Tuesday, January 6, 2009

တကိုယ်တော်......................



တကိုယ်တော်..
စိတ်ရှုးပေါက်ပေါက် နွေဦးပန်းခြောက်တွေ
မိုးနဲ့ဆောင်းမှာ ကောက်ကြောင်းခြစ်
ညစ်ထေးလွန်းတဲ့ ရင်ဘတ်ကြီး
ရွက်လွှင့်လို့ ..(မာနကိုကျစ်ကျစ်ဆုပ်)
လေဆန်ဘက်ကချီခဲ့။

သူငယ်တန်းဝတ် အင်္ကျီအဖြူ
အမေ့ရင်ခွင်မှာ မှေးမှိန်ကျန်စဉ်
ငါးပြားတန်ကာတွန်းဇာတ်လမ်း
တကိုယ်တော် သူရဲကောင်းကြီး
မည်းနက်မှောင်မိုက်
ညဉ့်ကာလ မှာ.....
စွန့်စားချိန် ခြေနင်းဗလာမဲ့
လေဆန်ဘက်ကို ချီလျက်။

ဒင်္ဂါးတွေ သိမ်းပိုက်
အတွေးအိမ်မက် နဲ့
တကိုယ်တော် စွန့်စားချိန်
အတ္တနဲ့အရှုံး
ချစ်ခြင်းမဲ့အမုန်း
အဓိပါယ်မဲ့ ပျက်လုံးတွေ
ကိုယ့်ဘာသာ ကိုယ်ချခင်း
ကင်းဖေါက်ခံလိုက်ရ။

တကိုယ်တော်
ကြေမွ ၊ကြွေနေ့စေ့ချိန်
ဒီအကြောင်းတွေ
ဖတ်စရာတအုပ် လုပ်
နွေဦးပန်းခြောက် ကပ်လို့ထားတယ်။


ဗစ်တာထွန်းဇေ

0 comments: