Monday, January 5, 2009

နှစ်သစ်မင်္ဂလာမှာ.....


ခုတလော လူပြောများလာလို့..
ရေးဖြစ်မှာက “နှစ်သစ်မင်္ဂလာမှာ”ဖြစ်ပါတယ်။
ဘလော့ မိတ်ဆွေအမျိုးများက ဘာလို့နှစ်သစ်ကူး
ဆုတောင်းမလုပ်ပေးတုန်း၊သူများရေးပီးသားတွေချည်း
ကော်ပီကူးချနေရတာတုန်း။
....တုန်း။ ...တုန်း။ ...တုန်း။....။

အဲဒီလို ”ဘာလို့တုန်း” ဆိုသောမေးခွန်းများစွာအတွက်
ပြန်ဖြေရရင်...ခုတလောတမျိုးကြီးဖြစ်နေလို့ဆိုရပါမယ်။
ခရစ်သက္ကရာဇ်အဆိုအရ ဇန်နဝါရီ ၁ ရက်နေ့ ဟာ
ကမ္ဘာလုံးဆိုင်ရာ နေ့ထူးနေ့မြတ်(ဝါ)နှစ်သစ်မင်္ဂလာရက်ဦး
လို့သတ်မှတ်ကြပီး ပျော်ပွဲရွှင်ပွဲများကျင်းပကြတာ ယနေ့တိုင်ပါပဲ။

ဒီအချိန်မှာ အမေ့လက်ရာ...
သူများပျော်လို့ မပျော်နိုင် မှိုင် နေပုံက...
ရေးချင်တာများပြီး မရေးနိုင်သောဒုက္ခ
အလုပ်မှာ ဘောနပ်စ်(bouns)မရသော ဒုက္ခ
(လူပြောင်းလူရွေ့)အလုပ်ထုတ်မှုတွေ လုပ်နေလို့
အိပ်မပျော်သော သောက..
ဖြစ်ချင်တာတွေ မှန်းမျှော်နေသော လောဘ

ချစ်သောသူ သန္တာ နဲ့
နယူးရီးယား ည မပျော်နိုင်သော ဘဝ။

ဘယာခြောက်ခြား သွေးချောင်းများနဲ့
ပါလက်စတိုင်း ကလေးများဘဝ။

ဟားမတ်စ်ကြောင့် အစ္စရေးလေကြောင်း
ဂါဇာ(Gaza)ည မီးဒုံးပန်း ကျဲပြ
တင့်ခ် ကားများ စစ်ချီ အလှ။

ဘန်ကောက်နယူးရီးယား
ကလပ်(Club) မီးလောင် လူသေများတဲ့ည။

ကျောင်းမတက်နိုင်ရှာတဲ့ မလေးရှားကလေးများ
ရေဘေး ဘဝ။

တရုပ်၊ဂျပန်၊အမေရိကန် ငွေကြေးဈေးနှုန်း
မတည်ငြိမ် ကျဆင်း
အလုပ်မဲ့များလာတဲ့ ဘဝ။

မွတ်စလင်များဟာ အကြမ်းဖက်သမားလား
မေးလို့ ပါလက်စ္စတိုင်း အပေါ် အစ္စရေးကျုးကျော်မှု
ရှုံ့ချ..အင်ဒိုနီးရှားမှာပြည်သူတစု
လမ်းပေါ် ဆန္ဒထုတ်ပြ။

မိုးပြိုမှာတွေးကြောက်..
ခြေထောက်ကွေးကွေးလေး
မြှောက်ထောင်နေသောကာလ။


အကြောင်းကြောင်းကြောင့်....
ကျွန်တော့်ဘလော့မိတ်ဆွေများအား
နှစ်ဦးမင်္ဂလာတောင်းဆုပြုခြင်းနောက်ကျသွားတာပါ။
မည်သို့ဆိုစေ....
နှစ်သစ်မင်္ဂလာမှာ ကမ္ဘာရှိပြည်သူ အားလုံးပြုံးပျော်
ကိုယ်စိတ်ချမ်းသာလို့ တောင်းဆုများကုံလုံပြည့်ဝပါစေသော်။

သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

0 comments: