Saturday, January 31, 2009

”ငါ့ကို ချစ်ရင်..မနမ်းကြပါနဲ့နော်”

”ငါ့ကို ချစ်ရင်..မနမ်းပါနဲ့””ငါ့ကို ချစ်ရင်..မနမ်းပါနဲ့”ဒီစကားလေးက မြန်မာ့ ရော့ခ်ကာ (Rocker) အဆိုတော်ကြီး ကိုညီထွဋ် ခေါ် ကိုဇော်ဝင်းထွဋ် ရဲ့ သီချင်းလေးထဲက စာသားလေးပါ။ဘာလို့ ခေါင်းစည်းတပ်ရေးရသလဲ ဆိုရင်....နာမည်မကျော် အော့ကြောလန် တဖြစ်လဲ ဘလောဂါ ဘွဲ့ ခံယူထားသော အမေ့လက်ရာ ခေါ် သားရွှေနု ကို ချစ်လွန်းလို့ ထင်ပါသည်။အနယ်နယ်အရပ်ရပ် က ကိုကို မောင်မောင် များ ထက် မမ ညီမ လေးများ က အမည် နာမ မသိရပဲ invite လုပ် (မှတ်ချက်။ ။ကိုယ်ကလည်း ကောင်မလေး နာမည်နဲ့လာ invite ပီဆို အရမ်း လက်ခံ တတ်)ပါတယ်။အဲဒိကစလို့..Chatting ထဲမှာ ကိုယ်ကစပီး အီစီကလီလုပ်ရင်း မရင်းမနှီးပေါ့။နှစ်နေ့မကြာ...သူလေးများဆီမှ ဟို ဝက်ဆိုဒ် လေးသို့ သွားပါ၊ဒီအကြောင်းလေး ဖတ်ပါ၊ဒါလေးတော့မျှဝေတယ်နော်၊လူကြီးရေ..ဘာညာ၊ဘာညာ နဲ့အဟင့်..အဟင့် ဆိုတာများကို မျက်စိမှတ်ယုံ
မယုံလို့လည်းမရဘူးလေ..သူလေးများက တကူးတကပို့ပေးရတာကိုး။ရှိစေ..ချစ်လွန်းလို့ ဖြစ်သွားတာပါနေမယ်နော်။မရှိမဲ့ရှိမယ့်..သူငယ်ချင်း ကွန်ပျူတာစုတ်စုတ်လေး ကို ဘယ်သူက၊ဘာက ဟက်ခ် သွားသည်မသိ၊ယခု..အမေ့လက်ရာ ကွန်ပျူတာ မနှိပ်နှိုင် ဘလော့ဆိုတာလေး အတင်းမအုပ်နိုင် ပက်လက်လန်သွားပါပီ။ဒီအစုတ်ကလေး တလုံးပဲရှိတာပါဗျာ။မမ..ညီမ..ဆိုသည်များရေ ချစ်လွန်းအားကြီး တာ မကောင်းဘူးနော်။ဒီလိုကြေး..အမြဲနောက်နေမယ်ဆိုရင်တော့ ကိုညီထွဋ် လို သီချင်းလေးတပုဒ် ခံစားချက်ပြင်းပြင်းနဲ့ဆိုမယ်လေ....”ငါ့ကိုချစ်ရင် မနမ်းပါနဲ့၊ငါ့ကိုချစ်ရင် မနမ်းပါနဲ့၊ငါ့ကိုချစ်ရင် မဟက်ခ် ပါနဲ့လားကွယ်ရို့”
.......................................................................................................................................
အားလုံးသောအမျိုးများအားကျေးဇူးအထူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ စိတ်နှလုံးအေးမြကြပါစေ။
ဘယ်အရပ်ကမှန်းမသိသော ပညာတတ်များ၏
ကွန်ပျူတာ အဟက်ခ် ခံရချင်း
ဘေးမှလည်းကင်းဝေးကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

0 comments: