Monday, January 26, 2009

“အလုပ်ပေါင်း ၃ သိန်းလောက် ပြုတ်ဦးမည် တဲ့နော်”


စင်ကာပူနိုင်ငံရဲ. စီးပွားရေး ကျွမ်းကျင် ၂ဦးရဲ. သုံးသပ်ချက်အရ နောက်နှစ်အတွင်း စင်ကာပူ နိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၃ သိန်းလောက် လျှော့ ချ နိုင်ဖွယ်ရှိပြီး ထို အလုပ်တွေ ရဲ. ၃ပုံ ပုံ ၂ ပုံဟာ နိုင်ငံခြား အလုပ်သမားများရဲ. အလုပ်အကိုင်များ ပါဝင်နေပါတယ်။ ၂၀၀၉ နှစ်လယ် နှောင်းပိုင်းအထိ အလုပ်ပြုတ်သူနှင့် အလုပ်အကိုင်မဲ့သူ နူန်းဟာ ၃၅၀၀၀ ထိ မြင့်တက်သွားနိုင်ပါတယ်။

လက်တလော စစ်တမ်းအရ အလုပ်ရုံအများစု မှာ အလုပ်သမား အသစ်ခန်.အပ်ဖို.ထက် လျှော့ချဖို.သာ စီစဉ်နေကျကြောင်း တွေ.ရှိရပါတယ်။ လျှော့ချမယ့် အလုပ်အကိုင်ပေါင်း ၃ သိန်းဆိုတဲ့ အရေအတွက် ကို ခွဲခြားပြီး ပြောရလျှင်
- ၀န်ဆောင်မူနှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၁သိန်း၆သောင်း
- ထုတ်လုပ်မူ နှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၁သိန်း
- ဆောက်လုပ်ရေး နှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၄သောင်း
လောက် ရှိမယ်လို. ကြိုတင်ခန်.မှန်းထားပါတယ်။

နိုင်ငံခြားအလုပ်သမားများနှင့် PR များ ၃ယောက်လျှင် ၂ယောက်နူန်း အလုပ်အကိုင်များ ဆုံးရူံး လာနိုင်ပြီး။ ထိုနိုင်ငံခြားသားများ စင်ကာပူနိုင်ငံမှ ထွက်ခွာသွားလျှင် စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသားဦးရေ စုစုပေါင်း၏ ၃.၃ ရာခိုင်နူန်းမျှ (၄.၈၄ မီလီယံမှ ၄.၆၈မီလီယံ သို.) လျှော့ကျသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ စင်ကာပူမှာ ထွက်ခွာသွားမည့် အတွက် အရင်ဆုံးထိခိုက်မည့် စီးပွားရေးကတော့ နိုင်ငံခြားသားတွေကို အားထားနေရတဲ့ အိမ်၊ခြံ၊မြေ လုပ်ငန်းတွေပါပဲ။ နောက်ပြီး ရုံး၊စက်ရုံ နေရာ အသစ် ငှားရမ်းခြင်းများ လဲ နည်းပါးလာမှာ ဖြစ်ပါတယ်။

နန်ယမ်းနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ ချွိုင်ခီမန်း ကတော့ လစာကောင်းတဲ့ နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားများကတော့ စင်ကာပူ ကနေ စွန်.ခွာဖို. သိပ်မရှိပါဘူး။ ထိုလူတန်းစားများဟာ မိသားစု လိုက် စင်ကာပူမှာ အပြီးအပိုင် အခြေချဖို.ရောက်လာကြ တာဖြစ်ပြီး သူတို.ရဲ.သားသမီးတွေ ရဲ. လက်ရှိ ပညာရေးကိုလဲ ထိခိုက် ခံမှာ မဟုတ်ပါဘူး လို.ဆိုပါတယ်။

နိုင်ငံခြား လုပ်သားများ နောက်တစ်ချိန်တွင် ပြန်လာမည်လား ဆိုသည့် မေးခွန်းကိုတော့ Citigroup မှ ကစ်ဝေဂျန် က ‘စင်ကာပူမှာကတော့ အခုလို နိုင်ငံရဲ့ GDP လျှော့ကျ လာလျှင်၊ နိုင်ငံခြားသားလူဦးရေတွေ လျှော့ပါးလာပြီး၊ နောက် ပြန်လည်ကောင်းမွန်လာရင် နိုင်ငံခြားသားလူဦးရေတွေ ပြန်လည်တိုးပွားလာ ဦးမှာ ဖြစ်ပါတယ်’ လို.ဆိုပါတယ်။

Powered by - www.todayonline.com
Read More...
Collapse...

Posted by Sai Tun at 10:14 PM , Links to this post , 2 comments
Labels: နိုင်ငံတကာ သတင်း
.............................................................................................................
ဒီနေ့အချိန်ရလို့ http//www.Royal-myanmar.com ထဲသွားလည်ရင်း
ရွိုင်ရယ်ဖခင်ကြီး ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပီးရေးထားတဲ့ သတင်းဆောင်းပါးလေးတပုဒ်ကိုမသိ
အောင် အမေ့လက်ရာ သို့ သယ်လာခဲ့ပါတယ်။
အားလုံးကြားထားတဲ့ အကြောင်းလေးနဲ့ တိုက်ဆိုင်နေတာမို့ ပိုမိုသိရအောင် ပြည့်ပြည့်စုံစုံရေးထားတဲ့
ဒီသတင်းလေးကို ပြန်လည်ဖေါက်သည်ချရမျှဝေခြင်းဖြစ်ပါတယ်။
ရွိုင်ရ်ာဖခင်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြည်နူးကြပါစေ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

0 comments: