Sunday, January 25, 2009

“ဘိုးတော်...”


အခါပေး ဓါတ်ပေး
နိမိတ်ဂဏန်း မပေးဘူး
ရင်ထဲက တခုခုကြောင့်
လမ်းပေါ် ဘိုးတော်
ဇရာအိုဘွဲ့ ယူထားသူ။

မဒူဘူးနော်..
အေ..ဘီ..စီ..ဒီ ကျွမ်း
မှန်နန်းရာဇဝင် သိ
ကမ္ဘာ့ရေးရာ ဖတ်
သချာင်္တွက်တတ်တယ်။

အနံ့ထောင်းအောင် သောက်လို့
ရပ်ကွက်က “ဟင်”
အမှန်ပြောတာ ကြမ်းလို့
ရပ်ကွက်က “ကျဉ်”
အရက် ဖိုးလောက်ပဲ အလုပ်ရှာ
အိပ်စက်ရာ က ကြမ်းမွေ့ယာ ။

သာရေးနာရေး အသိနဲ့ကူ
အလှုတိုင်း မစားတတ်
ဘူဇွာ အလှုဆိုသူရှောင်။

အဆီပြောင်တက်နေ တဲ့
အမုန်းမဲ့ မျက်နှာ မှာ
ရွာကလေးတွေအတွက်
အပြုံးလှလှတွေ ချွေစီ။

ရီချင်ရီ…
၁၉၉၆ ခုနှစ်
ဧပရယ် ညနေခင်း
အပြင်းမောင်းနေတဲ့ ကားလမ်းပေါ်
စွန်လိုက်နေတဲ့ ကလေးတယောက်ကို
အသက်နဲ့လဲ ဘိုးတော် မခဲ့တယ်။


ဗစ်တာထွန်းဇေ။
.................................................................
အားလုံးသောညီအကိုမောင်နှမများကို ပါဝင်ရေးသားကြဖို့
နဲ့ ဝေဖန်အကြံပြုပေးကြဖို့ ခေါ်ဖိတ်ပါတယ်။
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

0 comments: