Monday, December 15, 2008

မြင်သမျှကြားသမျှလေးတွေ{1}


သူများအတင်းလည်းမတုတ်တတ်ပါ
စပ်မိစပ်ရာကွိစွိကွစ...
စိုင်းစိုင်းသီချင်းလေးကြိုက်လို့လည်းမဟုတ်ပါဘူး။
သူများမကောင်းကြောင်း အုပ်မလို့လည်းမဟုတ်ဘူး
မပြောရရင်မနေနိုင်သူမို့..အဲလေ
မြင်ရကြားရတာလေးမျှမဲ့သဘောပါ။
{မကျေနပ်သူများရှိလို့ သတ်ရင်လည်းမသေပါစေနဲ့.ဟဲဟဲ}

စင်္ကာပူစတိုင်လ်က ယူရို့စတိုင်လ်ဆိုလား
ဘာလား..ညာလား သေချာတော့မသိပါဘူး
မနေ့တနေ့ကမှ ကျေးဇူးရှင်ဘုရားမေမေ ကောင်းမှုကြောင့်
စင်္ကာပူရောက်ဖူးသူပါ...။
ဒီနေ့တောသားကလေး..သွားရင်းလာရင်းမြင်သမျှကြားသမျှကို
ဖေါက်သည်ချရရင်...

စလုံးသူ/သားလေးများ ဘယ်သွားသွား၊ဘယ်လာလာ
သူ့စတိုင်လ်နဲ့သူဝတ် သူ့ယဉ်ကျေးမှုနဲ့သူကိုက်ညီတာ တင့်တယ်၏။
ဘူတာထဲမှာ..၊ကား၊ရထားထဲမှာ..၊ဟိုနား..ဒီနားမှာ
ယူရို့စတိုင်လ်ဆိုမလား..ယဉ်ကျေးမှုဆိုလေမလား
တယောက်နဲ့တယောက် ရင်ချင်းအပ် နှတ်ခမ်းချင်းကပ်
ခါးလေးဖက် တာမြင်နေကျမို့ တင့်တယ်၏။
{မတင့်တယ်ဆိုပြန်လို့လည်းမဖြစ်လေ၊သူ့နိုင်ငံကိုး}

ဒီနေ့..မောင်လူနုံ{တောသား}
Boonlay ဘူတာက အလုပ်ပြန်
ရထားပေါ်ဝယ်..၊ရွှေမမညိုချောလေးနဲ့ရွှေကိုကိုချောလေးအတွဲတို့နဲ့
မျက်နှာချင်းဆိုင်ဆုံဆည်းကြရာ..
မမညိုချောစတိုင်လ်က..လန်းပြီးလန်လွန်းနေပါတယ်
အသားတော်ညိုပြာညက်နဲ့ အဝတ်တော် ပေါ်အောက်တိုလွန်း၊ဖော်လွန်း
{ပိုင်ဆိုင်တာကြွားတော်မူလွန်းသည်ထင်မိပါသည်။}

ရွှေကိုကိုချောကလည်း..
နားကွင်း၊မေးကွင်း၊လျှာကွင်းပင်ပါသေး
ခန့်၏ လန်၏။
{စတိုင်လ်ကိုပြောတာနော်}

ရထားထွက်ခါစ..အရှိန်ယူ
ဒင်းတို့ ဖက်ခါစ နေရာယူ
တံခါးပေါက်အဝလေး ဘေး
နှစ်ဦးသားဖက်လျက်
ခပ်ဆွေးဆွေးအကြည့်တွေနဲ့
ပုရိတ်ချည်အဝါရောင်ကြိုးပတ် လက်များက
သူ့ကိုယ်ပေါ်က..ယားနာဖုလေးကိုယ်ပွတ်ပေး
ကိုယ့်ကိုပေါ်က..ယားနာဖုလေးသူကုတ်ပေး။
နေရာအနှံ့ပွတ်ပေးနေတော်မူ၏။

တယောက်နဲ့တယောက်
ရင်ချင်းအပ် နှတ်ခမ်းချင်းကပ်လျက်က
ပတ်ဝန်းကျင် ခုနှစ်ရက်သားသမီးများအား
{Don't Care} ဒုန့်ကဲတော်မူလေ၏။

ယိုသူမရှက်မြင်သူရှက်
ဆိုပြန်ရင်လည်း..ဒင်းတို့က အပြစ်တော်တင်မှာမို့
အခြားဘက်ရွှေ့တော်မူရအောင် တောသားလူနုံ
လူအုပ်ကို အတိုး
ဗြုံးဆို..သူငယ်ချင်းဆီက ဖုန်းဝင်လာ
မြန်မာလို ခပ်ကျယ်ကျယ် သူငယ်ချင်းကို
ပြန်အော်ရင်း...ပြောမိ။
{ဒင်းတို့ကြားပီး ရှက်လေနိုးနိုး
ရပ်လေနိုးနိုး အထင်နဲ့ပေါ့လေ}

ခရီးသည်များရဲ့ အာရုံစိုက်မှုအထူးခံနေရတဲ့
ရွှေမမချောအတွဲက..
တယောက်မျက်နှာတယောက်ကိုယ်စီကြည့်ရင်း
ရွှေမမချောလေးနှုတ်တော်မှအပြောလှလှတခွန်းဆိုခဲ့......
"သောက်.ဂရုစိုက်လို့ ဒါလင်..
ကမ်းမွန်..ဟန်နီး" တဲ့ဗျာ။

ဒါကြောင့်...
ယူရို့စတိုင်လ်ဆိုမလား..ယဉ်ကျေးမှုဆိုလေမလား
မြင်နေကျမို့ တင့်တယ်၏။
{မတင့်တယ်ဆိုပြန်လို့လည်းမဖြစ်လေ၊သူ့နိုင်ငံကိုး}

..............................................
မှတ်ချက်။ ။
"ကျွန်တော့်နှမများ..စလုံးရောက်ရင်လေ သူ့ကိုပြောပြကြပါဗျာ
ကျွန်တော်နဲ့ ကား၊ရထား အတူတူမစီးကြပါနဲ့လို့"


ဝေဖန်သံများများအားကြိုဆိုစောင့်စားရင်း
အားလုံးကိုခေါ်ဖိတ်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
သိနေဟ အားဖြင့်..
သားရွှေနု{အမေ့လက်ရာ}

0 comments: