Friday, December 25, 2009

အဓိပါယ်မဲ့ကြိုးဝိုင်း



တအူထုံဆင်း ညီရင်းတွေ
အစားတလုပ် ထုတ်ဌ မဝေနိုင်
(ဗိုလ် နေရာ လုပွဲ အတွက်)
လက်ရုံးချင်းယှဉ် ပခုံးချင်းတိုက်
ခပ်စိုက်စိုက်အကြည့်
အသိကိုယ်စီမှာ..
နှစ်လိုဖွယ်အပြုံးတွေ
မပါတာ(အသေအချာ)။

ကျိမ်ဆဲဖို့ စကားလုံးတွေ
နှူတ်ကနေ ထုတ်ဟရန် (အသင့်)
စစ်ပြင်နေကြပုံများ…
ကျုပ်တို့လမ်းဆုံ တာဝ
ကလေကဝ ခွေးနှစ်ကောင် ပေါ့။

မိုက်မိုက် မဲမဲ
တဂဲဂဲ နဲ့ မာန်စွယ်ဖြဲ
အသေအကြေ တိုက်(ကိုက်)
သွေးထွက် ခြေကျိုး
ဓါးလွတ်ရိုး ပြုတ်ကျ
ဘေး ကနေ ဗေထီဆူညံ
(ဒင်း တို့က..အခကြေးငွေယူရန်လေ)။

အောက် က အပေါ်
အပေါ် က အောက်
အထက်ရောက် အောက်ကျ
အနာတရ ဖြစ်ပေမယ့်
ဦးဏှောက်က သေထိအောင်
အမှတ်မရှိတဲ့ ကောင်တွေ။

နောက်ဆုံး..
ကြည့်မနေနိုင်တဲ့..သူ
ဒိုင်ပွဲရပ် ခဲ ကောက်
ဗြောက်အိုးဖေါက် မှ
အမြီးမြှောက် အီးပေါက်ပြေးကြတဲ့
ကလေကဝ ခွေး ညီနောင်
သူရဲကောင်း(သောက်-တလွဲ) တွေ။



ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.>>

အားလုံး ပြုံးပျော် ရွှင်လန်း နိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Tuesday, December 22, 2009

ဆောင်းအိမ်မက် နဲ့ ပွင့်တဲ့နှင်း



(က) ချစ်ခြင်းနှင့်ကာရံ

ကံကြမ္မာ က.ပဉ္စလက် အတတ်နဲ့ တလောက လုံးကို ပြုစားထားချက်များ
မနက်မနက် နေမြင့်မှ နိုးတဲ့ငါ..၊ညည သန်းခေါင်ကျော်ထိရေချိန်မကိုက်
သေးတဲ့ငါ ၊စာမေးပွဲ အကြိမ်တရာရှူံးတဲ့ကောင်..ညစ်ညစ် ဆိုးဆိုးငါလေ..
ပန်းလေးတပွင့် မင်းကို ကိုးကွယ်မိရင်း..မှော်ဝင် တဲ့ မင်းအပြုံးတွေ သိုဝှက်သိမ်းဆည်းချင်လို့...ပြောင်းလဲသွားလိုက်တာ...ဆံပင်သေသေ
သပ်သပ်..အကျီင်္ကော်လံတပ်လို့ ..အတန်းထိပ်မှာ ငါ စာအရဆုံး.ပေါ့၊
ကြည့်လေ..ကွမ်းမစားတော့တဲ့ ..ခံတွင်း က သန့်ရှင်း လို့
အရက် မပြောနဲ့ ဆေးလိပ်နံ့တောင် ငါ မခံနိုင်တော့ဘူး။
ဧကရီ... မင်းလက်ကိုဆွဲလို့ ကမ္ဘာ အသစ်စက်စက် အချစ်မြို့လှလှ ကို
ငါ့နှလုံးသားမှာ ရင်ခုန်သံမကြားရတော့ထဲ့အထိ
ခိုင်မာစွာ ငါ တည်ထောင်ခဲ့ပြီ....။ ။

........................................................

(ခ) ဝိဥာဉ်စီး တဲ့ ဂီတ

သံလွင်မြစ် ဆုံ ဟိုးဘက်ကနေ မြင်ခွင့်ရနေတဲ့..နှင်းမှုန်ပျပျ နဲ့
တောင်တန်း တွေ ကို တကူးတက ဖြတ်ကျော်လာမိခဲ့ရင်.....
တိမ်လွှာစိုင်ခဲအိအိ လေးတွေ ကို နှင်းရိုက်ထားလို့ (ဇာပုဝါ)
ခြုံလွှာ အဖြူစွတ်စွတ်ပါးပါးလေးနဲ့အေးစက်တုန်ခိုက်နေတာကိုတွေ့ရမယ်။

ချမ်းချမ်းစီးစီးပေမယ့်လည်း...”မောနင်းပါကွယ်“ လို့
မင်္ဂလာနှူတ်ခွန်းဆက်စကားသံလေးကြားရချင်တာမို့...
ညကတည်းက...မအိပ်ပဲ နိုးကြားနေတဲ့ အသိစိတ်
အွန်လိုင်းမှာ..မျက်ကွင်းညို ညို နဲ့ ပေတေတေ
လာစောင့်နေတယ်ဆိုတာကိုလည်း...မပြောပြပဲ မြင်ခွင့်ရလိမ့်မယ်။

ဒါကို..ရူးသွပ်ခြင်း ကျေးကျွန် တွေလို့ နာမည်ပေး ပညတ်အနေနဲ့ ခေါ်ချင်ခေါ်။
သူ့ယုံကြည်မှူအတွက် ..လူငယ်တယောက် မြတ်မြတ်နိုးနိုး နဲ့အလှဆုံးပန်းချီတချပ်
အဓိပါယ်ရှိရှိရေးခြစ်နေတာကို...သူ့အသက်ရှူသံလို အဖြူစင်ဆုံး ကြားရမယ်...။
ဒီဟာကို က ပဲ..သူ့ရဲ့ ဂန္တဝင်ဆန်မယ့် ချစ်ခြင်းဂီတတခုပေါ့။


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, November 7, 2009

No more



ပြန်လိုပြီဆိုမှ သိလိုက်ရ
(No more ) မင်း မရှိတော့ဘူးဆိုတာ

ကြုံဆုံချိန်ရောက်မှ တမ်းတမိ
နောက်ထပ် မဖြစ်နိုင်တော့ဘူး ဆိုတာ
No more….၊No more…..
No more....၊No more...

သူ လာရာလမ်းကလေး
အပြာရောင်ထီးကလေး
ငွေမင်ရောင် ခုံတန်းလေး
အနီရောင် ပန်းကလေး
အကြင်နာ အနမ်းလေး နဲ့အတူ
နွေကဗျာ မင်းလေး….
ဒီ-ရင်ခွင်ညာ အဝေး မှ
အပြီးပြေးထွက်ခဲ့ပေါ့။ ။

ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်…
သားရွှေနု
(အမေ့လက်ရာ)

Sunday, October 25, 2009

ကိုယ်ရေးရာဇဝင်



အဆုံး အစ
သေချာကြည့်မှ
အသိမှာငြိမယ်..။

ဖိဆီးထား မယ့် စိတ်တွေလျှော့
ပေါ့ပါးလွန်း တဲ့ အတွေးတမျိုးမျိုး
ပုံမှန်လေး ဖြစ်နိုင်ရင် မဆိုးပါဘူး..။

မထူးခြားတဲ့ အတိတ်ကိုပဲ
စရိတ် စ ခ များများ
“ငါ့”တန်ခိုးထွားထွားတွေ
မှတ်တမ်းအဖြစ် သက္ကရာဇ်ဖြိုမိစဉ်

ခုတော့...
(အကြိမ်တထောင် အသုံးပြုလွန်းလို့
ညစ်ဆွေးဆွေး အရောင်ဖျော့ဖျော့)
ဝှက်ဖဲ တစ်ချပ် လှစ်ဟပြီး
ဘဝ မျိုးစေ့ ကောင်း တစေ့
အချိန်ယူ ပျိုးစိုက်ရတော့မလို။


ဗစ်တာထွန်းဇေ

.........................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Monday, October 19, 2009

တဂ်စာ (အာဗြဲ ဆို သည့် သီချင်း)



ဒီကနေ့........,
အီဖေစကို..ဦး လေအိုး တယောက်
ဇက်ကြောတွေ၊မျက်ကြောတွေ တက်နေပါတယ်ဆို မှ
အရမ်းခင်မင်မှူ တွေ နဲ့ မြန်မြန် ကိစ္စပြတ်သွားအောင်
မရည်ရွယ်ပဲ ထပ်ကာတလဲလဲ တဂ်စာ တွေ လာကျွေး
တဲ့ မမ ညခင်း ရဲ့ “ဆိုဖူးတဲ့ သီချင်းများ” ကို...
ညောင်းညာကိုက်ခဲ နေသည့်ကြားမှ ကြိုးစားပမ်းစား
ဖြီးဖြန်းရွှီးရွှမ်းပါမည်။ ။

ခက်တာက..ဒီကောင် မောင်ဆိုးပေ သည် သီချင်းကောင်း
ကောင်း အား ခံစားချက်ကောင်းကောင်း နှင့် ဌာန်ကရိုဏ်း
ကျကျ တကြိမ်တခါမှ မဆိုဖူးချေ။မွေးရာပါ..အာဗြဲသံလှိုင်
လှိုင် နှင့် ဌက်ဆိုးထိုး သလို ခုနှစ်ရက်သားသမီး နားမခံ
အောင် ခုနှစ် သံချီ သာ အော် တတ် ဟစ် တတ် ၏။

ငယ်ငယ်က ..ကိုယ်လုံးတီး ဝတ်စုံ နှင့် ရေချိုးဆင်းတိုင်း၊
ညမှောင်မှောင် လရောင်ပြောင်ပြောင် အချိန်
ခြံထဲ..သရဲကြောက် တိုင်း...
စာသင် ကျောင်း တက်/ဆင်း ချိန် တိုင်း..သူမတူ ထူးခြားစွာ
အော် ငြီး သည့် သီချင်း...“ကမ္ဘာမကြေ ၊ ဗမာပြည်”

မြန်မာ့အသံ ရေဒီယိုက လွှင့်တဲ့ တွံတေးသိန်းတန် ရဲ့
“ဖေဖေကြီး....ဖေဖေကြီး ကို ချစ်တယ်”၊“ဆောင်းရယ်
နှင်းရယ် ကိုယ့်ချစ်သူရယ်”၊ “မောင်ရွှေရိုး နဲ့ ချစ်စံပယ်”။
သန်းထွန်းလေး ရဲ့ ”မွေးဌာ နီ”၊ “မမ ပုသိမ်သူ” ညီလေး
တို့ရွာ” ။ ဝင်းဦးရဲ့...“တရောင်တည်းxxခြယ်xxxxxx
တောနဲ့တောင်စွယ်”တိမ်လွှာမို့မို့လွင် ၊ ကိုအံ့ကြီး ရဲ့
“လူချွန်လူကောင်း”၊ ရွေမန်းတင်မောင် ရဲ့..“အောင်ပါစေ”
စသဖြင့်..ရေဒီယိုရင်ခုန် သံ သီချင်း ပေါင်းများစွာ ငြီးဖူးပါသည်။

လူလည်ဖြစ်ကာစ...မုန့်ဖိုး ခိုး သုံးတတ် တဲ့ အချိန်.,
မင်းအောင် ရဲ့ “ငွေသောင်ယံ သဲပွင့်လေး” လွှမ်းမိုးရဲ့
“ဆရာမ ၊ ပင်စီ”စိုးလွင်လွင် နှဲ့ “မောင့်မျက်ရည်ဝိုင်း ၊
“ခြင်္သေ့မှန်ရင် မြက်မစား သူရဲကောင်းတို့နှလုံးသား”။
ကိုင်ဇာ နဲ့ “ပုလဲလုံးလေးတွေ ရွဲလုံးလေး သီကုံးထားတဲ့
သူ့လက်ရေး”၊ ကိုရံတော် တပ်မှူးလေး”မိုးရွာရင်.မိုးရေချိုးမယ်”
ဂျေမောင်မောင်..၊ဂျေညီညီ နဲ့ ထပ်တူကျ ငြီးနေစဉ် ၊
ဗဒင် ရဲ့..အဟောင်းဆိုင်” “ပျိုပျိုမေ”၊ “နေရာ“။ တာရာ
နဲ့ အောင်ရင်..အခါလွန်မိုး ထက်..ကျွန်တော့် IDOL
ဆရာ ထူးအိမ်သင်ရဲ့ ..“အမေ့အိမ်” အကြိမ်ကြိမ်၊“ညီလေး“
ခင်မောင်တိုး ၊ ခင်ဝမ်း တို့ ရဲ့ “ပန်းခရမ်းပြာ” ၊ “ဝိုင်း”
မျက်မှန်ကိုင်း ကြီး ကြီး နဲ့ စိုင်းထီးဆိုင် သီချင်းပေါင်းများ
စွာ..ကို တရုပ်နိုင်ငံ ကက်စက် နှင့် လည်းကောင်း
လက်ဘက်ရည် ဆိုင် ဆောင်းဘောက်စ် များ နှင့် လည်း
ကောင်း ၊ ရပ်ကွက် လ တန်ဆောင် တိုင် ကာလာ အိုကေ
ကက်စက် များ နှင့် လည်းကောင်း အော်ဟစ် ဖူး ပါ၏။

မူးရူးတတ်ကာစ...တဒိုင်းဒိုင်း နဲ့ ကိုညီထွဋ် ရဲ့ ဗွင်ဂျိုဗီ
ကော်ပီ သီချင်းများ ၊ ပေါ်ဦးပေါ်ဖျား..စိုးသူ ၊ရင်ဂို ၊ ရဲသွင် ၊
ဆောင်းဦးလှိုင် ၊လေးဖြူ တို့ ရော့ခ် သီချင်းများ...ရီကာဝေ
ကာ အော် ဖြစ် ဖူးပါသည်။ ။

ယခု နောက်ဆုံး. စင်္ကာပူ (ကူလီ) ဘဝ ခံစားချက် အပြည့် နှင့်
ကျယ်ကျယ်လောင် လောင် ငြီးမိနေ သည့် သီချင်းကား..
စိုင်းထီးဆိုင် ရဲ့ လျှာ အထိ ဆုံး ၊ ကျွန်တော် နဲ့ အာ အငြိ ဆုံး

“ရန်xရန် ချင်း လည်းxxxမ တုံ့ နှင်း ချင် ၊ လှံ လှံ
ချင်း လည်း မဖြေ ရှင်း ချင် xxxxxxxxxxxx တခါ ပေါက်
ကွဲ မှ စိတ်ပြေ မယ် ၊ နံ့ရံ ကို လက် သီး နဲ့ ထိုး မိ တယ်”
။ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော် ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Sunday, October 11, 2009

သံစဉ်မဲ့ အပြုံး

ဖိတ်စင်လွင့်ကျသွားတဲ့ အတွေးတချို့နဲ့
စပ်ရေတစ်ခွက် ဖျစ်ညှစ် ပေါင်းစပ်မိချိန်
တိမ်တွေပေါ်တက်ခုန်ကမယ့် ဆေးလိပ်ငွေ့
ခြောက်ခြောက်ကပ်ကပ် အာခေါင်ကွဲမတက်
ရမ္မက်ပြေ တေးတပုဒ် စပ်ဆို....

ကပျာကယာ ပြေးထွက်သွားတဲ့ ည က
လက်ပြပြီး ကွင်းဝင်လာတဲ့ မနက်ကို
ပခုံးချင်းတိုက် ခေါင်းငိုက်စိုက်ချလို့
ဝက်သစ်ချသား နဲ့လုပ်တဲ့ စားပွဲတလုံးလို
သူ့ကိုယ်မှာ ဖုံအလိမ်းလိမ်းလူးရင်း
အဝေးကွင်းရှိမြက်ခင်းစိမ်းပေါ်
မထိတထိ ဖြတ်နင်းသွား...

တေးသွား သံစဉ် ရိုင်းရိုင်းနဲ့
ဆိုင်ကလုန်း ညတွေ
မြေငလျင် လှူပ်ရှားမှူတွေ
မျက်ရည်တွေ အဖြစ်
သည်းသည်းမည်းမည်းရွာ
ဂြိုလ်ပြာ ကမ္ဘာမှာတော့
ငြိမ်းချမ်းရေးအတွက် စစ်ပွဲ တွေ ပြင်ဆဲ
နြူကလီးယား အရေးအတွက်
အကြင်နာ စာသားလေး တဖဲ့စာမျှ
လက်ကျန်မရှိလောက် အောင်ကို
အပြုံးတွေ သေဆုံးကြပေါ့။


ဗစ်တာထွန်းဇေ


............................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Saturday, October 10, 2009

ခွေးပု..သို့

ခွေးပုရေ..
ငါတော့..တမျိုးလုံးကခေါ်နေကြ အတိုင်း မင်းရဲ့
မြန်မာနိုင်ငံသားစီစစ်ရေး ကဒ်ပြား နာ မည် “အောင်စိုးမင်း”
ကို မသုံးပဲ ခွေးပုလို့ တပ်ရေးတာ ကို နား လည် မယ် လို့
ထင်ပါတယ်။ဘာဖြစ်ဖြစ်ကွာ..ညီအကိုအချင်းချင်း ကဗျာဆန်
နေရင် လျှာလေးတယ်။ဒီနေ့..မင်းကိုစာပြန်ရေးဖို့ ဖြစ်လာ
တာက မင်းဆီက အီးမေးလ် ရလာလို့ပဲကွ။မျက်မှောက်ခေတ်
နည်းပညာ တိုးတက်ကျယ်ပျံ့လာပုံ ၊ ငါတို့ မြို့က လူငယ်
တွေ အင်တာနက် အီးမေးလ် သုံးလာ ပုံ မြင်ရ၊ သိရတော့
တကယ့်ကို ရင်ထဲ ပီတိ ဖြစ်ရတယ်။မင်းက..ငါ့ကို အထင်
တကြီး နဲ့ မင်းရထားတဲ့ forward mails တွေ ပြန်မျှ
ရင်း..၊အရိုးခံ စိတ်နဲ့ အဲဒီအကြောင်းအရာပါ အချက်အလက်
တွေ မှန်ကန် လား၊ ယုံကြည်ရ သလား ဆိုတာ မေးတော့
ပြန်ဖြေဖို့ခွကျသကွာ။စဉ်းစားကြည့်လေကွာ..သတင်းနဲ့နည်း
ပညာ ခေတ်ကြီး ၊ အချိန်နဲ့တပြေးညီ ပြေးလွှား ပြောင်းလဲ
နေတာ..၊ငါ ဘာပြောရပ့။“ဆိုရေးရှိက..ပြောဆိုရ”ဆိုသလို
မေးတော့လည်း ဖြေရပါမယ်။ပြည်တွင်း နေသူ ဆရာကြီးများ
လူချမ်းသာကြေးရတတ်များ၊ဘာသာရေး ဆရာကဝိကျော်များ၊
လမ်း ဘေး သူ ဖုန်း စား ၊ ငမူးများ...၊ပြည်ပ ရောက်သူ
မဟာကျော်များ၊ ငါ အလုပ်ကြမ်းသမား(ကူလီ)အား လုံး မှာ
နိုင်ငံတော်ချစ်စိတ် တင်းပြည့်ကျပ်ပြည့်မောင်ရေ..၊အားလုံးဟာ
စည်းကမ်းတကျ ခေတ်မှီဖွံ့ဖြိုးတိုးတက်သာယာ အေးချမ်းတာ
လိုချင် ရချင်သူချည်းပဲ။အဲဒီ အတွက်ပဲ..ကြိုးစားလုပ်ဆောင်
ဆုတောင်း နေကြသတဲ့။ဒီတော့...တဦးတဦး ဆီက အကြံ
ကောင်း အတွေးကောင်း ရှူထောင့်ပေါင်းစုံ နဲ့ရေးတဲ့အီးမေးလ်
များ ကို မှန်/မှား ခွဲခြမ်းသုံးသပ်နေဖို့ ငါ့တော့ မ အား ဘူး
မောင်ခွေးပုရေ။ပြောချင်တာက..အနှစ်သုံးဆယ် ကျော် ငါ ရှင်
သန် လာ ပြီးပြီ၊ အဖွား ပြောတဲ့ ပါတော်မူ ကိုလိုနီ ၊ဂျပန်စစ်မီး
အကြီးကြီး တွေ လည်း သိ ဖူး ပြီ၊။စစ်မှူထမ်းဟောင်း သားပီပီ
ဘမျိုးဘိုးတူ တပ်မတော်သားရဲဘော်များ ဘဝ လည်းကြုံဖူးပြီ။
ငါ့မြန်ပြည်ကြီး နေရာ တော်တော် များများ ကို အမှူထမ်းဘဝ
နဲ့ခရီးသွားဖူးပြီ၊ လျောင်းတော်မူ ၊ရပ်တော်မူ လည်းဖူး ပြီးပြီ၊
ခရစ်စမတ်သီချင်းလည်းငြီးပြီးပြီ၊ ဟာဂျီ ပြန် မွတ်စ် တွေ နဲ့
လည်း ဖဲပွတ်ဖူးပြီ။ ပြည်တွင်း မင်းသား၊ မင်းသမီး တွေ နဲ့
ပါတီမှာတွေ့ဖူး ၊ ရယ်ဖူး၊အာလူးပွါးဖူးပြီ။ အရက်မူးဖူးပြီ၊ ရဲ
စခန်းရောက်ဖူးပြီ၊ဘတ်စ် ကား ခ မတတ်နိုင်လို့ ရန်ကုန်
တမြို့ တကိုယ်တော် လမ်းလျှောက်ခရီး နှင်ဖူးပြီ။ယိုးဒယား
နယ်စပ် က ဒုက္ခ ၊ မလေးရှားက UNHCR ရုံး မမျှတ တာ
တွေ လည်း သိပြီးပြီ။ တချို့က ပြုံးပြီး ချောက်ချတတ်တာ၊
တချို့က အသားမည်း ဆင်းရဲ ပြီး ရေကြည်ကြည် တခွက်
လက်ညစ်ပတ်နဲ့ တိုက်တာ လည်း သောက်ဖူးပြီ.......
ယုံကြည်ရာ ကို ငါ့ဖာသာ အမေ့စကား နားမထောင် ပဲ
လုပ်တဲ့သောက်ကျင့်ရှိတဲ့ငါ့ အနေ နဲ့ မင်းကို ဖြေချင်တာက..

“ကိုယ် လုပ် ချင် တာ ကိုယ် လုပ်(ပြယုဂ် သဘောသက်
သက် တော့ မလုပ်နဲ့)ကိုယ် ဖြစ် ကိုယ် ခံ ဗျား”


ကိုယ် လုပ် ချင်ရာ လုပ်ပြီး သူများကို တောင့်တ တာတို့
အပြစ်ဆဲတာတို့တော့ မဖြစ်စေနဲ့ ၊ တမျိုးလုံးသိက္ခာကျတယ်။

ရှိစေ..မောင်ခွေးပုရေ ၊ တကူးတက စာလာဖတ်တဲ့ သူတွေ
မျက်စိညောင်းမှာစိုး လို့ ဒီလောက် နဲ့ နားမယ် ကွာ။အသက်
တာဟာ တိုတောင်းလွန်းတာမို့..ကိုယ် ဘာ ဖြစ် ချင်တာ လည်း
ကိုယ် ဘာ လုပ် ချင် တာ လည်း..သေချာ ဆုံးဖြတ်ပြီး ရင်
အဲဒီ လမ်း ကို မကြောက်မရွ့ံ နောက်မတွန့် ပဲ အချိန်ရတုန်း
အောင်မြင် အောင် လျှောက် ပါ မောင်ရေ။ အွန်လိုင်း မှာ အ
ထောက် အကူ ရနိုင် တဲ့ သတင်းနဲ့ နည်းပညာ တွေ ထဲ က
အကျိုးဖြစ်မယ့် အရာမျိုး ဖြင့် အချိန်ကုန် ကျိုး နပ်ပါစေ။

သတိတရဖြင့်...
ဖိုးကုလား
(ခေတ္တ-စင်္ကာပူ ကူလီ)

............................................

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Monday, September 28, 2009

ညီမလေး အလွမ်းပြေ

ခုတလော....
ဘာမှမရေးတတ်တော့လို့မရေးတော့ဘူးနေကာမှ
ရေးစရာရှိလာအောင် ဖန်တီးပေးလာတာကတော့.
ကျွန်တော့်ဆရာကြီး သွင်နိုဗယ် ဖြစ်ပါတယ်။

သောက်ဖို့စားဖို့ချိန်းတိုင်း အမြဲမအားတတ်တဲ့သူ
အလုပ်များလွန်းလို့ ညနက်သန်းခေါင်မှ အိမ် ပြန်
ရောက်တတ် ၊ အိမ်ရေးပျက် ၊အစားပျက်ရှိ တတ်တဲ့
ဒီလူကြီးရဲ့..မြန်မာပြည် က ညီမလေး အ တွက်
အလွမ်းပြေ youtube မှာ သူ့ဖာသာ အချိန် ပေး
လက်စွမ်းပြထားပုံလေး ဖေါက်သည်ချ မျှဝေလိုက်ပါတယ်။

xxxဘယ် လို မှ လေ မေ့လို့ မ ရxx ကြင်နာသူရေ xx
မင်း ရဲ့ အပြုံးxxxx
တယောက်တည်း သာ xxမင်း တယောက် ထဲ ကို ချစ် တာxxx




..................................................
အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ )

Monday, September 21, 2009

ကြုံဆုံခဲ့သမျှ အတိုအစလေးများ(၁)



ကြုံကြိုက်တုန်း အတင်းတုပ်တယ်လို့ဆိုချင်ဆိုနိုင်ပါ၏။
အတင်းမတုပ် ပဲ က လည်း မနေနိုင်တော့......
ဒီနေ့ “ကြုံဆုံခဲ့သမျှ အတိုအစလေးများ” အဖြစ်
အတိတ်ကို ပြန်ပြောင်းကာ ပို့စ် တပုဒ် အဖြစ် ဖန်ဆင်း
လိုက်ပါတယ် ။ ။

မှတ်မှတ်ရရ ကာလ ...,မြို့တော် မ ဟာ ရန်ကုန်
ရဲ့ မြို့သစ်ရပ်ကွက် လေးတခု ၊ အိမ်ဌားဘဝ ကြုံဆုံ
ရပုံက ငိုချင်ရယ်ချင်သလို........ဒီလိုဒီလို
အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ၊မြို့သစ် တည်ခါ စ
လျှောက်ထားဝယ်ယူ ဆောက်လုပ်နေ ထိုင်ကြ သော
(၆၀*၄၀ ပေ) အိမ်များသည်၊ မြို့သစ်နေ လူဦးရေ
တိုးပွါး၊နယ်မှ အလုပ်အကိုင် လာရောက် လုပ်ကိုင်သူ
များပြား၊မိုးတွင်း ရွှံ့ဗွက် ထ နေသောလမ်း အစား၊
ကိုယ်ထူကိုယ်ထ စုပေါင်း ကတ္တရာလမ်းများ ဖြစ်လာ
သည့်တိုင်အောင်မည့်သည့်အိမ်အတွင်းရေးပြဿနာ
များကြောင့် မသိ၊ (၂၀*၄၀ပေ)ခြံမြေ တဝက်စီ ခွဲ
ရောင်းချ ၊ အပေါ်ထပ်အောက်ထပ် အိမ်ဌားတင် ကြ
အိမ်ရောင်း ..အိမ်ဝယ်၊အိမ်ရှင်..အိမ်ဌား၊ ပွဲစားများ
ခြေရှုပ် အာခြောက်နေချိန်......ကျွန်တော်ဆိုသော
ငတိ သည် ၂၀*၄၀ ပေ ခြံတဝက်၌ အိမ်နှစ်ထပ်ခြေ
တံရှည်လေးဆောက်ထားသော အိမ်ရှင်ဒေါ်တင်မေ၏
မဟာစံအိမ်တော်...အောက်ထပ် ဆယ်ပေ ထရံကပ်
အခန်းအား တကိုယ်တော် အိမ်ဌားနေထိုင်ခဲ့ပေသည်။
တဖက်ထရံကပ်လျက်အခန်း၌ ကဗျာဆရာ(အောင်ခက်)
ရံဖန်ရံခါ အာလေး ရှာ လေး နှင့််ညမှောင်မှောင် ခွေး
ဟောင်ဟောင် အချိန်တိုင်း မော်ဒန်ဒဿန ကဗျာများ
ပေါက်ကွဲ ရင်း ပြန်ပြန်လာအိပ်စက်အနားယူတတ်၏။
“စောစောသေတော့..စောစောဝဋ်ကျွတ်တာပေါ့ကွာ”
သူ့ဒိုင်ယာလော့စကားလေးနဲ့အတူ သူ့နာရေးဖိတ်စာ
လာဝေမှ စာရေးဆရာတွေ/စာနယ်ဇင်းအသိုင်းအဝိုင်း
တွေ အသုဘပို့ဖို့ရပ်ကွက် ကို ကားတွေလာခေါ်မှ
အိမ်ရှင်ဒေါ်တင်မေ ဆရာအောင်ခက် ကတော် နဲ့
အတူ ရောသော ဝမ်းနည်း မျက်ရည်ကျပြီး မကြာ
မှီ ၎င်းအခန်းကို စိတ်ရောဂါဆေးရုံ(နဝဒေး)၌ဆေး
ကုသဖို့ လာရောက်ကြသော စစ်ပြန် တပ်မတော်
သားကြီး ကိုနိုင်ဦး နဲ့ မိခင် ဒေါ်သိန်း တို့ သား
အမိ အား၊စည်းကမ်း အထွေထွေ ဖြင့် ဆက်လက်
ဌားရမ်းခဲ့ပေသည်။ရခိုင်အမျိုးသမီး အိမ်ရှင်ဒေါ်တင်
မေ ကား အလယ်တန်းကျောင်းသား သမီးနဲ့သား
တို့ အား မိုးလင်းမိုးချုပ် အပြစ် ဆူ တတ်သ လို
၊ပင်စင်စား အိမ်ထောင်ဦးစီး ဦးဘို ကိုလည်းအရက်
သောက်လို့ ပွမ်ပွမ်မြည်မြည်တတ်၏။မနက်မိုးမလင်း
မှီ အလုပ်သွား ၊ညနေ မိုးချုပ်မှ ပြန်လာ ၊အိပ်ချိန်
လေးသာ ကျောချ အနားယူ ရ သော ကျွန်တော်
အဖို့ညတိုင်း ဌက်ဖျားအရှိန်ကြောင့် ဦးနှောက်ပျက်
နေသော ရှေ့တန်းပြန် ကိုကို တပ်မတော်သားကြီးရဲ့
ညသန်းခေါင် ကြယ်တာယာ စစ်ပွဲ ပါးစပ်သေနတ်
တဒိုင်းဒိုင်း ပစ်ခတ်မှူကြောင့် ကောင်းကောင်း မ
အိပ်နိုင်။အိမ်ရှင်ဒေါ်တင်မေ အား ဤ အကြောင်း
ကွန်ပလိမ်း တက် ရာ စံအိမ်တော်ပိုင်ရှင်ဒေါ်တင်
မေက ၎င်း မိခင်အား မည်သို့ သတိပေးပြောကြား
ခဲ့သည်မသိသော်လည်း..၊ပါးစပ်သေနတ်ပစ်ခတ်မှူ
အတန်ငယ် တိုးတိတ်ခဲ့ရသည်။တစ်ရက်ကား.ထူး
ခြားပေသည်ဆိုရမည်။ကိုယ်လက်နာကျင်မှူကြောင့်
အလုပ်နားနေတဲ့ကျွန်တော်၊တပ်မတော်သားကိုကို
အိမ်မှာ သူ့မေမေ ဈေးရောင်း သွားခိုက် ထမင်း
အိုးတည်နေသံကြားရ၏။အိမ် ထရံမီးလောင်မှာစိုး
လို့ အပေါ်ထပ်ကနေ ခဏခဏ သတိပေးနေတဲ့
စံအိမ်တော်ပိုင်ရှင် အား ဒေါပွရင်း တီးတိုးဆဲဆို
နေတဲ့ သူ့စကား အသံ ကြား ရင်း ကျွန်တော်
ရုတ်တရက် မှင်သက်မိရာမှ တကိုယ်တော်ပြုံးကာ
တဘဝစာ မှတ်တမ်း ကြုံဆုံရသမျှ အပိုင်းလေး
အဖြစ် ရေးခဲ့လေသည်။
သူ့စကားကား....

“နိုင်ငံတော် ခင်ညွန့် လည်းကြောက်ရ၊ အိမ်ရှင်ဒေါ်
တင်မေ လည်း လန့်ရ ငါ့ဘဝ ၊ငါ့ဘဝ”


တပ်မတော်ထောက်လှမ်းရေး လှူပ်ရှားမှူရှိစဉ်ကာလမို့
သူ့အမေက ကျွန်တော့်ကို ထောက်လှမ်းရေးကလူ
ဟုပြောဆိုထားခြင်းကြောင့် ဖြစ်ပေမည်။ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, September 13, 2009

ငါးတစ်ကောင်နဲ့မျောပါခြင်း



ညနေပိုင်း..
ရေချိုးဖို့ မြစ်ဆိပ်ဆင်းလာတဲ့
ငါးတစ်ကောင် နဲ့ ဆုံဖြစ်တော့
ဘာမှကျော့မော့နေစရာ မလိုအောင်
အမောင်..ငါး.က စပြီး မိတ်ဆက်ခဲ့။

ဒါ..
စိတ်ပျက်စရာ အပြုအမူ မဟုတ်ဘူးလေ
ခပ်ပုတ်ပုတ်မျက်နှာထား မဖြစ်တဲ့
မျက်နှာနဲ့ ကြားနာသူ သက်သက်သာ
ငါ သရုပ်ဆောင်လိုက်တယ်။

ရေကူးကျွမ်းတဲ့ ငါး လို့ သူမပြောပေမယ့်
ရေ နဲ့ အတူ သွားလာနေရတာတော့
ကြားရတယ် ။
(မြောင်းထဲကနေပင်လယ်အထိနေမှာပေါ့)
သူ့ဘဝ က ဘယ်ကနေစ ဘယ်လိုဆုံးမလဲ
ခပ်ပြုံးပြုံး လုပ်ရင်း နှူတ်ခမ်းမွေး သပ်လိုက်တယ်
ကျပ်မပြည့်ဘူး ဆိုချင်ဆို..
နဂိုကတည်းကမှ ငါး ဆိုတာ ရေထိုးခံ
အလေးထိုး ခံရမယ့် အကောင်၊
ဒီလိုနဲ့...ညမှောင်လွန်းအားကြီးတဲ့
အချိန်ရောက်တာတောင်
စကားစမပြတ်ချင်သေးဘူး။

မူးမူး နဲ့ ပိုက်ချတဲ့ဘက်
ခပ်မိုက်မိုက် တိုးကြည့်တာကော
တကောင်စားဖို့ အာခေါင်ဖြဲတာကော
ကိုယ့်ကိုယ်ကို မရောင့်ရဲတာကော
ဒေါင်လိုက်ကူးခတ် ရင်း ကိုယ့်ကို
ငါးမျှားချိပ် ထိပ်တက်လိုက်တာကော
ကောင်းကွက် ဆိုးကွက် ချခင်း
ရေခင်းပြနေပုံ မျက်လုံးထဲ
ခင်ဗျားတို့ မြင်ယောင်သာကြည့်ကြ။

လေသင်တုန်းဖြတ်မှာ ကြောက်လို့
ခပ်မြန်မြန် ရေချိုး ဆပ်ပြာတိုက်နေမှ
သူ က ..အအေးမခံ နဲ့
နေ့တိုင်းလက်ကိုသေချာဆေးတဲ့။
ငါ တို့က ချေးအညီအညှော် အတွက်ရေချိုးတာ
သူတို့ က ခန္တီပါရမီ နဲ့ ရေတိုးတာ
ဘာကိုဆိုလိုတာ မရှင်းပြပေမယ့်
ရင်တွင်း စိတ် အရောင်
အဖြူရောင်ပြောင်လက်အောင်
အသက်မှန်မှန်ရှူ လေ့ကျင့်ပါ
တနေ့နှစ်ခါ ပုံမှန် ရေချိုးပါတဲ့။

ငါ က မွေးရာ ပါ အမှား ပါ လို့ လား
ငါး က ငါ့ကို အမှာ ပါး လို့လား
ဘာကိုဂရုထားရမှာ လဲ ချစ်ဆွေ
ကူစဉ်းစားပေးအုံးလေ။ ။


ဗစ်တာထွန်းဇေ


........................................

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

အခမ်းအနားဆုံး မေမေ



မေမေ,
ကျွန်တော့်ရဲ့ ပီဘိ အခမ်းအနားဆုံး
ကြင်နာ သိမ်မွေ့ တည်ကြည်မှူ နဲ့အတူ
ခိုင်မာတဲ့ စိတ် ဓါတ် ပိုင် ရှင်
ခိုင်းနှိုင်းရရင် သက်ရှိ ဘုရားသခင်ပေါ့
(အခါတရာမက လိုတိုင်းတ ရနိုင်တယ်။)

အမြဲတမ်း….,
နွေးထွေးတဲ့မေတ္တာ ၊ သူမတူတဲ့ အကြင်အနာ
အမှတ်တရ များစွာ က ….ဝေးကွာခဲ့သည့်တိုင်
အသစ် အသစ် နဲ့ လန်းလန်းဆန်းဆန်း ။

မေမေ…,
ရှူးသွပ်စွာ ခံစားမှူ ကျွန်တော့်အနုပညာ
မသေချာ မရေရာ မှူ အသင်္ချေတွေ အတွက်
အနှိုင်းဆမဲ့ စိတ်ရှည်ကာသည်းခံ
ခဏခဏ အမေးမြန်းထူတိုင်း
အကောင်းဆုံး နည်းပြလမ်းညွှန်ခဲ့တော့
ကျွန်တော် အလိုလို သိလိုက်ရ
မေမေကသာ ကျွန်တော့်ပြဿနာရပ်တိုင်းရဲ့
မဟာအဆင့် ကျွမ်းကျင် ပညာရှင်ဆိုတာ။

တကယ်ပါ မေမေ..,
ကျရှူံးတိုင်း အထိမနာရအောင်
ကူရှင်(မှီအုံး)လို မေမေ ပြုံးပြီး
ရင်ဘတ်အစုံ နဲ့ ပွေ့ဖက်တော့
အကြိမ်များစွာ ခက်ခဲမှူနဲ့ကြုံတိုင်း
မယုံနိုင်လောက်အောင် အကူညီပေးတော့
ပေ တစ်သန်းမက မိုင်ထောင်ချီဝေးလည်း
ကျွန်တော်ခေါ်တဲ့အခါတိုင်း မဆိုင်းမတွ
နွေးထွေးစွာ အကြံဥာဏ်ပေးတတ်တော့

မေမေ..,
မေမေ့  ကို အရမ်းချစ်ပါတယ် ဆိုတာထက်
ကျွန်တော်ပိုချစ်သွားပါပြီ မေမေ။
ရိုသေကိုင်းရှိုင်းခြင်း လေးစားဂုဏ်ယူခြင်း
ကျေနပ်ဝမ်းမြောက်ခြင်းတွေ နဲ့ ကျွန်တော်လေ
ကမ္ဘာမြေပေါ်မှာ မေမေ တွေထဲက ရွေးမယ်ဆို
မေမေ တဦးတည်းသာ အကောင်းဆုံးမေမေ
မေမေတဦးတည်းသာ ကျွန်တော့်အချစ်ဆုံးပါ
မေမေ…။ မေ….မေ…ပါ..။မေမေ။

သားရွှေနု(အမေ့လက်ရာ)

...................................

အားလုံးပြုံးပျော် ရွှင်လန်းကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Friday, August 14, 2009

ဂုဏ်ထူးထွက်မယ့်..ကူးချတဲ့ စာစီစာကုံး

ငယ်ငယ်ကတည်းက ကျောင်းမှာ ဆရာက
မြန်မာစာ စာစီကုံး နဲ့ အင်္ဂလိပ်စာ အက်
ဆေး ရေး ခိုင်းတိုင်း..၊နှစ်မှတ် တောင်မရ
ခဲ့ဘူးတဲ့ ကျွန်တော့်ကို ဒီနေ့ထူးထူးခြားခြား
မီးပြန်လာ(အဲ..မှားကုန်ပါပြီ)။ အက် ဆေး
လိုလို စာစီစာကုံးလိုလို ၊(Tag)တဂ်တယ်ဆို
လား“မအားသည့် ကြားမှ ၊ ခင်မင်မှူကို အကြောင်း
ပြု ..တနေ့တာမှတ်စု ထဲ က အခုတလော
ဆိုသည့် အကြောင်းကို ယုတ္တိရှိစွာ ရွှီး ရွှမ်း
ဖြီးဖြန်း လို့အောင် မှတ်(၁၀၀) ရ အောင်
ဖြေပေးပါ။”ဟု တမြို့တည်း သား ချင်းလည်း
ဖြစ်ပြီး ဧရာဝတီစာကြည့်တိုက် ဘလော့ဂ် ဖန်
ဆင်းရှင် အလှမဒီ ..မမ မေ(၁၆)ဒေဝီထိပ်
ထား က စကား ဆိုလာပါတယ်။ ။

ထို့ကြောင့်.....,အမေ့လက်ရာ အမျိုးများ
အား ဤသို့ဤနှယ်..ပုံပမာပြု လို့ “ငါ”ဆိုတဲ့
ဆြာကြီး စ တင် ရွှီးရွှမ်း ပါ အံ့။ မရိုမသေ စကား
လုံးများ အနည်း အများ မက ပါ ခဲ့ သော် ခွင့်
လွှတ်ခြင်း ဖြင့် သည်း ခံ ကြ ပါ ကုန်။ ။

အခုတလော.. အမေ့လက်ရာ တွေးနေ မိ တာက
တခဏကြာရင်..ကမ္ဘာပျက်တော့မှာလား ၊ အွန်
လိုင်း က အမြဲ ချက်တင် ဝင် နေတဲ့ ကောင်
မ လေးအကောင့် ပိုင် ရှင် ဟာ တ ကယ် ပဲ
Female နုနုထွတ်ထွတ် ၊ စိတ်ရင်းရိုးရှင်း ၊စိန်
ကုန် သည် သမီး..ရွှေမင်းသမီး လေး လား၊
Forward G-mail တွေထဲက ရွှေ မြန်မာ
များ ရဲ့ အတင်း (အဲလေ) သတင်းစုံ တွေဟာ
တကယ် မလုပ် မကြံ ၊အဟုတ် အမှန် သ တင်း
တွေ ပဲ လား...၊....လား၊....လား။ဆို တာ
ထက် “ဗေဒင်က ဟောတဲ့ အတိုင်း တနေ့ကျရင်
ငါ တကယ် ပဲ လူကြီး ဖြစ် မှာ လား” လို့ အ
ရည် မရ အဖတ် မရ သာ တွေး နေ မိ ပါတယ်
ခင်ဗျား ။ ။

ခုတလော ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
“အော်..ငါလည်း..လျှောက်လေ ညောင်းလေ
ကုတ်လေ ဖက်လေ ၊ လက်အံသေ ခြေစောင်း
တောင်ထိပ်ကိုကား မရောက်နိုင်သေးပေပါတကား”
ဟူသတည်း။ ။

ခုတလော ကျန်းမာရေးကား
မဖျားမနာတဲ့ စက်ရုပ်ခန္ဒာ မဟုတ်တော့၊ဤအပုပ်
ကောင် ကိုယ်ကြီး သည် ညောင်းခြင်း နှင့် ကိုက်
ခြင်း ကို တခဏ အတွင်း ဖြစ် ပျက် နေ ပေ သည်။

ခုတလော..ဖတ်ဖြစ်တဲ့စာအုပ်ကား
မရှိသေးချေ။ အကြောင်းကား..အလွန်အပျင်းကြီးသော
ကြောင့်ဖြစ်ချေသည် တမုံ့။ သို့သော်..ကာလပေါ်ခေတ်
မှီ အတင်း..(အဲ.လေ)အလွန်တရာ ထင်ပေါ်ကျော်ကြား
စိတ်ဝင်စားဖွယ် သတင်းများ အား အချိန် နှင့် တပြေးညီ
ပေးပို့ မျှဝေကြ သော Forward E-mail များ အား
အ များ နည်း တူ ဖတ် ဖြစ် ကာ ၊ အများ နည်း တူ
အ ရည် မရ၊ အဖတ်မရ Forward ပြန် လုပ် ရင်း
ပွစိပွစိ နဲ့ အရက်မူးတိုင်း ပြန်အံ ထုတ် လေ သည်။

ခုတလော ရောက်နေဖြစ်တာက
နေညိုရင် လေပျို့ချင် သမို့ ၊ည ၈ နာရီ ကျော်တိုင်း
သူငယ်ချင်း မိုက်တီး နှင့် Food court ဟု ခေါ်
တွင် စလုံးနိုင်ငံတခွင် ရှိ ၊ထမင်းနဲ့အတူ ဘီယာပါမော့
နိုင်သော ၂၄ နာရီ စားသောက်ဆိုင် ဖြစ်ချေသည်။
အကြောင်းကား...Tiger Beer ၏ လန်ဒန်ခရီး
စဉ် ပရိုမိုရှင်း ကံစမ်းမဲ ကြောင့်ပေ။ ။


ခုတလော နားထောင်ဖြစ်နေတာက
ကျေးဇူး ရှင် မိဘ နှစ်ပါး၏ ဘဝတသက်တာ မှတ်
သားဖွယ် ရာ ဆုံးမစာ ၊ ဆုံးမ စကား မဟုတ်ချေ။
မည် သို့ မှ သာ ယာ နာ ပျော် ဖွယ် မ ကောင်း
သော...အလုပ်ထဲ မှ အထက်အရာရှိ အင်ဂျင်နီယာ
ပညာတတ်၊ စင်္ကာပူနိုင်ငံ(PR)ကဒ်ပြား ကိုင် ဆောင်
ထား သူ အ လွန် တ ရာ ရုပ် ဆိုး သော အိန္ဒိယ
နိုင်ငံသား ကြက်ကုလား ၏ “ ဆဲရေး တိုင်းထွာ သံ
ကျယ် ကျယ် လောင် လောင်” ဖြစ် လေ သည်။ ။


ခုတလော ရွတ်နေမိတာက

အပြင်းထန်ဆုံး မာန်ဟုန်ကြီးကြီး နဲ့ ခပ်နာနာ
ဖြစ်ပေါ်လာတဲ့ ရင်းတွင်း တောက် ခေါက်သံ
မတိုးမကျယ် တည်း။ အကြောင်းကား.....
ကုလားမင်းဘုရား လက် အောက် ကူလီကျွန်
ဘဝ ကျ ရောက် ချိန် ပေ မို့။ ။


ခုတလော ရေးဖြစ်နေတာက
မယ်မယ်ရရ ၊ကမ္ဘာကျော်အောင် မှတ်သားလောက်ဖွယ်
နိတ္ထိမရှိချေ။(Tag)တဂ် သည် ဟု ဆိုသော.ဤစာစီ
စာကုံး တပုဒ် ကို သာ ၊ အချိန် ယူ အိပ် ရေး ပျက်
ခံ ရေး ဖြစ် နေ လေ သည် ။ ။


အချိန်နှင့် ဒီရေ သည် လူ ကို မစောင့် ဆိုစကား
အတိုင်း ယခု အချိန်ကား တဖြေးဖြေး နှင့် ည တာ
လွန် ကာ မ နက် ဦး ဘက် ကူး ပြောင်း ကာ နေ့
တာ ကာလစက်ယန္တယား လည် ပတ် လာ တာ မို့ ၊
မမ လှကေသီ (ဧရာဝတီစာကြည့်တိုက်)ဘလော့ဂ်
ပိုင်ရှင် ပုသိမ်မေ(၁၆) ၏ “ခုတလော”တဂ်
(Tag) ခြင်း ကို ၊ဒီလောက် နဲ့ ပဲ ရွှီးရွှမ်း ဖြီးဖြန်း
ရပ် နား ပေ မည် ။ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မမ ပုသိမ်သူ မေ(၁၆) နဲ့ တ ကွ
လာရောက်လည်ပတ် ဖတ်ရှူကြ သော အမျိုးများ အား လုံး
ကို ကျေးဇူး အထူး တင် ပါတယ်။

သိနေဟဖြင့်......
သားရွှေနု
(အမေ့လက်ရာ)

Saturday, August 8, 2009

ကျေးဇူးတင်ရှိခြင်း

ကိုယ် နဲ့ ကိုယ့် အကြောင်း တွေး မိရင်
ရယ်ချင်တယ်..၊ဘုမသိဘမသိ အထင်ကြီး
နေ တဲ့ သူ တွေ အ ကြောင်း တွေး မိ
တော့...အား တုံ့ အား နာ ဖြစ်မိသလို
ငို ချင် တယ် ..တကယ်ပဲ လို့ ဆို ရမယ်။

စဉ်းစားကြည့်လေ....အမှန်တကယ်က
ဂူးဂဲလ် ကနေ အလကား ရ တဲ့ (free)
ဖရီး ဘလော့ဂ် အကောင့် မှာ အကောင့်
လေး တ ခု ဖွင့်၊ အား တိုင်း စိတ်ရူးပေါက်
တိုင်း ရေးချင် ရာ ရေး၊တွေး ချင် ရာ တွေး
ရာ က နေ၊ ဘလော့ ဆို တာ ဖြစ်။(ဘာတဲ့
ရှိပါသေးရဲ့..သူငယ်ချင်းတွေ နဲ့ တွေ့ ရင်
ဘလော့ဂါကြီးဆိုလား)၊။စလုံးက အိမ် တော်
တော်များများ မှာ အင် တာ နက်က အဖိုးနှုန်း
ချိုချို နဲ့ သုံးခွင့်ရ နေ တော့၊ကွန်နက်ရှင်း က
လည်း ရှင်းလို့ လင်း လို့ဆိုပြန် တော့၊လျှပ်စစ်
မီးကလည်းအမြဲရ ဆိုတော့..ကျွန်တော့်လို ဟို
ရေး..ဒီရေး သမား(စုံစီနဖာစုစည်းရာ-အမေ့
လက်ရာ)အွန်လိုင်းပေါ် ရွာဆော်ဖြစ်ခွင့်အော်
တော်ငုတ်တုတ်ဖြစ်နေရတာပါ။ ။

ကျွန်တော် ဆိုတဲ့အကောင်သည်..
ဘာတတ်လဲ..ဘာမှမတတ်၊ဘာသိလဲ..ဘာမှ
မသိ ရေးချင်ရာရေးတင်ချင်ရာတင်၊ဘယ်-အယ်
ဒီတာ က မှလည်း..စီစစ်ရေးမဝင် ၊မပယ်ဖျက်
ဆိုတော့..“ကိုယ့်မြင်း ကိုယ်စိုင်း..စစ် ကိုင်း
ရောက်ရောက်”ဆိုသလို၊အားတဲ့အချိန် စိတ်ရူးထ
တဲ့အ ချိန် တိုင်း ဘလော့ဂ်သည်ဆိုသော..
ဘလော့ဂ်ဂါရူးတစ်ယောက်သာဖြစ်ချေသည်။

ကျွန်တော် ဆိုတဲ့အကောင်သည်....
ဤ စင်္ကာပူကျွန်းကလေးပေါ် လာ ရောက် ကာ
အသေးဆုံးလစာနဲ့ အနိမ့်ဆုံးအလုပ် မိုး လင်း
မိုး ချုပ် ကူလီလုပ်ကိုင်ရသော..သာမာန်ကာယ
အလုပ်သမား ခပ်ပိန်ပိန် တစ်ကောင်သာဖြစ်ချေ
သည်။

မည်သို့ဆိုစေ...
ညအလုပ်သိမ်း အိမ်ပြန်ရောက်ချိန်/စိတ်ရူးထ(ဓါတ်စီး)
ချိန် နှင့် တနင်္ဂနွေနေ့ အလုပ်ပိတ်ချိန်/ စိတ် ရူး ထ
(ဓါတ်စီး)ချိန် တိုင်း ဂူးဂဲလ်ကနေ ဟိုဟာလေးကူး၊ဟို
ဘလော့ဂ် ကနေ ဟို အကြောင်း လေး ခိုး ချ ကာ
ပို့စ် လေး တ ပုဒ် ဖြစ် ညှစ် ထုတ် တတ် တဲ့ ကျွန်
တော့်ဘလော့ဂ် ကို အစစ အရာရာ သည်းခံ ကြည့်
ှရှူပေးကြ တဲ့ကမ္ဘာတလွှား ရွှေအမျိုး များ အား ကျေးဇူး
တင် ပါသည်။

ပထမဆုံး..ဘလော့လုပ်နည်း စာ အုပ် file ပို့ပေး
ခဲ့ တဲ့..ကိုကိုစိုင်းထွန်း နဲ့ မသိ လို့ မေး တာ ကို
တကူးတက ပြောပေး ၊ကူညီပေး တဲ့ မမပုသိမ်သူ များ ၊ခံစားချက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီ နဲ့ အွန်လိုင်း
မှာ ဘလော့ဂ် နေကြသော ကမ္ဘာတလွှား ဘလော့ဂါ ညီ
အကိုမောင်နှမ ဆရာ/ဆရာမ များ အား လုံး ကို လည်း
ကျေးဇူး အထူးတင်ကြောင်း နှင့် အမှားအယွင်း များ နဲ့
စာစီ စာ ရိုက် အထားအသို မသေမသပ်မှုများ အတွက်
တောင်းပန်ရင်း.........................။

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Tuesday, August 4, 2009

သတိ--အရေးကြုံခဲ့သော်.......

ကျွန်တော် တို့ လို သာ မာန် လူ သား
တွေ အ နေ နဲ့....မ နက် ဖြန် ဘာ
ဖြစ် လာ မ လဲ ဆို တာ မ သိ နိုင် ကြ
ပါ ဘူး။ ဒါ ကြောင့် တင် ကြို ပြင် ဆင်
မှူ တွေ ကို “ အရေးကြုံ ခဲ့ သော် ”ဆို
တဲ့ သ တိ နဲ့ လေ့ ကျင့် ပြင် ဆင်
ကြ ပါ တယ်။ တချို့ က တော့ “အမယ်
လေး..ပူတတ်ပင်တတ်ရန်ကော”“တကယ်
ဖြင့် မိုးမင်းက မပြို ပဲနဲ့”စ သ ဖြင့် ပြော
ချင်ပြော မယ် ပေါ့လေ။ မည်သို့ ဆို စေ.
ကာကွယ်ခြင်းသည် ကုသခြင်းထက် အကျိုး
များသည် ဆိုရိုး အတိုင်း..........

တနေ့က..၊
မိုးတဖွဲဖွဲကြား..စက်ရုံ (မီးလှန့်)သတိ
ပညာပေး/သရုပ်ပြ နှင့် ဇာတ်တိုက် အစမ်း
လေ့ကျင့်ခြင်း ကို စင်္ကာပူ နိုင်ငံ သက်ဆိုင်
ရာ မြို့နယ် မီးသတ်တပ် ဖွဲ့ များ နဲ့ အတူ
အမေ့လက်ရာ တို့ ပါဝင် ဆင်နွှဲခဲ့ကြပါသည်။


(၁)
သတ်မှတ်ထားတဲ့စုရပ် တွေမှာ စနစ်တကျ မစီတန်းပဲ၊ အချိန်ရ
ခိုက်ကလေးအတင်း အုပ်နေကြတဲ့ ဝန်ထမ်းများ နှင့် မိုက်ခ်ကရို
ဖုန်း ကွဲ လု မတတ် ၊ အော်ကာဟစ်ကာ မီးလောင်လျှင် သတိ
ရှိကြဖို့ နဲ့ တင်ကြို ပြင်ဆင် ခြင်း ရဲ့ အကျိုးကျေးဇူး များ ပုံ
တို့ကို ရှင်း ပြ နေ တဲ့ စက်ရုံတာဝန်ခံ(အခန်းအနားမှူး)များပုံ။


(၂)
မီးသတ် ရဲ ကိုကို များ ရဲ့ ဟန်ရေးပြ ပုံ


(၃)
မီးသတ် ရဲ ကိုကို များ ရဲ့ ဟန်ရေးပြ ပုံ နဲ့ တို့ မင်းသားချော


(၄)
မိုးရွာနေ လို့ မီး မတောက် ခဲ့တဲ့ သရုပ်ပြမယ့် မီးဖို


(၅)
ဤသို့ မီးငြှိမ်းသတ် ရ ကြောင်း သရုပ်ပြပုံ


(၆)
ဤသို့ မီးငြှိမ်းသတ် ရ ကြောင်း သရုပ်ပြပုံ


(၇)
ရှေးဦးသူနာပြု စု သရုပ်ပြ ခံမယ့် ရာဘာအရုပ် ကိုကို


(၈)
တာဝေးပစ်မယ့်ဒုံးလက်နက် နဲ့(အဲလေ)ခေတ်မှီ တဲ့ မီးသတ်ကားကြီး။

................................................................

အားလုံးသော အမျိုးများ အား ကျေးဇူးတင်ပါသည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Friday, July 24, 2009

အမောပြေ..စိတ်ဖြေ

ကျွန်တော့်..အမျိုး တွေ အတွက် အပျင်း အ ပြေ
“(Post) အသစ်” အတင်းအခြေ မတုပ်နိုင် လောက်
အောင် ကို ဒီ ရက် အ တွင်း အ လုပ် များ နေ တာ
ကြာ ခဲ့ ပါ ပြီ။ လာ လည် သူ မိတ် သ င်္ဂ ဟ များ
အ တွက် ဒီ ည တော့...

Sons Of Maxwell ရဲ့ United Breaks Guitars

သီချင်းလေး တ ပုဒ် နဲ့ ပဲ ဘ ဝ အ မော ပြေ စေ ဖို့
ပို့စ် အသစ် တင် ပါ ရ စေ ဗျား ။ ။



စာ သား လေး တွေ ချည်း သက်သက် ခံစားကြည့်မယ်ဆိုရင်တော့....

I flew United Airlines on my way to Nebraska
The plane departed, Halifax, connecting in Chicago's
"O'Hare".
While on the ground, a passenger said from the seat
behind me,
"My God, they're throwing guitars out there"

The band and I exchanged a look, best described as
terror
At the action on the tarmat, and knowing whose
projectiles these would be
So before I left Chicago, I alerted three employees
Who showed complete indifference towards me

United...
(United...)
You broke my Taylor Guitar
United...
(United...)
Some big help you are

You broke it, you should fix it
You're liable, just admit it
I should've flown with someone else
Or gone by car

'Cause United breaks guitars.

When we landed in Nebraska, I confirmed what I'd
suspected
My Taylor'd been the victim of a vicious act of malice
at O'Hare

So began a year long sagan, of "pass the buck",
"don't ask me", and "I'm sorry, sir, your claim
can go no where".
So to all the airlines people, from New York to New Deli
Including kind Ms. Irlweg, who says the final word from
them is "no".

I heard all your excuses,
And I've chased your wild gooses
And this attitude of yours, I say, must go

United...
(United...)
You broke my Taylor Guitar
United...
(United...)
Some big help you are

You broke it, you should fix it
You're liable, just admit it
I should've flown with someone else
Or gone by car

'Cause United breaks guitars.

Well, I won't say that I'll never fly with you again,
'Cause, maybe, to save the world, I probably would,
But that won't likely happen,
And if it did, I wouldn't bring my luggage
'Cause you'd just go and break it,
Into a thousand pieces,
Just like you broke my heart

When United breaks guitars.

United...
(United...)
You broke my Taylor Guitar
United...
(United...)
Some big help you are

You broke it, you should fix it
You're liable, just admit it
I should've flown with someone else
Or gone by car

'Cause United breaks guitars.

Yeah, United breaks guitars.

Yeah, United breaks guitars.


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်ကြည်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Sunday, July 19, 2009

အောက်မေ့လွမ်းဆွတ် ဦးညွှတ်ဂါရဝပြုပါသည်




အောက်မေ့လွမ်းဆွတ်ခြင်း(သို့)နှမြောတသ ခြင်း ဆိုလေမလား။
အမြတ်တနိုးတန်ဖိုးထား တဲ့ အရာ ၊ ပုဂ္ဂိုလ် မရှိတော့ မှ သူ့တန်
ဖိုး ကို ပြန်လည် ဆင်ခြင် ယူကြုံးမရ အောက်မေ့ လွမ်းဆွတ် တတ်
ကြ တာ လူ့သဘာဝ ဓမ္မတာ။ “ပု ထု ဇာဉ် တို့ သ ဘာ ဝ..
သေသောသူ ကြာ ရင် မေ့ တယ်” ဆို တဲ့ ဆို ရိုး က လည်း ၊
မေ့ လွယ် သူ တို့ အ တွက် ဆို ရိုး တ ခု ကိုး ။ ။

မည်သို့ဆိုစေ...ဤနေ့ဤချိန်အခါ ဟာ တိုင်းပြည် နဲ့ လူမျိုးအတွက်
ကိုယ်ကျိုးမကြည့် ကောင်းခြင်းဂုဏ်အင် အပြည့် နှင့် အချိန်ပြည့် တာ
ဝန်ထမ်းကာ မြန်မာ့လွပ်လပ်ရေး အတွက် အသက်ပေး ကြိုးပမ်း အား
စိုက်ခဲ့တဲ့ နိုင်ငံဖခင် မဟာအာဇာနည် သူရဲကောင်းကြီး ၊ သူ့အပေါင်း
အပါ ခေါင်းဆောင် များ နဲ့ အတူတကွ လုပ်ကြံ ခံ ၊ကျ ဆုံး ခဲ့ ရ
တာ.....နှစ်ပေါင်း ခြောက်ဆယ့် နှစ် နှစ် ရှိသွား ပြီ..မိတ်ဆွေ။

ခင်ဗျား တို့ ကျုပ် တို့ အတွက် တိုင်း တ ပါး လက် အောက် ကနေ
ခက် ခက် ခဲ ခဲ ကြိုး ပမ်း ပေး ခဲ့ ရ တဲ့ လွတ်လပ်ရေး ရဲ့ ဖ ခင်
ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင် ကြီး များ နှစ် ပတ် လည်
ဤ နေ့ လေး တ နေ့ ကို ၊ အ တူ တူ အောက် မေ့ တမ်း
တ လွမ်း ဆွတ် ဦး ညွှတ် ဂါ ရ ဝ ပြု ကြ ရ အောင်။

ကြုံကြိုက်လို့ အမှတ်တရ ပြန်ပြောင်းပြောရရင်.....
ငယ်ငယ် တုန်း က (လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက်) အာဇာနည်
နေ့ ဆို ကျောင်း ပိတ် ရက် မို့ ပျော် ခဲ့ တယ်။ ရေ ဒီ ယို (အဲဒီကာ
လ က ကျွန်တော့် ဇာတိ ရပ် ကွက် က အိမ် တော် များ များ မှာ ရေ
ဒီ ယို နဲ့ တိပ် ကက် ဆက် လောက်ပဲ တွင် ကျယ် သေး တယ်။ အဖြူ
အမဲ တီဗွီ တို့၊ကာ လာ တီ ဗွီ တို့ ဟာ တော် တော် ရှား သေး တယ်)
မြန်မာ့ အသံ က နေ တ နေ ကုန် အာ ဇာ နည် နေ့ သီ ချင်း တွေ
လွှင့် တယ်။ ည ပိုင်း မှာ ဗိုလ် ချုပ် ရဲ့ မှတ် သား ဖွယ် ရဲ ရဲ တောက်
ပြတ် သား တဲ့ မိန့် ခွန်း တွေ လွှင့် တယ်။ဇာတ် လမ်း လေး တွေ
လည်း ကြား ရ ရဲ့။ ၁၉၄၇ ဇူလိုင် လ ၁၉ ရက် နေ့ မနက် ၁၀ နာ
ရီ လောက် မှာ လုပ် ကြံ ခံ ရ ပြီး ကျ ဆုံး တဲ့ အထိမ်း အမှတ် နဲ့
ရေ ဒီ ယို ကနေ ၂ မိနစ် ခန့် ငြိမ် သက် အောက် မေ့ ခြင်း ဥ သြ
ဆွဲ တယ်။ မြစ်ကမ်းဆိပ် က အစိုးရ ရေ ကြောင်း သဘောင်္ တွေ ၊
ကား တွေ က လည်း ဥ သြ ဆွဲ ကြ တယ်။နိုင်ငံ တော် အလံ၊ တိုင်
တ ဝက် လွှင့် ထား တာ ကို အိမ် တိုင်း မှာ တွေ့ ရ တယ်။ ပန်း ခြံ
တွေ မှာ ဗိုလ် ချုပ် ရဲ့ တည် ကြည် ခန့် ညား မြင်း စီး ဟန် ရုပ် ထု
၊ လွတ် လပ် ရေး ကျောက် တိုင် ရှေ့ တွေ မှာ အခန်း အနား နဲ့ လွမ်း
သူ ပန်း ခွေ ချ ဂါ ရ ဝ ပြု ကြ တယ်။ဥ သြ ဆွဲ ဆူညံ ပူညံ သံ တွေ
ရဲ့အ ဓိ ပါယ် မှာ ..သတိရ ဝမ်း နည်း အောက် မေ့ ခြင်း နဲ့ လွတ်
လပ် ရေး အ တွက် ကျေး ဇူး တင် ဂုဏ် ယူ ဂါ ရ ဝ ပြု ဦး ညွှတ်
ခြင်း တွေ နဲ့ ပြည့် နေ တယ်။

အဲဒီ နေ့ က ..ဗိုလ်ချုပ် တို့ လုပ် ကြံ ခံ ရ ပြီး ပြီး ချင်း နှစ် နာ
ရီ ကြာ လောက် ရေ ဒီ ယို က နေ .အဲ ဒီ သ တင်း လည်း လွှင့်
ရော..၊ အ ဖေ တို့လေ စား နေ ကြ ထမင်း တွေ လွှင့် ပစ် ၊
အကို အေး မောင် တို့ လည်း ပု ဆိုး ပြင် ဝတ် ၊ဒါး ဆွဲ ပြီး
မြို့ ပေါ် တက် ..ဗိုလ်ချုပ် တို့ ကို သတ် တဲ့ သူ တွေ ကို သွား
သတ် မ လို့ ပေါ့။ စနေမိုး က လည်း ဖွဲ ဖွဲ နဲ့ ကောင်း ကင် တ
ခု လုံးလည်း မှိုင်း အုံ့ လို့။ သွား လာ လုပ် ကိုင် နေ တဲ့ သူ တွေ
လည်း အ ရုပ် ကြီး တွေ လို အ သက် မ ပါ ကြ ဘူး ကွဲ့
။”


ငယ်ငယ် က ကလေး အ ရွယ် ကျွန်တော့် ကို အဖွားအေ က
သူတို့ရဲ့ အာဇာနည် နေ့ ခံ စား ချက် ကို ပြန် ပြော ပြ ခဲ့ တာ။


တ ကယ် ဆို ကျုပ် တို့ တာ ဝန် ကျေ ရ မှာ။ သူ(ကျုပ်တို့ဖခင်ကြီး)
မျှော် လင့် တဲ့ ..ပြည်ထောင်စုစိတ် နဲ့ လွတ်လပ် တဲ့ နိုင်ငံ တော်
ခေတ် မှီ ဖွံ့ ဖြိုး ၊ ကမ္ဘာ နဲ့ ရင် ဘောင် တန်း ဖို့ ကျုပ် တို့ အား
လုံး ကိုယ် စွမ်း ဥာဏ် စွမ်း ရှိ သ လောက် ၊ကျ ရာ အခန်း ကဏ္ဍ
က နေ ကိုယ် ပိုင် အ သိ နဲ့မ ပျင်း မ ခို ၊မ ဖြစ် မ နေ လက် တွဲ
ပါ ဝင် ကြိုးပမ်း လွတ် လပ် ရေး ကို အ ဓွန့် ရှည် အောင် ဝိုင်း ဝန်း
ထိန်း သိမ်း ကြ စို့ လား ။ ။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Monday, July 13, 2009

ပန်းခြောက် တစ္ဆေ




ငါ့....
ဝိုင်ခွက်ထဲ မျက်ရည်
မိုးည ရဲ့ အလွမ်း
အနမ်း နွမ်းနွမ်းတပွင့်
ကမ္ဘာမြေပြင်မှာ ထင်ဟပ်လို့
ကြောက်ရွံ့ခြင်း နဲ့ စိုးထိတ်ခြင်း
စစ်ခင်းမိစဉ်.........
တဖိတ်ဖိတ် တလက်လက်
တဖျတ်ဖျတ် တောက်ပအောင်
သွေးပျက်စရာ ခြောက်ခြား
ဂျောက်ကဗား နက်နက်ထဲ
ဝရုန်းသုန်းကား ခုန်ဆင်းသွားရဲ့။


ဗစ်တာထွန်းဇေ

“ဤပုံလေး..ကို ဂူးဂဲလ် က နေ ခိုးယူပါသည်။”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, July 12, 2009

ဘယ်သူ စိတ်ရှည် သည်းခံ နိုင် မ လဲ

မိတ်ဆွေ...မိဘ နဲ့ သားသမီး မှာ ဘယ်သူ က စိတ် ရှည်
သည်းခံ အကြင်နာ ပို တယ် လို့ သင် ထင် မြင် ပါ သ လဲ။
သားသမီး နဲ့ မိဘတွေ ကြား မတူညီ တဲ့မေတ္တာ အကြင် နာ
တရား အကြောင်း ကို အချိန် သုံး မိ နစ် စာ ဗွီဒီယို ဇာတ်လမ်း
လေး နဲ့ Forward အီးမေးလ် ပို့ပေးခဲ့ တဲ့ ကျွန်တော့် ဆရာ
ကိုမျိုးလင်း ကို ကျေးဇူးတင်ရင်း....ဘလော့ဂ် အမျိုးများအတွက်
ပြန်လည် တင်ဆက် ပေး လိုက် ပါတယ်။






ယနေ့မှစ၍ လူဆိုးကြီး ကျွန်တော် လည်း ဤသင်္ခန်းစာ လေး ယူလို့
သက်ရှိထင်ရှား ဖေဖေ နဲ့ မေမေ ကို ပိုတိုး လို့ အချိန်ပေး၊ မေတ္တာ
ဖြင့် ပိုမို နီးကပ် နေ ထိုင် သွား ဖို့ ကြိုး စား နေ ပါ ပြီ။

အားလုံးသော အမျိုးများ လည်း မိဘ များ နဲ့ ပိုမို နီးကပ် နားလည်မှု
အသိဖြင့် မေတ္တာနွေးနွေး တွေ ဖြန့်ခြုံ လွှမ်းမိုး ပျော်ရွှင်နိုင်ကြပါစေ။

သိနေဟဖြင့်.....
သားရွှေနူု
(အမေ့လက်ရာ)

Saturday, July 11, 2009

မေတ္တာ၏အကျိုးကျေးဇူးများ



အလုပ်ထဲက အိန္ဒိယ (အင်ဂျင်နီယာ)ရဲ့ (သူဌေး ဖား လုပ်ရပ်)
မတရားအနိုင်ကျင့်မှုကြောင့် သူ သေ ဖို့ အ ရေး ပဲ ပွါး နေ
မိ တဲ့ ကျွန် တော် ထံ မေ တ္တာ တရား အကျိုး ကျေး ဇူး အ
ကြောင်း အီးမေလ် နဲ့ မျှ ဝေ ခဲ့ တဲ့ မြန်မာ ပြည် က....
မမ အား ကျေးဇူး တင်ရင်း...အမျိုးများအတွက် ပြန်လည် မျှ
ဝေ လိုက် ပါ တယ်။

မူလစာရေးဆရာ တွေ အားလုံးကို လည်း ကျေးဇူး
တင်ပါတယ်။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)


.>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ်
အိပ်မက်များမမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျ
ရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုး
လာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊နတ်ချစ်တယ်၊
ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ
နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ
သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင
်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ
ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တေ
ွလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်းဝီရိယစိုက်ပြီးကြိုးစား
အားထုတ်လိုက်ကြပါ။ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက
်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ဒီ့ထက်ကောင်းမွန်တဲ့
ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလို
တဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့မေတ္တာဘာဝ
နာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ
မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့
မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကိုသံသယမရှိယုံကြည့်ဖို့
က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရ စကားလုံးရဲ့ အနက်
ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်
လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး
မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်း
တွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကိုစိတ်ထဲ
ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်းသိပ်ကို
လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ပေါ့ပါးတယ်၊ငြိမ်းချမ်းတယ်၊ဒီလိုအတွေ့
အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ
စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလိုတစ်မျိုးမျိုးနဲ့ ပို့နိုင်
ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။
(တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့
အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်
နိုင်ပြန်ဘူး။အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း
ခက်ခဲပြန်ပါတယ်။ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်
အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို)မေတ္တာပွားမယ်ဆိုရင်လည်း
မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော်အမျိုးသမီးများ
အနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့
အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ်
ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင်
သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်
လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်
မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ
အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ်
ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။
မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်
ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ်
မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍
မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို
ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်း
ကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း
ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း
ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့
ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာတခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက်နစ်နေတယ်၊
အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်
ကာင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင်
ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ်
ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး
ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ
ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်
သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ
ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါ
လိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့
မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်
ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို
သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွား
လို့ ကျေပွန်ရင်

- အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာ
အားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲစက်ဝန်းကြီးအတိုင်း
မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။
မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ
ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင
့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာဖြစ်ဖွယ်ရှိတယ်။
ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်
တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာ
တဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်း
လမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ
သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ
အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအ
ရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင်
လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ
ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ
သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့
ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်
သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော
သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံး
ဖန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သော
အားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်း
ကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူး
ဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော
အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌
ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်း
တော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ
ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.
မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့
မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်
၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.
. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့
လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်
ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ
အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။


သူတော်မွန်

Tuesday, July 7, 2009

ဂျူလီယာ = အိမ်မက်



ဒါ...
တကယ့်အဖြစ်အပျက်မဟုတ်ဘူး
လာမယ့်ရှေ့အနာဂတ်နိမိတ်လို့လည်း
မဆိုနိုင် ဘူး။ ။

မလှုပ်မရှက်နဲ့ ခန္ဒာတကိုယ်လုံး ငြိမ်သက်
ရှုရှိုက်သံပုံမှန်နဲ့ ပြတင်းနှစ်ရွက် စုံမှိတ်လိုက်စဉ်
မြင်မက်နေသောအရာ ကြုံကြိုက်နေသော အရာ
(သက်ရှိသက်မဲ့ အရာတွေအစုံလိုက်)
ထိရှ ဖမ်းဆုပ် မထိန်းချုပ်ပြနိုင်ပေမယ့်
ဆက်၍ ဆက်၍ မက်ခွင့်သာရမယ်ဆို
မက်မက်မောမော နဲ့ မနိုးထတမ်း
ဂျူလီယာ မင်းအကြောင်းပဲ
အိမ်မက်နေချင်ရဲ့။ ။

ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်ပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Saturday, July 4, 2009

သင့်အမြင် ကြည်ရဲ့လား

အားလုံးအတွက် မျက်စိ အာဟာရ လေးဖြစ်ရအောင်
ကုန်တင်ကား ဆေးခြယ်ဒီဇိုင်း ပုံစံဆန်းဆန်းလေး တွေ
မျှဝေ လိုက် ပါတယ်။ သင့်အမြင် ကြည် ရဲ့ လား...
မ ကြည် ဘူး လား သိ ရ အောင် ..သင် ကိုယ်တိုင်
ပဲ သေ ချာ ကြည့် ပေါ့..........














.......။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံး အမြင်ရှင်းပြီး ပြုံးပျော် ရွှင်ကြည် ကြပါစေ ဗျာ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

မယုံကြည်ရဘူး..သတိလေးထား

အလုပ်များနေတဲ့ကျွန်တော့် ဆီ တကူးတကလာရောက်
လည်ပတ် ကြည့်ရှု ပေးကြသော အမေ့လက်ရာ(စုံစည်
နဖာစုစည်းရာ)ဘလော့ဂ် အမျိုးများ အား ကျေးဇူးအထူး
တင်ပါတယ်ဗျာ။မလည်အားလို့ မရောက်ဖြစ်ကြတဲ့ အမျိုး
များအားလည်း စိတ်မတိုပါဘူးနော် :)။ ။

ဘလော့ဂ် ဂါ ဆရာကြီးဟု ကိုယ့်ကို ကို သွေးနား ထင်
ရောက် နေ သော ကျွန်တော် တယောက် အလုပ်များနေ
ရ တဲ့ အကြောင်းကား....ယုံကြည်အောင် အကြိမ်ကြိမ်
ပုံပြောတတ် ပြီး နားပူနာဆာ လုပ်နိုင်လွန်းသော “သူမ”
ဆိုသူ ကြောင့်ဖြစ်ပါတယ် ခင်ဗျား။။“ယုံပါ” အကြိမ်ဆယ်
သန်း မက ပြောတတ် တဲ့ သူမ နဲ့ ယုံလွယ် တတ် တဲ့
ကျွန်တော် ......




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော်ရွှင်ကြည်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, June 21, 2009

နတ္ထိ



ဘာတခုမှ ပြီးမြောက် တာ ငါ့မှာ မ ရှိ သ လို
ဘာတခုမှ လဲ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘူး။
အို .. ဘာတခု ကို မှ လဲံ မ လုပ် ချင်ပါ ဘူး။
အကြောင်းက .. ငါ ဘာ မှ မလုပ် နိုင်လို့ပေါ့။

အရာရာတိုင်း ကို ဘယ် အရာ တွေ ပါ လို့ မပြောနိုင်ဘူး
ဒါ ပေ မယ့် အဲဒါ တစုံတရာ တော့ ဖြစ် တယ်။
နောက်ပြီးတော့..ငါ့အထမြောက်မှူ ၊ ငါ့လုပ်ဆောင်နေမှု
ငါ ဆောင် ရွက် မှာ နဲ့ ငါ လုပ် ဆောင် နိုင် တာ တွေ
ထက်တော့ အဲဒီ အ ရာ က လုံးဝ ပို ကောင်းလွန်း တယ်။

တကယ်တော့......
ဒီအရာတွေ အတွက် ပဲ ငါမွေးဖွားခဲ့
ဒီအရာတွေ အတွက် ပဲ ငါရှင်သန်မှာဖြစ်သလို
ဒီအရာတွေ အတွက် ပဲ ငါ သေဆုံးရမှာလေ။

Victortunzay

........................................................
ဘာမှ မ ရှိ တဲ့ ၊ဘာ အရာတွေ အ တွက် ဘာ ဆရာ ကြီး
အဲ လေ .ဗစ်တာထွန်းဇေ ရဲ့ "နတ္ထိ" ကဗျာ လေး ကို
အား လုံး အ တွက်................

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, June 20, 2009

ဖီလင်ဆိုသော..အရသာ






(၁)
.တီ.ဂီဂွမ်မြည်လာတော့နည်းနည်းရင်တုန်သွားတယ်။
ဖုံးသံကြားရင်..ရင်တုန်ရတာကိုပြောတာပါ၊
ဒီမှာအလုပ်ချိန်ဖုံးလာမှာအကြောက်ဆုံး၊ကိုယ့်အလုပ်က..သူများ
(အထက်လူကြီး)တနေကုန်ခေါ်ခိုင်းမှ၊ခေါ်ဆဲမှလစာရတာမျိုး။
”ဟိုကောင်..မင်းဟိုကိုသွား၊
ဒီကိုလာယူ”ဆိုတာမျိုး။
မင်းကြီးများက..ဖုံးဟုခေါ်သောစကားပြောရသော၊
လွန်စွာဝန်ပေါ့ပီးသေးသွယ်သော စကားပြောစက်မျိုးနှင့်
မင်္ဂလာချီတက်သောသဘောရှိသည်မို့၊ရုံးရောက်ရင်
ဒင်းကြီးဂီဂွမ်မြည်၊မင်းကြီး..ထွီထွမ်မည်မှာ အလန့်ဆုံး။
(သူ့ကိုဝပ်တွားနေရချိန်လေ၊ဘယ်လိုလုပ် ရင်ဘတ်ကော့ရဲပ)

(၂)

“ဟဲလို..မောနင်း ဆာလ်”
ဖုံး(answer)ခလုတ်ဗြုန်းဆိုနှိပ်
ချက်ချင်းအဖြေ ကို အသင့်အနေထားနဲ့ပြောလိုက်တယ်။

”ကို့ .. ဆရာ“
ကျွန်တော်..မျိုးလင်းပါ”
”မွေးပီဗျ..မွေးပီ“

ဘယ်လိုဟာတုန်း၊ရုတ်တရက်..မိန်းကြိုးများ(fuse)တွေပျက်သွားသလား။
ဘိတ်သံဝဲ၀ဲနှင့်အားရပါးရစကားသံက၊ကျွန်တော့်သူငယ်ချင်းဆရာကောင်အင်
ဂျင်နှီယာကြီး..ကိုမျိုးလင်း။(ကျွန်တော်တို့.အားလုံးက အချင်းချင်း ဆရာ
ကောင်တွေ လို့ပဲ ခေါ်နေကြ)ဒါ...မြန်မာပြည်ကနေသူ့ကို..သူ့မိန်းမ
မျက်နှာမြင်မြင်ချင်း(သို့)သူ့အမျိုးသမီး ကလေးမီးဖွားပီးပီးချင်း...အထူး
သတင်း(up to date )ပေးလို့ပဲဖြစ်မယ်။ကလေးမမွေးခင်ကတည်းက.
ရင်ဖိုမောပျို၊၀မ်းသာနေတဲ့ပုဂ္ဂိုလ်(ဆရာကောင်)က..၊ကလေးရော၊မိခင်ပါ
အားလုံးအဆင်ချောကြတဲ့သတင်း၊သားဆိုတဲ့အားတရပ်မှန်းသိလိုက်ရတော့

“ကျွန်တော်ဝမ်းသာတယ်ဗျာ
သားလေးဗျ..ဖုံးထဲမှာ ခလေးငိုသံကြားလိုက်ရတယ်
အား..ဘာပြောရမှန်းမသိဘူးဗျာ
ပျော်တယ်ဗျာ”

သူ့စကားသံတွေနားထောင်ရင်း
ကျွန်တော့်ရင်ဘတ်ထဲက.မေးခွန်းတွေကအဖေဆိုသော ၊
အမေဆိုသော၊မေတ္တာဆိုသော
အရာသာ......ဒလဟောပြုတ်ကျ။
မနက်ခင်းဟာ..ပုံမှန်အတိုင်းမင်္ဂလာရှိနေချိန်၊
အနှေးအမြန်ပြကွက်တွေထဲမှာ ဟန်လုပ်ပီး
အပိုသရုပ်ဆောင်ထားခြင်းမရှိတဲ့အရိုးသားဆုံးကဗျာတပုဒ်၊
ပီတိလှိုင်းတွေနဲ့ကာရံမဲ့အောင်လွှတ်လှသွားတာ
ဘယ်သူငြင်းမလဲ..သူ့ရင်ဘတ်ကို အငှားခံစားကြည့်
ဒါဖီလင်လေဗျာ..................................။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကလေးအဖေ..အသစ်စက်စက်၊နောင်တခေတ်ရဲ့လူတော်ကောင်း ဖခင်
ကျွန်တော့်ဆရာကောင်..ကိုမျိုးလင်းရဲ့
သားဦးလေးမွေးဖွားခြင်းအားဂုဏ်ယူဝမ်းမြောက်ပါသည်။
“သားဦးလေး..မောင်မောင် အနာကင်းပီး အသက်ရာကျော်ရှည်ပါစေသောဝ်”

ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖေများနေ့အတွက် အရင်ဖေါ်ပြပြီးသော ပို့စ် အဟောင်းလေးကို
အသစ်ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

ပျော်ရွှင်ချမ်းမြေ့ပါစေ တို့ဖေဖေ

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤနံနက်ခင်း
အခါသမယ သည် ကျွုန်ုပ်တို့ အားလုံး၏
မွေးသည့်ဖခင် ကျွေးသည့်ဖခင် ကျေးဇူးရှင်
ကမ္ဘာတဝှမ်း ဖေဖေ များရဲ့ Happy Father's Day
နေ့ထူးနေ့မြတ် ပေ တည်း။

မြတ်မိမာတာ ကိုယ်ဝန်ဆောင် ချိန်မှ
မွေးဖွားပြီး ယနေ့လူလားမြောက်ချိန်
တိုင် ကြီးမားသော မေတ္တာ ဖြင့် ရှာ
ဖွေ ကျွေးမွေး ပြုစု ပျိုးထောင် ပေး
ခဲ့သော ကျေးဇူးကြီးမား ဖေဖေ များ
အား အမေ့လက်ရာ(စုံစီနဖာစုစည်းရာ)
မှ ဦးခိုက် အလေးပြုပါ၏။

မွေးသည့်ဖခင် ကျေးဇူးရှင် ကဲ့သို့
မေတ္တာစစ်မှန် စေတနာ မှန်နှင့်
လမ်းပြနည်းမှန် သွန်သင်ကာ
ရှာဖွေကျွေးမွေး လုံ့လစိုက်ထုတ်
ပြုစု ခဲ့ကြသော "အကိုကြီးများ၊
ဦးလေးများ၊ဆရာများ၊အဘိုးများ၊
ဖေဖေ အသစ်(သို့)ခေါ်ရခက်သော
ပထွေး များ အားလုံး သည် လည်း
ယနေ့ဤ မင်္ဂလာ အခါသမ တွင်
မော်ကွန်းတင် ဂုဏ်ပြုရမည့် သူများ
ဖြစ်ပါသည်။

Father's Day (On 21st June)





အားလုံးပြုံးပျော် ကိုယ်စိတ် ရွှင်ကြည် ကြပါစေ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

Tuesday, June 16, 2009

ပူစီကြောင် တညောင် ညောင်

ကျုပ်တို့လို ဂွဂလန့်ပုဂ္ဂိုလ် မျာ့း ကြောင်တကောင် နဲ့
အလုပ်ရှုပ်ပုံ ကို သရော်ထား တဲ့ ကာတွန်းရှုပ်ရှင်လေး
ကို အားလုံး အတွက် youtube ကနေ ကူးယူကာ
ပြန်လည် မျှဝေလိုက်ပါတယ်။

Simon's Cat 'TV Dinner'




အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Tuesday, June 9, 2009

အိုင် လဗ် ယူ I Love You




စလုံးက မောင်ဖုန်း တယောက် သွားရင်း လာရင်း
ခလုတ်တိုက် ချောကလက်ရေခဲမုန့် ထုတ်လုပ်တဲ့
စက်ရုံက ဂျူလီယာ ခေါ် မားကတ်တင်း ကောင်မ
ချောချော လေး ကို ရင်ခုန်၊ အချစ်တွေပြိုကျလာ
သမို့ ....နာမည်ကြီး အဆိုတော် Celine Dion
ရဲ့ အကျော်ကြားဆုံး သီချင်း
I Love You
နဲ့ အွန်လိုင်းကနေ ယနေ့ညအပီအပြင် ခုနှစ်သံချီဖြင့်
ကြူလိုက်ပါသည်။

I love You(lyrics)

I must be crazy now
Maybe I dream too much
But when I think of you
I long to feel your touch

To whisper in your ear
Words that are old as time
Words only you would hear
If only you were mine

I wish I could go back to the very first day I saw you
Shouldve made my move when you looked in my eyes
Cause by now I know that you'd feel the way that I do
And I'd whisper these words as you'd lie here by my side

I love you, please say
You love me too, these three words
They could change our lives forever
And I promise you that we will always be together
Till the end of time

So today, I finally find the courage deep inside
Just to walk right up to your door
But my body can't move when I finally get to it
Just like a thousand times before

Then without a word he handed me this letter
Read I hope this finds the way into your heart, it said

I love you, please say
You love me too, these three words
They could change our lives forever
And I promise you that we will always be together
Till the end of time

Well maybe i, I need a little love yeah
And maybe i, I need a little care
And maybe i, maybe you, maybe you, maybe you
Oh you need somebody just to hold you
If you do, just reach out and I'll be there

I love you, please say
You love me too
Please say you love me too
Till the end of time
These three words
They could change our lives forever
And I promise you that we will always be together

Oh, I love you
Please say you love me too
Please please
Say you love me too
Till the end of time
My baby
Together, together, forever
Till the end of time
I love you
I will be your light
Shining bright
Shining through your eyes
My baby

Celine Dion


........................................

အားလုံးပြုံးပျော်ကိုယ်စိတ်ကျန်းမာကြပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Sunday, June 7, 2009

ကျွန်တော် နား ထောင် ဖြစ် ခဲ့ သော



ဘဝ ဆိုတဲ့ လမ်းမ ပေါ် လျှောက် နေ ရ တဲ့
ကျွန်တော် ၊ နား ထောင် ဖြစ် ခဲ့ သော .....
အ တို အ စ ကလေး များ ကို ပေါ့ ပေါ့ ပါးပါး
ပြုံး ဖို့ ရည် ရွယ် အမေ့လက်ရာ အမျိုး များ အ တွက်
ပုံပြင် တပုဒ် အ ဖြစ် အ သက် သွင်း လိုက် ပါ တယ်။ ။

ပါးစပ်သေနတ်

ဤသေနတ်က လူမသေစေနိုင်ဘူး ဆိုတာ လူတိုင်း သိ
ကြ ပါ တယ်။ သို့ပေမယ့်....တခု သော ကာ လ
ဧရာဝတီိ တိုင်းရှိ ပင်လယ်ဝ နားနီး မြို့နယ် အ တွင်း
ခုတ်မောင်းနေ တဲ့ နှစ်ထပ် ရေ ယာဉ် သင်္ဘောပေါ်မှာ
ဒီ သေနတ် ကြောင့်...အ ထိတ် တ လန့် ဖြစ် စေ
ခဲ့၏။

ယ ခင် ဧ ရာ ဝ တီ သ ဘောင်္ အ များ စု သည် စစ်
ကျန်..(ဒုတိယ ကမ္ဘာစစ် လျော်ကြေးရ)သ ဘောင်္ များ
ဖြစ် ချေ သည်။မြန် မာ အင် ဂျင် နီ ယာ များ တော်
တတ် မှု ၊ တီ ထွင် ဆန်း သစ် မှု ကြောင့် ပြည် တွင်း
ရေ ကြောင်း ပို့ ဆောင်ရေး ဦး စီး ဌာန အောက် တွင်
စစ် ပြန် သဘောင်္ များ ဧ ရာ ဝ တီ တ လွှား ပြေးလွှား
ပို့ ဆောင် ရေး ရေ ယာဉ် များ အ ဖြစ် ဧ ရာ ဝ တီ
ရေ ပြင် ကြော မှာ ဇာတ် လမ်း ပေါင်း တ သိန်း နှင့်
အ သက် ဝင် ခဲ့ ရ သေး သည်။(မှတ်ချက်။ ။ယခုတော့
အ ဆင့် မြင့် တရုပ် နှစ် ထပ် ခွဲ ရေ ယာဉ် များ သာ
တွေ့ ရ တော့ ၏ )။

ရေလမ်း ခရီးသွား ခရီးသည် အများစု သည် ရေ ယာဉ်
(သဘောင်္)ပေါ် ၌ ရိုးရိုးတန်း လက်မှတ် ဝယ်ကာ စက်
ခန်း ဘေး ကပ် လျက် ၊ လှေ ခါး အ တက် အ ဆင်း
နား ကပ် လျက်၊ အပေါ် ထပ် အောက် ထပ် မိမိ လက်
မှတ် ပါ နေ ရာ နံ ပါတ် အတိုင်း၊ ဖျာ ၊မိုးကာ အစ၊ပုဆိုး
ပိုင်း ၊သ တင်းစာ စက္ကူ တို့ ကို ခင်းကျင်း နေရာ လုကာ
ထိုင် ကြ၊ လှဲ ကြ၊ လျောင်း ကြ၊ အသင့် ပါ လာ သော
ထမင်းထုပ် ၊ မုန့်ပဲသားရေစာ များ စား သောက် ကြ၊ဆေး
လိပ် ကွမ်းယာ သည် ကလေး များ နှင့် ရေ နွေး ကြမ်း
သည် ကလေး များ(သင်္ဘောနှင့်ပါလာသော(ဝါ)သဘောင်္
စားသောက်ဆိုင် က မွေးထား သည်ဟု ယူ ဆ ရ သော)
ကလေးများ က ဟို လူ ဒီ လူ ကြားကျော် ခွ ကာ ဈေး
ရောင်း ချ နေ ၏။ကုန် သည် ပွဲ စား အ ဆင် ပြေ သူ
အချို့ က တော့ သဘောင်္ အထက် တန်း အ ခန်း များ
စက် ဆရာ အခန်း များ ၌ လက် မှတ် ဝယ် ကာ လိုက်
ပါ လာ ကြ ၏။

ဧ ရာ ဝ တီ ရေ ယာဉ် သ ဘောင်္ သည် ဆိပ် ကမ်း တ
ခု မှ တ ခု အ စုန် အ ဆန် ရေ ကြောင်း အတိုင်း ခုတ်
မောင်း နေ ရာ..ညနေ ခင်း မှ ညဦး ချိန်ခါ တိုင် လာ၏။

ရိုးရိုး တန်း ခရီး သည် များ တို့ သည် မိမိ တို့ ခင်း
ကျင်း ရာ နေ ရာ ကိုယ် စီ ၌ အ သီးသီး လှဲ လျောင်း(သူ့
ခေါင်း ကိုယ့် ခြေ ထိ၊ ကိုယ့် ခေါင်း သူ့ ခြေ လာ ထိ)
ကိုး လို့ ကန့် လန့် အိပ် ရင်း၊ သ ဘောင်္ မီး လုံး ဝါ မှိန်
မှိန် ယိမ်း ထိုး က ချက် အ တိုင်း နိုး တ ဝက် အိပ် မက်
ကိုယ် စီ မက် နေ ကြ ဟန် ရှိ ၏။ လူ များ လွန်း လို့ မ
သွား ပဲ အောင့် ထား ရ သော ဆီး/ဝမ်း ကိစ္စ အ တွက်
အိပ် နေ သူ မောင် ဖွား ယောက် ကျား၊ ခရီး သည်များ ကို
အား မ နာ ပ ကျော် ခွ ၊ထမီ(လုံချည်)စွန် ထောင် စွဲ ယခု
မှ ရေး ကြီး သုတ် ပြာ ၊သဘောင်္ ရေ အိမ်(အိမ်သာ) ဘက်
လျှောက် လှမ်း နေ သည့် မိန်း မ တ သိုက် က လည်း
သ ဘောင်္ စီး ချက် အတိုင်း ယိမ်း ထိုး နေ ၏။

မူးလွန်း အောင် သောက် ထား တဲ့ အ ရက် အ ရှိန် ကြောင့်
ထင် ရဲ့။အ ရာ ရာ မြင် ကွင်း ဟာ ဝိုး တ ဝါး မ ပီ ပြင်။
စက် ခန်း ဘေး ကပ် လျက် သ ဘောင်္ လုံ ခြုံ ရေး ရဲ တပ်
သား များ ယူ နီ ဖေါင်း လဲ အ ရပ် ဝတ် နှင့် စောင် ခြုံ ကွေး
နေ သ ယောင် ၊။ လက် မှတ် စစ် သ ဘောင်္ ဝန် ထမ်း လေး
လမ်း လျှောက် သွား နေ တာ ယိမ်း ထိုး နေ သ ယောင်။
ယာ ဘက် ဘေး နား ကပ် လျက် အိပ် စက် နေ သော ခရီး
သွား အမေ အို သား အမိ ယိမ်း ထိုး နေ သ ယောင်။

သေ ချာ တခု က...ဖွင့် ကြည့် နေ တဲ့ သူ့ မျက်လုံး
အ စုံ ကြောင့် လက် ဝဲ ဘက် နားကပ် လျက်လှဲ လျောင်းနေ
သူ ရဲ့ လက် တ ဘက် သူ့ မျက် နှာ ပေါ် အ ရိပ်မ မိုး တော့
ပါ ။ ကောင်း လွန်း သော အ ရက် ဒီ ဂ ရီ တချက် အ တက် မှာ
သူ့ရဲ့ မျက် လုံး အ စုံ ပြန် လည် ပိတ် ရင်း မှိန်း မော သွားပြန်၏။
ဒါပေမယ့်..အ သိ တ ခု က ..လက် ဝဲ နံ ဘေး အ ချွန် စူး စူး
တခု နှစ် ဝင် ထိ ထား သ လို၊ လက် မည်းမည်း တစ် ဖက် သူ့ ပေါ်
ကျော် ခွ၊ လက် ယာဘက် ဘေး က အိပ် မောကျ နေ တဲ့ သူ ငယ် မ
ဗိုက် ပေါ် ဝဲ ပျံ နေ သ လို၊။

ခရီးသည် ချင်း ကိုယ် ချင်း မ စာ၊ အခွင့် ရေး သမား ၏ မ သာ
မှု အ ရေး ကို သူ ဆို သော အ ရက် သမား ဖြေ ရှင်း ရန် တာ
ဝန် ရှိလာ ၏။ မည် သူ မှ အော် ခေါ် လို့ လည်း မကြား နိုင် ပေ
သဘောင်္ အင် ဂျင် စက် သံ ကား.. ည ကာ လ ကို လွှမ်း မိုး ထား
၏။ခန္ဒာကိုယ် လှည့် ကာ ရင် ဆိုင် ထိုး ကြိတ် ရန် လည်း မ ဖြစ် နိုင်
သူ ၏ ခန္ဒာ နံ ဘေး ကို ဓါး လို လို အ ချွန် စူး နဲ့ ထောက် ထား
သည် မဟုတ် ပါ လား။။တွေး တော ကြံ ဆ နေ စဉ် အတင့် ရဲ လွန်း
သော လက် မည်း မည်း သည် သူ့ မျက် နှာ ကျော် ခွ တ ဖြေး ဖြေး
သူ ငယ် မ ဆီ သို့ ထပ် မံ အ ရောက်......တစ်..နှစ်...သုံး...


“ဒိုင်း”

ရုတ် တ ရက် ပေါက် ကွဲ အား အ ပြင်း ဆုံး နဲ့ တွန်း ကန် ထ ထိုင် ပြီး
ပါး စပ် သေ န တ် တ ချက် ကို လက် မည်း မည်း ပိုင် ရှင် နား ဝ ကပ်
ပစ် လိုက် ၏။ဘေး နား ဝန်း ကျင် အိပ် နေ သူ များ ရုန်း ရင်း ဆန် ခတ်
ဖြစ် ကုန် ၏။ ထို လက် မည်း မည်း အ ယု တ္တ မာ ကြီး လည်း အ သည်း
မာ မာ နှင့် ဝ ရုန်း သုန်း ကား ခန္ဒာ အောက် ပိုင်း နံ ငယ် ပိုင်း မဲ့ ကာ
သ ဘောင်္ အောက် ထပ် ဆီ သို့ က ဆုန် ပေါက် သွား ၏။ လုံ ခြုံ ရေး ရဲ
တပ် သား များ တောင် ဆွဲ မြောက် ဆွဲ ၊ဆွဲ မိ ဆွဲ ရာ ဆွဲ ကာ..ပြေး လွှား
နေ သော လူ အ များ ကို ကိုယ့် နေ ရာ ကိုယ် ပြန် ထိုင်း ခိုင်း နေ ၏။
တ ည လုံး နေ ရာ မရ သ ဖြင့် ထိုင် လျက် ငိုက် နေ ရ သော မိန်း မ
ကြီး တ ချို့ က က ပျာ က ယာ ပု ဆိုး ပိုင်း ခင်း နေ ရာ ဦး ကုန် ၏။
ဤ သို့ နှင့် ရေ ယာဉ် သဘောင်္ တ ခု လုံး...ပါး စပ် သေ နတ် ကြောင့်
ယိမ်း ထိုး ကာ တိမ်း စောင်း နစ် မြှုပ် လု မ တတ် ဖြစ် ခဲ့ ချေ ပြီ တ ကား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဤ အ ကြောင်း လေး ပြော ပြ တဲ့ ဖထီး စောဝါးထူး (ငပုတော) အား အ မှတ်
တ ရ အောက် မေ့ ကြောင်း နှင့် ကျေး ဇူး တင် ပါ ကြောင်း .....
(ဖိုး ခွါး)
...................................................

အား လုံး ပြုံး ပျော်၊ ပါး စပ် သေ နတ် ရဲ ဝင့် စွာ ဖေါက် ခွဲ နိုင် ပါ စေ။

သိ နေ ဟ ဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ



အရာရာ တိုင်း ဟာ လွယ်ကူ တဲ့ ကိစ္စ တော့
မဟုတ် နိုင် ပါ ဘူး။ ဒါ ပေ မယ့် ခက် ခက်
ခဲ ခဲ လို့ လည်း မ ငြင်း နိုင် ပြန် ပါ ဘူး။

သူမတူ တဲ့ လူ တွေ က ဖြစ် နိုင် တဲ့ ကိစ္စ
မှန် သ မျှ ကို အ ချိန် နဲ့ အမျှ လေ့ လာ
အ ပတ် တ ကုတ် ကြိုး ပမ်း အား ထုတ် ခဲ့
သူ တွေ ပေါ့။ အခု ပဲ ကြည့် လေ......
တ ချက် တည်း ကျင်း ပေါင်း များ စွာ။ ။

ဒါ ကြောင့်...မဖြစ်နိုင်ဘူး လို့ ဘယ်သူ ငြင်း
မလဲ????????????????????????????

................................

အားလုံး ကျန်းမာ ပျော်ရွှင် ဘဝမှာ ထင်ပေါ်ကျော်ကြား
အောင်မြင်နိုင်ကြပါစေ။။။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

ကံကောင်းမယ့် အဆောင် ကတဲ့ဒေါင်းဖြူလေး နော်











ကံကောင်းစေဖို့ စေတနာ အဖြူရောင် နဲ့
ရည်ရွယ်ကာ ပေးပို့ခဲ့တဲ့ တရုပ်နိုင်ငံသား
ဦးလေး ဇောင်း ရဲ့ ကဒေါင်းဖြူ ဓါတ်ပုံ အ
လှ လေး တွေ ကို ကျွန်တော့် အမျိုး များ
အား ကံကောင်းစေဖို့ ပြန် လည် မျှဝေလိုက်
ပါတယ်။

အားလုံးသော အမျိုးများ...............
ပျော်ရွှင်ချမ်းမြေ့ အစစ အရာရာ ကံကောင်းနိုင်
ကြပါစေ။ ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Saturday, May 30, 2009

လူကြီးတွေ နဲ့ ကျွန်တော်...ဒီလိုဒီလို

မတောက်တခေါက်လေး စတင် တည်ဆောက်ခဲ့ရ သော
အမေ့လက်ရာ(စုံစီနဖာစုစည်းရာ)ကို ယခင်အချိန်ကာလ
များလို တတ်ယောင်ကား ကြားတာ သိတာ မြင်တာလေး
မရေးနိုင်ခဲ့တာ ရက် အတန် ကြာ မြင့်ခဲ့ရ ပါ တယ် ။

အကြောင်းရင်းကား.... ယခုတလော ကျွန်တော်(တတ်
ယောင်ကား ဆြာကြီး)အလုပ်တွေရှုပ်(အရှုပ်တွေလုပ်နေရ
သော ကြောင့် ဖြစ် ပါ တယ်။ ။

`လူကြီးတွေလာမယ်တဲ့´အောင်မို(အမေရိကန်)က စက်
ရုံပိုင်ရှင် သူဌေးတွေ လာ ကြ မှာ တဲ့ ။လက် ရှိ အ
လုပ် လုပ် နေ ရ တဲ့ စက် ရုံ က အမေရိကန် နိုင် ငံ
ပိုင် စင်္ကာပူ ဌာ န ခွဲ ကွန်ပျူ တာ အ စိတ် အပိုင်း
လေး ထုတ် လုပ် တဲ့ စက် ရုံ ဆို တော့...USA က
လူကြီး(သူဌေး)လာ မယ့် ကိစ္စ ဟာ စက် ရုံ မှာ အင်
မ တိ အင်မတန် အရေးကြီး သောကိစ္စ ဖြစ်နေပါတယ်။

စာရေး စာချီ ဝန်ထမ်း များ၊စက်ရုံ ကုန်ထုတ် လုပ်သား
များ၊ မန်နေဂျာ သူဌေး များ အားလုံး မနားမနေအလုပ်
ပိုနေကြပါတယ်။သန့်ရှင်းရေး တာဝန်ကျကျွန်တော်လည်း
လာမယ့်ရက် သီ တင်း လေး ပတ်ကြိုလောက်ကတည်း
က စက်ရုံ နေရာအနှံ့အပြား လှဲ ရ ကျင်း ရ၊ရေဆေး
ကြော ရ နဲ့ အ လွန် အလုပ် များ နေ ခဲ့ ပါ တယ်။
နေ့စဉ် လျှပ်စစ် နဲ့ ရေ အသုံးပြု မှု ယူ နစ် အတိုင်း
အတာဟာ သာမန်နေ့များ ထက် များ စွာ ပို ကုန် နေ
ပါတယ်။နေ့ တိုင်း ကြိမ် ဖန် များစွာ ခေါ် ခေါ် ဆဲသော
မန်နေဂျာရဲ့ Meeting ဆို သည့် အခန်း တွင်းမှထွက်
လာ တိုင်း လူကြီး ဆိုသော ပုဂ္ဂိုလ် ကြီး များ ကို တွေး
ကြည့် နေ ပါတယ်။ပေါင် ချိန် ၆၀၀၀ ကျော် လောက်
ရှိ မလား။အသက် ၃၅၀ နှစ်လောက် ရှိ မလားပေါ့လေ။

ထူးခြားတာကတော့ လူကြီး ကျေးဇူးကြောင့် သူတို့မလာ
မှီ ယူနီဖေါင်း အသစ် တစုံ နဲ့ရှုးဖိနပ် တရံထပ် ရ လာ ခဲ့
ပါ တယ်။ဟောင်းနွမ်း နေ တဲ့ စက် ရုံ နံ ရံ အနှံ့ အပြား
၅ ရက် နဲ့ အပြီး ဆေး အဖြူ ရောင် သုတ် ပေး ဖို့ ငွေ
ချ ပေး လာ သ လို၊ လူ ကြီး ဆို သူ များ သွား မည့်
လမ်း မ တလျှောက် ရှိ အ ခန်း အ ပြင် ဘက် မျက် နှာ
စာ များ ပြင် ဆင် ခွင့် ငွေ ချ ပေး လာ ပါ တယ်။ဆယ်
စု နှစ် ကြာ အောင် တင် ထား ခဲ့သော အိမ်သာ ဘိုထိုင်
များ ပြင် ဆင် ခွင့်၊စက်ရုံ အလုပ် သမား များ အား ပါတီ
(ပျော်ရွှင်ပွဲ)လုပ် ပေး ခြင်း၊ဗီဒွီိယို မှတ် တမ်း တင် ထား
ခြင်း များ မ ယုံ ကြည် နိုင် အောင် ဖြစ် လာ နေပါတယ်။

နှစ်စဉ် ဆုကြေး(ဘောနပ်စ်) မရ လို့ ပွစိပွစိ ဖြစ် နေတဲ့
ကိုကို မမ များ အား မုန့်ဖိုးပေး(အလုပ်ချိန်ညဆိုင်း)ပြောင်း
ခြင်း များ လည်း တွေ့ ရ ပါ တယ်။မည် သို့ စို စေ ထူး
ခြား မှု များ နဲ့ လူ ကြီး လာ မယ့် အရေး ဟာ အမေ့
လက် ရာ(စုံစီနဖာစုစည်းရာ) အတွက် အတွေ့အကြုံ သစ်
တ ခု ပါ ပဲ။အခန်းနား တခု စာ အတွက် မိုက်ကရိုဖုန်းက
စလို့ စပီကာ စက် တွေ အဆုံး နေ့အသုံးပြု ခ နဲ့ ယာ
ယီ ဌား ရမ်း ခဲ့ကြ ပါ တယ်။

ခန္ဒာ ကိုယ် ပေါင် ချိန် ၁၆၀ ၊အ ရပ် ၆ပေ နီး နီး
မြင့် သော အင်္ဂလိပ်စကားပြော မြန်လွန်းသော၊ မျက်နာနီ
သော၊ အနောက် တိုင်း ဝတ် စုံ ဝတ် ဆင် ထား ကြသော
အသက် ၄၅ နှစ် ကျော် ကျား/မ ၁၀ ဦး နှစ် ရက် ကြာ
အောင် လာ လည် ပါ တော့ တယ်။ အစွမ်းကုန် ဖြဲ ထား
ရ သော ဟန် ဆောင် ပြုံး တွေ နဲ့ စင်္ကာပူ စက် ရုံ သူ
ဌေး အဲယားကွန်း ခန်းမ အပြင် ဘက်ထွက်ထွက် ပြီး မျက်
နှာ ချွေး သုတ် နေ တာ လေး တွေ့ရ ပါ တယ်။ ဘူဖေး
အော် ဒါ ကန်ထရိုက် ကုမဏီဝန်ထမ်း တွေ နဲ့ဧည့် ခံ
ကျွေးမွေး ရေး စက်ရုံ တာဝန် ခံ တို့ အော် ကြ ဟစ် ကြ
နားလည် မှု နဲ့ တခုခု ကို ညှိ နေ ကြ တာ လည်း တွေ့
ရ။အသန့် အပြန့် ကြိုက် တာနာ မည် ကြီး တဲ့ အမေ ရိ
ိကန် တွေတည်ခင်း မယ့် စား ပွဲခင်း အပေါက်ကြီးအောက်
မှာ ဖုံးဖိ ထားနေတာ၊မမ ချောလေး တယောက် သစ်သီး စ
လေး တ ခု စား ပွဲ ခငိး ပေါ် ကျ သွား တာ ကို လူု မ
မြင် အောင် ပြန် ကောက် ထည့် လိုက် တာ လည်း မြင်
ခဲ့ ရ။တဂွီ ဂွီ တ ဂွမ် ဂွမ် နဲ့ ခါး မှာ ချိတ် ထား တဲ့
လမ်းလျှောက် စ ကား ပြော စက် ကို အသံ ချဲ့၊ စက် ရုံ
တရုံ လုံး ရှိ ပြင်ထိန်းအင်ဂျင်နှီယာ များ၊ လုံခြုံ ရေး များ
ကို ယနေ့ မှ ထူး ထူး ခြား ခြား နာမည် ခေါ် ကြည့်နေ
သော ကျွန်တော့် မန် နေ ဂျာ လည်း တွေ့ရ။ပြောင် သ
ထက် ပြောင် မှောင် သထက် မှောင် အောင် ကြမ်း တိုက်
နေ ရ သော ကျွန် တော့် အား တွေ့ သမျှ စက် ရုံ အ
ရာ ရှိ များ အော် ဟစ် သွား တာ လည်း ကြား ရ ပါ
တယ်။လူ ချင်း မ တိုက် မိ အောင် ရှောင် ကာ မြန် သ
ထက် မြန် အောင် ဖိုင် တွဲ တွေ နဲ့ လမ်း လျှောက် နေ
ကြ တဲ့ အရာ ရှိ အရာ ခံ များ စွာ လည်း တွေ့ ခဲ့ ရ
ပါ တယ်။

ဒီလို နဲ့ ....အစည်း အဝေး တနေ ကုန်လုပ် ၊(မနက်
နေ့ လည် ညနေ)ဘူဖေး များ ဝါးတီး ပေး ပြီး လူကြီးဆို
သူ များ ပြန် သွား ချိန် မှာ တော့.....စက် ရုံ ကြီးဟာ
ပုံမှန် လည် ပတ် နေ တဲ့ အတိုင်း၊ အမေ့လက်ရာ က(စုံစီ
နဖာ စုစည်းရာ) အတွက် အတင်း တထုပ် နဲ့ ပြန် လည်
အသက် ဝင် လာ ပါ ပြီ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးသော အမျိုးများ အား ကျေးဇူး တင် ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ လူကြီး လာမယ့် ဘေး ဝေး ကာ
စိတ်နှလုံး ဧချမ်းကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)