မျက်ဝန်းအိမ်က...မျက်ရည်ကြည်ဥတွေက
တလိမ့်ချင်းကျဖို့ အားယူ
ဆုပ်ကိုင်ထားတဲ့ လက်များက
ကျစ်လစ်လွန်းလို့..ဖြန့်ဖြေမရ။
အပြီးအပိုင်သွားတော့မယ့်
ခရီးတခုအတွက် ရတက်ပူ
ဆွေးမြေ့ကြေကွဲခြင်းဆိုတာ...
ဒီလိုမွန်းကျပ်ခြင်းလား
မေမေ...
မေမေ...
မေမေ...
မေမေ..
ကျယ်လောင်စွာမြည်းဟီး ပေါက်ကွဲခဲ့။
မေမေသာ အသက်ရှင်ထင်ရှားရှိမယ်ဆို
နဂိုထက်ပိုပြီး တိုးကပ်
အ၀ီဇိဂျိုးကပ်အမှုမျိုး
မဆိုးတော့ပါအမေ။
ဘုရားသခင်
ကျေးဇူးပြုပြီး ကောင်းကင်ဘုံမှာအမေ့ကိုနေရာပေးပါ။
ကျွန်တော်မျိုးမကို
ရာသက်လုံးအပြစ်ပေးပါ။
မိဆိုးမလေး....နော်စေးဖော
ရေးဖွဲ့ခံစားပေးပို့သူ မစေးစေးဖေါ အား အမေ့လက်ရာမှ ကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်း..ကျေးဇူးပါ။
tharshwenu@yahoo.com
Thursday, November 6, 2008
“ချစ်သောမေမေ...ကောင်းကင်ဘုံမှာပျော်ပါစေ”
Posted by ah..maye.. latt..yar at Thursday, November 06, 2008
Subscribe to:
Post Comments (Atom)
1 comments:
ထပ်တူညီမျှခံစားရပါတယ်။
Post a Comment