Monday, December 15, 2008

Untitle {1}


ကာလယန္တယား အစည်းဝေးခန်းမကြီးရဲ့
စက်ဝန်းပုံ စားပွဲကြီးအလယ်
တာဝန်ချိန်ပြီးဆုံးပြီး အနားယူရတော့မယ့်
သက္ကရာဇ် နှစ်ထောင့်ရှစ် က.....
အစဉ်အလာအရ မဖြစ်မနေ
လွှဲပြောင်းပေးရတော့မယ့်
သက္ကရာဇ် နှစ်ထောင့်ကိုး နဲ့
လုပ်ငန်းသဘောဆွေးနွေး...။


ကမ္ဘာမြေစိမ်းလန်းရေးအတွက်
ကမ္ဘာမြေငြိမ်းချမ်းရေးအတွက်
အကြမ်းဖက်မှုများချုပ်ငြိမ်းရေးအတွက်
သဘာဝဘေးအန္တရာယ်များကာကွယ်ရေး
စကြာဝဌာနယ်မြေချဲ့ထွင်ရေး
ငွေကြေးပြသနာကယ်ဆယ်ရေး
အလုပ်အကိုင်နဲ့ နေထိုင်ရေး
စားရေး၊ဝတ်ရေး၊နြူကလီးယားအရေး
ပုံတူမျိုးပွားအရေး၊ခွေးနှစ်ကောင်ကိုက်ပွဲအရေး.
ဟိုအရေး...
ဒီအရေး....
အရေးပေါင်းများစွာအတွက်.....
အကြွေးပေါင်းများစွာအတွက်.......။


ဘယ်တော့မှ မပြီးမစီးနိုင်တဲ့ လက်ကျန်အမှုတွေအတွက်
မဖြစ်မနေ စာရင်းချုပ်ရမယ့် ငွေကြေးပြသနာတွေအတွက်
အရက်ကင်ဆာနဲ့ သေဆုံးရတော့မယ့်
ခံစားမှုဗေဒ ဦးအောင်ဇေယျကြီး အတွက်
ကမ်းလင့်မယ့် လက်အစုံတွေအတွက်
မွေးဖွာလာမယ့် သက္ကရာဇ်လောင်းလျာတွေအတွက်

မျက်ရည်နဲ့မျက်ခွက် နှစ်ထောင့်ရှစ် အပြောမှာ
ခွက်ထိုးခွက်လန် နှစ်ထောင့်ကိုး က
ခပ်ရိုးရိုးတေးတပုဒ်လို
key-G
beat-slow go go နဲ့ တီးခတ်ရင်း
ဆောင်းလေအေး တချက်အဝှေ့
ကွင်းဝင်ဖို့ သက်ပြင်းပူ တချက်
ခိုးမှုတ်..။

ခပ်ကုပ်ကုပ် မျက်မှောင်ကျုံ့ပြီး
ကွင်းအပြင်က မရဏမင်းက
ဝန်းအခင်းအကျင်းနဲ့
စောင့်ကြည့်နေခဲ့။
{ပွဲကြည့်ပရိတ်သတ်လိုပေါ့}


ဦးအောင်ဇေယျကြီး
{ခဏ..လူ့ပြည်}
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အီးမေးလ်ပေးပို့ခဲ့သူ ဦးအောင်ဇေယျကြီး အားကျေးဇူးပါ။
အခြားသူများလည်းခေါ်ဖိတ်ပါတယ်။
{အမေ့လက်ရာ}

0 comments: