ဘာပြောပြော..အေးချမ်းတဲ့ ဒီဇင်ဘာဆောင်းနဲ့အတူ
သာယာပျော်ရွှင်ဖွယ်.ဒီဇင်ဘာ ဖြစ်ဖို့
ရွှင်လန်းချမ်းမြေ့ဖွယ် ခရစ်စမတ်ဖြစ်ဖို့
အစစအဆင်ပြေဖွယ် နှစ်ဦးမင်္ဂလာဖြစ်ဖို့
ရည်ရွယ်...ပြီးအားလုံးအတွက်
ဆုတောင်းပေးပါတယ်။ ။
အန္ဒိယ ပြည် မူဘိုင်းက အကြမ်းဖက်ခံ အပြစ်မဲ့
ပြည်သူများ၊မငြိမ်မသက်ဖြစ်နေသော ကဗာအရပ်ရပ်က
ပြည်ထောင်များ၊သဘာဝဘေးဒဏ်ခံ အနယ်နယ်မှ ပြည်သူများ
လောကသားတွေ အားလုံး ကောင်းဖို့အတွက်........................
ှSweet December ပါဗျာ။ ။
သားရွှေနူ(အမေ့လက်ရာ)
Sunday, November 30, 2008
SWEET DECEMBER
Posted by ah..maye.. latt..yar at Sunday, November 30, 2008 0 comments
Labels: ဆန္ဒအာဘော်
မြေဇာ....
မြေဇာ....
အမိမြေအတွက် စိမ်းလန်း
တောတန်းဖြစ်စေတဲ့ အပင်ငယ်များ။
မြေဇာ...
ရွာနွားတွေအကြိုက်လိုက်
အစားခံ ရွက်စိမ်းပေါက်ပင်များ။
မြေဇာ...
နေမီးလျှံ အပူဒဏ်
သွေ့ခြောက်အောင် ခါးစည်းခံ
ညှိုးနွမ်း မြက်ပင်များ။
မြေဇာ...
ကျွဲနှစ်ကောင် ခတ်ကြား
ရုံးလျက် အနင်းခံ
ဘ၀ပျက် အပင်များ။
ဧရာမောင်(ဆိပ်ဖြူ)
***************************************************
ကျောင်းနေတုန်းက သူငယ်ချင်း မြင့်မောင်ကျော် ရဲ့ လက်စွမ်း ကဗျာ။
သူငယ်ချင်း ကောင်းကင်ဘုံမှာပျော်ပါစေ။
အမှတ်တရ အောက်မေ့ခြင်း များစွာဖြင့်............
ဗစ်တာထွန်းဇေ။
Posted by ah..maye.. latt..yar at Sunday, November 30, 2008 0 comments
Labels: ကဗျာ
သူ...
သူ...
မျက်နှာက ပုံဆိုးပန်းဆိုး ပုံစံ
ဂြိုလ်စတိုင်လ်မှာ အညံ့နဲ့လူ....
ရေနွေးပူပူ တကျိုက်
အသေမက်တဲ့သူ။
ခပ်ထူထူ လူ...
အပေါင်းအနှုတ်အမြှောက်အစား
ိမကျွမ်းတဲ့သူ။
ညနေတိုင်း..
ဘီအီးအဖြူတပိုင်းနဲ့
အူမရိုင်းတဲ့လူ။
အပူအပင်ကင်းမဲ့
ဂျိုးသိန်းငှက် ဆေးလိပ်နဲ့
နေညိုအောင် ကြိုက်တတ်သူ။
ခင်မူယာနဲ့အပြီးလမ်းခွဲ.
အသည်းကျွမ်းတဲ့ လူ....။
အဲဒီသူက..
ရိုမာန်တစ်လမ်းကြား ကိုခံစား
ကဗာစစ်ပွဲဆန့်ကျင်တေး ကိုစပ်သွား
ကျေးလက်မှာ ဆရာအဖြစ် အလင်းပြ
ရင်တွင်းဖြစ် ကဗျာလေးတွေ ရေးရင်း..........
၂၀၀၈ခု နိုဝင်ဘာ ၁၄ ရက် မနက် ၀၅ နာရီ
ဧရာဝတီ..ဆိပ်ဖြူရွာလေးမှာ
ကြွေသွား...........ေ၀၀ါးစွာ
ချစ်သူများ ကို ကျောခိုင်း
သူ့သမိုင်း..ပြည်ဖုံးကားချခဲ့ပြီ။
ဗစ်တာထွန်းဇေ။
................................................................................................................................................
မှတ်ချက်းး
ကျောင်းနေဖက်(ကဗျာရေးဖော်ရေးဖက်)
ကျေးလက်ပရဟိတ ကျောင်းဆရာ မြင့်မောင်ကျော်
(ခေါ်)..ဧရာမြင့်မောင် အား မိဘများနှင့်ထပ်တူအထူးဝမ်းနည်းကြေကွဲ
နှမြောတသဖြစ်ရပါသည်။ ။
သူ့နာရေးသတင်း လူကြုံမှ ကြားသိရပြီး လူကိုယ်တိုင်
အသုဘရှု မတက်ရောက်နိုင်ခြင်းလည်း စိတ်မကောင်းဖြစ်ရပါသည်။
“ကဗျာဟာ..ရင်ဘတ်ကြီးထဲက လာမှ ။ကဗျာ ဟာ ပွင့်လင်းရိုးသားမှ”
သူ့စကားသံလေးတွေ အနုသုခုမတော မှာ ကဗျာတွေအဖြစ် ဖူးပွင့်စဉ်
ကောင်းကင်ဘုံမှာတော့ ကဗျာချစ်သူနေဖြစ်နေမှာ ကျွန်တော်ယုံပါတယ်။
သူငယ်ချင်း..ကောင်းကင်ဘုံမှာ ပျော်စံပါစေ.............................................။
ဗစ်တာထွန်းဇေ။
Posted by ah..maye.. latt..yar at Sunday, November 30, 2008 0 comments
Labels: ကဗျာ
Saturday, November 29, 2008
“ကြင်နာမယ်ဘယ်လိုလဲ၊ဘယ်လောက်ချစ်လဲပြော”
သူများ..ချစ်စုံတွဲလေးတွေမြင်တိုင်း အားကျတတ်တဲ့
ကျွန်တော် က ကျွန်တော့် အချစ်လေး သာရှိမယ်ဆို
မိုးမဆုံးမြေမဆုံး အာကသာစကြာဝဌာ ကျော်ပြီး
ပြိုင်စံရှား ချစ်ပြ ချင်ပါတယ်။
အရမ်းချစ်လွန်းတော့ သူများတွေထိဖို့နေနေ
စူးစိုက်ကြည့်လာရင် တောင်...
ဒီလို..ဒီလို ကြမ်းပစ်မယ်။
ဒီဇာတ်လမ်းထဲက အချစ်ကြမ်းပုံကတော့....
ကောင်မလေးတွေ သတိထားကြနော်
တို့ချစ်သူလာမဖြစ်စေနဲ့.........ဟဲ............ဟဲ..................။
************************************************
ဘာပြောပြော ချစ်လွန်းလို့ဖြစ်သွားတာပါတဲ့။ဗွီဒီယို ရယ်စရာလေး မျှပေးတဲ့
ကိုကိုဝေ ကိုကျေးဇူးပါ။
အခြားသူ များလည်းခေါ်ဖိတ်ပါတယ်။
ကျေးဇူးများစွာဖြင့်........
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Saturday, November 29, 2008 0 comments
Labels: ဗွီဒီယို ဟာသ
“တိမ်ယံ အိပ်မက် မိုးထက်နရီ ၏ ရင်ဘတ်ထဲကအသံ”
စာရေးဆရာ ဆူးငှက် (ဓာတ်ပုံ - မောင်လှ)
စာရေးဆရာ ဆူးငှက်နှင့် တွေ့ဆုံခြင်း
၂၀၀၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ၀တ္ထုရှည် ဆုကို “တိမ်ယံ အိပ်မက် မိုးထက်နရီ” အမည်ရှိ
ဝတ္ထုဖြင့် ဆုရရှိသူ ဆရာ ဆူးငှက်အား ယင်းဆုနှင့် ပတ်သက်ပြီး စာဖတ် ပရိသတ် အတွက် ဧရာဝတီ
က မေးမြန်း ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာ ဒီဆုကို ဘာကြောင့် ရတယ်လို့ ထင်ပါသလဲ ။
ဖြေ။ ။ နည်းနည်းဖြေရ ခက်မယ် ထင်တယ်ဗျ၊ (ရယ်လျှက်) ၊ အဓိက ကတော့ ယဉ်ကျေးမှုနဲ့
ပတ်သက်တာပါပဲ၊ အမျိုးသား ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ။
ဝတ္ထုက မန္တလေးမြို့မှာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ရတနာပုံ ခေတ်တုန်းက ထွန်းကားခဲ့တဲ့ ရိုးရာ
ဂီတတွေနဲ့ စစ်ကြီး အပြီးမှာ နိုင်ငံခြားက ၀င်ရောက်လာတဲ့ အနောက် ဂီတတွေပေါ့ဗျာ၊ အနောက်တိုင်း
တူရိယာတွေ၊ အဲဒါတွနဲ့ အဲဒါကို ဘယ်လို ပေါင်းစပ်ကြသလဲပေါ့ဗျာ၊ ဆရာ မြို့မငြိမ်းတို့ ဒါးတန်း ဦးသန့်
တို့လို အဲဒီခေတ်က ခေတ်ပညာတတ် လူငယ်တွေကနေ တလျှောက်လုံးက မြန်မာ့ မဟာ ဂီတနဲ့ အရိုးစွဲလာ
ခဲ့ကြတဲ့ အဲဒီသီချင်းတွေ အဲဒီတီးလုံး တွေကိုပဲ အဲဒီအချိန်မှာ ရောက်လာတဲ့ အနောက်တိုင်း တူရိယာ
ပစ္စည်းတွေနဲ့ တီထွင် ပြီးတော့ တီးကြ မှုတ်ကြပြီးတော့ လူတွေကြား ရောက်သွားအောင် သူတို့ အခက်
အခဲ တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အဲဒါကို ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ၊ အဲဒါကြောင့်လို့ ထင်ပါတယ်။
မေး။ ။ အခု ဆုရတဲ့ ၀တ္ထု အမည်ကို ဘာဖြစ်လို့ တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးရတာပါလဲ။
ဖြေ။ ။ ၀တ္ထု အမည် တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးထားတာက လူငယ်တွေမှာ များသောအားဖြင့်
စိတ်ကူး စိတ်သန်းပေါ့၊ အဲဒီ အိပ်မက်ဟာ သိပ်ပြီး မြင့်မားတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီအချိန်မှာ
အနောက်နိုင်ငံ တွေမှာ ဆင်ဖိုနီ အော်ခက်စ်ထရာ ၀ိုင်းကြီးတွေ ပေါ်နေပြီ၊ ထူးထူးခြားခြားကို ပေါ်နေပြီ၊
ပေါ်နေတဲ့ အချိန်မှာ ဗမာမှာတော့ မရှိသေးဘူး။
အဲဒီတော့ သူတို့ရဲ့ အိမ်မက်က ဒီဗမာမှာ ရှိထားတဲ့ မဟာဂီတမှာ လာတဲ့ အဖိုးတန်တဲ့ တေးသွားတွေကို
အဲဒီလို အနောက်တိုင်း တူရိယာ ပစ္စည်းကြီးတွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ လုပ်ပြမယ်ဆိုတဲ့ အိပ်မက်ပေါ့၊
အဲဒါ မြင့်မားတာ မို့လို့ တိမ်ယံ အိပ်မက်လို့ သုံးတာ၊ မိုးထက် နရီ ဆိုတာကတော့ အဲဒီအိပ်မက်ကို ဘယ်လ
ို အကောင်အထည် ဖော်မလဲပေါ့၊ အကောင် အထည်ဖော်တဲ့ နေရာမှာ နရီ ဆိုတာ ဘာကို ပြောလဲဆိုတော့
ဗမာ့ဂီတမှာ စည်းဝါးမှာ သုံးတဲ့ အသုံးပေါ့၊ နရီတို့ ၀ါးလတ်တို့ ၀ါးပြေးတို့ ၊ နရီ ဆိုတာ အရိုးဆုံးနဲ့ ဖြည်းဖြည်း
မှန်မှန်နဲ့ စည်းစနစ် အကျဆုံးပေါ့ဗျာ။
အဲဒီလို သူတို့ ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့ အခါမှာ အရိုးသားဆုံးနဲ့ စည်းစနစ် အမှန်ဆုံး ၊
နောက် အိနြေ္ဒရရ ဒီဟာကို အကောင်အထည်ဖော်သွားကြတယ်၊ အဲဒါပါပဲ။
မေး။ ။ ဆရာ ဒီဝတ္ထုကို ဘာကြောင့် ရေးဖြစ်တာလဲ ဆိုတာပြောပေးပါဦး။
ဘာကြောင့်ရေးဖြစ်တာလဲ ဆိုတော့ ဒီနေ့အထိ ယဉ်ကျေးမှုရဲ့ အချိုးအကွေ့တိုင်း အချိုးအကွေ့တိုင်းမှာ
ကျနော် တို့ ဘက်မှာ ကိုယ်ခံအားကောင်းတဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိခဲ့တယ်ဗျ။ ပျူခေတ် ကတည်း
ကပေါ့ဗျာ၊ ဒါကို အဓိပ္ပာယ်ရှိစွာ အမြော်အမြင်ကြီးစွာနဲ့ ပေါင်းစပ်နိုင်တယ်ပေါ့ဗျာ၊ ခေတ်ကာလ အချိန်မှာ
လည်း အဘက်ဘက်က မီဒီယာအားကောင်းတာရော နည်းစစ် နည်းပညာတွေအားကောင်းတာရော ၊ ဒီလို
အားကောင်းနေတဲ့ အချိန်မှာ ဒီထက်မက ပေါင်းစပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။
ကျနော်တို့ အဲဒါကို ဒီနေ့ လူငယ်တွေဟာ သူတို့နဲ့ အနီးစပ်ဆုံးခေတ် ကမ္ဘာမှာ ဂျက်ဇ် ထွန်းကားနေတဲ့ အချိန်၊
တဘက်ကလည်း ကလပ်စစ် တွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ တအား ထွန်းကားနေတဲ့ အချိန်၊ ဒီမှာ ဗမာ ဆိုင်းဝိုင်း
နဲ့ ဗမာ တူရိယာ ပစ္စည်းနဲ့ ရှိနေတဲ့ ကာလ၊ သူတို့နဲ့ ခေတ်လူငယ်တွေနဲ့ အနီးစပ်ဆုံး နောက်ကြောင်း ပြန်လိုက်တဲ့
အခါမှာ အဲဒီကာလက အနီးစပ်ဆုံးကိုဗျာ။
အဲဒီကာလက ၁၉၂၅ မှ သည် ၁၉၅၀ ကျော် ၁၉၆၀ ၀န်းကျင်ကာလ အတွင်း ကြိုးစားခဲ့ကြတဲ့ ကိစ္စတွေကို
ကျနော် ရေးဖြစ်တာပါ၊ အဲဒါကို ကျနော် ဥာဏ်စွမ်း ရှိသလောက် မန္တလေးက မြို့မ တူရိယာ အသင်းကြီးကို
အခြေခံပြီး ဆရာငြိမ်း(မြို့မငြိမ်း)တို့၊ ဆရာသန့်(ဒါးတန်း ဦးသန့်)တို့ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာကို ကျနော်
လက်လှမ်းမီသရွေ့ ၀တ္ထုပုံစံ မျိုးဖွဲ့ပြီးတော့ အသိပေးတဲ့ သဘောပါပဲ။
ဒီစာအုပ်က မနှစ်က သြဂုတ်၊ စက်တင်ဘာလောက်က ထွက်တာပါ၊ စာအုပ် မထွက်ခင် ရွှေအမြုတေ မဂ္ဂဇင်းမှာ
အခန်းဆက် အနေနဲ့ ကျနော် ၁၁ လ ရေးခဲ့ပါတယ်၊ မနှစ်က ရွှေအမြုတေရဲ့ အကြိုက်ဆုံး ၀တ္ထုရှည် ဆု ကို
လည်း ပေးခဲ့ဖူးပါတယ်။
မေး။ ။ နောက်ဆုံး တခုမေးပါရစေ၊ အခု ဆုရတဲ့ အပေါ်မှာ ဆရာ့ခံစားမှုကို ပြောပြပေးပါ။
ဖြေ။ ။ ၀မ်းသာပါတယ်ဗျာ ၊ ဘာပဲ ပြောပြော ကျနော့်ကို တကယ်တမ်း ဆူးငှက်အနေနဲ့ ဖြစ်သွားအောင်
ပြုစုပျိုးထောင် ပေးခဲ့တာက လူထု ဒေါ်အမာကိုဗျ၊ ဒါပေမယ့်ဗျာ မနက်ဖြန်ဆိုရင် ဒေါ်ဒေါ်က ၉၃ နှစ် ပြည့်ပြီ
၊ ဒီအချိန်မှာ မရှိ တော့ဘူး၊ အဲဒီ အတွက်ကတော့ စိတ်မကောင်းဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဝတ္ထုကို
သူဖတ်ပြီးတော့ သူ ကိုယ်တိုင် ကျနော့်ကို ခေါ်ပြီးတော့ ၀မ်းသာ စကားပြောဖူးတယ်၊ သူရေးစေချင်တဲ့
အကြောင်းအရာတွေကို၊ အဲဒါပါပဲ။
***********************************************************************
ဒီအကြောင်းလေးမျှဝေပေးခဲ့သူ ဆရာမိုးဆွေ(နိုင်မိုးဆွေ{Thailand})အား အမေ့လက်ရာက ကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
မျှဝေပေးကြပါဖို့လည်း ခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Saturday, November 29, 2008 0 comments
Labels: အင်တာဗျူးအခန်း
“ဘုရား..ဘုရား မယ်လမင်းကင်းရှင်းတဲ့ ရေမရော နို့တဲ့”
တရုပ်ပြည်က နွားနို့အမှုန့်တွေ မှာ..မယ်လမင်းခေါ်
ဓါတုဗေဒ ပစည်းတွေရောလို့ နိုင်ငံအနှံ့လူကြီးကလေးများ
စိုးရိမ်နေချိန်....
သူတို့ဆိုင်ကတော့..
“ဘုရား..ဘုရား မယ်လမင်းကင်းရှင်းတဲ့ ရေမရော နို့တဲ့”
ရွှေသဘောတော်ခွေ့ပေမယ့် ဒီမောင်-မသောက်ရဲဘူးဗျ။
အဟွတ်..အဟွတ်..အဟွတ်။ ။
မှတ်ချက်။ ။မည်သည့်သဘောဆိုးနဲ့မှ တင်ပြခြင်းမဟုတ်ပါ။
အပျင်းပြေသက်သက်သဘောမျှသာ။
ဝေဖန်သံများ..ကြားပါရစေ။
အားလုံးကိုကျေးဇူးပါဗျာ။
သားရွှေနူ
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Saturday, November 29, 2008 0 comments
Labels: ဗွီဒီယို ဟာသ
Thursday, November 27, 2008
စလုံးရောက်ကိုကိုရွှေ၊မမရွှေများ အိမ်ရှာဖို့ဆိုရင်
ကြော်ငြာလေးရောင်းရအောင်လည်း အလုပ်မဖြစ်ဘူး။စလုံးက..
ညီအကိုမောင်နှမတွေ ရဲ့
ဒုက်ခတွေထဲက အိမ်ရှာဖွေဒုက်ခလေး လွတ်ကင်းအောင်
ဒီလင့်ကလေးကို မျှပေးတဲ့သဘော။
http://www.shwerooms.com/sg/view.php?t=hdb-room-for-rent-at-marsiling-near-mrt
အားလုံးအဆင်ပြေကြပါစေ။
အမေ့လက်ရာ။
Posted by ah..maye.. latt..yar at Thursday, November 27, 2008 0 comments
Labels: စကာၤပူ ..ွေနမွႈ၊စားမွႈ
အနီ အ၀ါ အနက် အရောင်တွေ ဗြောင်းဆန်နေတဲ့ ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်မှာ ဘုရင့်အစ်မတော် ရဲ့ နိုင်ငံတော် ဈာပနကလဲ အကြီးအကျယ် လုပ်နေတယ် တစ်နိုင်ငံလုံး အနက် ရောင်တွေ လွှမ်းလို့...၀မ်းနည်းသူတွေက အနက်ရောင် ဒီဇိုင်း ဆန်းဆန်းလေး တွေဝတ် ရုပ်ကလပ် စင်ကြီးကို နောက်ခံထားပြီး ပို့စ် အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက် နေကြလေရဲ့ နောက် ဘုရင်ကြီးကို ချစ်တယ် ဆိုတဲ့ အဓိပါယ်ဖြစ်တဲ့ အ၀ါရောင် ၀တ်ထားတဲ့ ပီအေဒီတွေ (ဘယ် အစိုးရ ဖြစ်ဖြစ် ဆန့်ကျင်မယ် ဆိုတဲ့ စိတ်ကြီးစိန်တို့ အဖွဲ့)ကလဲ ပါလီမန်ကို အင်အား သိန်းချီပြီး ၀ိုင်းတယ် ရေဖြတ်တယ် မီးဖြတ်တယ် အစိုးရ အိမ်တော် ကို သိမ်းရုံမကဘူး ယာယီ အစိုးရ ရုံးစိုက်တဲ့ ဒွန်မောင်း လေဆိပ်ကို နောက်ထပ် သိမ်းတယ် အခုတစ်ခါ နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ သုဝဏဘူမိ ကို ထပ်သိမ်းတယ် သူတို့လုပ်ရပ်ကို ကန့်ကွက်တဲ့ အနီရောင် ၀တ်ထားတဲ့ ရဲရဲတောက် ကိုကို မောင်မောင် ထိုင်း ထောက်ခံ သူ ယူဒီဒီတွေ( လက်ရှိ အစိုးရ ဘက်တော် သားတွေ) ကလဲ ၀န်ကြီးချူပ် ဟောင်း သက်ဆင် ပြန်အလာကို စင်တွေ ထိုးပြီး အော်ရင်း ဟစ်ရင်း မျော်နေကြတယ်။
Mr. သက်ဆင်ကလဲ သူ့မိန်းမကို ငွေကြေးအရှုပ်အရှင်း ဘာညာကွိကွ ကွိုင် တက်မှာ စိုးလို့ အသက်ကြီးမှ ကွာ ရ ရှင်း ရ ပြီးကာမှ သွားပုန်း နေတဲ့ ဗြိတိန်ကလဲ ဗီဇာပိတ်လိုက်တော့ မွေးမြေကိုပြန်ဖို့ ငါ့မှာ မကယ် ထိုင်းနိုင်ငံ တော့ သေဖွယ်ရာ ရှိတယ်ဆိုပြီး မိခင် ထိုင်းနိုင်ငံကို ကယ်တင်ရှင်အဖြစ် ပြန်လာမယ်တဲ့.. အာရှပစိဖိတ် ညီလာခံ ပီရူးနိုင်ငံ ကို ရောက်နေတဲ့ လက်ရှိ ထိုင်းဝန်ကြီးချူပ် သက်ဆင် ယောက်ဖကလဲ သူ့မှာ ဘာအပြစ်ရှိလဲတဲ့ လက်ရှိ စီးပွားရေး အခက်အခဲ အကျပ်အတည်းကို ပဲ သူ ဖြေရှင်းဖို့ အာရုံစိုက်မယ်တဲ့ ဘယ်သူတွေ ဘာပဲ ပြောပြော မထွက်နိုင်ဘူးနော် လုံးဝမထွက်ဘူးဆို မထွက်ဘူးနော် ဒါပဲတဲ့။
ဒီလိုနဲ့ အ၀ါကောင်လေးတွေက ဘန်ကောက် တစ်မြို့လုံး နေရာခွဲပြီး တန်းစီချီတက်နေကြတာကို လမ်းဝကနေ ပိတ်စောင့်ပြီး တက္ကစီ သမားတွေ မော်တော်ဆိုင်ကယ် တက်စီသမားတွေနဲ့ အနီကောင်လေးတွေက ပူးပေါင်းပြီး ခဲနဲ့ထု တုတ်နဲ့ရိုက် သေနတ်နဲ့ ပစ် လုပ်နေကြ လေရဲ့ အလဲလဲ အကွဲကွဲပဲ ဘယ်သူက ဘယ်သူ့ကို ထုမှန်းတော့ မသိဘူး ထိုင်းအချင်းချင်းဆိုတော့ အရောင်တွေနဲ့ သူ့လူ ကိုယ့်လူ ခွဲပုံပဲ (အဲ့ဘက်ကို သွားသွား စပ်စုနေတဲ့ ကျွန်မကတော့ အဖြူရောင်ပဲ ၀တ်သွားတယ် :) ပြေးရလွှားရလွယ်အောင် ပေါ့..ကျွန်မသည် သတင်းထောက် ဖြစ်ကြောင်း လည်ပင်းမှာလဲ ဆွဲထားရသေးတယ် အင်္ဂလိပ်လို မဖတ်တတ်တဲ့ ကိုကိုထိုင်းနဲ့တွေ့လို့ စိတ်မထင်ရင် နင်းသတ်မှာလဲ စိုးရသေး အဟေးဟေး။
အခုချိန်မှာတော့ ထိုင်းမှာတော့ အနီရောင်တွေ အ၀ါရောင်တွေ အနက်ရောင်တွေ နဲ့ လူတွေဆိုတာ ဗြောင်းဆန်နေတာ အမှန်ပဲ အ၀ါတွေက လိုင်းကားတွေကို အပိုင်စီးပြီး လမ်းတွေကို ပိတ်တော့ အနီတွေက လေးခွတွေ သေနတ်တွေနဲ့ ပစ်ကြတယ် ရဲတွေကလဲ သူတို့ လုံခြုံရေးတောင် သူတို့ မယူနိုင်ဘူး ကြောက်လိုက်တာ တုန်နေတာပဲ သူတို့ကိုလဲ ဆနပြသူတွေက ကြုံရင်ကြုံသလို ထုသွား နှက်သွားတာ ခံရသေးတယ် သူတို့ကို အလည်မှာထားပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ပစ်နေခတ်နေကြတယ် အလည်ခေါင်က ကိုကိုရဲ ရဲကိုကိုတွေကတော့ ၀တ်စုံပြည့်နဲ့ ဒိုင်းတွေ လွှားတွေနဲ့ပေါ့ အမှန်တော့ ပစ်သမျ ခတ်သမျကို ကာနေရတာ..မသေရံတမည်ပဲ သူတို့လဲ
အခုတော့ မြို့ထဲမှာ လူတွေကလဲ ငြိမ် ကားတွေလဲငြိမ် ဘန်ကောက်မြို့ကြီးက မှင်သေသေနဲ့ ငြိမ်ချင်ယောင်ဆောင်နေတယ် .နိုင်ငံခြားသားတွေလဲ မျက်စိသူငယ်နားသူငယ်နဲ့ပေါ့ လေဆိပ်မှာ ငုတ်တုတ်လေးတွေထိုင်လို့ လာမိတာကိုက ငါ့အမှားတဲ့ ပက်ပုန်း သွားတုန်းက အပျော်တွေ ပတ်ထရာကမ်းခြေမှာ ယပလက်မလေးနဲ့ ကဲခဲ့မိတာတွေ နောင်တရနေလောက်ပြီ :)
လွတ်လပ်စွာ ဆနပြခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဆိုတော့လည်း လမ်းပေါ်မှာ ဆူတဲ့နေရာ ဆူ ပွက်တဲ့နေရာပွက် အော်တဲ့နေရာ အော် ထုတဲ့နေရာ ထုပေါ့.သတ်တဲ့နေရာ သတ်ကြပေါ့ ဒီမိုကရေစီဆိုတာကြီးကို အပြည့်အသုံးချနေကြလေရဲ့
ဒါနဲ့ စကားမစပ် ထိုင်းဝန်ကြီးချူပ် အဆက်ဆက်က ပြောခဲ့ဖူးတယ် မြန်မာပြည်က ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုပဲ.
ဟော ပြောရင်းဆိုရင်း ဗုန်းလေးလုံးပေါက်ပြန်ပြီတဲ့ ..ဒွန်မောင်းလေဆိပ်မှာ နောက် သုဝဏဘူမိလေဆိပ်မှာက ဗုန်းသုံးလုံးတဲ့ အပြန်အလှန် သေနတ်တွေနဲ့ ပစ် လေးခွတွေနဲ့ ဆော် တုတ်တွေနဲ့ ရိုက် ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ ..။
Posted by masumon at Wednesday, November 26, 2008
အထိတ်တလန့်သတင်းတွေလာ(share)ပေးသွားတဲ့.. ကိုကိုဝေ အားအမေ့လက်ရာက အထိတ်တလန့် နဲ့ကျေးဇူးပါ။
မူရင်းပို့စ်တင်ခဲ့တဲ့ ..မူရင်းပုဂ္ဂိုလ် အားလည်းကျေးဇူးပါ။
အခြားသူများလည်းရေးပေးဖို့ခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Thursday, November 27, 2008 0 comments
Labels: သတင်းရေးရာ
Monday, November 24, 2008
ကိုကိုရွှေ.၊မမရွှေများအတွက် ရှလွတ်ရှလွတ် မြန်မာ Foods
မြန်မာရိုးရာ..စားစရာလေးတွေက
ကျွန်တော့်လို..အိမ်ဝေးအိမ်ဆွေး(လွမ်း)အတွက်
“ရှလွတ်...ရှလွတ်..ရှလွတ်”
စလုံး(စင်္ကာပူ)ရောက်ညီအကို.မောင်နှမ များလည်း
ကျွန်တော်လို.ပိုပီး ရှလွတ်..ရှလွတ်ဖြစ်ချင်ရင်ပေါ့..
ဒီမှာတဲ့.....
www.myanmartravelinformation.com
ဗိုက်ဆာအောင်..ဓါတ်ပုံလေးတွေပဲ ပို့လာပေးတဲ့
မမမျိုး အား အမေ့လက်ရာက ကျေးဇူးပါ။
တကယ်များ..လက်တွေ့ လုပ်ကျွေးရင် (ရှလွတ်၊ရှလွတ်)
ကျေးဇူး သန်းပေါင်းများစွာ
ပိုတင်ပါ့မယ်နော်။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Monday, November 24, 2008 0 comments
Labels: ဓါတ်ပုံပြပွဲ
”သတိ..ဗိုင်းရပ်စ်အကြီးကြီး.လာဖျက်ဆီးမည်တဲ့”
ကွန်ပျုတာအကြောင်းလေးမတောက်တခေါက်ပဲသိတဲ့ကျွန်တော်ထံ မြန်မာပြည်က.
ညီမက ဟိုမေးဒီမေးမေးနေကျ။မဖြေနိုင်တော့စိတ်ပျက်ရတယ်။အခုတော့..ဒင်းမမေး
ခင် အီးမေးလ်ဝင်လာတဲ့ ဆရာသွင် ရဲ့ forwad messages လေးကို ညီမနဲ့အမျိုး
အားလုံးသိစေရန်...Share တော်မူပါသည်။မေးလ်ဝင်လာတိုင်းလက်ခံဖွင့်တတ်တဲ့
သူများ.............................................................
”သတိ..ဗိုင်းရပ်စ်အကြီးကြီး.လာဖျက်ဆီးမည်တဲ့”
Big Virus Coming Soon!
>
> PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!
>
> You should be alert during the next few days. Do not open any message
> with an attachment entitled 'POSTCARD FROM BEJING', regardless of who
> sent it to you.
> It is a virus which opens A POSTCARD IMAGE, which 'burns' the whole
> hard disc C of your computer.
> This virus will be received from someone who has your e-mail address
> in his/her contact list.
> This is the reason why you need to send this e-mail to all your
> contacts It is better to receive this message 25 times than to receive
> the virus and open it.
> If you receive a mail called' POSTCARD FROM BEJING,' even though sent
> to you by a friend, do not open it! Shut down your computer
> immediately.
> This is the worst virus announced by CNN. It has been classified by
> Microsoft as the most destructive virus ever.
> This virus was discovered by McAfee yesterday, and there is no repair
> yet for this kind of virus.
> This virus simply destroys the Zero Sector of the Hard Disc, where the
> vital information is kept.
>
> Thanks,
> Messenger
>
>
>
>
>
> --
> Happy all day from all friend.
> never have my love
>
>
>
> --
Thanks & Regards
Kyaw Lin
Project Engineer
Plant Engineering Construction Pte Ltd
Singapore.
ကျေးဇူးပါ...ဆရာသွင်။
မူရင်းစပေးပို့တဲ့..ဆရာကျော်လင်း လည်း thanks ပါ။
အားလုံး..သူငယ်ချင်းများလည်း ကျေးဇူးပါဗျာ။
သိတာလေးများမျှကြပါ။
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Monday, November 24, 2008 0 comments
Labels: သတင်းရေးရာ
Saturday, November 22, 2008
စာ၊ကဗျာ..ချစ်သူများ အသက်ဆက်ဖို့
မြန်မာ့ထင်ပေါ်ကျော်ကြားကဗျာ၊စာ၊ဆေင်းပါး၊၀တ္ထု(ခေတ်ပေါ်၊
ခေတ်ဟောင်း)စာအုပ်များကို တနေရာတည်းစုစည်းထားပါတယ်။
စာ၊ကဗျာ၊၀တ္ထု ၊ဆောင်းပါး.စွဲသူများအတွက် ဒီဆေးသောက်ပေးပါ။
http://www.cherrythitsar.org/
ဘ၀အမောများပြေလို့၊တခုခုရရှိနိုင်ပါစေ။
ဗစ်တာထွန်းဇေ
Posted by ah..maye.. latt..yar at Saturday, November 22, 2008 0 comments
Friday, November 21, 2008
“မယုံဘူး၊ကြုံဘူးမှဆိုလည်းလေ....”
(၁)
ဒီနားနှစ်ဘက်မှာ....ခုတလော
အမြဲတမ်းကြားနေရ၊မေးနေကြစကားတွေ၊အသံတွေက...
“စင်္ကာပူမှာ..အလုပ်တွေရှားလာပီတဲ့”
“ဟဲ့..မလွယ်ဘူးနော်၊စွတ်မသွားကြနဲ့”
“မရီနာဘေး-ပရိုဂျက်ကြီး တောင် အရှုံးခံထိမှာမို့
ရပ်ပီဆိုလား..”
“မယုံမရှိနဲ့ကောင်..မင်းကြည့်ပီးဘုရားတပေတော့”
၂၀၀၉ မှာ သန့်ရှင်းရေးအလုပ်ကလေးတောင်မြဲပါတော့မလား”
“စိတ်ညစ်တယ်..ကိုဇေယျာရေ၊လာရမလား..မလာရဘုးလား”
”သတင်းစာမှာ..PR နဲ့ S'porean ပဲခေါ်တော့မှာတဲ့”
“လေဆိပ်မှာ..အ၀င်တွေရပ်ပီနော်၊မလွယ်ဘူးပြန်လာသူတွေရှိတယ်”
(၂)
ရောက်နှင့်နေသူနဲ့၊လာချင်သူတွေကြားမှာ..ဒီမေးခွန်းနဲ့
အဖြေတွေက..သို့လောသို့လော။
သေချာတာတော့...ကျွန်တော်ဘုရားရှိခိုးမှန်လာပါပီ။
(အီးမေးတွေထဲက....၂၀၁၂ မှာ ကဘာကြိးပျက်မယ်ဆိုတဲ့
သတင်းကြားပီးတည်းကလေ)။ ။
(၃)
စင်္ကာပူ ဒိသတင်းထူးမေးလ်က..ဘယ်သူ share တော်မူသည်မသိ
ဖတ်ကြည့်ရအောင်၊ယခုတင်ပေးလိုက်ပါတယ်။
====================================
ကျွန်တော့်သူငယ်ချင်းတစ်ယောက်15.11.2008 ကစင်္ကပူကို
visit နဲ့သွားပြီးအလုပ်ရှာဖို့ သွားတဲ့အတွေ့အကြုံကိုပြောပြချင်ပါတယ်.။
ဒီမေးလ်ကိုလည်းတတ်နိုင်သမျှ
forward လုပ်ပေးစေချင်ပါတယ်.။
ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်သူငယ်ချင်းလိုမျိုးထပ်မဆုံးရှုံးစေချင်လို့ပါ.။
သူက ( ကျွန်တော်သူငယ်ချင်း) က 15.11.2008 ညနေ က MI517 နဲ့
စင်္ကပူကို သွားခဲ့ပါတယ်.......စင်္ကာပူရောက်တဲ့အချိန်မှာစကာင်္ပူ
Immigration ကသူတို့ကိုပေးမ၀င်ဘူး........
ဘာဖြစ်လို့လည်းဆိုတဲ့အကြောင်းပြချက်ကိုလည်းတိတိကျကျမပေးဘူးခင်ဗျ။
ပိုက်ဆံကိုလည်းစစ်တယ်.......စင်္ကပူရာဇ၀င်မှာဒါမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး..။
စင်္ကပူထဲကို Visit သမားတွေအ၀င်မခံပဲထားတာဒါ ပထမဆုံးအကြိမ်ပါပဲ.။
အဲဒီညနေကသွားတဲ့အဖွဲ့ထဲမှာ ၅ ရောက်ပြန်လာရပါတယ်.တစ်ယောက်က
work permit ရပြီးသားလူတစ်ယောက်ပါပါတယ်....။
သူကိုမေးမြန်းကြည့်တဲ့အခါမှာတော့ သူအလုပ်လုပ်ရမဲ့ Company ကသူ့အတွက်
Deposit မတင်ထားရသေးလို့လို့ပြောပါတယ်...
work permit ရပြီးသားဆိုပေမယ့်လည်းစိတ်မချရသေးဘူးဆိုတဲ့သဘောပါပဲ.....
ကျွန်တော်ဒါကိုပြောပြရခြင်းက လက်တလော စင်္ကပူသွားမဲ့ / သွားချင်နေတဲ့လူတွေ...
သေချာစုံစမ်းလေ့လာပြီးမှသွားသင့်တယ်ဆိုတာကိုပြောပြချင်လို့ပါ..။
သူတို့သွားတဲ့ညနေခင်းမှာ ပြန်လွှတ်တာက မြန်မာတွေတင်မဟုတ်ပဲ......
တစ်ခြားနိုင်ငံကလူတွေပါပါတယ်ဆို တာပါပဲ...( Phlipine, Thailand , China ,) ...
သူအပြောအရဆိုရင်အဲဒီတစ်နေ့ထဲမှာတင် တစ်ခြားနိုင်ငံကလူတွေအပါ......ကို
အယောက် 5၀ နဲ့100 ကြားမှာရှိတယ်လို့ခန့်မှန်းရပါတယ်........
သူတို့အားလုံးကို စင်္ကပူလေဆိပ်မှာတစ်ညအိပ် ခိုင်းပါတယ်.......
အပြင်ကိုဖုန်းဆက်ခွင့်လည်းမပေးပါဘူး....
ပါလာတဲ့ အိတ်တွေ..ဖုန်းတွေ... passport အားလုံးကိုလည်းသူတို့ယူသိမ်းလိုက်ပါတယ်.
Passport ကိုရန်ကုန်လေဆိပ်ရောက်မှပြန်ပေးတယ်.......
အပြင်ကလာကြိုတဲ့လူတွေဖုန်းဆက်တော့လည်းပြောခွင့်မပေးဘူးလို့သိရပါတယ်။
သူတို့အားလုံး 16.11.2008 မနက် MI 512 နဲ့ပြန်လာခဲ့ကြပါတယ်...........
ကျွန်တော်သူငယ်ချင်းကိုစင်္ကပူက Refuse လုပ်လိုက်တဲ့ Letter ကို attach
လုပ်ပေးလိုက်ပါတယ်.။အရေးကြီးတဲ့သတင်းတစ်ခုဖြစ်လို့မြန်မြန်လေး
forward လုပ်ပေးကြပါခင်ဗျာ.........။
ရန်ကုန်လေဆိပ်ကတော့အားလုံးကိုနွေးနွေးထွေးဃွေးကြိုဆိုကြပါတယ်.......
ဒီကတာဝန်ရှိသူတွေကိုတိုင်လည်းအဲဒီလုပ်ရပ်ကို စိတ်ဆိုးနေကြပါတယ်....။
ပြန်လာရတဲ့လူရဲ့အကြောင်းကိုတိတိကျကျထပ်သိချင်ရင်.........။
myominoo1982@gmail.com
ကိုမေးလ်ပို့ပြီးတော့ထပ်မံမေးကြည့်နိုင်ပါတယ်..ကျွန်တော့်ကိုထပ်မေးချင်ရင်လည်း
striker112@gmail.com ကိုမေးနိုင်ပါတယ်...လက်လှမ်းမီသမျှပြောပြပါမယ်....။
===============================================
(၄)
အကြောင်းတရားကြောင့်၊အကျိုးတရားဖြစ်ရသည်ဆိုတဲ့..ဗုဒ္ဒဓမ္မတရားတော်အတိုင်း
ကျိုးကြောင်းဖြစ်စဉ်..၊သခါင်္ရတရားရင်ဝယ်ပိုက်ရင်း..,
ကောင်းမှုတခုနေ့စဉ်ပြုကာ...ရှိရင်းစွဲအလုပ်ကလေးကိုကြိုးစား
တနေ့တာ..မျှော်လင့်ခြင်းများဖြင့်ဖြတ်သန်းလို့။ ။
“အားလုံးဘယာကြောင့်ကြဝေး၊ကိုယ်စိတ်ကျမ္မာကြပီး၊ချမ်းသာကြပါစေ”
နွေးထွေးစွာ၊ချစ်ခြင်းအားဖြင့်..............................
သားရွှေနု(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Friday, November 21, 2008 0 comments
Thursday, November 20, 2008
ဖီလင်..ဆိုတာ.....................????????????
(၁)
.တီ.ဂီဂွမ်မြည်လာတော့နည်းနည်းရင်တုန်သွားတယ်။
ဖုံးသံကြားရင်..ရင်တုန်ရတာကိုပြောတာပါ၊
ဒီမှာအလုပ်ချိန်ဖုံးလာမှာအကြောက်ဆုံး၊ကိုယ့်အလုပ်က..သူများ
(အထက်လူကြီး)တနေကုန်ခေါ်ခိုင်းမှ၊ခေါ်ဆဲမှလစာရတာမျိုး။
”ဟိုကောင်..မင်းဟိုကိုသွား၊
ဒီကိုလာယူ”ဆိုတာမျိုး။
ုမင်းကြီးများက..ဖုံးဟုခေါ်သောစကားပြောရသော၊
လွန်စွာဝန်ပေါ့ပီးသေးသွယ်သော စကားပြောစက်မျိုးနှင့်
မင်္ဂလာချီတက်သောသဘောရှိသည်မို့၊ရုံးရောက်ရင်
ဒင်းကြီးဂီဂွမ်မြည်၊မင်းကြီး..ထွီထွမ်မည်မှာ အလန့်ဆုံး။
(သူ့ကိုဝပ်တွားနေရချိန်လေ၊ဘယ်လိုလုပ် ရင်ဘတ်မော့ရဲပ)
(၂)
“ဟဲလို..မောနင်း ဆာလ်”
ဖုံး(answer)
ခလုတ်ဗြုန်းဆိုနှိပ် ချက်ချင်းအဖြေကိုအသင့်အနေထားနဲ့ပြောလိုက်တယ်။
”ကို..ဆရာ“
ကျွန်တော်..မျိုးလင်းပါ”
”မွေးပီဗျ..မွေးပီ“
ဘယ်လိုဟာတုန်း၊ရုတ်တရက်..မိန်းကြိုးများ(fuse)တွေပျက်သွားသလား။
ဘိတ်သံဝဲ၀ဲနှင့် အားရပါးရစကားသံက၊ကျွန်တော့်သူငယ်ချင်း
ဆရာကောင်အင်ဂျင်နှီယာကြီး..ကိုမျိုးလင်း။(ကျွန်တော်တို့က..အားလုံးကိုဆရာကောင်ခေါ်နေကြ၊
သူငယ်ချင်းအားလုံးကလူတော်တွေချည်းလေ)ဒါ.မြန်မာပြည်ကနေသူ့ကို..
သူ့မိန်းမ မျက်နှာမြင်မြင်ချင်း(သို့)
သူ့အမျိုးသမီး ကလေးမီးဖွားပီးပီးချင်း...အထူးသတင်း(up to date )ပေးလို့ပဲဖြစ်မယ်။
ကလေးမမွေးခင်ကတည်းက....ရင်ဖိုမောပျို၊၀မ်းသာနေတဲ့ပုဂိုလ်(ဆရာကောင်)က..
၊ကလေးရော၊မိခင်ပါ အားလုံးအဆင်ချောကြတဲ့သတင်း၊သားဆိုတဲ့အားတရပ်မှန်းသိ
လိုက်ရတော့.....
“ကျွန်တော်ဝမ်းသာတယ်ဗျာ
သားလေးဗျ..ဖုံးထဲမှာ ခလေးငိုသံကြားလိုက်ရတယ်
အား..ဘာပြောရမှန်းမသိဘူးဗျာ
ပျော်တယ်ဗျာ”
သူ့စကားသံတွေနားထောင်၇င်း
ကျွန်တော့်ရင်ဘတ်ထဲက.မေးခွန်းတွေကအဖေဆိုသော ၊
အမေဆိုသော၊မေတ္တာဆိုသော
အရာသာ......ဒလဟောပြုတ်ကျ။
မနက်ခင်းဟာ..ပုံမှန်အတိုင်းမင်္ဂလာရှိနေချိန်၊
အနှေးအမြန်ပြကွက်တွေထဲမှာ ဟန်လုပ်ပီး
အပိုသရုပ်ဆောင်ထားခြင်းမရှိတဲ့အရိုးသားဆုံးကဗျာတပုဒ်၊
ပီတိလှိုင်းတွေနဲ့
ကာရံမဲ့အောင်လွှတ်လှသွားတာ
ဘယ်သူငြင်းမလဲ..သူ့ရင်ဘတ်ကို အငှားခံစားကြည့်
ဒါဖီလင်လေဗျာ...............................................................................။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကလေးအဖေ..အသစ်စက်စက်၊နောင်တခေတ်ရဲ့လူတော်ကောင်း ဖခင်
ကျွန်တော့်ဆရာကောင်..ကိုမျိုးလင်းရဲ့
သားဦးလေးမွေးဖွားခြင်းအားဂုဏ်ယူဝမ်းမြောက်ပါသည်။
“သားဦးလေး..မောင်မောင် အနာကင်းပီး အသက်ရာကျော်ရှည်ပါစေသောဝ်”
ဗစ်တာထွန်းဇေ
Posted by ah..maye.. latt..yar at Thursday, November 20, 2008 0 comments
အဖြေကောင်...(သို့) အဖြေကောင်း
စိတ်ညစ်လို့လည်း မဟုတ်ဘူး
သိပ်ချစ်လို့လည်း မဟုတ်ဘူး
ကြိုက်ဖြစ်နေတဲ့သဘောက
ဒီရင်ဘတ်ကြီးကစတာပဲ....။
တကယ်..
မြင်ခွင့်ရနေတာ..ဆယ်စုနှစ်၂စုစာ
ကြားခွင့်ရနေတာ..ဆယ်စုနှစ်၂စုကြာ
ဒါတွေကို..
ခံစားပီးပြန်ပြန်သနားရာကနေ..
လောကကို ထွေးထုတ်
မျိုချချင်တဲ့အရာမဟုတ်တာတွေအတွက်
အလျော်အစားသဘောသက်သက်
မနက်မနက် အာရုံဦးပန်းချီ ရှုးခဲ့ချင်သူ။
လက်တွေ့မှာ.............
ပျို့ပျို့တက်လာတဲ့ ရင်ဘတ်ကြီးထဲက
တခုခုတွေ အားလုံး
ငြိမ်နားထောင်..
”ငါ”အပုတ်ကောင်
မပျက်သုဉ်းမချင်း
တသက်လုံးမှာ မညံ့ကြေး
(အရက်သွေးက ရင်ဘတ်ထဲ အနှံ့ပေါ့။)
ဗစ်တာထွန်းဇေ
Posted by ah..maye.. latt..yar at Thursday, November 20, 2008 0 comments
Tuesday, November 18, 2008
MERRY CHRISTMAS TO YOU(ခရစ္စမတ်ကတ်ဒ်လေးတွေပို့ရအောင်ဗျို့)
အလုပ်များသူတွေချည်းမို့
တနေ့တာပြေးလွှားရင်း
တနှစ်တာကုန်ဆုံးတော့မည်ကို
ဂရုထားမိလိုက်တော့
“အို..မကြာမှီမခရစ်တော် မွေးနေ့ပါလား”
အနယ်နယ်အရပ်ရပ်က မိသားစုတွေပြန်
စုဝေးနိုင်ဖို့ x'mas ကတ်ဒ်လေးတွေပေးပို့နိုင်ဖို့နဲ့
ဆုတောင်းပေးနိုင်ဖို့...ဒီလင့်ခ်ကလေးကိုမျှပါရစေ...
http://www.123greetings.com/cgi-bin/search/search.pl?query=christmas&page=2&category=&result_size=9&sort_by=P
အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ....
.နှစ်သစ်မှာ အစစတိုးတက်ပြောင်းလဲ ကိုယ်စိတ်ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
သားရွှေနု(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Tuesday, November 18, 2008 0 comments
Saturday, November 15, 2008
ညနေစာ..ထမင်းဝိုင်းအရသာ
ဟိုစဉ်အခါ အမေ့အိမ်၌
မိသားစု စုံညီ ၀ိုင်းဖွဲ့ချီလို့
ကြောင်လျှာသီးသုပ်
ဟင်းချိုပြုတ်နှင့်
ငါးပိအရည်ကျို
ငရုပ်ပျိုစပ်စပ်
သားဟင်းလျာမစွက်ပဲ
မြိန်ရာဟင်းကောင်း
လွန်စွာကောင်းခဲ့။ ။
ပြီးသောခဏ
စားပြီးဇိမ်ခံ
လက်ဖက်ထောင်းကား
အလွန်မြိန်ဖွယ်။ ။
ယင်းနောက်တဖန် ညဉ့်ယံတိုင်အောင်
ရယ်ရယ်မောမော သောသောရွှင်ပျ
အခါးရည်ပူကြမ်း နှင့်
စကားအချေအတင်ဆို
အိပ်ယာဝင်ကြ။ ။
ခုမ်ားဘ၀ စကာၤပူက
အလုပ်သိမ်းပြန် ညနေ၀ယ်
လျင်စွာချီတက်
Food court ဘက်
ကြက်သားချိုချိုချက်
သီးနှံရွက်နှင့် အအေးတဖန်ခွက်
မကြိုက်လျက် စုံဖက်။ ။
သားရွှေနု(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Saturday, November 15, 2008 2 comments
Labels: ကဗျာ
“ကျမအသည်းတွေကို ခွဲသွားတဲ့....မောင်”
မောင်..
အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...
သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။
ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....
သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။
သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြေါချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။
ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။
ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။
ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။
@@@@@@@@@@@@@@@@@@@@@@@@@@
ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......
ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်
ိကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....
ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။
မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။
"ဟိတ်...တို့ကို တခုကူညီပါလား"
မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊
ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။
"မောင်"
အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။
မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။
"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"
မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................
(မရီနဲ့နော်။။။။)
ထူးထူးဆန်းဆန်း...ပို့စ်လေး လာပေးသွားတဲ့ ကိုကိုဖြိုး ကို ကျေးဇူးပါ။
အခြားသူများလည်းခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Saturday, November 15, 2008 1 comments
Friday, November 14, 2008
“အမေ့အိမ်သည်...သာ နွေးထွေးရာ“
(၁)
ဒီနေ့အသက်ရှုရတာပိုအရသာရှိသလိုပဲ၊နေ့စဉ်တွေ့နေကြမျက်နှာတွေ၊ကြားနေ
ကြစကားတွေ၊မြင်နေကြအရာတွေ..အိုအားလုံးကကာရံမဲ့လွှတ်လှလွန်းတယ်။
ဒါကအဖြစ်ချင်ဆုံးဆန်ဒတခုဖြစ်လာရပြီလေ။စင်္ကာပူနိုင်ငံမှာအလုပ်ရှာလာခါစ
တုန်းဒုတ်ခက..Are you Singaporean (or) PR? ဆိုပြီး၊မြန်မာforeignerဘ၀အလုပ်ရဖို့တော်တော်အခက်ခဲကြုံခဲ့ပုံ၊ရပြန်တော့လစာ
နည်းနည်းနဲ့အဆဲအဆိုခံအဆင်းရဲခံ၊ဘ၀ကိုနာလို့ကျည်းလို့။ဒီလိုနဲ့…
အနေကြာရုံးကန်ခဲ့လာတော့PR ဘ၀ဆိုတာ.အကောင်ထည်ပေါ်လာပြီ။
I.C.A ရုံးကနေ ဒီနေ့PR ကတ်ဒ်ထုတ်ပြီးအပြန်အတွေးအိမ်မက်တွေက
ဇေယျာရွှေပြည်အမိမြေနဲ့ဝေးသထက်ဝေး၊စကာင်္ပူရမ်း(နိုင်ငံသူ,လေး)
နဲ့ရွှေလက်တွဲနိုင်ငံသားလျှေက်ရေးကပီတိဝေ။မမြင်သေးတဲ့
ကလေးတွေအရေးကပါ...ပုံရိပ်ပန်းချီနှယ်။
(၂)
ညကအပျော်အရှိန်လွန်နေခဲ့တာကြောင့်ဒီနေ့မြန်မာပြည်ကသူငယ်ချင်း
တွေဆီအသိပေးရအောင်အီးမေးလ်ပို့ဖို့မေးလ်ဖွင့်လိုက်တော့မညီညာပေမယ့်
၊သေချာတဲ့မှင်ပြာရောင်လက်ရေးတွေနဲ့“လူလေး..သို့”ခေါင်းစည်းနဲ့scanner
ဖတ်ပြီးပို့ထားတဲ့အဖေ့ဆီကစာတစောင်တွေ့လိုက်ရတယ်။အဖေကအကြောင်း
ရှိမှစာရေးတတ်တယ်။ပြောစရာရှိမှပြောတတ်တယ်။ပြောလိုတာကိုအတိအကျ
နားလည်အောင်ရှင်းတတ်တယ်။ပြတ်သားတယ်။တခါမှတ်မိတယ်...
၁၇နှစ်ပြည့်မွေးနေ့လက်ဆောင်ဆိုပြီး..၊အမွေတဲ့ဗျာ..ခေတ်ဆွေး
နိုင်ငံခြားဘာသာစာအုပ်ဟောင်းတွေ၊မြန်မာစာအုပ်ဟောင်းတွေ
(အားလုံးကစာပေအဖိုးတန်တွေ)စုဆောင်းထားတဲ့ဗီရိုကြီးရဲ့သော့နဲ့
စကားတချို့ပေးခဲ့ဘူးတယ်“လူဆိုတာအသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတက်ရတယ်
ရည်မှန်းချက်ထားရှိပြီးရောက်အောင်လှမ်းဆွတ်ရမယ်၊အထူးပြုဆောင်ရွက်ရင်း
လောကကိုကောင်းကျိုးပြု၊ဂရုပြုရမှာကအကြောင်းမဲ့၊အကျိုးမဲ့မသေလေနဲ့”။
သူငယ်ချင်းတွေက“မင်းအဖေကဂျပန်ခေတ်စစ်ပြန်ကြီးမို့လို့အဖိုးကြီးပါကွာ”တဲ့
။ဘာဖြစ်ဖြစ်..ဒီနေ့အထိသူချစ်ပုံကတော့တမျိုးဆန်းနေတုန်း။အခုအီးမေးလ်မှာ
ရေးလာတာက…………………………………………………………
လူလေး…
မင်း.တလောက ငွေပို့ရင်း ဖုံးပြောခဲ့တာကိုမှတ်မိလား။
မိဘတွေကမင်းအသံကိုနားထောင်နေကြကွ၊မင်းနှာစီးနေတာတို့သိရတယ်။
မိဘဆိုတာကိုယ့်သားသမီး ကို ပွေ့ဖက်ပြီးအရိပ်အောက်မှာမိုးထားချင်တာကွ။
ဘယ်အရွယ်ရောက်ရောက်မင်းတို့ကိုကလေးလို့ပဲမြင်တယ်။ရေခြားမြေခြားမှာ
အစစအရာရာဂရုစိုက်ရမယ်၊ကျန်းမာရေးကိုမပေါ့လေနဲ့။ငါတို့ကသာမင်းတို့ကို
ရှာဖွေကျွေးချင်တယ်ကွာ။ခုမင်းတို့လစာကိုငါတို့မစားရက်ဘူး၊။အသက်အရွယ်အရ
မလွှဲသာလို့စားနေရပေမယ့်၊မင်းအမေကိုစာရင်းနဲ့ရေးမှတ်ခိုင်းတယ်။လိုတာလေးပဲစား၊
ပိုတာလေးမင်းအတွက်စုလို့။မင်းလည်းမင်းအခြေကျအောင်ကြိုးစား။မိဘအတွက်ချည်း
အပင်ပန်းမခံလေနဲ့။မင်းအမေကတော့..မင်း(PR)လျှောက်လို့ကဒ်ရတော့မယ်ဆိုတာ
ကြားတော့ညပျော်လွန်းလို့မအိပ်ဘူး။အဖွားကြီး...စကာင်္ပူလည်ချင်နေပုံပဲ။
အဖေအနေနဲ့တော့ မင်းကိုဂုဏ်ယူပါရဲ့၊ဒါပေမယ့် မင်းကို ငါ့မျိုးဆက်သမိုင်းမှာ
အကောင်းဆုံးဖြစ်စေချင်တယ်။ကျော်ကျော်ဦးပြန်လာတုံးကမင်းအမသွားတွေ့တယ်။
မင်း..က“Singaporean”မလေးကိုသဘောကြနေတယ်တဲ့၊နိုင်ငံသားခံမယ်တဲ့။
ဘာဖြစ်ဖြစ်လေဒါကမင်းကိုယ်မင်းဆုံးဖြတ်ရမှာ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်းရှိတယ်။
ငါပညာတော်သင်ဘ၀နိုင်ငံခြားသွားတုန်းကလည်းမင်းလိုပဲ၊(လူငယ်လေကွာ)။
ဒါပေမယ့်စဉ်းစားကြည့်တော့မလွယ်ဘူး၊ငါ့မိဘကဗမာ၊မွေးတာက မြန်မာ၊
သူများဆီ လာနေ ဇာတိစွန့်ပြီး အရိုးဆွေးထိအကျိုးပြုရမှာ သမိုင်းမှာ အမဲစက်ရာမပါချင်ဘူး။မင်းကိုဘာလုပ်ပါလို့ငါဖိအားမပေးဘူး…ဗဟုသုတလေးအ
ဖြစ်ကုလသမဂအတွင်းရေးမှုးဖြစ်ခဲ့တဲ့ဦးသန့်(မြန်မာ)ရဲ့စကားလေးပြောပြချင်တယ်…။
“မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာသေရမယ်။
အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို
ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှစိတ်မကူးလေနဲ့။
(ဦးသန့်)”
လူလေး..မင်းလည်းစာဖတ်လာတာညောင်းရော့မယ်။ငါလည်းနားအုံးမယ်ကွာ၊။
ကျန်းမာရေးကိုဂရုစိုက်၊ဘာသာရေးလည်းမမေ့နဲ့ကွ။မေတာနဲ့တရားသဖြင့်
အမှုမှန်သမျှကိုဖြေရှင်း။လိုအပ်တာကိုလည်းမှာပါ။
ဘယာကင်းလို့ကိုယ်စိတ်ကျန်းမာပါစေ။
သတိတရနဲ့
အဖေ
(၃)
မနက်ဟာ ကျွန်တော့်ကိုပြန်ဆန်းစစ်ဖို့အခန်းအပြင်ဘက်ကစောင့်နေချိန်၊အမေ့အိမ်အနွေး
ဓါတ်က ကျွန်တော့်ကို နွေးနွးထွေးထွေးနဲ့အရိုးသားဆုံး ကြိုဆိုနေမှာတွေးရင်းပီတိတွေနဲ့
အဖေ့ဆီ စာပြန်ရေးဖို့လက်ချောင်းလေးတွေသွက်လွက်စွာလှုပ်ရှားနေခိုက် ..
PR ကဒ် ပြားလေးကခုံပေါ်မှာလဲလျောင်း ငြိမ်သက်……………………………………………….။
သားရွှေနု...(စင်္ကာပူ)
ကျွန်တော့်ခံစားချက်လေးကို အရိုးသားဆုံးရေးဖြစ်တာပါ။ဝေဖန်ပေးကြပါအုံး။
ကျေးဇူးတင်ပါတယ်။အားလုံးကိုခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Friday, November 14, 2008 0 comments
Thursday, November 13, 2008
“အရေးပါတဲ့ဘ၀ရဲ့အသေးအဖွဲလေးတွေ”
ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...
ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...
အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...
ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...
နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...
နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...
မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....
ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...
ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...
ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...
သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...
ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....
နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...
တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...
သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...
ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...
ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...
သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...
မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...
'I'll carry you out every morning until death do us apart'
ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...
Translated by XINY@W13
~ ~ ~ ~ ~
# အီးမေးလ်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ မေးလ်တစောင်တွေတော့ ဖတ်ကြည့်ပြီး ရင်ထဲကို ရောက်လာလို့ မူရင်း အင်္ဂလိပ်လိုကနေ မြန်မာလို ခံစားမိတဲ့အတိုင်း ပြန်ရေးမိတယ်.. လောကမှာ ဘယ်အရာတွေက အရေးကြီးသလဲ ဘယ်အရာတွေ ကျနော်တို့ လစ်ဟာနေသလဲ သတိထားမိလာသလိုပဲ...
--
Sleeping in Struggle... Smiling in Tears...
XINY@W13
ဘာသာပြန်ဆရာ..ဇင်ယော်ရဲ့ခံစားမှုလေးကို၊မျှဝေပေးခဲ့သူ မနီလာ အား အမေ့လက်ရာမှကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ။သိတာလေးတွေဝေမျှကြဖို့လည်းခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Thursday, November 13, 2008 1 comments
“ကိုယ်ချစ်တဲ့သူကိုအကြာကြီး စိတ်မကောက်ကြပါနဲ့”
ကိုယ်ချစ်တဲ့သူကို အကြာကြီး စိတ်မကောက်လေနဲ့.(၁)အကြင်နာမဲ့တဲ့ အထင်လွဲမူတခုက ပျော်ရွှင်ခြင်းဆီကို လှမ်းနေတဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းကို ပျက်စေခဲ့တယ်။ ကံကြမ္မာရဲ့အထုံးတခုကို ဖြည်လိုက်နိုင်ချိန်မှာတော့ အရာအားလုံးဟာ နှောင်းသွားခဲ့ပါပြီ။ လက်ထပ်ပြီး နှစ်နှစ်အကြာ ရွာကမောင့်မေမေကို ကျွန်မတို့နဲ့ အတူလာနေ စေခြင်းကပူဆွေးသောကရဲ့ အစပေပဲလား.....ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ လှုံနိုင်အောင်၊ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ၀ရန်တာပါတဲ့ အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့နွေးထွေးနေတဲ့ အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့်ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး အောက်ချပေးဖို့ ပြောမှ မောင်က၀မ်းသာစွာနဲ့“ကဲ...မေမေ့ကိုသွားကြိုရအောင်”တဲ့။မောင့်မေမေ ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ် တဲ့ကျွန်မရဲ့ ခန္ဓာကို အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး ကျွန်မကို လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့ ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိခါရမ်းတတ်တယ်။ အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ပေပဲလား။မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲ ၀ယ်ပြီးဧည့်ခန်းမှာ အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး မအောင့်နိုင်ဘဲ..... “ဘ၀ကိုဘယ်လို ဖြတ်သန်းရမယ်ဆိုတာ နင်တို့မသိကြဘူးလား..စားလို့ရတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ပန်းတွေဝယ်ခဲ့ရသလဲ...”“မဟုတ်ဘူးလေ မေမေ.....ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ လန်းဆန်းနိုင်တယ်လေ” ကျွန်မရယ်ပြီးပြောတော့ မောင့်မေမေကခေါင်းငုံ့စူပုပ် နေခဲ့တယ်။“အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် ...တဖြည်းဖြည်းနဲ့ အမေကျင့်သား ရလာလိမ့်မယ်” မောင်က ရယ်ကျဲကျဲနဲ့ဝင်ထောက်တယ်။ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း ဘယ်လောက် ပေးဝယ်ခဲ့ရသလဲလို့မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင် တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တခါတလေ အထုတ်ကြီးငယ်တွေနဲ့ ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ...... ဒီဟာ ဘယ်လောက်လဲနဲ့ မေးတတ်ပြန်တယ်။ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့ စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။“ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့” ကျွန်မ နှာခေါင်းကို ဖိညှစ်ရင်း မောင်က ဆိုလာတယ်။ ပျော်ရွှင် စရာနေ့ရက်တွေက တဖြည်းဖြည်း သံစဉ်တွေ ပြောင်းလာခဲ့တယ်။
--------------------------------------------------------------------------------
Page 2
နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ် လင်ယောက်ျားက မိန်းမ အတွက်မနက်စာထလုပ်ရတယ်လို့....ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စလို့သူမြင်ခဲ့တယ်။မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင် ဟန်ဆောင်ခဲ့တယ်။ ဒါကို သူကဇွန်းခက်ရင်းတွေတတောက်တောက်ခေါက်ပြီး အသံတိတ် ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ ဆရာမတဦးပါ။ တနေကုန်ကခုန်ခဲ့ရလို့ ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို မခွာရက်ဘဲ ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ် ဆန္ဒပြတာကို မျက်စိမှိတ်၊ နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင် ကျွန်မပိုပြီး အလုပ်ရှုပ်ရပါတော့တယ်။ ဥပမာ....ပလပ်စတစ်အိတ်တွေကို ပြန်ရောင်းဖို့ဆိုပြီး အကုန် လိုက်စုထားတတ်တယ်။ နောက်တော့အိမ်တခုလုံး အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို နှာမြောလို့ဆိုပြီး မသုံးဘဲ နေခဲ့တယ်။ နောက်တော့မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး ကျွန်မ ပြန်ဆေးခဲ့ရတယ်။(၂)ညတညမှာ ပန်းကန်တွေကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကို မောင့်မေမေ မြင်သွားခဲ့တယ်။ အိပ်ခန်းတံခါးကို “ဒုန်း”ခနဲဆောင့်ပိတ်ပြီး အိပ်ရာထဲမှာ သူအော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား မောင်ပျာများ ရပါတော့ တယ်။ အဲဒီညကမောင်ကျွန်မကို စကားတခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို ကျွန်မ ဘယ်လိုပဲ စ စ ဂရုမစိုက် ခဲ့ဘူး။ “ကျွန်မ ဘာများအမှားလုပ်ခဲ့မိလို့လဲ..?” လို့ ပြန်မေးတော့ မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း.... “မပြောင်တဲ့ ပန်းကန်နဲ့စားလဲသေမသွားတတ်ဘူး....မင်းဘာလို့ မသိတတ်ရတာလဲကွာ” တဲ့။ အဲဒီနောက်ပိုင်းမှာ မောင့်မေမေ ကျွန်မကို စကားမပြောတော့ပါဘူး။ နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။မနက်စာ ထလုပ်တတ်တဲ့မောင်ကို မကြည့်ရက်လို့ မောင့်မေမေက မနက်စာ ချက်ပြုတ်ခြင်း တာဝန်ကို ယူလိုက်တယ်။သားစားနေတာကို ကြည့်ပြီး မောင့်မေမေ ပီတိဖြာပါတယ်။ ကျွန်မကို ကြည့်တဲ့ အကြည့်ကတော့ အိမ်ထောင့်တာဝန်မကျေဘူးဆိုတဲ့ အပြစ်တင် အကြည့်မျိုးနဲ့ပါ။ အဲဒီအကြည့်ကို ရှောင်ချင်လို့ ကျွန်မရဲ့ မနက်စာကို လမ်းမှာဝယ်ပြီးဖြေရှင်းလိုက် ရတာများတယ်။ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ “လူဒီ..အမေလုပ်တဲ့အစာတွေကို ညစ်ပတ်တယ်ထင်ပြီး အိမ်မှာမစားတာလား” ပြောပြီး တဖက်ကို မောင်လှည့်လိုက်တယ်။ မောင့်ရဲ့ အေးစက်တဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်မမျက်ရည်ကျခဲ့မိတယ်။ “လူဒီ...မောင့်မျက်နှာကို ထောက်ပြီး အိမ်မှာ မနက်စာစားပါလား” သက်ပြင်းတချက် ချရင်းမောင်က ဆိုလာတယ်။ မောင့်ကြောင့် ကျွန်မရှေ့မျက်နှာ နောက်ထားပြီး မနက်စာ စားပွဲခုံမှာ ပြန်ထိုင် ခဲ့တယ်။အဲဒီ မနက်က မောင့်မေမေ ပြုတ်ထားတဲ့ ဆံပြုတ်ကို ကျွန်မသောက်နေတုန်း ဘာဖြစ်တယ် မသိဘူး..ဗိုက်ထဲကအစာအိမ်ကို တခုခုနဲ့ ဖိထားသလို ခံစားရတယ်။ အစာတွေ ပါးစပ်က ထွက်မလာအောင် ကျွန်မဗိုက်ကို အတင်းဖိထားမိတယ်။ ဒါပေမယ့် မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ် လွတ်ချပြီး သန့်စင်ခန်းဖက် ကျွန်မပြေးပြီး ထိုးအန်မိတယ်။အန်ပြီး ပုံမှန်အနေအထား ရောက်အောင် လေကို ရှုသွင်းရှုထုတ် လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့မောင့်မေမေအသံကို ကျွန်မ ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သန့်စင်ခန်း တံခါးဝမှာ ခါးထောက်ပြီးကြည့်နေတဲ့ မောင့် ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။ ဖြေရှင်းဖို့ ပါးစပ်ဟလိုက်ပေမဲ့ ကျွန်မ နှုတ်က
--------------------------------------------------------------------------------
Page 3
စကားတခွန်းမှ ထွက်မလာခဲ့ဘူး။ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူးမောင်ရယ်.....မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်နေတဲ့ ကျွန်မတို့ကို မောင့်မေမေကစိုက်ကြည့်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။ မောင်က ကျွန်မကို ခပ်စူးစူးတချက်ကြည့်ပြီး အမေ့နောက်ကိုဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘ၀ထဲ ရောက်လာခါနီးမှ မထင်မှတ်တဲ့ မတော်တဆမှုကမောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။(၃)ရက်လုံးလုံး မောင်အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။ မောင့်မေမေ ရောက်လာပြီးနောက်ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ အိမ်ဟာ အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။ ကျွန်မဘာများ ထပ်လုပ်ပေးရဦးမလဲ...? ထူးထူးဆန်းဆန်းပဲ ကျွန်မလဲ တချိန်လုံး အန်ချင်နေမိတယ်။ ဘာပဲစားစား အရသာမဲ့နေတယ်။ဒီပြဿနာတွေနဲ့ ကျွန်မလဲ လူပမ်းစိတ်နွမ်းလှပါပြီ။လူဖော်ကိုင်ဖက် တချို့က “လူဒီ....နင်မျက်နှာကြည့်ရတာ တော်တော်မလန်းဘူး..... ဆေးရုံသွားပြီး စစ်ဆေးသင့်ပြီ”လို့ အသိပေးလာမှ ကျွန်မဆေးရုံဖက် ရောက်ခဲ့တယ်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီမနက် ထမင်း ၀ိုင်းမှာကျွန်မအန်မိတဲ့ အကြောင်းရင်းကို ကျွန်မ သိလာရတယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုထဲမှာ ၀မ်းနည်းတာတွေ ရောပါနေတယ်။မောင်ရော......အတွေ့အကြုံရှိတဲ့ မောင့်မေမေရော...ဘာဖြစ်လို့ ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်း ကို နည်းနည်းမှမရိပ်စားမိခဲ့တာလဲ....?(၃)ဆေးရုံဝမှာ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ (၃)ရက်ပဲ မတွေ့တဲ့ မောင်ဟာ ရုပ်တော်တော်ကျသွားခဲ့တယ်။ ကျွန်မမမြင်ချင်ဟန်ဆောင်ပြီးလှည့်ထွက်မလို့ပဲ ဒါပေမယ့် မောင်ပုံကိုကြည့်ပြီး သနားစိတ်ကို မအောင့်နိုင်ဘဲမောင်ကိုခေါ်လိုက်မိတယ်။ ကျွန်မခေါ်သံကြောင့် မောင်လှည့်ကြည့်လာပေမယ့် ကျွန်မကိုကြည့်တဲ့ အကြည့်ကသူစိမ်းတစ်ယောက်လိုပါပဲ။ မျက်လုံးထဲမှာတော့ မုန်းတီးခြင်း အငွေ့တွေက ကျွန်မကို ပြာစေကျခဲ့တယ်။ မောင့်ကိုမကြည့်မိအောင် ကျွန်မထိန်းရင်း အငှားကားတစ်စီးကို လက်ပြတားလိုက်တယ်။ ကားပေါ်အတက် မောင့်ကို “မောင်...မောင်အတွက် သားလေးတစ်ယောက် ကျွန်မမွေးပေးတော့မယ်” လို့ ကျွန်မ အော်ပြီး ပြောပြချင်လိုက်တာ။မောင်ကြားရင် ကျွန်မကို ကိုင်မြှောက်ပြီး တစ်ပတ်ရမ်းလိုက်ဦးမလား....?ကျွန်မမျှော်လင့် တာတွေဖြစ်မလာခဲ့တော့ပါဘူး။ ကားထဲမှာ ထိုင်ပြီး ကျွန်မငိုမိတယ်။ ဘာကြောင့် ရန်ပွဲလေးတစ်ပွဲက အချစ်ကို ဒီလောက်အထိဆိုးဝါးစေခဲ့သလဲ....?အိမ်ပြန်ရောက်တော့ အိမ်ရာပေါ်လဲရင်း မောင်မျက်လုံးထဲက အမုန်းတွေကို ကျွန်မပြန် မြင်ယောင်မိတယ်။ စောင်ကိုတင်းတင်းဆုတ်ကိုင်ပြီး ကျွန်မငိုမိပြန်တယ်။ အဲဒီညက အံဆွဲဖွင့်သံတွေကို ကျွန်မကြားလိုက်မိတယ်။မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွဲသားနဲ့ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ ကျွန်မကို အေးစက်စက်တစ်ချက်ကြည့်ပြီး ပိုက်ဆံတွေကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုဘဲ ဘဏ်စာအုပ်ကို ယူပြီး သူပြန်ထွက်သွားတယ်။ ကျွန်မကို တစ်ကယ်ပဲ ခွဲသွားတော့မှာလား...? မောင်က တော်တော်ထက်တာပဲ... အချစ်နဲ့ငွေကိုသပ်သပ်စီခွဲတော့မယ် ထင်တယ်။ ကျွန်မ အေးစက်စက် ရီလိုက်မိတယ်။ မျက်ရည်တွေကတော့ ပါးပြင်ပေါ်တောက်လျောက်စီးကျလို့လာတယ်။
--------------------------------------------------------------------------------
Page 4
နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကို ငြိမ်ငြိမ်ထားပြီး မောင်နဲ့ ကျွန်မဆွေးနွေးချင်သေးတယ်။မောင့်ကုမ္ပဏီမှာ မောင့်ကို သွားရှာတော့ အတွင်းရေးမှူး မလေးက “ သူ့အမေ ကားအက်ဆီဒင့်ဖြစ်ပြီး ဆုံးလို့ဆေးရုံသွားလိုက်တယ်”။ အဲဒီစကားကြားတော့ ကျွန်မဆွံအသွားခဲ့ရတယ်။ ဆေးရုံကို ကျွန်မအပြေး လိုက်သွားခဲ့တယ်။ မောင်ကတော့ အေးစက်မာကျောတဲ့ မျက်နှာနဲ့ ကျွန်မကို မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့မျက်နှာကို ကြည့်ပြီးကျွန်မ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဘုရားရေ.....ဘာလို့ ဒီလိုဖြစ်ရတာလဲ...?မောင့်မေမေ သင်္ဂြိုလ်ပြီးတဲ့အထိ ကျွန်မကို မောင်စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်မကို ကြည့်တဲ့ အကြည့် တိုင်းမှာမုန်းတီးမှုအပြည့်တွေနဲ့ပါ။ မောင့်မေမေ ကားတိုက်မှုနဲ့ ပတ်သက်ပြီး ကျွန်မသိရတာက အဲဒီနေ့ မောင့်မေမေအိမ်ကထွက်ပြီး ရွာကိုပြန်မလို့ ကားဂိတ်ကို သွားခဲ့တယ်။ မောင်လည်း အမေနောက် အပြေး လိုက်ခဲ့ပေမယ့်မျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့ကြောင်း တစ်ခြားလူတွေ ကတစ်ဆင့်ကျွန်မသိလိုက်ရတယ်။ မောင့်ရဲ့မုန်းတီးမှုတွေကို ကျွန်မ သဘောပေါက်သလို ရှိလာတယ်။ အဲဒီနေ့ကသာ ကျွန်မမအန်ခဲ့ရင်၊ အဲဒီနေ့ကသာ ကျွန်မတို့ ရန်မဖြစ်ခဲ့ရင်...အခုတော့ မောင်ရဲ့စိတ်ထဲမှာ ကျွန်မဟာမောင့်မေမေကိုသတ်တဲ့တရားခံဖြစ်နေခဲ့ပြီလား....?အိမ်ကို ပြန်လာပြီးတဲ့နောက် မောင့်မေမေအခန်းမှာပဲ မောင်နေခဲ့တယ်။ ညအိမ်ပြန်တိုင်း မောင့်ကိုယ်ပေါ်မှာအရက်နံ့တွေ မွန်းလို့နေတယ်။ အားနာခြင်းနဲ့ သနားခြင်းတွေက ကျွန်မရင်ဝကို မွန်းကြပ်နေအောင် ဖိထား ခဲ့တယ်။ကျွန်မတို့အတွက် မျိုးဆက်သစ်လေးရှိနေပြီဆိုတဲ့အကြောင်းမောင့်ကို ကျွန်မ ပြောပြချင်လိုက်တာ....ရှင်းပြချင်လိုက်တာ... ဒါပေမယ့် အေးစက်တဲ့ မောင်မျက်လုံးတွေကို ကြည့်ပြီး အဲဒီစကားတွေကိုကျွန်မပြန်မျိုချခဲ့ရတယ်။ ကျွန်မကို နာနာလေး တစ်ခါလောက်ရိုက်လိုက်...ရက်ရက်စက်စက် တစ်ခါလောက် ဆဲလိုက်ကျွန်မခံနိုင်ပါတယ်။ အရာအားလုံးဟာ ကျွန်မ တမင်လုပ်ခဲ့တာ မဟုတ်ရပါဘူးမောင်ရယ်....အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က ညပိုနက်လို့လာခဲ့တယ်။ တစ်ခါကစားသောက်ဆိုင် တစ်ဆိုင်ရှေ့ကျွန်မဖြတ်တော့ ကြည်လင်တဲ့ ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက်မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်မိတယ်။ မိန်းကလေးရဲ့ဆံပင်ကို မောင်က ပွတ်သပ် လို့...ကျွန်မသဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို ကရူးကမူးပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မရပ်လိုက်တယ်။ မောင့်ကိုခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့် ကျွန်မ မျက်အိမ်မှာ မျက်ရည်မရှိခဲ့ပါဘူး။ ကျွန်မ စကားတစ်ခွန်းမှ မပြောဘဲရပ်နေလိုက်မိတယ်။ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်ဖို့ပြင်နေတဲ့ မိန်းကလေးကို မောင်က လက်လှမ်းဆွဲလိုက်တယ်။ ပြီးတော့ အေးစက်ခက်ထန်တဲ့ အကြည့်နဲ့ ကျွန်မကိုကြည့်နေတယ်။ ကျွန်မနှလုံးခုန်သံကို ကျွန်မပြန်ကြားနေမိတယ်။ သေမင်းရဲ့ နုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး... ကျွန်မဟာ ရှူံးသူပါ။ ဆက်ရပ်နေရင် ကျွန်မ ရောဗိုက်ထဲက ကလေးပါ အဲဒီနေရာမှာ လဲကျသွားနိုင်တယ်။အဲဒီညက မောင်ပြန်မလာခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို သဘောပေါက်စေပုံရတယ်။ယောက္ခမရဲ့သေဆုံးမှုနောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း လိုက်ပြီးသေဆုံးသွားခဲ့ရပြီ။ မောင်လုံးဝ ပြန်မလာခဲ့တော့ပါဘူး။ တစ်ခါတစ်လေ ကျွန်မအလုပ်ဆင်း ပြန်လာရင် အိမ်ကဘီရိုတွေ မွေနောက်ထားသလိုပဲ...ကျွန်မ မရှိတုန်းမောင်သူ့ပစ္စည်းတွေ ပြန်လာယူတယ်ထင်တယ်။ မောင်ကို ကျွန်မ ဖုန်းလည်းမဆက်ခဲ့ဘူး။ အစက မောင့်ကို
--------------------------------------------------------------------------------
Page 5
ကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့ စိတ်တွေ လုံးဝပျောက်ဆုံးသွားခဲ့ရပါပြီ။ကျွန်မတစ်ယောက်တည်း ဆေးရုံသွားပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ တစ်ခြား ကိုယ်ဝန်ဆောင် မိခင်လောင်း တွေကိုလင်ယောက်ျားနဲ့အတူ ဆေးရုံလာတာကို မြင်ရင် ကျွန်မရဲ့နှလုံးသားတွေ မွကြေသွားသလို ခံစားမိ တယ်။လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။ ကျွန်မ မလုပ်ရက်ဘူး... ဘယ်လိုနည်း နဲ့ဖြစ်ဖြစ်ကျွန်မမွေးကို မွေးမယ်။ မောင့်မေမေအတွက် အလျော်ပဲဖြစ်ဖြစ်ပေါ့။တစ်ရက် ကျွန်မအလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ မောင့်ကိုတွေ့လိုက်မိတယ်။ အခန်းတစ်ခုလုံး လည်းဆေးလိပ်မီးခိုတွေနဲ့ မွမ်းကြပ်လို့....စားပွဲခုန်ပေါ်မှာ စာရွက်တစ်ရွက် တင်ထားတယ်။ အဲဒီစာရွက်ကို ကျွန်မ မကြည့်လဲဘာအတွက်ကြောင့် ဆိုတာကို ကျွန်မ သိလိုက်ပါတယ်။မောင်မရှိတဲ့ နှစ်လအတွင်း စိတ်၏ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။ “ခဏလေး...ကျွန်မလက်မှတ်ထိုးပေးမယ်” ဦးထုပ်ကိုချွတ်ရင်း မောင့်ကိုကျွန်မကြည့်ပြီး ပြောလိုက်တယ်။ ကျွန်မလိုပဲ မောင့်မျက်လုံးထဲမှာလည်းတွေဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။ အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့ ကျွန်မအားတင်းလိုက်တယ်။ အင်္ကျီကိုချိတ်ပြီးမောင်ဖက်လှည့်လိုက်တော့ မောင်ကပြည့်ဖောင်းလာတဲ့ ကျွန်မရဲ့ဗိုက်ကို မျက်တောင်မခတ်စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ် လက်မှတ်ထိုး လိုက်ပြီး မောင့်ဆီ စာရွက်ကိုတွန်းပို့လိုက်တယ်။“လူဒီ....မင်း ကိုယ်ဝန်ရှိနေပြီ?”အမေသေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျွန်မကို မောင်စကားပြောခြင်းပါ။ ကျွန်မမျက်လုံးကို ကျွန်မမထိန်းနိုင်ခဲ့ဘူး။ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့တယ်။“ဟုတ်တယ်...ဒါပေမယ့် ကိစ္စမရှိဘူး....ရှင် သွားလို့ရပြီ”မောင် ထွက်မသွားခဲ့ဘူး။ အမှောင်ထဲမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လို့....မျက်ရည်တွေမောင်ပါးပြင်ထက် စီးကျလို့ လာခဲ့တယ်။ အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ...ဝေးလွန်းလို့ ကျွန်မအပြေးလိုက်ခဲ့လဲ ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။“မောင်မှားသွားတယ်”လို့ တောင်းပန်စကားက ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ မောင်ဆီက ကျွန်မကြားခဲ့ ရတယ်။အစတော့ ကျွန်မဟာ ခွင့်လွတ် နားလည်တတ်သူ တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်ခဲ့ မိတာ...အခုတော့မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အေးစက်မာကျောတဲ့ မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လိုမေ့လို့ရနိုင်မလဲ....?(၄)ဒီအဖြစ်အပျက်မှာ ကျွန်မရဲ့သေးငယ်တဲ့ မတော်တဆ အပြုအမူတစ်ခုကို မောင်က တမင်သက်သက် ကြီးထွားအောင် ပြုလုပ်ခဲ့တယ်။ အေးစက်တဲ့ ဒီအကြည့်တွေ အရည်ပျော်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသားကိုယ်စီမှာ ဒဏ်ရာတွေက အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။ ဗိုက်ထဲက ကလေးကို စဉ်းစားမိတိုင်း ရင်ကိုနွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မအေးတိအေးစက်ပဲ ဆက်ဆံခဲ့တယ်။ မောင်ကျွေးတာတွေ မစားဘူး၊မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လဲ ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မလက်မှတ်ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့ ချစ်ခြင်းဆိုတာ ကျွန်မဘ၀မှာ လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ
--------------------------------------------------------------------------------
Page 6
မောင်ဝင်လာရင် ကျွန်မဧည့်ခန်းဖက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့ခန်းမှာပဲ အိပ်တော့တယ်။ည...မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မကြားလိုက်မိတယ်။ ဒါဟာ မောင့်အကျင့်ပေါ့။ အရင်ကကျွန်မစိတ်ကောက်ရင် မောင်က ဖျားချင်ဟန်ဆောင်ပြီး ညည်းပြတတ်တယ်။ မောင်တကယ်ဖျားနေတယ် အထင်နဲ့စိုးရိမ်တကြီး ပျာရာခတ်နေတတ်တဲ့ ကျွန်မကို မောင်က ပွေ့ဖက်ရင်း တဟားဟား အော်ရီတတ်တယ်။ အဲဒီတုန်းကမောင့်ကိုစိုးရိမ်တာဟာ အချစ်စိတ်ကြောင့်ဆိုတာ မောင်မေ့နေခဲ့ပြီလား...? အခုတော့...... ကျွန်မမှာ အဲဒီအချစ်တွေမရှိတော့ပါဘူး။မောင့်ညည်းသံက ကျွန်မ မွေးဖွားရက်အထိ ရက်ရှည်ခဲ့တယ်။ ကလေးအသုံးအဆောင် ပစ္စည်းတွေ မောင်နေ့တိုင်းဝယ်ပြန်ခဲ့တယ်။ ကလေးစာအုပ်တွေ၊ စားစရာတွေ တစ်ထုပ်ပြီး တစ်ထုပ် အိမ်ထဲမှာ တောင်ပုံရာ ပုံပါပဲ။မမြင်ရသေးတဲ့ ရင်သွေးအတွက်အဲဒီလို ပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင် မောင်ကိုင်လှုပ်ခဲ့တယ်။ကျွန်မရဲ့စိတ်တွေ မာကျောသွားပြီ မောင်။ မောင်ကို စကားလဲမပြော၊ ဂရုလဲ မစိုက်ခဲ့တဲ့အတွက် မောင်ဟာသူ့အခန်းထဲမှာပဲ ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တစ်ချောက်ချောက်ရိုက်နေခဲ့တယ်။မောင်ဘာလုပ်နေမလဲ...?ကျွန်မ နည်းနည်းမှစိတ်မ၀င်စားခဲ့တော့ပါဘူး။ဒီလိုနဲ့ လတွေကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့ ကျွန်မအော်လိုက်တဲ့ အသံကိုကြားတော့ မောင်ဟာမြှားတစ်စီးရဲ့အလျှင်လိုပဲ ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။ ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေ ခဲ့တယ် ထင်တယ်။ကျွန်မကို ထမ်းပိုးပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။ ကားတစ်စီးဌားပြီး တစ်လမ်းလုံး ကျွန်မရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လို့ နှာဖူးပေါ်ကျလာတဲ့ ချွေးတွေကို မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံ ရောက်တော့သားဖွားမီးယပ်ဆောင်ဖက် ကျွန်မကို ထမ်းပိုးပြီး မောင်အပြေးသွားနေခဲ့တယ်။ မောင်ရဲ့ပိန်လှီတဲ့နောက်ကျောကိုမှီရင်း ကျွန်မခေါင်းထဲ အတွေးတစ်ချို့ဝင်လာခဲ့တယ်။ မောင့်လောက် ကျွန်မအပေါ် ဘယ်သူကချစ်နိုင်ဦးမလဲ.... ? မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ ကျွန်မကို တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကိုအောင့်အီးပြီး မောင့်ကို ကျွန်မ ပြုံးပြလိုက်မိတယ်။ကျွန်မနဲ့သားလေးကို ကြည့်ပြီး မောင်မှာ ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေတော့တယ်။ မောင့်လက်ကို ကျွန်မဆုပ်ကိုင်လိုက်တယ်။ ကျွန်မကို မောင်တစ်ချက်ပြုံးပြပြီး ရုတ်တစ်ရက် မောင်ပျော့ချွေပြီး လဲကျသွားတယ်။မောင်............နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေကို ပြန်ဖွင့်မလာသေးဘူး။ မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ထင်ခဲ့တဲ့ ကျွန်မ တစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျ ဆရာဝန်က မောင်ရဲ့အသဲကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊ မောင်အခုထိ တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှုတစ်ရပ်ဖြစ်ကြောင်း ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ၅လကတည်းက မောင်မှာ အသဲကင်ဆာရှိကြောင်း သိခဲ့ရတယ်တဲ့....အားလုံးကိုပြင်ဆင်ထားတော့လို့ ဆရာဝန်က ကျွန်မကို နှစ်သိမ့်ခဲ့တယ်။နပ်စ်တားတာကို ကျွန်မဂရုမစိုက်တော့ဘူး။ ဆေးရုံကဆင်းပြီး အိမ်ကို ကျွန်မပြန်ခဲ့တယ်။ မောင့်အခန်းထဲဝင်ပြီးကွန်ပျူတာကို ကျွန်မဖွင့်လိုက်တယ်။ မောင့်ရောဂါကို စသိတာ လွန်ခဲ့တဲ့ ၅လကတဲ့.. မောင်ညည်းသံတွေကတကယ်ပေါ့။ကွန်ပျူတာထဲမှာ သားအတွက်မောင်ရေးထားခဲ့တဲ့ စာတွေ.....သား...သားကြောင့်ဖေဖေအခုချိန်ထိ တောင့်ခံခဲ့တယ်။သားမျက်နှာကို မြင်ပြီးမှ ဖေဖေလဲကျသွားပါစေဖေဖေကျေနပ်တယ်။ သားဘ၀မှာ ပျော်ရွှင်တာတွေ၊ စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာ ဖေဖေသိတယ်။
--------------------------------------------------------------------------------
Page 7
သားရဲ့ကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ ဖေဖေသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ ကောင်းလိမ့်မလဲ..ဖေဖေမှာ ဒီလိုအခွင့်အရေးတွေ မရှိတော့ဘူး သားရယ်။ သားဘ၀မှာ ကြုံတွေ့တတ်ရမယ့် မေးခွန်းတွေအတွက်ဖေဖေစာတွေရေးခဲ့တယ်။ ဖေဖေအကြံပြုချက်ကို သားမှီငြမ်းနိုင်ပါစေ။ ဖေဖေရဲ့ ဒီစာတွေနဲ့ သားကြီးပြင်းလာမယ့်လမ်းတစ်လျောက်မှာ အဖော်လုပ်နိုင် လိမ့်မယ်လို့ ဖေဖေယုံကြည်တယ်။ ဖေဖေ အရမ်းပျော်တယ်သား။သားမေမေ့ကိုလည်း သိပ်ချစ်တယ်။ သူအရမ်းပင်ပန်းနေပြီ။ သူဟာ သားကိုသိပ်ချစ်တဲ့ မိခင်တစ်ယောက်၊ဖေဖေသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ပေါ့ကွယ်။သားမူကြိုကျောင်း တက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ နောက် ချစ်သူရည်းစား ထားတဲ့အထိ သားအတွက်မမြင်ရသေးတဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံးမောင် ရေးထားခဲ့တယ်။ကျွန်မအတွက် စာမှာတော့...လူဒီ...ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီကို လက်ထပ်ခဲ့ခြင်းပါပဲ။ လူဒီကို ဒဏ်ရာတွေ ရစေခဲ့တဲ့မောင့်ကို ခွင့်လွတ်ပေးပါ။ ရောဂါကို ကွယ်ဝှက်ထားခဲ့တဲ့ အတွက်လည်း ခွင့်လွတ်ပေးပါ။ သားလေးမမွေးခင် လူဒီကိုစိတ်မထိခိုက် စေချင်လို့ပါ။ ဒီစာကို ဖတ်ရင်း မျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို ခွင့်လွတ်ပြီပေါ့နော်... မောင့်ကိုချစ်နေသေးတဲ့အတွက် ကျေးဇူးပါ လူဒီ.... ဒီလက်ဆောင်တွေက မောင်ကိုယ်တိုင် သားလေးကို မပေးနိုင်တော့ပါဘူး။လူဒီကပဲ နှစ်တိုင်း မောင့်ကိုယ်စား သားကို ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ်ရက်လတွေကို ရေးဖို့မမေ့ပါနဲ့...လူဒီ။မောင်က မေ့မျော့နေဆဲပါ။ သားကို ကျွန်မပွေ့ပြီး မောင့်ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။ “ မောင်... မျက်လုံးလေးဖွင့်ပြီး တစ်ချက်လောက် ပြုံးလိုက်ပါလား မောင်... မောင်ရင်ငွေ့ကို သားတစ်သက် မှတ်မိသွားစေချင်လို့ပါ”ကျွန်မအသံကြောင့်ထင်တယ် မျက်လုံးကို မောင်အားယူ ဖွင့်လိုက်တယ်... ယဲ့ယဲ့လေး ပြုံးလို့ သားကမောင့် ရင်ခွင်မှာလက်ကလေးကို ဟိုရမ်းဒီရမ်းနဲ့... ကျွန်မ ကင်မရာ ရှပ်တာကို အမြန်ဆုံး နှိပ်ချလိုက်တယ်။ မျက်ရည်တွေကပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။
---------------------------------------------------------------------------------------------------------------------------------
ပြီးပါပြီ။
ီပြောစရာရှိတဲ့ စကားကို ရင်ထဲ အကြာကြီး မထည့်ထားမိဖို့၊ ကိုယ်ချစ်တဲ့သူကို အကြာကြီး စိတ်ကောက်မိရင်သေးငယ်တဲ့ ပြဿနာဟာ ပိုကြီးလာ တတ်တဲ့အကြောင်း၊ ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ယူကြုံးမရနိုင်တဲ့ အထင်လွဲ မူတွေဖြစ်လာတတ်တဲ့ အကြောင်း ဒီဇာတ်လမ်းက ပြောပြသွားခဲ့ပါတယ်။ မနက်ဖြန် ဘာဖြစ်လာနိုင်မလဲ....? ဘယ်သူမှမသိနိုင်ပါဘူး။ အချို့ကိစ္စတွေဟာ အစားထိုး အလျော်ပြန်မရနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကိုအကြာကြီး စိတ်မကောက်ကြပါနဲ့လို့......ယောက္ခမနှင့် ချွေးမကြားတွင် ဖြစ်တတ်သော ပြဿနာကြောင့် ပျက်စီးသွားသော ဖြစ်ရပ်မှန် အိမ်ထောင်ရေးဇာတ်လမ်းတပုဒ်.....“လူဒီ” ပြောပြီး “လျှင်စုရှမ်” ရေးသားကာ နိုင်းနိုင်းစနေ ဘာသာပြန်သည်။
မျှဝေခံစား..ပေးပို့ခဲ့တဲ့..မနီလာ အားကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ၊။သိတာလေးတွေဝေမျှဖို့လည်းခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Thursday, November 13, 2008 1 comments
Wednesday, November 12, 2008
မြိုင်မြိုင်ဆိုင်ဆိုင်..ဒီနှစ်(ရန်ကုန်)လတဆောင်တိုင်
တရားအဆုံးမလေးတွေမျှပေးခဲ့သူ...ကိုကိုဝေလင်းနှင့် ဓါတ်ပုံလေးတွေ အမြန်မျှဝေပေးခဲ့သူ..လမင်း( ရန်ကုန်)အားကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Wednesday, November 12, 2008 0 comments
မြိုင်မြိုင်ဆိုင်ဆိုင်..ဒီနှစ် (ရန်ကုန်) လတဆောင်တိုင်
တရားအဆုံးမလေးတွေမျှပေးခဲ့သူ...ကိုကိုဝေလင်းနှင့် ဓါတ်ပုံလေးတွေ အမြန်မျှဝေပေးခဲ့သူ..လမင်း( ရန်ကုန်)အားကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ။tharshwenu@gmail.com
Posted by ah..maye.. latt..yar at Wednesday, November 12, 2008 1 comments
Tuesday, November 11, 2008
“သင်ဘယ်လို လူမျိုးလဲ ”
သင်ရဲ. နာမည် ကိုယ့် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။
ကျွန်တော် တော. စမ်းပြီးသွားပြီး မှန်တယ်လို. ဆိုရမယ်။ လုပ်နည်းက ဒီလို
ဥပမာ..Nyi lay ဆိုရင် ”N”
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော.။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ကျေနပ် နိုင်ကြပါစေ ။။။။။။။။။
နေလင်းသစ် ( သဗ္ဗသတ္တာကာမသတ္တာ )
ရှာကြံပီး အတင်းနှိုးပေးခဲ့တဲ့.....ကိုကိုဖြိုး အား အမေ့လက်ရာမှ ကျေးဇူးနော်။
အခြားသူများလည်းကျေးဇူးပါ။
tharshwenu@gmail.com
--
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 0 comments
ဖူးမျှော်ကြစို့..ရန်ကုန်-ရွှေတိဂုံစေတီတော်မြတ်သို့
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 0 comments
ဖူးမျှော်ကြစို့..ရန်ကုန်-ရွှေတိဂုံစေတီတော်မြတ်သို့
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 0 comments
“ဖူးမျှော်ကြစို့.ရန်ကုန်-ရွှေတိဂုံစေတီတော်မြတ်သို့”
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 0 comments
“ဖူးမျှော်ကြစို့..ရန်ကုန်-ရွှေတိဂုံစေတီတော်မြတ် သို့”
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 0 comments