေဖို့သာသနာတော်ကို ကြည်ညို
တဲ့စိတ်သဒ္ဒါဖြင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ် ကိုင်း
တောင်မှ စကျင်ကျောက်သား ကို တင်ပလ္လင် ခွေထိုင်
ဗုဒ္ဒ ရုပ်ပွါး ဆင်းတု တော် မြတ် ထုဆစ် ပြီး ဆက်
သွယ်ရေးခက်ခဲတဲ့ ခေတ်မှာ ကုန်လမ်း ရေ ကြောင်း
လမ်းတို့မှ လူသူအင်အား ဝန်ဆွဲတိရစ္ဆာန် အင် အား
တို့ဖြင့် စင်္ကာပူသို့သယ်ယူပင့်ဆောင် ခဲ့ပုံကို နံ ရံ
ဆေးရေးပန်းချီမှတ်တမ်းများမှာ ကြည်ညို သဒ္ဒါ ပွါး
ကုသိုလ်ယူနိုင်ပါတယ်။



ဆက်ရေးဆက်ပြောရရင်အရေးအသားညံ့ဖျင်းမှုကြောင့်
မပြည့်မစုံ ဖြစ်နေမှာမို့ ဖုံးလေးနဲ့ရိုက်ကူး ကြည်ညိုဖူး
မြော်ခဲ့တဲ့ ဓါတ်ပုံလေးတွေပဲ ထပ်မံ ကြည် ညို သဒ္ဒါ
စိတ်ပွါးကြဖို့ရည်ရွယ်ကာ မျှဝေလိုက်ပါတယ် ။ ။


ကျောင်းထိုင်ဆရာတော်၊အစဉ်အဆက်အဖွဲ့ဝင်ဆရာတော်ကြီးများပုံတော်


နိုင်ငံသားစလုံးတရုပ်ကလေးများ ရဲ့ ဗုဒ္ဒဘာသာ အခြေခံ မဟာဗုဒ္ဒဝင် သင်ကြားနာယူနေပုံ


ကြည်ညိုဖွယ် မတ်တပ်ဗုဒ္ဒရုပ်ပွါးတော်မြတ် ရှေ့ ရွှေမြန်မာ များတရားထိုင်နေကြပုံ



စင်္ကာပူရောက် ရွှေမြန်မာစုံတွဲ လေးရဲ့ မင်္ဂလာဦး ဆွမ်းကပ်၊ရေစက်ချ မင်္ဂလာတရား နာနေပုံ





ကလေးငယ်များအတွက် ကျောင်းပိတ်ချိန် ဗုဒ္ဒဘာသာ ဆိုင်ရာ သင်တန်းပို့ချမှု ကြော်ငြာပိုစတာ




ကျောင်းတော်အဝင်ဝ မုဒ်ဦးရှေ့ က ကျောင်းတော်ကြီး သမိုင်းအကျဉ်း မှတ်တမ်းကျောက်စာ








မရောက်ဘူးသေး မဖူးမြော်ကြရသေးသော ကိုကို မမ တို့
အတွက် လိပ်စာ အပြည့်အစုံက..........

14 TAI GIN ROAD (OFF AH HOOD ROAD)
SINGAPORE 327873
TEL:(65)251 1717,FAX:(65)256 0043
Website: http://www.bbt.org.sg
Emai: burtempl@singnet.com.sg


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ...။

သိနေဟဖြင့်..

သားရွှေနု
(အမေ့လက်ရာ)

Thursday, April 23, 2009

အေးမိ သိဖို့..ရုပ်ရှင်ကားသစ်



စလုံးရောက်နေတဲ့အေးမိရေ...........
ရုပ်ရှင်သရဲမလေး နင့်အတွက် အောချက် လမ်းက ရုပ်ရှင်ရုံမှာ
မကြာမီပြသမယ့် ကားသစ်လေးအကြောင်း အမြည်းကြော်ငြာ
ပေးလိုက်တယ်။ငါ့ကိုတော့အဖော်လာမညှိနဲ့နော် ရုံဝင်က (၈)
ကျပ်(၁၀) ၊ရထားခ အသွားအပြန် (၇)ကျပ်၊ရေဗူး နဲ့ ပေါက်ပေါက်
ဖိုး(၁၀) မကုန်နိုင်တော့ ဆောက်လုပ်ရေးလုပ်သမားကြီးငါ့က
တော့..ရန်ကုန်ဆူးလေ လမ်းမဘေးက ၁၆ ကားအတွဲပါ ဒီဗီဒီ
တချပ် ၃၀၀၀ ဆိုတာပဲ ဝယ်ကြည့်တော့မယ်။youtube ကနေ
youku.com တို့ကနေ free ရတဲ့ ကားလေးတွေ ပဲအင်တာနက်
ကနေကြည့်မယ်စိတ်ကူးတယ်။
အော်..ငါမလိုက်လို့ တခြားဘာဘူကြီးတို့ ပေါက်ဖော်ကြီးတို့နဲ့
အတူတူသွားမကြည့်နဲ့အုံး :) ။

ပျော်ရွှင်ပါစေ
နင့်ရဲ့..
ဖိုးကုလား

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

အဓိပါယ်လှလှ ရိုမန်တစ်(romantic)တိုင်းနိုင်ငံများ




These are the names of the some romantic countries in the world.

H.O.L.L.A.N.D Hope Our Love Lasts And Never Dies.


I.T.A.L.Y. I Trust And Love You.


L.I.B.Y.A. Love Is Beautiful; You Also.


F.R.A.N.C.E. Friendships Remain And Never Can End.


C.H.I.N.A. Come Here?. I Need Affection.


B.U.R.M.A. Between Us, Remember Me Always.


N.E.P.A.L. Never Ever Part As Lovers.


I.N.D.I.A. I Nearly Died In Adoration.


K.E.N.Y.A Keep Everything Nice, Yet Arousing.


C.A.N.A.D.A. Cute And Naughty Action that Developed into Attraction


K.O.R.E.A. Keep Optimistic Regardless of Every Adversity.


E.G.Y.P.T. Everything's Great, You Pretty Thing!


M.A.N.I.L.A. May All Nights Inspire Love Always.


P.E.R.U. Phorget (Forget) Everyone... Remember Us.


T.H.A.I.L.A.N.D. Totally Happy. Always In Love And Never Dull.

Please forward these romantic countries to everybody you know. If you send to
5-10 People - you 'll hear lucky news about love
11-15 People - you'll have something sweet about your love life
16-20 People - you'll get everything you want in love


ပေးပို့မျှဝေလာတဲ့ စတား ကာလာ(star color) ကို အမေ့လက်ရာမှ
ကျေးဇူးတင်ပါတယ်နော်။စတားကာလာရေ..စင်္ကာပူနိုင်ငံကတော့
ရိုမန်တစ်မဖြစ်ဘူးထင်တယ်နော် :P။
အားလုံးသော အမျိုးများ အားလည်းကျေးဇူးတင်ပါတယ်။

သိနေဟဖြင့်...

သားရွှေနု
(အမေ့လက်ရာ)

Tuesday, April 21, 2009

ဂေါတမဗုဒ္ဒ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ်ပုံတော်



သုံးလောကထွတ်ထားမြတ်ဗုဒ္ဒဂေါတမ ရဲ့ ကြည်ညိုဖွယ် မြတ်ပုံတော် ကို
ဂုဏ်တော်ကိုးသွယ် စိတ်အာရုံပွါးလို့ ဖူးမြော်ကြစေဖို့forward mail
ကနေတဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မြတ်ဗုဒ္ဒ အဆုံးအမက....လူနတ်သတ္တဝါတွေနားလည်လွယ်အောင်
မိန့်မြွက်ဒေသနာကြားခဲ့ပါတယ်....။လွယ်လွယ်လေး ကို ကြိုးစား
လိုက်နာကြရအောင်လား..
မကောင်းမှု ရှောင်၊ကောင်းမှု ဆောင် ၊ဖြူစင်အောင် စိတ်ကို ထား

အထက်ပါပုံတော်မြတ်အကြောင်းအကျယ်တဝင့်သိချင်လျှင်
http://dhammaransi.net/TrueBuddhaPicture.html

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Monday, April 20, 2009

မိုဃ်းသိကြားမင်းအထက် ဘယ်သူရှိမလဲ



ကြားသိရသမျှ သတင်းစုံမှန်သမျှ forward mail ပေးပို့ကြသော
သူငယ်ချင်းမိတ်ဆွေများရဲ့ အီးမေးလ် များထဲက...“ဒီ နှစ်တို့
တိုင်းမြန်ပြည်မှာ..မိုးသည်းသည်းအောက် မြန်မာနှစ် သစ်
အတာသင်္ကြန် အောင်မြင်ပျော်ရွှင်စွာပြီးစီးလို့...ဟို.. ကို
ဦးတည် ဒီကိုတည့်တည့် ၃၆ နာရီအတွင်းတိုက်ခိုက်လာ
နိုင်တယ်ဆိုသော ဘင်္ဂလားဒေ့ရှ်မှ ဘီလီဂျီ မုန်တိုင်းဘေး
ကလည်း ကင်းစင်လွတ်မြောက်ပြီ” ဆိုသော သတင်းထူးများ
ထက် ..စဉ်းစားပြုံးချင်စရာ စလုံးနိုင်ငံက အကာသပျံတက်
မယ့် E၊R၊P ယာဉ်ပျံလေး အကြောင်း မျှဝေပေးချင်ပါတယ်။
တောမှာငယ်ငယ်တုန်းကတော့ ဆော့ဖူးတယ်...ကြက်ပျံ .
.၊ဝက်ပျံလို့..။အခုသူတို့ဒီစလုံးနိုင်ငံမှာတော့...E၊R၊P ပျံ တဲ့။

ဒိအကြောင်းလေးမျှပေးတဲ့..ဆရာဗိုဥာဏ် ကို.ကျေးဇူးနော်..။
ဆရာဗိုဥာဏ်ရေ ..သိကြားမင်းအထက် ပျံတက်မနေနဲ့အုံး။
E၊R၊P အားကျလို့ တို့ဆီက ယာဉ်ဖြတ်သန်း တိုးဂိတ် တွေ
ပျံတက်ကုန်မှတော့..ဘုရား ဘုရား...........:)


အားလုံးပြုံးပျော်နိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Thursday, April 16, 2009

အိုး..ကျေးဇူးပြု၍ မစ္စတာပို့စ်မင်း(န်)

အိမ်နီးချင်းယိုးဒယားနိုင်ငံမှာအနီဝတ်၊အပြာဝတ် တွေနဲ့ရှုပ်ထွေးနေချိန်
ဧရာဝတီမြို့ လေးက နေ့တိုင်း စာ အဆက်သွယ် မျှော် နေ မယ့်
တယောက် သော သူအတွက်........................နဲ့
ကမ္ဘာတလွှား အဝေးရောက် ချစ်သူ မိဘမောင်ဘွား
များအားလုံးအတွက် The Beatles ရဲ့
Please Mr. Postman ကို youtube ကနေ မျှဝေပေးလိုက်ပါတယ်။
နေ့တိုင်း စာပို့သမားကြီး ကို အမောတကောမေးရ
လွမ်းလို့မျက်ရည်ကျရ တဲ့ အဝေးကသူများ.............
ဘဝင်နှလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။ ။



အာလုံးသောအမျိုးများအားကျေးဇူးများစွာ
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

Monday, April 13, 2009

ပုခက်လွှဲသောလက်များပိုင်ရှင် မြတ်မိခင်များနေ့


အေးမိရေ..နင်စပ်စပ်စုစုမေးတိုင်းပြန်ဖြေဖို့ အချိန်မရတဲ့
ငါက ..“ကမ္ဘာလုံးဆိုင်ရာ မိခင်များနေ့”ဖြစ်လာပုံအစ နဲ့
ကမ္ဘာတလွှား ကမ္ဘာ့မိခင်များနေ့ သတ်မှတ်ကျင်းပပြုလုပ်
ပုံကို မူရင်းမပျက် (ဘာသာပြန်ညံ့လို့)အင်္ဂလိပ်လိုပဲ ကော်
ပီလုပ် ဖေါက်သည်ချလိုက်ပါတယ်။ ဆရာကြီး ဦးသုခ က
အမေ့နေ့ အခမ်းအနားမှာ “အမေ..ဟာ မိန်းမရွှင်မကြီး
ဖြစ်နေပါစေ အမေ..ဟာ အမေ ပါပဲတဲ့”မွေးမိခင်များရဲ့
အနန္တမေတ္တာ ကျေးဇူး ဂုဏ်အင်တွေ ကို ရဲရဲ တောက်
တောက် မိန့် ကြား သွား ခဲ့ လေ ရဲ့။

ဒါကြောင့်...နိုင်ငံတလွှားပုခက်လွှဲသောလက်များပိုင်ရှင်
မွေးမိခင်များနေ့ကို ငါတို့ဂုဏ်ပြုရင်း ငါတို့မြတ်မိခင်များ
အား အသက်ရှင်စဉ် ကျေးဇူးဆပ်ကြရအောင်လား။

When is Mother's Day
Mother's Day 2009 is on May 10, Sunday

Mothers Day is celebrated in several country across the globe though the month
and date on which Mother's Day is celebrated in different countries varies. Most countries celebrate Mothers Day on second Sunday in the Month of May. This Mother's Day date was declared by US President Woodrow Wilson on May 8, 1914 when he signed a Joint Resolution designating the second Sunday in May as Mother's Day. This US tradition of celebrating Mothers Day and paying tribute to mothers spread across several countries over the years and these countries too adopted second Sunday of May as Mother's Day. However, in many countries the way Mothers Day is celebrated varies and is quite different from the manner in which Mothers Day is celebrated in US. But what is more important than the date and fashion of celebration is the feeling behind the festival. The idea of celebrating Mother's Day the world over is to pay tribute to mothers for all their love and support and to make them feel special.



Mother's Day Date in Different Countries

United States: Second Sunday in the month of May.

Australia: Second Sunday in the month of May.

Belgium: Second Sunday in the month of May.

Brazil: Second Sunday in the month of May.

Canada: Second Sunday in the month of May.

Denmark: Second Sunday in the month of May.

Finland: Second Sunday in the month of May.

Germany: Second Sunday in the month of May.

Greece: Second Sunday in the month of May.

India: Second Sunday in the month of May.

Italy: Second Sunday in the month of May.

Japan: Second Sunday in the month of May.

New Zealand: Second Sunday in the month of May.

Singapore: Second Sunday in the month of May.

Turkey: Second Sunday in the month of May.

United Kingdom/England: Mother's Day is called Mothering Sunday and falls on the fourth Sunday in Lent.

France: First Sunday in June or last Sunday in May

Much of South America (as well as Mexico), Bahrain, Malaysia, Oman, Pakistan, Qatar, Saudi Arabia, United Arab Emirates: May 10

Mexico: - May 8

Albania: - March 8

Russia: - November 28

Poland: - May 26

Indonesia: - December 22

Egypt: - March 21

Norway: - February 13

Thailand: Birthday of Queen Sirikit Kitiyakara - August 12

Sweden: Last Sunday in May

Lebanon: First day of Spring

Norway: The second Sunday in February

Austria, Hong Kong, Netherlands, Taiwan, Hungary, Portugal, South Africa, Spain: First Sunday in May

Antwerp (Belgium), Costa Rica: Assumption day - August 15

Argentina: The Día de la Madre - The second or third Sunday in October

ဒီလင့်ခ် ကလေးကို ပြည့်ပြည့်စုံစုံ ဖတ်ရအောင် သွားလည် ကြည့်ပါ။
http://www.mothersdaycelebration.com/when-is-mothers-day.html
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော် မွေးကျေးဇူးများအထူးဆပ်နိုင်ကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Sunday, April 12, 2009

“အကျိုးရှိရှိ အသုံးချဖို့ လင့်ခ်လေးများ”

သင်္ကြန်ကာလ အိမ်တွင်းပုန်းလို့ အီးမေးလ် တွေ ပြန်
စစ်ရင်း.................ယ နေ့လူငယ် ရွှေ မြန် မာ များ
အင်တာနက်မှာအကျိုးရှိရှိ ရှာဖွေလေ့လာသင်ယူနိုင်ဖို့
ကောင်းနိုးရာရာ လင့်ခ်(link)လေးတွေ တကူးတကရှာ
ဖွေပေးတဲ့ ဆရာ N@pster ရဲ့ လင့်ခ်လေး တွေ ကို
Forward အီးမေးလ် နဲ့ မျှလာတဲ့ ဆရာ ကို ကို
မျိုးဝင်း ရဲ့ “အကျိုးရှိရှိ အသုံးချဖို့ လင့်ခ်လေးများ”ကို
အမေ့လက်ရာ အမျိုးများ အတွက်.....တဆင့်ဖေါက်
သည်ချ ဝေမျှ ပါရစေ။ ။

Forums
www.engineeringforum.org Engineering
http://forums.studentdoctor.net ဆေးပညာပိုင်း
www.flowerpod.com.sg အလှအပပိုင်း
နည်းပညာပိုင်း
www.myanmarfamily.org
www.myanmarinfotech.net
www.technical-seven.com
www.mmcyber.net
www.padonma.com
www.itpros.ning.com
www.problemclean.ning.com
www.myanmarchatonline.org

Social Network

www.hi5.com
www.orkut.com
www.friendster.com
www.myspace.com
www.multiply.com

www.flickr.com ဓာတ်ပုံဝါသနာရှင်များအတွက်
www.youtube.com video များအတွက်

Website Sharing

www.digg.com
www.stumbleupon.com
www.del.iciou.us
www.slashdot.org

Open Courseware
http://ocw.mit.edu
(Massachusetts institute of Technology OCW)
http://ocw.usu.edu
(Uhah State University OCW)
http://ocw.jhsph.edu
(Johns Hopkins School of Public Health OCW)
http://ocw.tufts.edu
(Tufts University OCW)
http://ocw.fhda.edu
(Foothill-De Anza Community Collage SOFIA)
http://ocw.cmu.edu/oli/
(Carnegie Mellon Open Learning Initiative)

Blog Search Engine

www.technorati.com
http://blogsearch.google.com
www.feedster.com
www.ljfind.com

Create New Blog

www.blogger.com
www.wordpress.com
www.livejournal.com
www.blog.co.uk
www.typepad.com
www.mmblogs.net
www.myanmarblogspot.com


အင်တာနက်မှ အလုပ်လျှောက်ထားခြင်း
www.myanmar-workers.com
www.asianjobbus.com
www.ngoinmyanmar.org
www.myanmarhotjobs.com
www.careerbulider.com
www.job-hunt.org
www.jobstreet.com
www.jobdb.com
www.bestjobs.com.sg
www.jobbankusa.com
www.unjobs.org
www.jobsearch.co.uk

Software Download
www.speedybit.com (Download accelerator plus)
www.internetdownloadmanager.com

ကမ္ဘာ့စွယ်စုံကျမ်း
www.wikipedia.org ( en.wikipedia.org )
http://wikimyanmar.org
http://wikimyanmar.co.cc

Virus Software
www.bitdefender.com (Bit Defender)
www.mcafee.com (McAfee)
www.symantec.com (Norton)
www.free.grisoft.com (AVG:free)
Spyware,Adware,Trojan EJ,Worms ကာကွယ်ရန်
www.pctools.com/spyware-doctor
www.webroot.com (Spy Sweeper)
http://free.grisoft.com (AVG Anti-Spyware)
www.lavasoftusa.com (AD-Aware SE)

Myanmar Novel,Journal,Magazine

www.people.com.mm
www.weeklyeleven.com
www.11mediagroup.com
www.mmtimes.com
www.planet.com.mm
www.phatpa.com
www.phoewa.com
www.elibrary.com.mm
www.ainmet.com
www.foreverspace.com.mm
www.click2myanmar.com
www.pansagar.com
http://video.phpmyanmar.com

Buddhism
www.dhammadownload.com
www.mahasi.org
www.dharmanet.org

Myanmar Songs
www.myanmarmp3.net
www.flashband.net
www.innwa.com
www.ayinepan.com

Others
www.myanmaryellowpages.biz
www.traveltomyanmar.com
www.burmalibrary.org
www.modins.net

Educatin Potral
www.studying-singapore.com
www.myanmartraining.com

Soccer Site
www.livescore.com
www.asianbookie.com
www.fifa.com
www.uefa.com
www.soccernet.com

Health Site

www.mentalhelp.net
www.healthy.net
www.tripprep.com
http://cancerweb.ncl.ac.uk

English Learning Center

www.voaspecialenglish.com
www.englishclub.com
www.webenglishteacher.com
www.learnenglish.org.uk



Sattelite Site
www.rdi-sat.com
www.lyngsat.com

Internet Library

www.loc.gov
www.ipl.org

Web Learning

www.w3schools.com
www.w3.org
www.webmonkey.com

Software Driver

www.windrivers.com
www.driverguide.com
www.helpdrivers.com
www.driversplanet.com

English Music
http://music.yahoo.com
www.mysongbook.com
www.song2play.com

SMS Service

www.starhub.com (sg)
www.singtel.com (sg)
www.gizmosms.com (wordwide)
www.beeonline.ru (russia)
www.megafonmoscow.ru (russia)

Download ebook

www.templateen.com
www.gutenberg.org
http://student-50webs.org
www.mmopenlibrary.net
www.shweone.wordpress.com


အခြားအသုံးဝင်သော site များ
www.globalhouseplans.com (House Design)
www.oryza.com (Rice Stock)
www.riceonline.com
www.opec.org (Oil Stock)
www.kitto.com
www.xe.com (Money Exchange)
www.modelsurf.com (Korea Model)
www.jkdramas.com (Korea & Japan Model)
www.worldtimeserver.com (Time Convert)

N@pster

အကျိုးများဖွယ် လင့်ခ်လေးများ...
တကူးတကရှာဖွေစုဆောင်းပြီး ဖြန့်ဝေပေးတဲ့ဆရာ
N@psterကိုအထူးကျေးဇူးတင်ပါတယ်.............။
တဆင့်ပြန်လည်မျှဝေပေးတဲ့ ဆရာ တို့ကိုရင် ကို
လည်း အမေ့လက်ရာ ကကျေးဇူးပါဗျာ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးကျန်းမာ ပညာဗဟုသုတ ဆတိုးပွါးကြပါစေ။
သိနေဟဖြင့်........
သားရွှေနု
(အမေ့လက်ရာ)

Friday, April 10, 2009

Happy Good Friday!!



ဒီနေ့ဟာ..ခရစ်ယန်ဘာသာဝင်များရဲ့
ရက်မြတ်သောကြာGood Friday နေ့လေးဖြစ်ပါတယ်။
စလုံးက မောင်ဖုန်း အတွက် လည်း ရုံးပိတ်ရက်
ဖြစ်သည့်အားလျော်စွာ တနေကုန် စက်တော်ခေါ်( အိပ်)ကောင်း အောင်
မိုးသည်းသည်းရွာ နေတဲ့ Good holiday လေးလည်းဖြစ်ပါတယ်။

မည်သို့ဆိုစေ....
ကမ္ဘာတလွှား က သတ္တဝါ အနန္တ အတွက် ရက်မြတ်သောကြာ နေ့လေးဖြစ်ပါစေ။
ပျော်ရွှင်ခြင်းများနှင့်ပြည့်စုံ ကျန်းမာ ဘုရားသခင်ကောင်းချီးတွေ ရရှိခံစားနိုင်သော
Happy Easter Day လေးဖြစ်ပါစေ လို့ ဆုတောင်းရင်း............................

အပြန်အလှန် တဦးနဲ့တဦး ဆုတောင်း Greetings cards လေးတွေ ပေးပို့နိုင်ရန် လင့်ခ်လေး
http://www.123greetings.com/events/easter/


သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Friday, April 3, 2009

အေးမိကိုပြောပြမယ့်..တခါကစင်္ကာပူသမိုင်းကြောင်း

ဒီနေ့တိုးတက်လာတဲ့..စင်္ကာပူကျွန်းလေး သမိုင်းနောက်ခံမှတ်တမ်း



အေးမိရေ..
နင်မေးတဲ့စင်္ကာပူသမိုင်း နောက်ခံ အကြောင်းလေးကို
ငါ့အလုပ်က တရုပ်နိုင်ငံသား(စင်္ကာပူ PR )ဦးလေး ZHAO ပေးတဲ့
လင့်ခ် လေးကနေ ပြောပြလိုက်တယ်နော်။
အချိန်အားမှ စာရေးအုံးမယ်။ဒီလောက်နဲ့ခဏနားပါရစေ။
အဘ၊အမ နဲ့အတူ နင်တို့ ခွေးပုတို့ အားလုံး ကျန်းမာပျော်ရွှင်ကြ
ပါစေ။

သတိတရဖြင့်...
ဖိုးကုလား

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ကျန်းမာရွှင်လန်းကြပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Thursday, April 2, 2009

မိန်းကလေးတွေလှရင် သတိသာထား..



ကိုယ့်ကိုယ်ကိုသတိပေးရင်း..အခြားကိုကိုပုရိသများ လည်း
မျှဝေပေးလိုက်ပါတယ်။ကျွန်တော်ကနုံတယ်။အခြားကိုကိုတွေ
ကတော့................................
ဘာပဲဖြစ်ဖြစ် မိန်းမတွေလှရင် သတိထားဗျို့ :P

ဒီထက်ပို ရယ်မောချင်ရင်တော့ ဒီလင့်ခ်ကလေးကို ဖွင့်ပါ။
http://www.metacafe.com/watch/1837318/just_for_laughs_police_spy/


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရယ်မောနိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)