Monday, April 20, 2009

မိုဃ်းသိကြားမင်းအထက် ဘယ်သူရှိမလဲ



ကြားသိရသမျှ သတင်းစုံမှန်သမျှ forward mail ပေးပို့ကြသော
သူငယ်ချင်းမိတ်ဆွေများရဲ့ အီးမေးလ် များထဲက...“ဒီ နှစ်တို့
တိုင်းမြန်ပြည်မှာ..မိုးသည်းသည်းအောက် မြန်မာနှစ် သစ်
အတာသင်္ကြန် အောင်မြင်ပျော်ရွှင်စွာပြီးစီးလို့...ဟို.. ကို
ဦးတည် ဒီကိုတည့်တည့် ၃၆ နာရီအတွင်းတိုက်ခိုက်လာ
နိုင်တယ်ဆိုသော ဘင်္ဂလားဒေ့ရှ်မှ ဘီလီဂျီ မုန်တိုင်းဘေး
ကလည်း ကင်းစင်လွတ်မြောက်ပြီ” ဆိုသော သတင်းထူးများ
ထက် ..စဉ်းစားပြုံးချင်စရာ စလုံးနိုင်ငံက အကာသပျံတက်
မယ့် E၊R၊P ယာဉ်ပျံလေး အကြောင်း မျှဝေပေးချင်ပါတယ်။
တောမှာငယ်ငယ်တုန်းကတော့ ဆော့ဖူးတယ်...ကြက်ပျံ .
.၊ဝက်ပျံလို့..။အခုသူတို့ဒီစလုံးနိုင်ငံမှာတော့...E၊R၊P ပျံ တဲ့။

ဒိအကြောင်းလေးမျှပေးတဲ့..ဆရာဗိုဥာဏ် ကို.ကျေးဇူးနော်..။
ဆရာဗိုဥာဏ်ရေ ..သိကြားမင်းအထက် ပျံတက်မနေနဲ့အုံး။
E၊R၊P အားကျလို့ တို့ဆီက ယာဉ်ဖြတ်သန်း တိုးဂိတ် တွေ
ပျံတက်ကုန်မှတော့..ဘုရား ဘုရား...........:)


အားလုံးပြုံးပျော်နိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

0 comments: