Monday, September 21, 2009

ကြုံဆုံခဲ့သမျှ အတိုအစလေးများ(၁)



ကြုံကြိုက်တုန်း အတင်းတုပ်တယ်လို့ဆိုချင်ဆိုနိုင်ပါ၏။
အတင်းမတုပ် ပဲ က လည်း မနေနိုင်တော့......
ဒီနေ့ “ကြုံဆုံခဲ့သမျှ အတိုအစလေးများ” အဖြစ်
အတိတ်ကို ပြန်ပြောင်းကာ ပို့စ် တပုဒ် အဖြစ် ဖန်ဆင်း
လိုက်ပါတယ် ။ ။

မှတ်မှတ်ရရ ကာလ ...,မြို့တော် မ ဟာ ရန်ကုန်
ရဲ့ မြို့သစ်ရပ်ကွက် လေးတခု ၊ အိမ်ဌားဘဝ ကြုံဆုံ
ရပုံက ငိုချင်ရယ်ချင်သလို........ဒီလိုဒီလို
အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ၊မြို့သစ် တည်ခါ စ
လျှောက်ထားဝယ်ယူ ဆောက်လုပ်နေ ထိုင်ကြ သော
(၆၀*၄၀ ပေ) အိမ်များသည်၊ မြို့သစ်နေ လူဦးရေ
တိုးပွါး၊နယ်မှ အလုပ်အကိုင် လာရောက် လုပ်ကိုင်သူ
များပြား၊မိုးတွင်း ရွှံ့ဗွက် ထ နေသောလမ်း အစား၊
ကိုယ်ထူကိုယ်ထ စုပေါင်း ကတ္တရာလမ်းများ ဖြစ်လာ
သည့်တိုင်အောင်မည့်သည့်အိမ်အတွင်းရေးပြဿနာ
များကြောင့် မသိ၊ (၂၀*၄၀ပေ)ခြံမြေ တဝက်စီ ခွဲ
ရောင်းချ ၊ အပေါ်ထပ်အောက်ထပ် အိမ်ဌားတင် ကြ
အိမ်ရောင်း ..အိမ်ဝယ်၊အိမ်ရှင်..အိမ်ဌား၊ ပွဲစားများ
ခြေရှုပ် အာခြောက်နေချိန်......ကျွန်တော်ဆိုသော
ငတိ သည် ၂၀*၄၀ ပေ ခြံတဝက်၌ အိမ်နှစ်ထပ်ခြေ
တံရှည်လေးဆောက်ထားသော အိမ်ရှင်ဒေါ်တင်မေ၏
မဟာစံအိမ်တော်...အောက်ထပ် ဆယ်ပေ ထရံကပ်
အခန်းအား တကိုယ်တော် အိမ်ဌားနေထိုင်ခဲ့ပေသည်။
တဖက်ထရံကပ်လျက်အခန်း၌ ကဗျာဆရာ(အောင်ခက်)
ရံဖန်ရံခါ အာလေး ရှာ လေး နှင့််ညမှောင်မှောင် ခွေး
ဟောင်ဟောင် အချိန်တိုင်း မော်ဒန်ဒဿန ကဗျာများ
ပေါက်ကွဲ ရင်း ပြန်ပြန်လာအိပ်စက်အနားယူတတ်၏။
“စောစောသေတော့..စောစောဝဋ်ကျွတ်တာပေါ့ကွာ”
သူ့ဒိုင်ယာလော့စကားလေးနဲ့အတူ သူ့နာရေးဖိတ်စာ
လာဝေမှ စာရေးဆရာတွေ/စာနယ်ဇင်းအသိုင်းအဝိုင်း
တွေ အသုဘပို့ဖို့ရပ်ကွက် ကို ကားတွေလာခေါ်မှ
အိမ်ရှင်ဒေါ်တင်မေ ဆရာအောင်ခက် ကတော် နဲ့
အတူ ရောသော ဝမ်းနည်း မျက်ရည်ကျပြီး မကြာ
မှီ ၎င်းအခန်းကို စိတ်ရောဂါဆေးရုံ(နဝဒေး)၌ဆေး
ကုသဖို့ လာရောက်ကြသော စစ်ပြန် တပ်မတော်
သားကြီး ကိုနိုင်ဦး နဲ့ မိခင် ဒေါ်သိန်း တို့ သား
အမိ အား၊စည်းကမ်း အထွေထွေ ဖြင့် ဆက်လက်
ဌားရမ်းခဲ့ပေသည်။ရခိုင်အမျိုးသမီး အိမ်ရှင်ဒေါ်တင်
မေ ကား အလယ်တန်းကျောင်းသား သမီးနဲ့သား
တို့ အား မိုးလင်းမိုးချုပ် အပြစ် ဆူ တတ်သ လို
၊ပင်စင်စား အိမ်ထောင်ဦးစီး ဦးဘို ကိုလည်းအရက်
သောက်လို့ ပွမ်ပွမ်မြည်မြည်တတ်၏။မနက်မိုးမလင်း
မှီ အလုပ်သွား ၊ညနေ မိုးချုပ်မှ ပြန်လာ ၊အိပ်ချိန်
လေးသာ ကျောချ အနားယူ ရ သော ကျွန်တော်
အဖို့ညတိုင်း ဌက်ဖျားအရှိန်ကြောင့် ဦးနှောက်ပျက်
နေသော ရှေ့တန်းပြန် ကိုကို တပ်မတော်သားကြီးရဲ့
ညသန်းခေါင် ကြယ်တာယာ စစ်ပွဲ ပါးစပ်သေနတ်
တဒိုင်းဒိုင်း ပစ်ခတ်မှူကြောင့် ကောင်းကောင်း မ
အိပ်နိုင်။အိမ်ရှင်ဒေါ်တင်မေ အား ဤ အကြောင်း
ကွန်ပလိမ်း တက် ရာ စံအိမ်တော်ပိုင်ရှင်ဒေါ်တင်
မေက ၎င်း မိခင်အား မည်သို့ သတိပေးပြောကြား
ခဲ့သည်မသိသော်လည်း..၊ပါးစပ်သေနတ်ပစ်ခတ်မှူ
အတန်ငယ် တိုးတိတ်ခဲ့ရသည်။တစ်ရက်ကား.ထူး
ခြားပေသည်ဆိုရမည်။ကိုယ်လက်နာကျင်မှူကြောင့်
အလုပ်နားနေတဲ့ကျွန်တော်၊တပ်မတော်သားကိုကို
အိမ်မှာ သူ့မေမေ ဈေးရောင်း သွားခိုက် ထမင်း
အိုးတည်နေသံကြားရ၏။အိမ် ထရံမီးလောင်မှာစိုး
လို့ အပေါ်ထပ်ကနေ ခဏခဏ သတိပေးနေတဲ့
စံအိမ်တော်ပိုင်ရှင် အား ဒေါပွရင်း တီးတိုးဆဲဆို
နေတဲ့ သူ့စကား အသံ ကြား ရင်း ကျွန်တော်
ရုတ်တရက် မှင်သက်မိရာမှ တကိုယ်တော်ပြုံးကာ
တဘဝစာ မှတ်တမ်း ကြုံဆုံရသမျှ အပိုင်းလေး
အဖြစ် ရေးခဲ့လေသည်။
သူ့စကားကား....

“နိုင်ငံတော် ခင်ညွန့် လည်းကြောက်ရ၊ အိမ်ရှင်ဒေါ်
တင်မေ လည်း လန့်ရ ငါ့ဘဝ ၊ငါ့ဘဝ”


တပ်မတော်ထောက်လှမ်းရေး လှူပ်ရှားမှူရှိစဉ်ကာလမို့
သူ့အမေက ကျွန်တော့်ကို ထောက်လှမ်းရေးကလူ
ဟုပြောဆိုထားခြင်းကြောင့် ဖြစ်ပေမည်။ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

1 comments:

YoungGun said...

ပြောလိုတာကတော့ နိုင်ငံတော်ခင်ညွှန့်ပါပဲ။ ဟဲဟဲ..နောက်တာပါ။ အဲလို ဟာသလေးတွေ နောင်လဲ တင်ဆက်ပါဦးလို့။ သင်ခန်းစာယူစရာလေးများ ရှိရင်လဲ ကျနော်တို့ ပုသိမ်အ၀ိုင်းကြီး ပတ်လည်မှာ ရှပ်ကီလေးကောင်းပြီး တမေ့တမော ထိုင်ပြောကြသလို၊ ပြောပြပါဦးနော်။