Wednesday, April 29, 2009

တသက်စာ ....



ရာသီတွေ ရဲ့ အစ
အငုံ အကင်း အဖူးလေးဘဝ
နေ့ရဲ့ ရာချီ ဇာတ်လမ်း
ည ရဲ့ ဂန္တဝင် မှတ်တမ်း
နှစ်ချို့ ဝိုင်ခါးခါးတွေ နဲ့
မသိမသာ ကြီးပြင်းရပေါ့။

တနေ့...
ခပ်သွဲ့သွဲ့ လေညာ အဝှေ့မှာ
ယိမ်းနွဲ့လို့ အမှုမဲ့စွာ
အမှတ်တရ အလွှာလိုက်
ကာရံမဲ့အောင် လွတ်ကျ ပွင့်ဝေ။

မိတ်ဆွေတို့..
ကျေးဇူးပြုပြီး ကြားရပါသလား
မိတ်ဆွေတို့..
ကျေးဇူးပြုပြီး မြင်ရပါသလား ။

သင်တို့..
ထံအနီးမှာ

သင်တို့..
လက်တကမ်းမှာ

ဒါ..အလှဆုံး ပန်းတပွင့်
ဒါ..ကမ္ဘာသုံး ပန်းတပွင့်လေ။



ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.

အားလုံးပြုံးပျော် ကြည်နူးနိုင်ပါစေ
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

0 comments: