Saturday, November 10, 2012

"ပဟေဠိ''

"ပဟေဠိ'' -နှုတ်ကနေ ထုတ်ဟပြသော.. စကားတလုံး (တပါဒ) ဘာဆို ဘာမှမကြားခဲ့ရ။ - စာရွက်ဖြူတရွက်ပေါ် ရေးခြစ်ပြသော စာလုံးတလုံး ကောက်ကြောင်းတချက် ဘာဆို ဘာမှ မမြင် ခဲ့ မဖတ်ခဲ့ရ။ ဒါပေမယ့်... သူ့-မျက်ဝန်းတစ်စုံ ထဲက အနက်ရှိုင်းဆုံး အသာယာဆုံး ဖေါ်ပြရန် အလွန် ခက်ခဲသော ရေးခြစ်ပြ၍ ဘယ်လိုမှ မဖြစ် နိုင်သော ခံစားမှူ အပြည့် နဲ့ အလှပဆုံး ချစ်ခြင်းကဗျာလေး တပုဒ် ဒီ-မျက်လုံးမှာ မြင်ရတွေ့ရ နားနှစ်ဖက် မှာ တိုးတိုးလေး ကြား ကြားရလို့။ ( ဗစ်တာထွန်းဇေ)

Monday, October 15, 2012

"ရာသီစာ''

"ရာသီစာ'' (၁) ဥတုက ၀သန် မိုးရာသီမို့ အထူးသတိကြီးရတယ် အစားမှား အနေမှား ဘာတခုမှ မှားလို့မဖြစ်ဘူး အနီးအနား ဈေးသွား ၊ ကွမ်းယာဆိုင် ဆေးစပ်ခိုင်း အား - (အများကြီး) မှား သွား လည်း စိုး ရ ပြန် ဆေးခန်းပြ ဆေးထိုးရမှာ လည်း ကြောက်မိတယ်။ (၂) ဟို - ဘာတဲ့ တရုပ်ဆေး ဆိုလား ၊ ဗရုပ်ဆေး ဆိုလား မှတ်ပုံမတင်တဲ့ဆေး ဆိုလား ၊ မှတ်ပုံတင် ပြီး TV ကြော်ငြာမှာ လာတဲ့ နိုင်ငံကျော် ဆေး ဆိုလား ဘာတွေဘယ်လို ကောင်းပြီး ၊ ဘာတွေ ဘယ်လို ပျောက် ပျောက် ကျုပ် ကတော့ - မနက်မနက် ရောက်ပြီ ဆိုတာနဲ့ ရုပ် နဲ့ နာမ် အစဉ်မြဲ နိုင် ဖို့ လက် နဲ့ ခြေ ဘယ်ညာ လွှဲ နိုင် ဖို့ မိသားစုတွေ ပျော်ရွှင် ရယ်မောနိုင် ဖို့ ရာသီစာ တခွက် ၊ ဂျာနယ်ဟောင်းတရွက်နဲ့ စက္ကန့်သံ တရွှေ့ရွှေ့ အတိုင်း စုန်ဆန်မောင်းရတာပဲ။ ( ဗစ်တာထွန်းဇေ )

Thursday, September 20, 2012

"နောက်ပြန်မလှည့်ကြေး"

စိန်ခေါ်ပြီး လို့ လက်ခမောင်းခတ် သေနတ် တချက် ဓါးနှစ်လက် ဗယ်/ညာ မှန် မမှန် (သေချာ) စစ်ကြည့်လိုက်။ ခါးကို မတ်မတ် ရပ် ၊ ခေါင်း ကို တည့်တည့်လှည့် ရှေ့သို့ ပဲ (တူရူ) စူးစိုက် လိုက် အား အပြည့် ထည့်ရင်း စိန်ပြီဆို----- ဘယ်တော့မှ နောက် ပြန် မလှည့်နဲ့။ ဗစ်တာထွန်းဇေ