Sunday, January 25, 2009

အဖြည့်ခံ...


အကျွန်ုပ်လေ…
အသင်တို့ လိုအပ်ရင်
ခိုကပ်မနေ
တတ်သ၍
စွမ်းသမျှ
နွမ်းလျပါစေ
လမ်းပြချင်သူပါ။

အကျွန်ုပ်ကို…
အသင်တို့ မသုံးချင်လည်း
ဘ၀င်မငြှိုး
အစဉ်ရိုးကုပ်
သင်လုပ်သမျှ
ကျင်ထုတ်ပလည်း
ဒုက္ခမမြင်
သုခလည်းမထင်သူပါ။

အကျွန်ုပ်ဟာ…
သင်လိုရာနေ
သင်နှင်ရာစေ
သင်လိုရင်သုံး
သင်မလိုလည်း
ပြုံးပြုံးလေးနဲ့
သင်ထားသလိုစံမယ့်
အဖြည့်ခံ
ဖိနပ်တစ်ရံလေ။ ။


လောကအတွက် ဖြည့်ဆည်းရန် ရည်သန်လျက်...
လေးစားစွာဖြင့်
ဖိုးသား

20.01.2009, TUE: 11:51:10 PM

Posted by sonesiyar.blogspot.com at 12:03 PM

Labels: ကိုယ်တိုင်ရေးကဗျာများ trackbacks
..............................................
စုံစည်းရာဘလော့မှ ကိုဖိုးသား ရဲ့ ဒီကဗျာ လေးကို ကြိုက်လို့
အားလုံးကို ပြန်မျှဝေလိုက်ပါတယ်။
ကိုဖိုးသား အားလည်း ကျေးဇူးအထူးတင်ပါတယ်။
ဒီထက်ပိုမိုပြီး ဓမ္မအမြင် နဲ့ ပတ်သက်သော စာကဗျာများရေးသားနိုင်ပါစေ။
အားလုံးပျော်ရွှင်ကြည်နူးကြပါစေ။
သိနေဟဖြင့်....
သားရွှေနု

0 comments: