Wednesday, January 21, 2009

အရည်မရ အဖတ်မရ ဘာမှမရတဲ့အကြောင်း

ခုတလောကံထလာသလား၊ကံကြွလာသလားဆိုနိုင်ဘူးဗျာ။လုပ်သမျှနည်းနည်းလွဲ
ထိုးတဲ့ထီတောင် ပထမဆုမှာရှေ့တလုံးလွဲ၊နောက်နှစ်လုံးကွဲ မတူတာများတော့
တဟားဟားနဲ့ ကိုယ့်အကြောင်း ကိုယ့်အတင်းရေးရမယ်ဆို..........

ဒီနေ့စက်ရုံမှာ..မိတင်းန်(meeting)လုပ်ပါတယ်။အမေရိကန်ကုမ္မဏီကြီးမို့
ဒီနေ့မိတင်းန်ဟာ ၁၃ လစာ ပေးဖို့ပဲဖြစ်ကိုဖြစ်ရမယ်။မနှစ်ကလူဟောင်းတွေ
ကတောင်ပြောပြနေသေးတယ်...”တလစာရမှာကွ၊ညနေဘီယာချရအောင်ကွာ”
။တညလုံးမအိပ်ပဲ စိတ်ကူးတောင်ယဉ်နေမိတာ။ရလာလို့ကတော့..ဟိုဟာလေး
ဝယ်စားပစ်မယ်၊ဒီဟာလေးဝယ်ထားပစ်မယ်။ဘာမှတ်လဲ....................။
မနက်စောစောထေ၊ရေချိုး၊အကောင်းဆုံးဆိုတာလေးတွေဝတ်၊ရေမွှေးများများဆွတ်
စက်ရုံဖယ်ရီစောစောသွားစောင့်နေတာ...။

လုပ်ငန်းလည်ပတ်မှု၊အကြောင်းတွေ၊ဝန်ထမ်းထူးချွန်မှုတွေ၊ထုတ်ကုန်တင်ပို့မှု
တွေကို ရှင်းပြနေတဲ့ သူဌေးကိုကြည့်ရတာ၊တက်ကြွလိုက်တာ..။ဟဲ့လုပ်ငန်းအ
ကြောင်းကနေ ပရိုဂျက်တာက ဘာတွေပြနေပါလိမ့်။ကဗာ့စီးပွါးရေး စတော့ခ်ရှယ်
ယာအခြေပြဇယားတွေနဲ့၊ကုမ္မဏီလုပ်ငန်းအမြတ်အရှုံးအခြေပြဇယားတွေက
ပါဝါပိုင့်(microsoft power point)နဲ့လှလှပပ စီစီရီရီပြနေတုန်း ဖြေးဖြေးလေးလေး
ဆောရီးအခါတရာမကတဲ့သူဌေးရဲ့ ၁၃ လစာမပေးနိုင်ကြောင်း။လစာ၂၅၀၀ အထက်
တွေ ရာခိုင်နှုံးနဲ့လျှော့ချဖွယ်ရှိကြောင်း၊အချိန်ပိုတွေမရှိနိင်တော့တဲ့အပြင် ဝန်ထမ်း
တွေအဆိုင်းအလှည့်ကျနဲ့ဆင်းရဖွယ်ရှိကြောင်း၊စက်ကြီး/လေးတွေ တလရပ်ဆိုင်းမှာဖြစ်
ကြောင်း၊သင်တန်းတွေစီစဉ်ပေးသွားဖို့ရှိကြောင်းဝန်ထမ်းသစ်ခန့်ထားမှုတွေရပ်ဆိုင်းထား
အုံးမှာဖြစ်ကြောင်း၊အားလုံးကိုကျေးဇူးတင်ကြောင်းစီးပွားပျက်ကပ်မှုကြောင့်ဖြစ်ရတာ
အရမ်းစိတ်မကောင်းဖြစ်မိကြောင်း၊ပျော်ရွှင်ဖွယ်နှစ်သစ်ကူးဖြစ်ပါစေကြောင်း။
...ကြောင်း။...ကြောင်း။ .....ကြောင်း။.......အပ်ကြောင်းထပ်သံတွေ။

မကြားချင်တာတွေကြားနေရတဲ့ဒုက္ခတော်တော်ဆိုးပါလား။သူကျွးတဲ့မနက်စာဖရီး
ဘူဖေးဟာ အသက်ကြီးလာလို့ ပရိတ်သတ်အားမပေးတော့တဲ့ မင်းသမီးတလက်
လို ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။
ဗုဒ္ဒဟူးနေ့ညထွက်တဲ့ ၄ လုံးထီ နံပါတ်ကလည်း.........
ပထမဆုမှာရှေ့တလုံးလွဲ၊နောက်နှစ်လုံးကွဲ ...လွဲ လွဲ လွဲ။ ။
.................................................................................................
အားလုံးမိတ်ဆွေအမျိုးများကိုဝေဖန်အကြံပြုကြဖို့
ခေါ်ဖိတ်ပါတယ်။
ပျော်ရွှင်ကျန်းမာကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

0 comments: