Sunday, April 26, 2009

ပင်လယ်ခြင်္သေ့ဖျံကောင်သတိထား




ပင်လယ်ခြင်္သေ့ဖျံ အကြောင်းပြောချင်တာကြာပြီ။တနေ့တ နေ့
သူများ အတင်းလေးမှ မတုပ်ရရင် မနေနိုင်သူမို့ ပြောပါ ရစေ။
စင်္ကာပူနိုင်ငံ ကို အဓိပါယ်ဖွင့်ဆိုသူများကတော့ခြင်္သေ့မြို့တော်
ပင်လယ်ပျော် လို့ ပြောကြပါတယ်။သင်္ကေတအထိမ်းအမှတ်ပုံက
ခြင်္သေ့ခေါင်း ငါးကြင်းမြီးကိုယ် လေ။ဘယ်လိုရှိပါစေ...နနွင်းမ
ကင်းမုန့်သာသာ တိုင်းပြည် ကလေးရဲ့စီးပွါးရှာကောင်းပုံ ဖွံ့ဖြိုး
တိုးတက်ပုံကတော့ အာဆီယံနိုင်ငံတွေ အလယ်မှာ ဂုဏ် ယူ
လောက်ပါတယ်။မည်သည့် သံယံဇာတ တွင်းထွက်ပစ္စည်းမှမရှိ
သဘာဝ သီးနှံစားပင်ဘာမှ စိုက်ပျိုးမရ ဗလာ ကျွန်း သေးသေး
ကလေးက ပင်လယ်ကူးဆိပ်ကမ်း၊ကုန်လှောင်ရာမြေ၊ လေယာဉ်
များစွာ စခန်းတထောက် ဆင်းသက် ပျံတက်ရာ။နည်းပညာစက်
မှုတိုးတက်ဖွံ့ဖြိုးရာ၊ပညာရေး၊ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေ
တော်ထက် ကောင်းမြတ်ရာတွေ ရေးရရင် မဆုံးဘူး။ ။

ရုပ်ချောပြီးလူလည်ကျတယ်ဆိုရင် ဘယ်သူမှကြိုက်ကျမှာမဟုတ်
သလိုပါပဲ။နည်းပညာနဲ့ဆက်သွယ်ရေးဖွံ့ဖြိုးတဲ့ တိုင်းပြည်လေးက
နိုင်ငံခြားသားများအတွက် အပြည်ပြည်သို့လွယ်ကူစွာခေါ်ဆိုနိုင်ရန်
ရည်ရွယ်၊ ဈေးသက်သာ အသံကြည်လင် တဲ့ IDD oversea
callback cards ကလေးတွေထုတ်လုပ်ရောင်းချပါတယ်။ ။
တောက..အဘနဲ့အမ ကို လစဉ်ဖုံးခေါ်တိုင်း ကျွန်တော် IDD
callback များ စွာ ထဲ က Lion Telecom Pte Ltd
“ကမ္ဘာလုံးပုံလေးကို နှုတ်သီးနဲ့ခေါင်းမော့တော့ကစားနေဟန် ဖျံ
တကောင်ပုံပါ” SEALION 2 in 1 card စလုံးဒေါ်လာ(၀၅)
ကျပ်တန်ကို အမြဲဝယ်သုံးပါတယ်။call back dial နံပါတ်ကို
ကိုယ့်ဟန်းဖုံးနဲ့ခေါ်၊ခဏအတွင်းမှာပဲ လိုင်းကနေ ကိုယ့်ဆီကိုပြန်
ခေါ်ပြီးတော့အော်ပရေတာပြောတဲ့အတိုင်း အဆင့်တခုအနေ နဲ့
မြန်မာဘာသာကုဒ်ကို နှိပ်၊ ပြီးတော့ ခဲခြစ်ကိုဖျက် ကဒ်ပင်နံပါတ်
ရိုက်သွင်း မြန်မာဘာသာဖြင့်အမျိုးသမီးအသံသွင်းထားသူ ပြောတဲ့
အတိုင်းလိုက်နှိပ်ရင်း ကိုယ့်မှာကဒ် topup လုပ်ဆောင်အောင်မြင်
လို့ တန်ဖိုး ၅ ဒေါ်လာ ရရှိခဲ့ပါတယ်။ဒီနောက် ကိုယ်ခေါ်ဆိုလိုရာ
နိုင်ငံ၊ ပြည်နယ်၊ တယ်လီဖုန်းနံပါတ်တို့ကို နှိပ် ရင်း callback
အော်ပရေတာရဲ့ ဘယ်လောက်မိနစ် ကြာအောင်ပြောဆိုနိုင်ပါသည်
ဆိုတာကို နားစိုက် တဘက်က ဖုန်းခေါ်သံတတူတူ အသံရှည် ကို
စောင့်ဆိုင်း “ဟယ်လို” ဆိုတာလေးကြားလိုက်ရုံ လိပ်ခေါင်းထွက်
အောင် ဆောင့်ကြီးအောင့်ကြီး “ကြားလား”အခွန်း တ ထောင်
ဇော်ဝင်းထွဋ် ဟစ်သလို ဟစ်ပေမယ့် လက်ကျန်တပြားမှ မကျန်ပဲ
ဘာမှန်းမသိအောင် ပင်လယ်ခြင်္သေ့ ဖျံကြသွားပါတယ်။ မမှတ် တဲ့
အသည်း အခါတရာမက ကွဲ ခဲ့လာတာ ကြာပါပြီ။မခံနိုင်လွန်း လို့
ထက် ဖျံကြပြီး ဝန်ဆောင်ခ ညာယူတာကို မကြိုက်တာပါပဲ။ဒီလိုမျိုး
ဖျံဖုံးကဒ်တွေချည်း နာမည် မျိုးစုံထုတ်လုပ်ရောင်းနေတော့လည်း..
အခက်သား။သူတို့ကုမဏီဝန်ထမ်းသူငယ်ချင်းအသိကတော့ မင်းတို့
မြန်မာနိုင်ငံမို့လို့ ဖြစ်တာပါတဲ့။တခြား ယိုးဒယားတို့၊အိန္ဒိယတို့ကျ
တော့ ဒီလိုအဖြစ်မျိုးမကြားမိပါဘူးတဲ့..................။
ဘာပဲဖြစ်ဖြစ် ပင်လယ်ဖျံကောင် ကတော့ ဖျံပါပဲ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော် ဖျံကြခံရခြင်းမှကင်းဝေးကြပါစေ
သိနေဟဖြင့်..

သားရွှေနု
(အမေ့လက်ရာ)

0 comments: