Saturday, January 10, 2009

အရည်မရ အဖတ်မရ



ကွမ်းစားဖူးသူတော်တော်များများတော့ သိမှာပါ။
ကွမ်းစားရင် ကွမ်း၊ကွမ်းသီး၊ထုံး နဲ့ အခြားဆေး
ဖတ်/မှုန့်တွေကို ဝါးပီး ထွေးထုတ်ရပါတယ်။
အဖတ်ရော အရည်ပါ အားလုံး မျိုချလို့မဖြစ်တာ
ကြောင့် ထွေးထုတ်ရပါတယ်..................။

ဒီနေ့ဘလော့လေးမှာ အရည်မရ အဖတ်မရ
ကွမ်းဝါးသလို သူငယ်ချင်းများနဲ့ ဆုံစည်းပြိး
ပြောဆိုခဲ့တာများမှ အကုန်မျိုချမရတာတွေကို
စာစီ..............”အရည်မရ အဖတ်မရ”။ ။

(၁)စလုံးမှာ.......
အီးဇက်လင့်ခ် ကဒ်(EZLink Card)မီးရထား၊ကား
စီးနင်းခွင့်ကဒ် အသစ်တွေ ၂၀၀၉ မတ်လနောက်
ဆုံးထားလဲရမည် ဆိုလား....။
ဒီကဒ်အသစ်က တက္ကစီ၊ရထား၊ကားစီးလို့ရသလို
ကိုယ်ပိုင်ကားနဲ့ဆိုင်ကယ်များရပ်နားခွန်ပါ ဆောင်
လို့ရပြီး နောက်ဆို Fair Price (NTUC) နဲ့
7elevenတို့မှာ ဈေးဝယ်လို့ရမယ်တဲ့။
အပြည့်အစုံသိချင်ရင်....www.EZLink.com.sg/

(၂)စလုံးရဲ့ ရွှေမြန်မာ....
သံရုံးဟာ အရင် အော်ချက်လမ်းမှ ပင်နီဆူလား
ပလာဇာအပေါ်ထပ် သို့ ပြောင်းလာကာ
အခွန်ဆောင်မှု နှုံးထားတွေ နှစ်ကူးအထူး ဒစ်စ
ကောင့်ချပေးမည် ဆိုလား.....
အပြည့်အစုံ က www.သံရုံးကိုယ်တိုင်သွားမေး
ပါ.com

(၃)စလုံးရဲ့..ပိုလီ ၊အိုင်တီအီး၊NUS တက္ကသိုလ်
စသောသက်မွေးနည်းပညာသင်တန်းကျောင်းများ
၂၀၀၉ ဧပရယ် ဝင်ခွင့်များလက်ခံနေပီဆိုလား
အပြည့်အစုံက....ကျောင်းဝက်ဆိုဒ်များမှာပါ။

(၄)စလုံး ကုမပဏီတော်တော်များ စီးပွါးရေး
အခြေအနေကြောင့် ၁၃ လစာ ဘောနပ်စ်
မသေချာချိန်မှာ......လှံမထမ်းချင်
ကံထမ်းလာတာမြင်ချင်တဲ့ ကိုကိုမမ များ
4D , BIG SWEEP ,TOTO များ ဖိထိုးလာ
ဆိုလား........
အပြည့်အစုံက www.singapore pools.com

(၅)စလုံးမှာ စီးပွါးရေးအခြေအနေအကြောင့်
ဝန်ထမ်းတွေလျော့လာလို့ မပျော်နိုင်ကိုကို မမ
များ...နိုင်ငံကျော်ယတြာ
ဆြာကြီး ...ဦးဗလ ရဲ့ ယတြာ ချေနည်း
ပြောင်းဖူးနဲ့ချဉ်ပေါင်စား၊ကြာဇံကြော်စား
သူဌေး ကို အခါတရာ သွားဖြဲ ပြုံးပြ ဆိုလား။

နောက်မှဆက်ဝါးရန်.......................
@@@@@@@@@@@@@@@@@@@@@@@@@
ဒီအခန်းလေးအတွက် (အရည်မရ အဖတ်မရ)
အီးမေးလ် နဲ့ ဖြစ်စေ၊ c box မှာဖြစ်စေ..
ဝင်ပီး....သိပီးသားတွေ၊မသိသေးတာတွေ
လက်စွမ်းပြနိုင်ပါတယ်။
ကိုယ့်ရဲ့ အရည်မရ အဖတ်မရ တာလေးကို
တော့ကိုယ်တာဝန်ယူစေလိုပါတယ်။
အားလုံးကိုခေါ်ဖိတ်ပါတယ်။

ကျေးဇူးများစွာ...................
သိနေဟဖြင့်
(အမေ့လက်ရာ)


0 comments: