Tuesday, April 28, 2009

ပြောရအုံးမယ်.......အေးမိရေ

အေးမိရေ.......
နေ့လည်က နင်ဖုန်းခေါ်တာကို ပြန်မပြောနိုင်ခဲ့တာကို
နားလည်ပေးပါ။ အလုပ်က မိုးမရွာမှီ အပြီး ကတ္တရာ
လမ်းခင်းနေ ရတော့ မကုတ်အား ဘူးဟယ်။ဟိုနေ့က
နင့်ကို မှာ စရာရှိတယ် ဆိုတာ တခြား မ ဟုတ်ဘူး။
စလုံးကို အလုပ်လာရှာရင်း ဟိုစပ်စပ် ဒီစပ်စပ်လျှောက်
သွား လျှောက်စား တတ်တဲ့ နင့်ကိုမှာချင်တာကတချို့
FOOD COURT တွေ က မသန့် ရှင်း ဘူး တဲ့ ဟ။
ဂေးလန်းက အိန္ဒိယ မလေး ဆိုင် မှာ တရုပ်မ ကြီးတ
ယောက် အစားမှားတာက စတဲ့ ကိစ္စ...အနိစ္စ လျှော
သွားသလိုအဲဒီဆိုင်မှာပဲ နင့်လို အစားကြီးတဲ့ လူပေါင်း
၅၀ ကျော် လောက်လည်းဆေးဝါးကုသ စစ်ဆေးမှုတွေ
ရှိခဲ့တာ တီဗွီသတင်းလိုင်း မှာတွေ့ခဲ့တယ်လေ။ စုံစမ်း
စစ်ဆေးမှုတွေအရ ဆိုင်အပြင် အဆင် သန့်ရှင်းမှုလျော့
ရဲမှုတွေနဲ့ ပင် လယ် စာ Sea-Foodကြောင့်လို့ကြား
ရတယ်။နေ့စဉ် သတင်းစာ တွေမှာတော့အနီးအနားက
ကြွက်တွေ ဖမ်းဆီးပုံ ၊ကျန်းမာရေးဝန်ကြီးကဆိုင်တချို့နဲ့
စားသုံးသုတွေ ကို ကွင်းဆင်းလေ့လာသတိပေးမေးမြန်း
နေပုံ၊ဆိုင်ရှင်တချို့က သတင်းဌာနအင်တာဗျူးသမားတွေ
ကို မိမိဆိုင် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် လိုင်စင်
အဆင့်(အေ၊ဘီ၊စီ၊ဒီ)ကဒ်ပြားလေးတွေထောင်ပြနေပုံတွေ
ကိုတွေ့ရတယ်။ဒါကြောင့်.ငယ်ငယ်က အဘနဲ့အမ ပြော
တယ်မှတ်လား..အစားမတော် ကိစ္စလျှော (အဲ..လေ)
အစားမ တော် တလုပ် ဆိုတာ။

ဒါနဲ့..မိုးမိုးထွေး က ကိုသန်းဦး ကိုပြောပြလို့ နင် MRT
စီး ရင် နေရာ ရဖို့ အတင်း တိုးတယ်တဲ့။မရွှေချော..ရေ၊
ကြည့်ပြီးမှ စွန့်စားနော်ဒီမှာက ရန်ကုန်မှာ နင်လိုင်းကားတိုး
တက်သလို ၊မြို့ပတ်ရထားပြေးလိုက်သလို မလွယ်ဘူးဟ။ဟို
မှာ..တို့ အားလုံးက အကျင့်ဖြစ် နေပြီးသား၊ယဉ်မောင်းဆ
ရာတွေက လည်း ငါတို့ရွှေအမျိုးများကိုသိပြီးသား။သူ့အရပ်နဲ့
သူ့ဇာတ် ဟဲ့။ဒီမှာက..မလွယ်ဘူးနော်။ဟိုရှေးလ လယ်တုန်း
ကလားမသိဘူးCLEMENTI MRTမှာမနက်(၆)နာရီခွဲလောက်
အသက်(၇၁)နှစ် တရုပ်အဘွားကြီး တယောက်အလုပ်အပြန်
မီးရထား တိုက်သွားတာ ကြားရပြန်တယ်။ဒါကြောင့်သူတို့က
လည်း ခဏခဏသတိပေးကြော်ငြာနေတာလေနင်ကြားမှာပေါ့
..Please stand behind the yellow line ဆို
တာ။ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ရဲ့ ၂၀၁၂ ခု အ မှီ
အပြီး မှန်ကာတံခါး(စီးတီးဟောMRT မှာလိုမျိုး)MRTမီးရထား
ဘူတာတိုင်း တပ်ဆင်ရေးစီမံကိန်းလည်းကြားရပြန်တယ်။လော
လောဆယ်..မရွှေချော ကိစ္စမချောဖို့မျဉ်းဝါနောက်ဘေးမှာ..
စိတ်အေးလက်အေး နဲ့ လေချွန်ရပ်တော်မူပါ။



စိတ်အေးလက်အေး ဆိုမှနောက်ဆုံးသတင်းက SWINE FLU
တဲ့။ဝက်တုပ်ကွေး ဆိုလား။ကြံကြံဖန်ဖန် ရီမယ်လုပ်မနေနဲ့အုံး။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့မက္ကဆီကိုနိုင်ငံကစတဲ့
SWINE FLU ဟာစိုးရိမ်အဆင့် ၄ မှာရောက်နေပြီမို့၊သတိထား
ကြဗျို့လို့ အော်နေပြီ။အေးမိရေ..ကမ္ဘာကြီးမှာရောဂါတွေတနေ့
တနေ့ဆန်းကျယ်လာပြီးသူ့အလိုလိုသေကြရမယ့်အထဲ၊ဟို နိုင်ငံ
တွေမှာ ဟိုလူမျိုးတွေ က ဘာ သာအယူဝါဒတွေအတွက်အမြတ်
အစွန်းတွေအတွက် အသေခံဗုံးခွဲကြ ပစ် ကြ ခတ်ကြ အော်ကြ
ဟစ်ကြ နဲ့တရား ကျချင်စရာ။ဘယ်လိုရှိစေ..ဒီ SWINE FLU
ရောဂါဆန်းအတွက် နင့် ဘဘကြီးလီကွမ်ယု ကတော့ဒီဟာက
အရင် ၂၀၀၂ လောက်တုန်းက SARS ရောဂါလိုပဲတဲ့..၊ဘယ်
လောက်ကြာမယ်ဆိုတာထက် နေရာတိုင်းမှာ သတိထားပြင်ဆင်
(အရင် SARS ရောဂါဖြစ်တုန်းက အတွေ့အကြုံကို)သင်ခန်းစာ
ယူလို့တင်ကြို ကာကွယ်မှု တွေလုပ်မယ် တဲ့ ..သူရဲ့ ဒီ နေ့
စင်္ကာပူ Flyer ဖိတ်ကြားပွဲ မှာသူ့အ ဖွဲ့သူ အဖွဲ့သား၁၄၀နဲ့
မိသားစုဝင် တွေကို ပြောခဲ့တာပေါ့။ဒီကို သူဒီနေ့ လာတာက
လည်း မနှစ် ဧပရယ် ၁၅ ရက်တုန်းကFlyer ဖွင့်ပွဲပြီး တုန်း
ကတည်းကဆို ဒါ ပထမဦးဆုံး ခရီးစဉ်ပဲတဲ့လေ။အေးမိရေ...
အ လ ကားရတိုင်း အွန်လိုင်းကနေ နင့်ကို ဆရာ ကြီး လုပ်
လူတတ်ကြီး အစွမ်း ပြနေတာမဟုတ်ဘူး နော်၊နင် ဟာ ငါ့နှမ
ဖြစ်လို့ စိုးရိမ် လို့ ဆိုတာ နား လည်။ တုပ်ကွေး အ တွက်
တင်ကြိုတဲ့ အနေ နဲ့ ရေများများသောက် ၊ အိပ်ရေးဝ အောင်
အိပ်၊ဗီတာမင်(C)စီပါတဲ့အစာ၊ဆေးစားသောက်ပါတဲ့။ ဒါကတော့
အန်တီမေမှာတာ။အခုပြောခဲ့တဲ့ အကြောင်းတွေအားလုံးကိုနေ့စဉ်
လွှင့်တီဗွီရုပ်သံလိုင်း နဲ့သတင်းစာ တို့ကနေ နဲ့အချက်အလက်
တွေ ကိုးကားပြီး ပြန်ပြောပါတယ်။

အေးမိရေ..ဒီလောက်နဲ့ ပဲနားပါရစေဟယ်။
ကျန်းမာပျော်ရွှင် ဘေးဘယာဝေးလို့ အလုပ်မြန်မြန်ရပါစေ။

နင့်ရဲ့...
ဖိုးကုလား

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော်ရွှင်လို့ကျန်းမာကြပါစေ။

သိနေဟဖြင့်...

သားရွှေနု
(အမေ့လက်ရာ)

0 comments: