Friday, August 14, 2009

ဂုဏ်ထူးထွက်မယ့်..ကူးချတဲ့ စာစီစာကုံး

ငယ်ငယ်ကတည်းက ကျောင်းမှာ ဆရာက
မြန်မာစာ စာစီကုံး နဲ့ အင်္ဂလိပ်စာ အက်
ဆေး ရေး ခိုင်းတိုင်း..၊နှစ်မှတ် တောင်မရ
ခဲ့ဘူးတဲ့ ကျွန်တော့်ကို ဒီနေ့ထူးထူးခြားခြား
မီးပြန်လာ(အဲ..မှားကုန်ပါပြီ)။ အက် ဆေး
လိုလို စာစီစာကုံးလိုလို ၊(Tag)တဂ်တယ်ဆို
လား“မအားသည့် ကြားမှ ၊ ခင်မင်မှူကို အကြောင်း
ပြု ..တနေ့တာမှတ်စု ထဲ က အခုတလော
ဆိုသည့် အကြောင်းကို ယုတ္တိရှိစွာ ရွှီး ရွှမ်း
ဖြီးဖြန်း လို့အောင် မှတ်(၁၀၀) ရ အောင်
ဖြေပေးပါ။”ဟု တမြို့တည်း သား ချင်းလည်း
ဖြစ်ပြီး ဧရာဝတီစာကြည့်တိုက် ဘလော့ဂ် ဖန်
ဆင်းရှင် အလှမဒီ ..မမ မေ(၁၆)ဒေဝီထိပ်
ထား က စကား ဆိုလာပါတယ်။ ။

ထို့ကြောင့်.....,အမေ့လက်ရာ အမျိုးများ
အား ဤသို့ဤနှယ်..ပုံပမာပြု လို့ “ငါ”ဆိုတဲ့
ဆြာကြီး စ တင် ရွှီးရွှမ်း ပါ အံ့။ မရိုမသေ စကား
လုံးများ အနည်း အများ မက ပါ ခဲ့ သော် ခွင့်
လွှတ်ခြင်း ဖြင့် သည်း ခံ ကြ ပါ ကုန်။ ။

အခုတလော.. အမေ့လက်ရာ တွေးနေ မိ တာက
တခဏကြာရင်..ကမ္ဘာပျက်တော့မှာလား ၊ အွန်
လိုင်း က အမြဲ ချက်တင် ဝင် နေတဲ့ ကောင်
မ လေးအကောင့် ပိုင် ရှင် ဟာ တ ကယ် ပဲ
Female နုနုထွတ်ထွတ် ၊ စိတ်ရင်းရိုးရှင်း ၊စိန်
ကုန် သည် သမီး..ရွှေမင်းသမီး လေး လား၊
Forward G-mail တွေထဲက ရွှေ မြန်မာ
များ ရဲ့ အတင်း (အဲလေ) သတင်းစုံ တွေဟာ
တကယ် မလုပ် မကြံ ၊အဟုတ် အမှန် သ တင်း
တွေ ပဲ လား...၊....လား၊....လား။ဆို တာ
ထက် “ဗေဒင်က ဟောတဲ့ အတိုင်း တနေ့ကျရင်
ငါ တကယ် ပဲ လူကြီး ဖြစ် မှာ လား” လို့ အ
ရည် မရ အဖတ် မရ သာ တွေး နေ မိ ပါတယ်
ခင်ဗျား ။ ။

ခုတလော ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
“အော်..ငါလည်း..လျှောက်လေ ညောင်းလေ
ကုတ်လေ ဖက်လေ ၊ လက်အံသေ ခြေစောင်း
တောင်ထိပ်ကိုကား မရောက်နိုင်သေးပေပါတကား”
ဟူသတည်း။ ။

ခုတလော ကျန်းမာရေးကား
မဖျားမနာတဲ့ စက်ရုပ်ခန္ဒာ မဟုတ်တော့၊ဤအပုပ်
ကောင် ကိုယ်ကြီး သည် ညောင်းခြင်း နှင့် ကိုက်
ခြင်း ကို တခဏ အတွင်း ဖြစ် ပျက် နေ ပေ သည်။

ခုတလော..ဖတ်ဖြစ်တဲ့စာအုပ်ကား
မရှိသေးချေ။ အကြောင်းကား..အလွန်အပျင်းကြီးသော
ကြောင့်ဖြစ်ချေသည် တမုံ့။ သို့သော်..ကာလပေါ်ခေတ်
မှီ အတင်း..(အဲ.လေ)အလွန်တရာ ထင်ပေါ်ကျော်ကြား
စိတ်ဝင်စားဖွယ် သတင်းများ အား အချိန် နှင့် တပြေးညီ
ပေးပို့ မျှဝေကြ သော Forward E-mail များ အား
အ များ နည်း တူ ဖတ် ဖြစ် ကာ ၊ အများ နည်း တူ
အ ရည် မရ၊ အဖတ်မရ Forward ပြန် လုပ် ရင်း
ပွစိပွစိ နဲ့ အရက်မူးတိုင်း ပြန်အံ ထုတ် လေ သည်။

ခုတလော ရောက်နေဖြစ်တာက
နေညိုရင် လေပျို့ချင် သမို့ ၊ည ၈ နာရီ ကျော်တိုင်း
သူငယ်ချင်း မိုက်တီး နှင့် Food court ဟု ခေါ်
တွင် စလုံးနိုင်ငံတခွင် ရှိ ၊ထမင်းနဲ့အတူ ဘီယာပါမော့
နိုင်သော ၂၄ နာရီ စားသောက်ဆိုင် ဖြစ်ချေသည်။
အကြောင်းကား...Tiger Beer ၏ လန်ဒန်ခရီး
စဉ် ပရိုမိုရှင်း ကံစမ်းမဲ ကြောင့်ပေ။ ။


ခုတလော နားထောင်ဖြစ်နေတာက
ကျေးဇူး ရှင် မိဘ နှစ်ပါး၏ ဘဝတသက်တာ မှတ်
သားဖွယ် ရာ ဆုံးမစာ ၊ ဆုံးမ စကား မဟုတ်ချေ။
မည် သို့ မှ သာ ယာ နာ ပျော် ဖွယ် မ ကောင်း
သော...အလုပ်ထဲ မှ အထက်အရာရှိ အင်ဂျင်နီယာ
ပညာတတ်၊ စင်္ကာပူနိုင်ငံ(PR)ကဒ်ပြား ကိုင် ဆောင်
ထား သူ အ လွန် တ ရာ ရုပ် ဆိုး သော အိန္ဒိယ
နိုင်ငံသား ကြက်ကုလား ၏ “ ဆဲရေး တိုင်းထွာ သံ
ကျယ် ကျယ် လောင် လောင်” ဖြစ် လေ သည်။ ။


ခုတလော ရွတ်နေမိတာက

အပြင်းထန်ဆုံး မာန်ဟုန်ကြီးကြီး နဲ့ ခပ်နာနာ
ဖြစ်ပေါ်လာတဲ့ ရင်းတွင်း တောက် ခေါက်သံ
မတိုးမကျယ် တည်း။ အကြောင်းကား.....
ကုလားမင်းဘုရား လက် အောက် ကူလီကျွန်
ဘဝ ကျ ရောက် ချိန် ပေ မို့။ ။


ခုတလော ရေးဖြစ်နေတာက
မယ်မယ်ရရ ၊ကမ္ဘာကျော်အောင် မှတ်သားလောက်ဖွယ်
နိတ္ထိမရှိချေ။(Tag)တဂ် သည် ဟု ဆိုသော.ဤစာစီ
စာကုံး တပုဒ် ကို သာ ၊ အချိန် ယူ အိပ် ရေး ပျက်
ခံ ရေး ဖြစ် နေ လေ သည် ။ ။


အချိန်နှင့် ဒီရေ သည် လူ ကို မစောင့် ဆိုစကား
အတိုင်း ယခု အချိန်ကား တဖြေးဖြေး နှင့် ည တာ
လွန် ကာ မ နက် ဦး ဘက် ကူး ပြောင်း ကာ နေ့
တာ ကာလစက်ယန္တယား လည် ပတ် လာ တာ မို့ ၊
မမ လှကေသီ (ဧရာဝတီစာကြည့်တိုက်)ဘလော့ဂ်
ပိုင်ရှင် ပုသိမ်မေ(၁၆) ၏ “ခုတလော”တဂ်
(Tag) ခြင်း ကို ၊ဒီလောက် နဲ့ ပဲ ရွှီးရွှမ်း ဖြီးဖြန်း
ရပ် နား ပေ မည် ။ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မမ ပုသိမ်သူ မေ(၁၆) နဲ့ တ ကွ
လာရောက်လည်ပတ် ဖတ်ရှူကြ သော အမျိုးများ အား လုံး
ကို ကျေးဇူး အထူး တင် ပါတယ်။

သိနေဟဖြင့်......
သားရွှေနု
(အမေ့လက်ရာ)

4 comments:

ဧရာဝတီသား said...

အဲ ... တက်ဂ်ပိုစ့် က မပြီးသေးဘူးလားလို့။ ကျန်သေးတယ်လေ မေးခွန်းတွေ အများကြီး :)

လုပ်ငန်းခွင်မှာ အဆင်ပြေ အောင်မြင်ပါစေဗျာ
ခင်မင်လျက်

flowerpoem said...

အမြန်ဆုံးနဲ့ လိုရင်းတိုရှင်းရေးပေးတဲ့ အမေ့လက်ရာရဲ့ ခုတစ်လောကို လာဖတ်သွားပါတယ်
ကိုယ့်အလှည့်ကျန်သေးတယ် :P

may16 said...

ဝေးးး မေးခွန်းတွေ ကျော်ခွ...
ပုသိမ်သားလေးလူလည်ကျပြီ

အခုလို
မအားတဲ့ကြားက မရွှီးရွမ်းပဲ အပြီးလန်းတဲ့ စကားလုံးတွေ နဲ့ လက်ရှိဘ၀လေးကို သရုပ်ဖော်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်....(မင်းသမီးစတိုင်ဖြင့်ပြော)

လူလည်း ဒေ၀ီထိပ်ထားရော လေဒီ ထိပ်ပြားရောဖြစ်သွားတာပဲ။

ပုသိမ်သူပုသိမ်သားတွေ မခေဘူးနော်။ လွယ်ဘူးလွယ်ဘူး ကလောင်သွား(ကီးဘုတ်သွား)ထက်တယ်။
ခင်မင်စွာဖြင့်
ကျန်းမာပျော်ရွှင်ပါစေ။

may16

မီးလေး said...

ရွှီး ရွှမ်း ဖြီး ဗြန်းတာကို ကျော် ခွ ပြီး လာဖတ်သွားပါတယ်.... ;P