Gtalk ထဲက ကျူကျူများ
´ဖက်တီးကြီး´နဲ့ တိုးပါစေ
မပြောဘဲနဲ့ block လုပ်
Gtalk ´ဗိုင်းရပ်စ်´ ကိုက်ပါစေ
နှုတ်ဆက်တာကို စာမပြန်
´ရုပ်ဆိုးမကြီး´ ဖြစ်ပါစေ
မာနကြီးသော မမများ
´ငှက်ပျောတုံး´နဲ့ ညားပါစေ
Busy နေတယ်ပြောသူများ
´အလုပ်´ ပိပြီးပြားပါစေ
Asl လိမ်, ညာသူများ
ပါးစပ်မှာ ´၀ဲ´ ပေါက်ပါစေ
မိန်းကလေးယောင်ဆောင် Chat သူများ
´Gay ´စစ်စစ်ကြီးဖြစ်ပါစေ
Online ပေါ်က ´ငါ့ချစ်သူ´
ချမ်းသာကိုယ်စိတ်မြဲပါစေ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
G-Talk သရဲလေးများ နဲ့ အွန်လိုင်း ပလီပလာများ အတွက် မေတ္တာတော်ပို့
ညွှန်းစာဖွဲ့ထားသော ဒီအကြောင်းလေး Forward E-mail ပေးပို့မျှ
လာသူ ဆရာ တို့ကိုရင် အား အမေ့လက်ရာက ကျေးဇူးပါဗျာ။
အမည်မသိ မူရင်းစာရေးဆရာ ကိုလည်း ကျေးဇူးပါ။
အခြားသူများ/ အမျိုးများ လည်း ကျေးဇူးစပါယ်ရှယ်နော်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)
Thursday, February 26, 2009
၂၁ ရာစု G-Talk မေတ္တာပို့စာတမ်း
Posted by ah..maye.. latt..yar at Thursday, February 26, 2009 0 comments
Monday, February 23, 2009
ကဗျာတွေ အသတ်ခံရတဲ့ည
ကဗျာတွေ အသတ်ခံရတဲ့ည
အဲဒီည..
အမဲဖမ်း ဂစ်တာသံ
ခပ်ပျပျ နဲ့ ရေးရေးလေး
တငွေ့ငွေ့ အမျှင်တန်းသာသာ
အခန်းကျဉ်း ထဲ ပျော်ဝင်။
နာကျည်းစွာဖေါက်ကွဲ
သောက်ထားတဲ့ တလုံးစာ
အပြည့်အဝ လျှံကျ
မီးရောင်စုံ ဖမ်းစား
ကဝေမ တကောင်ထခုန်တော့..
တုန်တုန်ရီရီ…….
ငါ့အနားနဲ့ ငါ့နားမှာ
ခွေးအူသံ ပုဇင်းကွဲသံ
ခြင်ကောင်တွေပျံ သံ
ညဉ့်ဌက်တချို့
အကို..အကို နဲ့ငြီးငြူခေါ်သံ
နာရီတွေ စက္ကန့်တံ အ တိုင်း
အရည် ပျော် ကျ စီးဆင်း
ခပ်ဖျင်းဖျင်း ည က ဗျာ
နောက်ဖေး လမ်း ကျို
ဇရပ်အို ပျက် ဘေးမှာ
မိမွေးတိုင်း ဖမွေးတိုင်း
ခေတ်ပေါ် သံစဉ်အချို့နဲ့
လဲလျောင်း အသတ်ခံရပေါ့။
ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
လိုအပ်တာများကို ဝေဖန်အကြံပြုပေးပါ။
အားလုံးကို ခေါ်ဖိတ်ပါတယ်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Monday, February 23, 2009 0 comments
”ကျေးဇူးပြုပြီးအမေ့ကို မပြောပါနဲ့”
ခုတလော..အလုပ်အကိုင်အခြေအနေမကောင်းဖြစ်တိုင်း တောက အမေ့ကို သတိရမိပါတယ်။ဒါနဲ့..စလုံးရောက်ခါစ
သူငယ်ချင်းတွေပေးဘူးတဲ့ အီးမေးလ် တစောင်ကို ပြန်လည်ဖော်ပြချင်ပါတယ်။ဒီပို့စ်လေးရေးသားခဲ့တဲ့ မူရင်းစာရေးဆရာကိုတော့ တကယ့်အဖြစ်မှန်ကိုခံစား ရေးသားခဲ့လို့ အရမ်းလေးစားချီးကျူးပါတယ်။
ဒီနေရာကနေ ပြန်ကူးယူဖော်ပြ တာကိုလည်း ခွင့်ပြုစေလိုပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
”ကျေးဇူးပြုပြီးအမေ့ကို မပြောပါနဲ့”
”ကျေးဇူးပြုပြီးအမေ့ကို မပြောပါနဲ့”
”ကျေးဇူးပြုပြီးအမေ့ကို မပြောပါနဲ့”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Myanmar Chat Online
အထွေထွေ => ရောသမမွှေ => ဆွေးနွေးချက် စတင်ရေးသားသူ: uglyduck on December 06, 2008, 01:46:05 PM
ဆွေးနွေးချက်: ပြည်ပရောက် သားတော်မောင်တစ်ယောက်ရဲ့ ရင်ဖွင့်စာပါ............
ရေးသားသူ: uglyduck on December 06, 2008, 01:46:05 PM
ကျးဇူးပြုပြီး အမေ့ကိုပြန်မပြောပါနဲ့
အမိမြေကနေ ခွဲခွာမှဖြစ်မယ်ဆိုတဲ့အသိနဲ့ မတတ်သာလို့ခွဲခွာခဲ့ရတဲ့လူတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူ့ပြည်လို့ထင်တဲ့လူအချို့ အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲမဟုတ်လား...။
ကျွန်တော့်ရဲ့ပင်ကိုယ်စိတ်က အေးအေးချမ်းချမ်းနဲ့ စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့လောဘစိတ်တွေမရှိဘူး။ ဘ၀ကိုအေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုကို ကိုယ်လိုချင်တဲ့အချိန်မှာ ကြောင့်ကြမဲ့စွာ တော်ပြီဆိုတဲ့လူမျိုးပါ။ ကိုယ့်တိုင်းပြည်မှာက တစ်စုံတစ်ယောက်နဲ့တည့်အောင်ပေါင်းနိုင်မှစီးပွားဖြစ်တာဆိုတော့ ပညာနဲ့ကလွဲရင်အဲဒီလိုကပ်ဖားစီးပွားရေးနဲ့က မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက်အလုပ်လုပ်ပြီး မိသားစုပြန်ကြည့်ဖို့ကလွဲလို့ တစ်ခြားနည်းလမ်းကလည်းမရှိ။ ဒီလိုနဲ့ တိုးတက်တဲ့ကျွန်းလေးတစ်ကျွန်းပေါ်ရောက်လာတယ်ဆိုပါတော့။ ပြီးတော့အလုပ်ရဘို့၊ ပလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဘို့၊ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေးနေသားကြလာတော့ ပထမဆုံးတွေးမိတာက ငါလူနဲ့မတူတော့ပါလားဆိုတဲ့အတွေးပါပဲ။
နိုင်ငံခြားမှာ အလုပ်လုပ်ရတာတန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားနေခွင့်မပေးရဲတဲ့ဘ၀မျိုးတွေပါ။ စိတ်ကိုလေးလံတဲ့ အရာတစ်ခုနဲ့ အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ပဲရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတစ်တန် ရထားတစ်တန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ရုံးကကွန်ပျူတာ sever တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လားလို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုးဖြစ်ပြီဆိုရင်တော့ တွတ်ပီကံမကောင်းတဲ့နေ့ပါပဲ။ အဲဒါစစ်ပြီးသွားရင်ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း ၃၀ အထိပါပဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ(၃) ယောက်ထဲ ရှိရတဲ့အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာစကားကလဲ ကျွန်တော်နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်ထည်း ရေးစရာရှိရေးနေရုံပါပဲ။ ဒီလိုနဲ့ပဲ ထမင်းစားချိန် ၄၅ မိနစ် ၊ ပြီးတာနဲ့ထပ်ရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး နောက်အသစ်တစ်ခုကစောင့်နေပြီ။ အရေးထဲ Team Leader ကဘာမှမသိတဲ့ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း ၀၀ နာရီဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့ ရထားစီးပြီး ပြန်ရောက်တဲ့အချိန်က ၉း ၀၀ နာရီ။ ညစာစားပြီး ကိုယ်နေတဲ့အခန်းထဲ ရောက်တဲ့အချိန်က ၁၀း ၀၀ နာရီ။ Blog လေး သတင်းစာလေးဖတ်လိုက်တော့ ၁၁း ၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်ကမအိပ်ချင်သေးလို့ ဂစ်တာလေးကောက်ကိုင်လိုက်တော့  ၁၂း ၀၀ နာရီ။ ကဲ.... ဒါနဲ့ပဲ တနေ၀င်တနေထွက် စက်ရုပ်လူသားဘ၀။ စနေ တနင်္ဂနွေကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ်၊ မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပါလေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေးနေချင်တော့တယ်။ တစ်ခါတစ်လေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ.... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်း အတွက်အချိန်။ သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့လိုက်မပို့နိုင်၊ လူမှု့ ရေးတွေ ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ sms လောက်နဲ့နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် sms စကားတွေဖြစ်လို့။ ဟူး......... တစ်ကယ်တော့ နိုင်ငံခြားဆိုတာ လူမှုရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။
တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်အတွက်ပို့ဖို့၊ အိမ်လခပေးဖို့အတွက်၊ တစ်လလုံးစားဖို့ သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်၊ တစ်ခါတစ်လေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကို ဘယ်လောက်လှည့်ကွာလို့ ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အုဘ..အဲ... အဲလိုလဲဟုတ်သေးပါဘူး၊ ကိုယ်လိုသူလို အတူတူဘ၀...။ ဒါ... ဘ၀တဲ့လား။
ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့အမေကကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀။ ဒီက food court ကဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲအားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေတတ်သလောက် မှတ်သလောက် လျှောက်လုပ်စား။ တစ်ခါတစ်လေလဲ စားလို့ကောင်း၊ တစ်ခါတစ်လေလဲ ဘာဟင်းကြီးမှန်းမသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာ အမေရယ်။
လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး မုန့်လင်မယားလေး စားချင်တာရှိသေး........ ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူးအမေရာ။ အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား အလုပ်လုပ်၊ ဒီ(၃) ခုပဲရှိတဲ့ တစ်နေ့တာကပျော်စရာကောင်းတဲ့ဘ၀လား။ ကျွန်တော်အပျင်းမကြီးပါဘူး။ တစ်နေကုန် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောချင်နေတာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်၊ အစားစားချိန်၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ ကိုယ်စိတ်ပျော်ရာကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရရှိခဲ့တဲ့ ကိုယ့်နိုင်ငံမှာတုန်းကအချိန်လေးတွေကို လွမ်းတာပါ။ စိတ်အပန်းဖြေစရာမရှိ၊ အလုပ်ပြီး အလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့လူတစ်ချို့ ရဲ့ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ်တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ။
မြန်မာပြည် လူတွေကတစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုလည်း အညွန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လဲ ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင် ငါးရံ့ ခြောက်၊ ငါးပုတ်ခြောက်စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကိုဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ဆိုင်ကိုရွေး၊ လျော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်မောလို့။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။
စိတ်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးတွေနဲ့သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနားဒီနား အလွယ်တစ်ကူသွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး ၀ရန်တာလက်တန်းမှာ သံကြိုးနဲ့ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ခြေနင်းတွေဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲခဏ၀င်ပြီး ဖုန်းကဒ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည်ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်လေးဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်ကမရှိတော့ဘူး။ ကဲ........ ဘာများထူးသေးလဲအမေရာ။
ကိုယ့်နိုင်ငံမှာ လာနေတဲ့နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ်လို့လဲမကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတာ့ ပညာဖြင့်အသက်မွေးဝမ်းကြောင်းသော အလုပ်သမားတဲ့၊ မျက်နှာငယ်တယ်ဆိုတာထက် သေချာတဲ့နေထိုင်ခွင့်မရခင် Immigration သွားရတဲ့ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထားအဆိုးဆုံး မလေးရှားမလေးတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့်ကံကြမ္မာက သူတို့လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ........ မခက်ဘူးလား အမေရာ။
အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင်ကွန်ပျူတာထဲမှာ ABCD ပဲလေ။ ကဲ.... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ။ စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့နေ့မှာ တစ်ကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးတွေ၊ ဆွေမျိုးတွေရဲ့ အလယ်မှာ ပျော်ရွှင်ခြင်းအပြည့်နဲ့ တောက်ပနေတဲ့ အမေ့မျက်လုံးလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုအချိန်အထိ ရောင့်ရဲခြင်းဆိုတာနဲ့ဝေးနေပါသေးတယ်။ တချို့ အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
http://www.myanmarchatonline.org/forum/index.php?action=printpage;topic=3664.0
မူရင်း..စာရေးဆရာကို ဒီနေရာကနေ ကျေးဇူးတင် လေးစားဦးညွတ်ပါတယ်။
ကျွန်တော့ဆီလာလည်တဲ့ အမျိုးများအားလည်းကျေးဇူးတင်ပါတယ်။
သိတာလေးတွေ ကောင်းရာကောင်းကြောင်းလေးတွေ ပါဝင်ရေးသားမျှဝေပေးကြဖို့လည်း
ထပ်မံခေါ်ဖိတ်ပါတယ်။
အားလုံးကို..,
သိနေဟဖြင့်....
သားရွှေနူ
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Monday, February 23, 2009 0 comments
Saturday, February 21, 2009
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
ဒီည..ဝင်လာတဲ့ အီးမေးလ် တွေပြန်စစ်ရင်း ဆရာနိုင်မိုးဆွေ(Thailand)ရဲ့
လူငယ်နဲ့ ဘဝ တိုးတက်စေဖို့ ဆရာအောင်သင်း ရဲ့တန်ဖိုးရှိသော ဆုံးမသြဝါဒ
လေးတွေ လာပို့ထားတာတွေ့ရပါတယ်။လူချင်းမမြင်ဖူးပေမယ့်ဆရာနိုင်မိုးဆွေ
(Thailand)ကိုလေးစားကျေးဇူးတင်ပါတယ်။မူရင်းရေးသားစီစဉ်ခဲ့သူများနဲ့လူ
ငယ်များဖခင်ဆရာဦးအောင်သင်းကိုလည်းလေးစားကျေးဇူးတင်ဦးခိုက်ပါတယ်ဗျာ။
အမေ့လက်ရာ..လူငယ်များအတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။အနာဂတ်
ကျွန်တော်တို့ မြန်မာလူငယ်တွေ..ကြီးပွါးတိုးတက် ကမ္ဘာနဲ့ချီအောင်နိုင်ကြပါစေ။
..............................................................
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်
၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ်ဆို
တဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အ
မှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်
ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင်ပဲရှိတတ်
တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊သစ္စာ
ဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါ တယ်။
အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ် သူထိန်းသွားလို့ ရှိ
တယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာကအရေးကြီး
တယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။
၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့် ကျန်းမာရေး ကို
ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင်နေတတ်ကြတယ်။
မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ်
တယ်ဆိုတာကို မေ့နေကြတယ်။
ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့
ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။
ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။
အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့
ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါးသုံးတာတွေ၊
အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့အဆီ
အအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ
ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့
တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကိုရောက်သွားတတ်တယ်ဆိုတာကို
မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကိုသေ
သေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။
၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါ နံပါတ် (၃) အချက်ကကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကိုရွေးချယ်ရတယ်။
ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်
လားသို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာ
တို့ပေါ့နော်။တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကိုကိုယ်
ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။အပို
ဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်း
ကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး
တော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီ
ရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တ
ဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့
အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။
၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄)အချက်က အဲဒီရွေးချယ်လိုက်တဲ့ပညာရပ်
ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီး
တော့ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်
ဘူး။အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာ
က ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော
်တဲ့လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ
တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ည
ည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။
၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော
့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့
ဝန်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်း
ပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြော
တာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။
တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်
တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့ အခါကျတော့
လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများ
ကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။
အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင်ကိုယ့်မိတ်ဆွေ၊အပေါင်း
အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ်တပည့်ခံပြီး
သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကိုကျေးဇူးတင်ကြောင်း
ကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီးကျေးဇူးတင်ကြောင်းကိုလည်းပြဖို့လို
ပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေ
တယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊မင်းပေးလိုက်
တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိကျေးဇူးမမေ့နိုင်သေးဘူးဆိုတာမျိုးလေး
စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက်ပို့ပြီးဖြစ်စေ
ဝန်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်
စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံးကိုယ့်
အတွက်ကိုသင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေပေါ်လိမ့်မယ်၊အဲဒီ
လိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ
အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ
ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ က
လေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။
-------------------------------------------------------
အီးမေးလ်လေးနဲ့ မျှဝေပေးလာသူ ဆရာနိုင်မိုးဆွေ(Thailand)အားအမေ့လက်
ရာ မှ ကျေးဇူးအထူးတင်ပါတယ်။
အားလုံးသောအမျိုးများကိုလည်းပါဝင်ရေးသား မျှဝေပေးကြဖို့ထပ်မံခေါ်ဖိတ်ပါတယ်။
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Saturday, February 21, 2009 0 comments
Wednesday, February 18, 2009
ကြေကွဲခြင်းဖြင့် ဖြန့်ခင်းထားသော....
သံသရာဆိုတာမပြီးဆုံးသောခရီးရှည်တခု၊ဖတ်၍မဆုံးနိုင်သော
အခန်းဆက်ဝတ္ထုရှည်တအုပ်သာဆိုခဲ့ရင်..ကျွန်တော်မြတ်နိုးရ
သောဘုရင်မလှဧကရီ(တနည်း)ဇနီးကျော့ကျော့မေတယောက်
သူ၏ချစ်လှစွာသော သား မောင်မျိုးလင်းထွန်းနဲ့ မြတ်နိုး ရတဲ့
ကျွန်တော့်ကိုနှုတ်မဆက်ပဲ ဒီဘဝဘူတာလေးဘေး၊ကဏ္ဍတခန်း
ရပ်လေးမှာချန်ရစ်ပြီး သူမ တဦးထဲခပ်သုတ်သုတ်ထွက်သွားနှင့်
တာပဲဖြစ်ရမယ်။။။
သာမာန်စာရေးလေးကျွန်တော်နဲ့ကျောင်းဆရာမလေးသူမရဲ့ဘဝ
ဇာတ်လမ်းဟာဘာမထူးထူးခြားခြားခမ်းခမ်းနာနားမဟုတ်ခဲ့ပါဘူး။
သူက..ကျွန်တော့်ရဲ့လှဘုရင်ဧကရီမဖြစ် သလို၊ ကျွန်တော်က
သူ့ရဲ့မြတ်နိုးရာအတိုင်ပင်ခံဆိုလား။အကြင်နာအိမ်မက်တွေအတူတူ
မက်ရင်းကာရံနဲ့ကဗျာလေးတပုဒ်အဖြစ်သားငယ်မောင်မျိုးလင်းထွန်း
ကိုရေးဖွဲ့ဖြစ်ကြတယ်။မှတ်မှတ်ရရဆိုရရင်..ချစ်သူသက်တမ်း၂နှစ်
ကျော်ကျော်၊ အိမ်ထောင်သက်တမ်း တစ်နှစ်ရှစ်လနဲ့ခုနှစ်ရက်၅နာရီ
သူနဲ့ကျွန်တော့်ဇာတ်လမ်းချစ်ခြင်းတွေနဲ့အရိုးသားဆုံးဖြတ်သန်းခဲ့ကြ
တယ်။သားငယ်..မောင်မျိုးထွန်းကတော့သူ့အမေရဲ့မေတ္တာနို့ရည်
ကို တစ်နှစ်ရှစ်လကျော်သောက်သုံးရင်း၊အငမ်းမရ အမေ့အရိပ်တွေ
ဖက်တွယ်ဖူးနိုင်ခဲ့ရဲ့။။
“မောင့်အတွက်..အမှတ်တရ”
အချိန်ကာလကြာမြင့်စွာ(မနံပါတ်ဂဏန်း.တွေချည်းပါသော၅၀၀ကျပ်
တန်တရွက်က တသက်စာလာဘ်ခေါ်အဆောင် ကျွန်တော့်အတွက်
သူမပေးတဲ့ချစ်သက်လက်ဆောင်။ဖထီး.စောမြဝင်း ငယ်ငယ်တုန်းက
ကျွန်တော့်ကို ပေးထားတဲ့တောင်ငူဆင်မြီးလက်စွပ်ကလေးကို သူမ
အတွက် ရာသက်ပန် ကျွန်တော့်ချစ်သက်လက်ဆောင်။
သူမကလည်း..အခု.တွန်းလှဲပေါ်လှဲလျောင်းပကတိငြိမ်သက်နေချိန်ထိ
ိမြတ်နိုးစွာဗယ်ဘက်လက်သကြွယ်မှာမြဲမြံလို့။နောက်ဆုံးအချိန်လေးတိုင်
ဝေဒနာတိုက်ပွဲဆင်နွှဲရင်းကျွန်တော့်အတွက်ပကတိရှင်းသန့်တည်ကြည်
စွာ သူ့မျက်နှာမှာ အပြုံးရိပ်လေး ထာဝရ ပွင့်ဖူးပေးခဲ့ပေါ့။
နှစ်ဦးနှစ်ဘက်ဌာနဆိုင်ရာလူကြီးတွေနဲ့သူငယ်ချင်းဝန်ထမ်းတွေ၊ရပ်ရွာ
ဆွေမျိုးအိမ်နီးနားချင်းတွေကောင်းမှုကြောင့်.သူမရဲ့နောက်ဆုံးဈာပန
ခရီးဟာ မကြာမှီ မီးခိုးငွေ့အဖြစ်အဆုံးသတ်ရတော့မယ်။
“သား…မြိုမထားနဲ့နော် ငိုချလိုက်”
အမေမြိုင်ကကျွန်တော့်လက်လာကိုင်ဆွဲရင်းအားပေးနှစ်သိမ့်။
“ဘာမှမမျှော်လင့်ပါဘူးကောင်းကင်ရယ်ငါ့ကိုယ်ပေါ်သာ
လောင်းချစမ်းပါ။ဘာဖြစ်လို့များ..ငါ့အလှဘုရင်မလေးကို
စောစောခြွေပစ်ရက်သလဲ”။
တိုးတိုးလေးနူတ်ဖျားကရေရွတ်ညီးတွားမိနေစဉ်……
“ကဲ..ဆရာတို့ အသုဘနဲ့ဆိုင်တဲ့ကာယကံရှင်ပဲ မီးသဂြိုလ်စက်
ထဲလိုက်ခဲ့ပါ၊မီးသဂြိုလ် ပါတော့မယ်၊ ကျန်တဲ့သူတွေကအပြင်မှာ
ခဏစောင့်နေပါဗျာ”
မီးသဂြိုလ်စက်တာဝန်ကျဝန်ထမ်းရဲ့ခပ်အုပ်အုပ်အသံကြောင့်သတိ
ပြန်ဝင်လာရင်း သူမရဲ့ခေါင်းတလားစင်တွန်းလှဲကိုအသာနောက်က
လိုက်တွန်းလို့အရှိန်နဲ့တောက်လောင်နေတဲ့မီးသဂြိုလ်စက်ထဲလိုက်
ဝင်ခဲ့တယ်။
“ဟ..နေကြအုံး ထုံးစံမပါလာပါလား”
ဒီမီးသဂြိုလ်မယ့်ဝန်ထမ်းရဲ့အော်သံကြောင့်ရုတ်တရက်နားမလည် နိုင်ခဲ့။ထမင်းထုပ်၊အုန်းဌက်ပျောပွဲ၊သက်စောင့်ခေါ်ရန်ပန်းစုံစီနေတာ
တောင်မှဘာလိုနေပါလိမ့်။
“ဆရာ..ကူးတို့ခ ဘယ်မှာလဲဗျ”
သူ့အမေးကို..ကျွန်တော်ဘာပြောရမှန်းမသိ။ဒါနဲ့ဘယ်လောက်လဲ
ဟုမေးလိုက်ပါတယ်။ငါးရာတန်တရွက်ဆိုရပြီတဲ့။တချိန်လုံးကုန်လိုက်
တဲ့ငွေသောက်သောက်လဲ သူမ အတွက် မငြီးညူပေမယ့်မရှိတဲ့
ကြားက ဘာမှန်းမသိပေးနေရသော ငွေစတွေအတွက်တော့နှမြော
မိတာအမှန်။ရှိစေလေ..အသာအယာပိုက်ဆံအိတ်ကိုဖွင့်ပြီးရှာမိတယ်။
ပြသနာအစက..ငွေဆိုလို့တပြားမှမကျန် တော့တာပါပဲ။
“မောင့်အတွက်..အမှတ်တရ”တဲ့၊။
(လာဘ်ခေါ်အဆောင်)ရာသက်လုံးအတွက် သူ့ချစ်သက်လက်ဆောင်
ငွေငါးရာကျပ်က ပိုက်ဆံအိပ်ပြားပြားလေးမှာ သစ်လွင်စွာ ပြုံးပြနေတာ
တွေ့ပေမယ့် ထုတ်နှုတ်ရမယ့်လက်အစုံက တွန့်ဆုတ်၊ အပြင်ခဏ
ထွက်လို့ ငွေယူရန် ဟန်ပြင်ချိန်…..
“ဗျို့ဆရာ..အချိန်မရှိဘူးနော်၊နောက်မှာ..မသာတွေတန်းစီနေတယ်”
ရင်နာစွာနဲ့ညင်သာစွာလာဘ်ခေါ်အဆောင်(တနည်း)လှဘုရင်ဧကရီမရဲ့
ချစ်သက်လက်ဆောင် ငွေ၅၀၀ကျပ်တန်သစ်လွင်လွင် ကို မီးသဂြိုလ်စက်
ဝန်ထမ်း ဆီ ကမ်းလင့်လိုက်တယ်။
သူကတော့ မညှာမတာ အရှိန်အမြန်နှုံးတွေနဲ့ငွေ၅၀၀ ကျပ်တန်ခေါက်ရိုး
ချိုး သူမ ပါးစပ်ထဲ ထိုးထည့်၊ခေါင်းတလား မီးတောက်ထဲ သွင်း ..
သံတံခါးငယ် ဆောင့်ပိတ်လိုက်ချိန်……….……………..။။။။။။။။။။။။။။
ဗစ်တာထွန်းဇေ
............................................................
အားလုံးကို ပါဝင်ရေးသားပေးပို့ကြဖို့ခေါ်ဖိတ်ပါတယ်။
အားလုံးသော အမျိုးများကို ကျေးဇူးအထူးတင်ပါတယ်။
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Wednesday, February 18, 2009 0 comments
Tuesday, February 17, 2009
စင်းဂလစ်ရှ် လို ပြော ကြစို့
စလုံးက မောင်ဖုန်း ကို singlish ခေါ် စလုံးနိုင်ငံသုံး အင်္ဂလိပ်စကားပြောနည်း လာသင်ပေးသူက ကျွန်တော့်ညီ ကိုကိုဝေ ပါ။သူ့ရဲ့ အင်္ဂလိပ်စကားပြောနည်း ကို သေချာလေ့ကျင့်ကြမယ်ဆိုရင်ဖြင့် စလုံးသူလေး၊သား လေးတွေနဲ့ Dating/shopping သွားလို့ရပြီနော်။ကဲ..သရုပ်ပြဗွီဒီယိုလေးကြည့်ရင်း လေ့ကျင့်ရအောင်။ဝမ်း..တူး..သရီး..
.........................................................................................
ညီ.ကိုကိုဝေရေ..ကျေးဇူးစပါယ်ရှယ်နော်။
သူ့ဆီပို့ပေးတဲ့ သူ့သူငယ်ချင်းလေးလည်းကျေးဇူးနော်။
သူတို့ဘယ်ကနေဖြန့်ပေးလည်း မသိပေမယ့်လည်း
ဖြန့်ပေးတဲ့ ဆရာတွေကိုတော့ ကျေးဇူးအထူးနော်။
အားလုံးကို သိနေဟဖြင့်....
သားရွှေနူ
အမေ့လက်ရာ
ု
Posted by ah..maye.. latt..yar at Tuesday, February 17, 2009 0 comments
Sunday, February 15, 2009
သတင်းဆိုသည်ဝယ်..............
ယနေ့လူသားတွေသည် သတင်းသတင်းဆိုသည်ကို လွန်စွာမှစိတ်ဝင်စားတတ်ကြ တယ်။ မိမိအကြောင်းကို ပြောသော သတင်းဖြစ်စေ၊ သူတစ်ပါးအကြောင်းကိုပြောသော သတင်းဖြစ်စေ၊ မိမိတိုင်း ပြည်အကြောင်းကို ပြောသော သတင်းဖြစ်စေ၊ အခြားတိုင်းပြည် ကမ္ဘာအရပ်ရပ်တွင် ရှိကြကုန်သော ဆိုင်ရာအကြောင်းအရာများကို မှန်သည်ဖြစ်စေ၊ မမှန် သည်ဖြစ်စေ စိတ်ဝင်တစားနှင့် ပြောတတ်ကြပါတယ်။ သတင်းဆိုသည်မှာ တစ်ဦးက တစ်ဦး
ကို ဘယ်မှာတော့ ဘာဖြစ်ပြီ ဘယ်သူနဲ့ ဘယ်သူနဲ့ကတော့ ဘယ်လို စသည်ဖြင့် သူပြော ငါပြော စကားများသည် သတင်းဖြစ်ပါတယ်။ တနည်း ကောလဟလ ဟုလည်းခေါ်ပါတယ်။ ကောလဟလဆိုသည်မှာ သတင်းစကားပင်ဖြစ်ပါတယ်။ သတင်းမှာ မှန် သောသတင်း ရှိသလို မမှန်သောသတင်းလည်းရှိပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ကြားကြား နေရသော သတင်းစကားများသည် ရာခိုင်းနှုန်းချလိုက်သောအခါ (၆၀)/ရာခိုင်းနှုန်းသော သတင်းစကား များသည် မဟုတ်မမှန်သော သတင်းစကားများသာဖြစ်ကြပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ သည် သတင်းသတင်း ကောလဟလ ကောလဟလ ဆိုတိုင်း ထိုကောလဟလကို ဘယ်သူ ပြောသလဲ ဘယ်လိုသတင်းလဲ ဘယ်ကပေါက်ဖွားလာတာလဲ ဆိုတာကို သေသေချာချာ စီစစ် ရပါမယ်။ သို့မှသာ သတင်းတွေနောက်မှာ မမျောကြပဲ မိမိလုပ်ရမယ့် အလုပ်တွင် အာရုံစူး စိုက်ပြီး ကောင်းမွန်စွာဆောင် ရွက်နိုင်ပါလိမ့်မယ်။ သို့မဟုတ်ပါက ဟိုလူကပြော ဟုတ်ပါ့ဟုတ် ပါ့ ဒီလူကပြော ဟုတ်ပါ့ဟုတ်ပါ့နှင့် သူများပါးစပ်ဖျားတွင် လမ်းဆုံးနေပါလိမ့်မယ်။ မမှန်သော သတင်းစကားများကို မှန်သည်ဟုထင်ပြီး သူများကိုလည်း မိမိကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူး တာတွေကို ပြန်ပြီး ဖောက်သည်ချရမှာက သတင်းနောက်ကိုပါသော သမာဓိမရှိသူများ၏ အလုပ်ပါပဲ။ မှန်သောသတင်းဆိုလျှင် နည်းနည်း ခံသာပါဦးမယ်။ ထိုသို့မဟုတ်ပဲမမှန်သော သတင်းစကားများကို ဖြန့်ဖြူးလိုက်မည်ဆိုပါက မိမိပြောသော သတင်းတစ်ခုကြောင့် များစွာ သောလူသားများ အသိမှား၊ အမှတ်မှားတွေဖြစ်သွားမည်ဆိုပါက အင်မတန်မှ ကြောက်စရာ ကောင်းလှပါတယ်။ ထိုစကားကို ဝိသံ ဝါရကော လောကဿ လို့ခေါ်ပါတယ်။ ကြားလိုက်ရ သော သတင်းစကားသည် အများအတွက် စိတ်ချမ်းသာစရာ သတင်းစကား၊ အများသူငါစိတ် ဓာတ်တို့အား အေးချမ်းကြည်နူးစေမည့် သတင်းမျိုး ဆိုပါက မည်မျှလောက် လောကကြီး ချမ်းသာသွားမလဲ ဆိုသည်ကို အားလုံးနားလည်ပါလိမ့်မယ်။ ထို့ကြောင့် ထိုသတင်းတို့ကို မိမိကပြောတော့မည်ဆိုလျှင်
(၁) မိမိပြောသော( သတင်းစကား ) ဖြစ်ရပ်သည် မှန်ကန်ရမယ်။
(၂) မိမိရဲ့ တဏှာနှင့် ဒိဋ္ဌိတို့ကို အခြေခံပြီး ပြောသော သတင်းစကားမဖြစ်သင့်ပါ။
ပြောသည်ဆိုကတည်းက နားထောင်သောသူ အနည်းဆုံးတစ်ဦးကတော့ ကြား မယ်၊ သိမယ်။ နားထောင်သောသူ စိတ်ဆင်းရဲစေမည့် သတင်းစကားဆိုလျှင်တော့ မပြော ခြင်းသည်သာ အကောင်းဆုံးပါ။ သို့မဟုတ် မိမိရဲ့ ဝစီစရိုက်ကကို သတင်းစကား တွေပြော နေခြင်းကို နှစ်သက်နေသောသူ ဖြစ် မည်ဆိုပါက ဤတင်ပြချက်ကို လက်ခံမည်မထင်ပါ။ ထိုကောလဟလ ( သတင်းစကား) နှင့် ပတ်သတ်ပြီး မင်္ဂလသုတ်ကို ဖွင့်ဆိုသော သုတ္တနိပါတ် အဋ္ဌကထာတွင် ကောလဟလ (၅)မျိုး အကြောင်း ကိုဖော်ပြထားပါတယ်။ ထိုကောလာဟလ (၅) မျိုးအား ပြန်လည်တင်ပြလိုက်ရပါတယ်။ သို့မှသာ သတင်းစကားနှင့် ပတ်သတ်၍ ချင့်ချိန် တတ်ပါလိမ့်မယ်။ ထိုကောလဟလ (၅) မျိုးမှာ
၁။ ကပ္ပကောလဟလ = ကမ္ဘာပျက်မည်ဟုပြောဆိုကြသော သတင်း။
၂။ စက္ကဝတ္တိကောလဟလ = စကြာဝတေးမင်း ပေါ်ပေါက်မည်ဟု ပြောဆိုကြသောသတင်း။
၃။ မောနေယျ ကောလဟလ = မောနေယျရဟန်းပေါ်မည်ဟု ပြောဆိုကြသော သတင်း။
၎။ ဗုဒ္ဓကောလဟလ = ဘုရားပေါ်မည် ဘုရားပေါ်မည် ဟုပြောဆိုကြသော သတင်းစကား။
၅။ မင်္ဂလာကောလဟလ = မင်္ဂလာတရား ပေါ်မည်ပေါ်မည်ဟုပြောဆိုကြသော သတင်းစကား။
ကပ္ပကောလဟလ - ကမ္ဘာကြီးပျက်တော့မည်ဟု ပေါ်ပေါက်လာသော သတင်းစကား သည် ကမ္ဘာကြီး မပျက်ခင် အနှစ်( ၁၀၀၀၀၀ ) မှစ၍ ကြိုတင်ပေါ်ပေါက်ပါသည်။ ထိုကောလ ဟလကို ဘယ် သူတွေက စပြီး ပြောကြသလဲ ဆိုလျှင် စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ကကြွေးကြော်ပါတယ်။ ကြွေးကြော်ပုံကြွေးကြော်နည်းများကို အဋ္ဌကထာတွင်ဖော်ပြထားပါ တယ်။ ကမ္ဘာကြီး၏ အရှေ့အရပ်မှ ဓတရဋ္ဌ နတ်မင်း၊ တောင်အရပ်မှ ဝိရူဠက နတ်မင်း၊ အနောက်အရပ်မှ ဝိရူပက္ခ နတ်မင်း၊ မြောက်အ ရပ်မှနေပြီး ကုဝေရ နတ်မင်းတို့သည် နီမြန်း သော နီမြန်းသော အဝတ်တွေကိုဝတ်၊ နီမြန်းသော ပန်းခိုင်ကြီးတွေကိုင်ကြပြီး၊ ဆံပင်တွေဖို့ ရို့ဖားလျားချ၊ စိတ်မကောင်းသော မျက်နှာအမူအယာတို့ဖြင့် ငိုယိုပြီး ကြွေးကြော်ကြပါတယ်။ ဘယ်လိုကြွေးကြော်ကြသလဲဆိုတော့ ဒီကနေ့ကစပြီး ကမ္ဘာကြီးသည် နောင်အနှစ်တစ်သိန်း ကြာရင် ပျက်ဆီးလိမ့်မယ်။ ဒါကြောင့် ဒုစရိုက်အမှုတွေကိုရှောင်ပြီး ဗြဟ္မစိုရ် တရားတွေနဲ့ နေကြပါလို့ ကြွေးကြော်ပါတယ်။ ဒီကောလဟလကို နတ်မင်းကြီးလေးပါး ( ကာမာဝစရနတ် များ) ကြွေးကြော်ပါတယ်။ ကာမဘုံသားနတ်တွေပေါ့။ ဒီကောလဟလစတင် ပေါ်ပေါက်တာ ကမ္ဘာမပျက်ခင် အနှစ်တစ်သိန်း။
စက္ကဝတ္တိကောလဟလ- စကြာဝတေးမင်းပေါ်မယ်ပေါ်မယ်လို့ သတင်းစကား ကောလ ဟလ စတင်ပေါ်ပေါက်သောအချိန်က စကြာဝတေးမင်း မပေါ်ခင် အနှစ်တစ်ရာ(၁၀၀)ကစ တင်ပေါ်ပါတယ်။ တစ်ယောက်သောသူက စကြာဝတေးမင်းပေါ်မယ်လို့ ပြောလိုက်တဲ့အခါ အခြားသူများလည်းသိပြီး တစ်ယောက်စတစ်ယောက်စနဲ့ ဒီသတင်းက အားလုံးပျံ့နှံ့ပြီး ဟိုက ဒီက စကြာမင်းလောင်းဆိုပြီး စကြာမင်းလောင်းပေါင်းမြောက်များစွာ ပေါ်လာပါတော့တယ်။ အသိဥာဏ်မရှိသောသူများ၊ သတင်း ကိုယုံကြည်သူများ သတင်းနောက်ကို လိုက်နေသူများ ထိုကောလဟလနောက်ကို ပါသွားပြီးစကြာ မင်းလောင်းဆီကို ချဉ်းကပ်ပါတော့တယ်။ ထိုစကြာမင်းလောင်း စကြာမင်းဖြစ်လာရင် ရင်းနှီးမှုတွေ ရကြအောင်လို့ဆိုပြီး သမီးတွေ ဆက်တာလည်းရှိပါတယ်။ သို့သော် နောက်ဆုံးတော့ သမီးပေးလိုက်ရတာပဲ အဖတ်တင်ကျန် တဲ့ သူတွေလည်းရှိခဲ့ကြတယ်လို့ ကြားဖူးပါတယ်။ ဒီကောလဟလကို ဘယ်သူတွေကြွေး ကြော်ကြသလဲဆိုတော့ ကာမဝစရနတ်တွေကြွေးကြော်ပါတယ်။ ကာမဘုံသားနတ် တွေပါပဲ။
နောက်တစ်ခုက ဗုဒ္ဓကောလဟလ - ဘုရားပေါ်တော့မယ်ဆိုပြီး ပေါ်ထွက်လာတဲ့သ တင်း။ ထိုသတင်းက ဘုရားမပေါ်ခင် အနှစ် တစ်ထောင်(၁၀၀၀) ကစ၍ ပေါ်ထွက်လာပါတယ်။ ဘယ်သူတွေ ကြွေးကြော်ကြသလဲဆိုရင် သုဒ္ဓဝါသ(၅)ဘုံတွင်ရှိကြကုန်သော အနာဂမ်ဗြဟ္မာ ကြီးများ ကြွေးကြော်ပါတယ်။ ထိုသို့ကြွေးကြော်ပြီးသောအခါ ဗုဒ္ဓဖြစ်ချင်သူများ ကိုယ့်ကိုယ်ကို ဗုဒ္ဓဆိုပြီး ဘုရားလုပ်ကြပါ တော့တယ်။ မစူစမ်းမဆင်ခြင်ပဲ သူများပြောသည်ကိုပဲ ယုံကြည်သူ များ ထိုသူများကို ဗုဒ္ဓအမှတ်နဲ့ ကိုးကွယ်ကြပါတော့တယ်။ ထိုအခါ အယူဝါဒများစွာ ပေါ်လာပါ တော့တယ်။ ထိုအယူများသည် ယနေ့အချိန်ထိအောင်ပင်ရှိပါသေးတယ်။ ထိုဗုဒ္ဓကောလဟလ ကို အနာဂမ်များကြွေးကြော်ပါတယ်။
နောက် မောနေယျကောလဟလ - မောနေယျရဟန်းပေါ်ပေါက်မယ်၊ ပေါ်ပေါက်မယ် ဆိုပြီး သတင်းစကားထွက်ပေါ်လာတဲ့အချိန်သည် မောနေယျရဟန်းမပေါ်ပေါက်ခင် အနှစ်(၇) နှစ်က စပြီးပေါ်ပါတယ်။ မောနေယျရဟန်းဟူသည် ဘုရားရှင် သာသနာတွင်တစ်ပါးတည်း ပေါ်သော ရှားရှားပါးပါး ရဟန်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင်က ထိုမောနေယျရဟန်းနှင့် ပတ်သတ်ပြီး မောနေယျအကျင့်ကို ဟောတော်မူထားခဲ့ပါတယ်။ ဗဟုသုတအဖြစ်နဲပ တင်ပြပါ မယ်။ ထိုမောနေယျရဟန်းသည် သုဒ္ဓေါဓန မင်းကြီး သိဒ္ဓတ္ထမင်းသားကို မမွေးဖွားခင်ကတည်း က ကိုးကွယ်ခဲ့သော ဒေဝီလရသေ့ကြီး၏ တူုဖြစ်ပါတယ်။ နာမည်က နာဠက။ ဒေဝီလရသေ့ ကြီးက သူ့တူ( မောနေယျရဟန်း = အရှင်နာဠက ) အား ဘုရားပွင့်လာရင် တရားထူးရအောင် တောထွက်ပြီးစောင့်နေခိုင်းတယ်။ မိဘ မိန်းမ ကလေးတွေကိုထား တောထွက်ပြီး ဘုရားပွင့် မည့် အချိန်ကိုစောင့်နေတယ်။ ဒါနဲ့ ဘုရားရှင်ပွင့် တရားဦး ဓမ္မစကြာကို ဟောတော်မူပြီး သီတင်းတစ်ပတ်အကြာတွင် ဘုရားရှင်ကို လာဖူးပြီးသောအခါ မောနေယျပဋိပတ် အကျင့်ကို တောင်းခံတယ်။ ရဲရဲရင့်ရင့် ပြင်းပြင်းထန်ထန် ထိုမောနေယျအကျင့်ကို ကြိုးပမ်းအားထုတ်တာ ပြင်းထန်လွန်းလို့ (၇)လာသာ ခန္ဓာဝန်ဆောင်ပြီး ပရိနိဗ္ဗာန်ပြုသွားပါတယ်။ မောနေယျအကျင့် ဟူသည် ရန်သူပင်ဖြစ်ပါစေ မေတ္တာထား၊ လူ့ရပ်လူ့ရွာတွင် မနေရပါ။ တောတောင်ထဲတွင် တကိုယ်တည်း လောကုတ္တရာဈာန်နဲ့ မွေ့လျော်ရပါတယ်။ လူသူပရိသတ်နဲ့ မရောနှောရပါ။ တောရပ်မှီပြီး သစ်တပင်ရိပ်၊ ဝါးတပင်အောက်မှာ မလျောင်းမစက် တဝက်ထိုင်တဲ့ အကျင့်နဲ့ ထာဝရနေရမယ်။ ဆွမ်းစားပင့်ရင် လည်း လက်မခံရပါဘူး။ ကိုယ့်အတွက်ရည်ရွယ် ဆောင်ယူ လာတဲ့ဆွမ်းကိုလည်း လက်မခံရပါဘူး။ မောနေယျအကျင့်ရှိသူသည် သပိတ်ပိုက်ပြီးဆွမ်းခံ သွားရင် အနည်းငယ်လှူလို့လည်း မရှုတ်ချရပါဘူး။ ဘယ်ပုံစံနဲ့ လှူလှူ လှူသောသူကို မထေမဲ့ မြင် မပြုရပါဘူး။ လှူတဲ့ပစ္စည်းပေါ်မှာလည်း ဒါလေးရတာ ကောင်းတယ်၊ ဒါကတော့ မကောင်း ဘူးဆိုပြီး ဖောက်ပြန်တဲ့ စိတ်မရှိရပါဘူး။ တစ်ရွာဝင်ပြီးရင် ထိုရွာကိုဘယ်တော့မှ ပြန်မဝင် တော့ပါဘူး။ တစ်ရွာတွင် တစ်ရက်ပဲနေပါတယ်။ တစ်တောတွင် တစ်ရက်သာ သီတင်းသုံးပါ တယ်။ မိဘကို လမ်းမှာတွေ့ရင်တောင် စကားမပြောဘူးတဲ့။ ယခုတင်ပြခဲ့သော အကျင့်ထက် အနည်းငယ် လျော့သောအကျင့်(မန္ဓုအကျင့်)ကို ကျင့်မည်ဆိုရင် (၇)နှစ်နေနိုင်ပါတယ်။ ထိုမန္ဓု အကျင့်ထက် အနည်းငယ်သက်သာတဲ့အကျင့်(မုဒအကျင့်)ကို ကျင့်မည်ဆိုပါက (၁၄) နှစ်နေ နိုင်ပါတယ်။ ဘုရားရှင်သည် ထိုအကျင့်အား လောကုတ္တရာ ဈာန်ချမ်းသာ အပြည့်အဝ ခံစားရ အောင် ပညတ်ထားခြင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ အရှင်နာဠကသည် တစ်ခုသောတောင် နံရံကိုမှီ၊ ဘုရား ရှိရာကိုမှန်းဆ လက်အုပ်ချီရင်းနဲ့ ပရိနိဗ္ဗာန်ပြုသွားတော်မူခဲ့ပါတယ်။ ထိုမော နေယျရဟန်း ပေါ်မည် ပေါ်မည်လို့ ကြွေးကြော်သူများကတော့ သုဒ္ဓါဝါသဘုံမှ အနာဂမ် ဗြဟ္မာ ကြီးများ ကြွေးကြော်ကြပါတယ်။
မင်္ဂလာကောလဟလ - မင်္ဂလာတရားပေါ်မည်ဟု ကြွေးကြော်သော သတင်း စကား။ ထိုစကားကို မင်္ဂလာတရား မပေါ်ပေါက်ခင် (၁၂) နှစ်က ကြိုတင်ပြီး ပေါ်ပေါက်ပါ တယ်။ ဘယ်သူတွေ ကြွေးကြော်ကြသလဲဆိုရင် သုဒ္ဓ့ဝါသဘုံမှ အနာဂမ်ဗြဟ္မာကြီးများ ကြွေး ကြော်ပါတယ်။ လူတွေက မင်္ဂလာ မင်္ဂလာနှင့် ကိုယ်ထင်ရာကို မင်္ဂလာဆိုပြီးပြော နောက်နတ် တွေလည်းပြော ဗြဟ္မာတွေလည်း မင်္ဂလာအကြောင်း ပြောကြဆိုကြ ငြင်းကြခုံကြနဲ့ နောက်ဆုံး ဘုရားရှင်ကိုလာမေး ဘုရားရှင်က မင်္ဂလာ တရား(၃၈) ပါးကို ဟောကြားလိုက်တော့မှ မင်္ဂလာ တရားဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးတွေပြုမူနေထိုင်မှ မင်္ဂလာရှိမှာလဲ ဆိုတာ အားလုံးသော နတ်ဗြဟ္မာတွေ သဘောပေါက်နားလည် သွားကြပါတော့တယ်။ ထိုမင်္ဂလာတရားကို မြတ်စွာ ဘုရားရှင် ဟောကြားပြီးသောအခါ တရားထူး တရားမြတ်ရသော သူများကို ဗဟုသုတအဖြစ် တင်ပြရပါလျှင် ရဟန္တာ ကုဋေတစ်သိန်း ၊ အနာဂမ် ဂဏန်းနဲ့တွက်လို့မရ၊ သကဒါကမ် မရေမ တွက်နိုင်၊ သောတာပန် မရေမတွက်နိုင် လောက်အောင်ကို တရားထူးတွေ ရကြပါ တယ်။
ရှေ့က ကောလဟလငါးမျိုးတွင်တော့ သာသနာနှင့်စပ်သော သတင်းစကားကိုက တရား ရပြီး သောပုဂ္ဂိုလ်များဖြစ်တဲ့ အနာဂမ်ကြီးများကြွေးကြော်တယ်ဆိုတော့ မှန်မှာတော့သေချာပါ တယ်။ သာသနာနှင့်မစပ်သော ကောလဟလ နှစ်မျိုးကိုက ကာမဘုံသား ဘာတရားထူးမှမရ သော နတ်များ ကြွေးကြော်ကြပါတယ်။ ထို့ကြောင့် ကောလဟလ သတင်းစကားကို စိစစ်ပြီးမှ မှန်မမှန်လက်ခံသင့်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က သတင်းသတင်းဆိုသော စကားလေးနှစ်လုံးကို သေသေ ချာချာ စိစစ်ရပါမယ်။ သတင်းတစ်ခုကို ကြားပြီဆိုလျှင် ဒီသတင်းကိုဘယ်သူပြောသလဲ၊ ပြောသူကရော ဘယ်လိုအရည်အချင်းရှိလဲ၊ သူရဲ့အကျင့်စရိုက်နဲ့ စိတ်ထားက ဘယ်လိုလဲ၊ ဘာကိုရည်ရွယ်ပြီး ပြောရတာလဲ၊ ဒိဋ္ဌိနဲ့တဏှာကို အခြေခံပြီးမှ ထွက်လာသော သတင်းလား၊ အများကောင်းကျိုးဖြစ်စေသော ရည်ရွယ်ချက်နဲ့ ပြောသောသတင်းလား စသည်ဖြင့် သေချာ စွာစိစစ်ပြီးမှ လက်ခံသင့်ပါတယ်။ ထိုကော လဟလ (သတင်း) ၏နောက်ဆက်တွဲ ပြဿနာ သည် မိမိလုပ်ရမည့် အလုပ်များ လစ်ဟင်းသွားခြင်း၊ မကောင်းသော သတင်းများဖြစ်ပါက စိတ်ဆင်းရဲမှု အဖတ်တင်ကျန်ရစ်ခြင်း၊ ဣဿာ( သူတစ်ပါး ကောင်းကျိုးချမ်းသာကို မနာလို ဖြစ်ခြင်း)၊ မစ္ဆရိယ( မိမိ၏ ပစ္စည်းဝတ္ထုကို တွန့်တိုခြင်း)၊ ကဲ့ရဲ့ခြင်း များသည် အကုသိုလ်အကျိုး ပေး အနေအားဖြင့် မိမိသန္တာန်ကို လာရောက်ရိုက်ခတ်မည်မှာ မလွဲဧကန် ပင်ဖြစ်ပါတော့သည်။ လူသားတိုင်းက ထိုသတင်းဆိုသော စကားလေးနှစ်လုံးကို လွန်စွာမှစိတ်ဝင်စား တတ်သော ကြောင့် ထိုကောလဟလနောက်မှာ မျောပါနေကြတာ (၁၀၀/၉၀) ရာခိုင်းနှုန်းလောက်ရှိ ပါလိမ့်မယ်။ ထို့ကြောင့် မိမိတို့သည် ထိုကောလဟလ သတင်းနောက်တွင် လိုက်မနေကြပဲ မိမိ လုပ်စရာရှိသော ပစ္စုပ္ပုန်ကောင်းကျိုးဖြစ်စေသောအလုပ်၊ သံသရာကောင်းကျိုးဖြစ်စေသော အလုပ်များကို အတ္တကင်းစွာဖြင့် ပြုလုပ်နိုင်ကြပါစေလို့ …
သတင်းကိုလည်း စိစစ်တတ်မှ၊ အပေါင်းအသင်းကိုလည်း ပေါင်းတတ်မှ…
ထေရဝါဒဗုဒ္ဓဘာသာလူငယ်များအသင်း
အပြည့်အစုံသို့
ပြန်သိမ်းရန်
တင်ပြသူ mephi at 11:47 AM 0 comments
http://www.ymba-mephi.co.cc/
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
http://www.ymba-mephi.co.cc/
မူလစာရေးဆရာ ကိုအောင်ဦး ရဲ့ “သတင်းဆိုသည်ဝယ်” ကို တရားအသိ ဆင်ခြင်အသိနဲ့ စဉ်းစားဆင်ခြင်နိုင်
အောင် စုံစည်းရာဘလော့မှ ကိုဖိုးသား အကူအညီ နဲ့ခွင့်တောင်းပြီး စိတ်ကြိုက် ကော်ပီကူးလိုက်ပါတယ်။
ကိုဖိုးသားနဲ့ကိုအောင်ဦးအား ကျေးဇူးတင်ပါတယ်။
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
အားလုံးပြုံးပျော်ရွှင်မြူးနိုင်ကြပါစေ။
အားလုံးပါဝင်ရေးသားမျှဝေပေးကြဖို့လည်း ခေါ်ဖိတ်ပါတယ်။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Sunday, February 15, 2009 0 comments
Saturday, February 14, 2009
မင်္ဂလာအပေါင်းနဲ့အချစ်တွေရနိုင်ကြပါစေ
(၁)
“တီ..တော်.တွမ်.တီ..တီ”
စောစောစီးစီးမြည်တဲ့မိုလ်ဘိုင်းဖုံးကတနင်္ဂနွေရုံးနားရက်မနက်ကိုအကျည်းတန်ရုပ်ဆိုး
စေခဲ့တယ်။“သားကြီးရေ...မင်းသူများဘလော့က စာတွေခိုးလို့ဆို၊မင်းပြောတော့
..ကိုယ်ပိုင်လေးမတောက်တခေါက်လုပ်တာဆို၊အော်..လက်စသတ်တော့မင်းလည်း
ကူးချကိုးကွ” “ဘယ်လိုလဲ..ဦးရေ၊သမီးတို့တော့..မယုံချင်ဘူးနော် ဟင်း..ဟင်း”
“--------------”
“--------------”
“--------------”
(၂)
ဒါနဲ့ဖွင့်ကြည့်တော့ကိုယ့်ဘလော့လေးရဲ့ C-Box မှာ တဂ်ထားတဲ့ဒီစာလေး
တွေ့ပါတယ်။
အောင်သာငယ်: ဒါလေး
လည်း ဖတ်ကြည့်လိုက်ပါဦး...
http://pandora-and-pandora.blogspot.com/2009/02/blog-post_15.html
အင်း..ခပ်ပျင်းပျင်းနဲ့အိပ်ဖို့မဖြစ်နိုင်မှန်းသိလိုက်တော့စာပြန်စီလိုက်ပါတယ်။ဒီနေ့
တကဗ္ဘာလုံးမှာသူ့သီချင်း၊ငါ့ကဗျာ၊ဟိုအရာ..၊ဒီအရာအားလုံးဖြစ်ဖြစ်၊နည်းနည်းဖြစ်ဖြစ်
လူတိုင်းအခိုးခံနေရတာအားလုံးသိမှာပါ။ကျွန်တော်ဆိုမရှိမဲ့ရှိမဲ့ခြစ်ကုတ်စုဝယ်ထားတဲ့
စက်ဘီးလေးသော့ခတ်ထားတာတောင် ဘီးတွေအဖြုတ်ခံအခိုးခံခဲ့ရပါတယ်။ဒါထက်
ဆိုးတာကတော့..နှလုံးသားနဲ့ခံစား ရေးထားတဲ့ စာစုလေးတွေ၊အနုသုခုမတွေ
အသိမပေးပဲ နည်းနည်းစီ ဖဲ့ဖဲ့ခိုး၊အများကြီးတခုလုံး ကော်ပီကူး တော့ ကာယကံ
ရှင် မူပိုင်ရှင်အနေနဲ့ တော်တော်လေး စိတ်မသက်မသာဖြစ်မိမှာ ကိုယ်ချင်းစာပါတယ်။
အချစ်တွေအခိုးခံရတဲ့မူလစာရေးဆရာ..ပန်ဒိုရာ ရဲ့ အချစ်ဆိုသည်မှာ ရေး
ထားတဲ့ပို့စ်ကို ကျွန်တော့်ညီက စာရေးဆရာ ပန်ဒိုရာရဲ့နာမည်မဖော်ပြပဲ
အီးမေးလ်နဲ့ Forward လုပ်ပေးပါတယ်။ကျွန်တော်ကလည်းဘလော့မှာ...
http://ahmayelattya.blogspot.com
/2008/11/blog-post_33.html
အချစ်ကြီးသူများဆိုပြီး အလွယ်ကူးထည့်လိုက်ပါတယ်။အခုသိတော့မှ..ဆရာပန်ဒိုရာ
ကို ဒီကိစ္စနဲ့ပတ်သက်ပြီးတောင်းပန်ပါတယ်။နောက်ဆိုရင်တော့...သတိထား
ဂရုစိုက်ပါ့မယ်။ဒီပို့စ်လေးအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။လေးလည်းလေးစား
ပါတယ်။အမှားတွေကိုအချိန်မရွေးဆုံးမပါ။ဆရာ ပန်ဒိုရာကို ဒီထက်ပိုပြီးလွှတ်လှတဲ့
စာကဗျာများစွာ ခံစားရေးသားနိုင်ပါစေ။
(၃)
ကျွန်တော့အမျိုးများကိုတော့မှာပါရစေ..ကျွန်တော်ဟာဘာမှမရှိ၊ဘာမှမသိသေးတဲ့
ကလေးဦးနှောက်နဲ့လူကောင်သေးသေးပါ။အရာရာကိုလေ့လာလာသင်ယူနေဆဲပါဗျာ။
အမှားအမှန်ကိုပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြဆုံးမကြပါ။ကျွန်တော့်ဆီပို့ပေးတဲ့
Forward E-mailလေးတွေကိုမူရင်းစာရေးဆရာအကျော်အမော်များ ရဲ့အမည်နာမ
များပါဖော်ပြပေးပါ။မသိပါက..အနီးစပ်ဆုံးဘယ်သူကစတင်ဖြန့်ချိခဲ့တယ်..နံပါတ်တစ်
အစဘယ်သူ၊ဘယ်အီးမေးလ်ရှင်ဘာညာဆိုတာလေးတော့ပြောပြပါ။ဒီလိုဖြန့်ဝေပေးခြင်း
ဖြင့်မူလစာရေးဆရာအကျော်အမော်များရဲ့ကော်ပီရိုက်(Copy Rights)ကိုလေးစား
ဂုဏ်ပြုကြစို့လားဗျာ.......။
---------------------------------------------------------------------
မူလစာရေးဆရာအကျော်အမော် များအား လေးစားဦးညွတ်ရင်း ကျေးဇူးအထူးတင်
သလိုကျွန်တော့်အမျိုးများအားလုံးလည်း..ကျေးဇူးစပါယ်ရှယ်တင်ပါတယ်။
ဘာဖြစ်ဖြစ်သိတာရှိတာလေးတွေ ပြည်အကျိုးပြုမယ့် အရာလေးများပါဝင်ရေးသား
အားဖြည့်ဝေဖန်ပေးကြပါ။အားလုံးသောညီအကိုအမ များကို ခေါ်ဖိတ်ပါတယ်ဗျာ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Saturday, February 14, 2009 0 comments
ကြည်ပြာရောင်မိုးကောင်ကင်(သို့)တုနှိုင်းမဲ့မေမေ
ဒီနေ့တော့ ကိုရီးယား ဆိုက်များကို လိုက်လံ ဖတ်ရှုရာမှ သဘောကျမိသော ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမှာရှိတဲ့ အမေတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ........
(၁)
"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "
အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။) အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။
"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "
ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...
"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "
ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်
"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "
ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို ဂရုမစိုက်ဘဲ ကျွန်မ
ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။
(၂)
ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ
"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "
"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "
အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။ ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မမွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ
ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး သွားခဲ့ပါတယ်။
(၃)
ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်းကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်လာတယ်။ အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်းထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။
အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။
(၄)
ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သမီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။
သို့--------
အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်
သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...
ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....
အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...
ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...
ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...
အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...
အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...
တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....
ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။
ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...
အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....
အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။
သိန်း၂၀၀လောက်ရှိမယ်...
ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...
သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ
ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ၀မ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "
#########################################################################
အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့ အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို သတိရစေဘို့ ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ၀ထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။
---------------------------------------------------------------------------------
အကောင်းဆုံးပို့စ်လေးကို အမြန်ဆုံး အီးမေးလ်နဲ့ မျှဝေပေးတဲ့ ကိုကိုဝေ အားအမေ့လက်ရာက ကျေးဇူးတင်ပါတယ်။
ခံစားချက်ထပ်တူဖြစ်အောင် ရေးသားခဲ့တဲ့ မူရင်းဘာသာပြန်စာရေးဆရာ ကိုလည်း ကျေးဇူးပါဗျာ။
လာရောက်လည်ဖတ်သူ အမျိုးများလည်း ကျေးဇူးနော်...။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Saturday, February 14, 2009 0 comments
Friday, February 13, 2009
အနမ်းနဲ့ကျန်းမာရေး
ဖေဖော်ဝါရီ ၁၄ ရက် နေ့ ချစ်သူများနေ့အတွက် တခုခုရေးလေဗျာ ဆိုလာသူ ကိုဖိုးလုံး အတွက် ဆရာ ကျော်သွင်နိုဗယ် ရဲ့ Forward Email ထဲက ...အနမ်းနဲ့ကျန်းမာရေး ကို အလွယ် လေး ကော်ပီကူး လိုက်ပါတယ်။ကဲ .ဆရာဖိုးလုံးရေ..နမ်းရအောင် ဒိုး၊ အဲလေ ကျန်းမာရေး အတွက် ...ဒိုး စေ ဗျား။
....................................................................................
အနမ်းနဲ့ကျန်းမာရေး
သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???။
..................................................................................
ဆရာ ကျော်သွင်နိုဗယ် ကို ထူးထူးခြားခြားလေး အီးမေးလ်မျှဝေ ပေးတဲ့ အတွက် ကျေးဇူးထူးထူးတင်သလို၊မူလ စာရေးဆရာ ကိုလည်း စပယ်ရှယ်တင်ပါတယ်။လာလည်ဖတ်သူ အမျိုးများအားလည်း ကျေးဇူးပါဗျာ။
အားလုံးကို သိတာလေးတွေ ဝေမျှ ရေးသားပေးကြဖို့ ထပ်မံခေါ်ဖိတ်ပါတယ်။
အားလုံးပြုံးပျော်ကြည်နူးကြပါစေ
သိနေဟဖြင့်..
အမေ့လက်ရာ
Posted by ah..maye.. latt..yar at Friday, February 13, 2009 0 comments
Thursday, February 12, 2009
”အရည်မရ အဖတ်မရ“
အိပ်စက်နားချိန်တောင် ထထမြည်တတ်သော မိုဘိုင်းဖုံး(mobile phone)၊အရေးပေါ်အားကိုးတကြီး ကြားသမျှ သတင်းနဲ့ အတင်း တကူးတက လှမ်းမေး/ပေးတတ်တဲ့ သူငယ်ချင်းများ အကြောင်းကို အိပ်မရတာနဲ့ ထုံးစံအတိုင်း“အရည်မရ အဖတ်မရ”ရေးလိုက်ပါတယ်။
(၁)ရန်ကုန်အိမ်က တို့ကိုအေးဖေ သေပြီ ဆိုလား။(ယနေ့ည..နောက်ဆုံးအထူးသတင်း)
(၂)စလုံးနိုင်ငံ ရွှေမြန်မာများစုဝေးရာ ပင်နီဆူလားပလာဇာ(စီးတီးဟော)အနီး ကားလမ်းဘေးဝဲယာမှ ရဲကိုကို တွေ ချောင်းနေကြောင်း
မီးပိုင့်လူကူမျဉ်းကြားကဖြတ်မကူးပဲ လမ်းပေါ်ကဖြတ်ပြေးရင် ဖမ်းဖို့ဆိုလား၊ဟိုဟာတွေအတွက် ဆိုလား...ဘာလား။
(SMS သတင်း)
(၃)valentine days အထူး အနေနဲ့ စလုံးနိုင်ငံဖုံးခေါ်ဆိုမှုတွေ ပြည်တွင်း ပြည်ပ အတွက် စပါယ်ရှယ် ဒစ်စကောင့် ရှိနိုင်ကြောင်း၊ call back card စီးလိုင်းယင်း-ကုမဏီ မှ (SMS သတင်း)
(၄)အားလူးကြော်ဗူးရှည်လေးတွေ(Potato chips)မှာ ကင်ဆာဖြစ်ပွါးစေသော အဆိပ်မျိုး ပါနေလို့ဆိုလား ၊မစားကြရန် ဆိုလား (SMS သတင်း)
(၅)စလုံးကိုလာမယ့် ရွှေကိုကို မမ များအတွက် ဒီနှစ် တရုပ်နှစ်ကူးအပြီး အလုပ်အကိုင်ခေါ်ဆိုမှုတွေ ရှားပါးလာလို့ အလုပ်ရမှု မလွယ်နိုင်ကြောင်း ဆိုလား (ဖုံးသတင်း)
(၆)နီးစပ်တဲ့ အချိန်ပိုင်း သင်တန်းကျောင်းလေးတွေ အလုပ်အားရင် ပိုက်ဆံစု ပြိး တက်ထားသင့်ကြောင်း ၊အလုပ်အကိုင် နေရာတည်မြဲ ၊အလုပ်သစ် ရှာဖွေရ လွယ်ကူရန် ရာခိုင်နှုန်း များတယ်ဆိုလား (ဖုံးသတင်း)
(၇)ခုမတ်လ(၁)ရက်နေ့ကစပြီး အမျိုးသားတဦးနေဖို့ အတွက် တွန်ဘာရု MRT နဲ့ ဘူကစ်မယ်ရာ့ Interchange ကြား နေရာကောင်းလေးမှာရှိတဲ့ ကိုကိုရွှေအိမ်မှာ အင်တာနက်ပါသုံးနိုင်၊ကောင်းကောင်းအိပ်နိုင်ပြီး ဈေးနှုံးက စလုံးဒေါ်လာ ၂၁၀ ပဲဆိုလား။မေးချင်ရင်....ဖုံး/၉၃၈၀၄၄၄၉ (SMS သတင်း)
................................................................................
အားလုံးကိုပါဝင်ရေးသားဖို့ခေါ်ဖိတ်ပါတယ်။
ပျော်ရွှင်ကြည်နူးကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Thursday, February 12, 2009 0 comments
ချစ်သူများစွာပျော်ပါစေ
ချစ်သူများစွာပျော်ပါစေ
ရာစုနှစ်များစွာကို
ရည်ရွယ်လို့....
နှင်းဆီနီတချို့ ချောကလက်တထုပ်
bear ရုပ် လေးတ ရုပ်။
အနမ်းပွင့်လေးတွေ ချိုစေသား
လက်တွဲခွင့်လေးတွေ မြဲစေသား
ကြေကွဲမှုလေးတွေ မဲ့စေသား
ကြည်နူးပျော်ရွှင်....
ခံစားမှုရသာလေးတွေ သင်းပျံ့ကြိုင်လှိုင်
အပြာရောင်စာမျက်နှာများ
ဂန္တဝင်တွင်စေသား
ဂန္တဝင်တွင်စေသား
ဂန္တဝင်တွင်စေသား ....။
သားရွှေနု
.......................................
“valentines-day”
အားလုံးသောချစ်သူစုံတွဲလေးများအတွက်
ပျော်ရွှင်ဖွယ်နေ့စွဲလေးများ တဘဝစာလုံး ရေးထိုးနိုင်ကြဖို့
အမေ့လက်ရာက ဆုတောင်းပေးလိုက်ပါတယ်။
အားလုံးကြည်နူးပျော်ရွှင်ကြပါစေ........။
သိနေဟဖြင့်..
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Thursday, February 12, 2009 0 comments
Sunday, February 8, 2009
တို့အဖိုး အေ..လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့
အောင်ဆန်းပေးတဲ့မြန်မာပြည်
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)
အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။
""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
....................................................................................
ဖေဖော်ဝါရီလ သမိုင်းဝင် ရက်ကောင်းမြတ်တွေကတော့ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့
၊၁၃ ရက်နေ့ လွပ်ရေးကြိုးပမ်းခေါင်းဆောင်ကြီး
ကျွန်တော့်တို့ဖိုးအေကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့။
ပြည်ထောင်စုသားတွေစုဝန်းညီညာ တို့ဗိုလ်ချုပ်နဲ့ တသားတည်း ညီညွတ်ရေး ပင်လုံစာချုပ်
လက်မှတ်ရေးထိုးသော ဖေဖော်ဝါရီ ၁၂ ရက်နေ့ကိုလည်း မမေ့အောင်
ဗိုလ်ချုပ်မွေးနေ့ ကိုလည်း အမှတ်ရနေအောင်
ပေါ့ပေါ့နေပေါ့စားစားပြီး လွပ်လပ်ရေး အဓွန့်ရှည်အောင် မကြိုးပမ်းပဲ
မေ့မနေအောင်..၊လွယ်လွယ်မရခဲ့သော လွပ်လပ်ရေး ကို တန်ဖိုးထားတတ်အောင်
အထက်ပါစာသားကဗျာလေး မျှဝေပေးခဲ့တဲ့ ကိုကိုဝေ အားလည်းကောင်း
ခံစားချက်အပြည့် နဲ့ ရေးသီခဲ့သော မူလကဗျာဆရာ အားလည်းကောင်း
သမိုင်းဝင်လွပ်လပ်ရေးနဲ့ ပြည်ထောင်စုအရေးကြိုးပမ်းခဲ့သူများ၊သမိုင်းမဝင်ပေမယ့်
ပါဝင်လက်တွဲကြိုးပမ်းခဲ့သူများ အား ဦးညွတ် ကျေးဇူးတင်ရင်း...........
သိနေဟဖြင့်...
သားရွှေနု
အမေ့လက်ရာ
Posted by ah..maye.. latt..yar at Sunday, February 08, 2009 0 comments
Sunday, February 1, 2009
ပရ၀ါဒီတစ်ဦးနှင့် ဆွေးနွေးခြင်း
ပရ၀ါဒီတစ်ဦးနှင့် ဆွေးနွေးခြင်း
ဘယ်သို့မြင်၍ ဘယ်လိုဆိုလေသည်ကို မသိပါ။ လွယ်လွယ်ပေါ့ပေါ့တော့ မဟုတ်တန်ရာ။ နှစ်များစွာ ကွဲကွာနေသူ မိတ်ဆွေရင်းတစ်ဦး အလည်ရောက်လာပါသည်။ သူက ထာဝရ ဘုရားသခင် ဘာသာဝင် အမျိုးသမီး ဖြစ်ပါသည်။ ရင်းရင်းနှီးနှီးမို့ အိမ်အတွင်း စာကြည့်ခန်းကို ၀င်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်မှာ -
"ဘာသာရေးစာပေတွေကို ရေးနေတယ်လို့ ကြားရတယ်။ ဒါတွေ အကုန်ဖတ်နိုင်ရဲ့လား" ဟု စာအုပ်စင်ကို လက်ညှိုးညွှန်၍ စကားဆိုလိုက်ပါ၏။
"ဟုတ်ကဲ့ ...လေ့လာဖတ်ရှု့ဖို့ စုဆောင်းရတာမို့ ကြိုးစားဖတ်ရပါတယ်"
"ဘာသာရေး စာအုပ်တွေ အမျိုးမျိုး များလွန်းလှပါကလား၊ အယူအမြင်တွေ ကွဲပြား မကုန်ဘူးလား"
သူ့အမြင်ဖြင့် မေးခြင်းဖြစ်ပါ၏။ သူတို့ ကိုးကွယ်သော ဘာသာများက များသောအားဖြင့် ကျမ်းစာ တစ်အုပ်တည်းကိုသာ စွဲကိုင်အားပြုကြခြင်းကြောင့် ဖြစ်တန်ရာပါသည်။
"ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းစာတွေမို့ ဗုဒ္ဓရဲ့တရားအစစ် အမှန်များ ဖြစ်ပါတယ်"
"ဗုဒ္ဓဘာသာမှာ မစစ်မှန်တဲ့ ဘာသာရေးစာပေတွေကော ရှိလို့လား" ဟု သူမက ထပ်ဆင့် မေးလာပါသည်။
"အစစ်ရှိရင် အတုဆိုတာ ရှိလာတတ်တာမို့ မရှိဘူးလို့ မပြောချင်ပါဘူး၊ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးအမျိုးမျိုး ဖြစ်သန်းခဲ့ရတော့ အရောအနှောတွေ၊ အပြုအပြင်တွေ မကင်းပါဘူး၊ ကြည့်တတ်သူတွေ မြင်ကြပါတယ်"
မိတ်ဆွေအမျိုးသမီးသည် တစ်စုံတစ်ရာ စဉ်းစားနေရာမှ တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည်မှာ-
"ကမ္ဘာမှာ ဘာသာတွေအားလုံးဟာ ကောင်းကြတာချည်းပါပဲ။ အားလုံး အတူတူ ဖြစ်ကြပါတယ်။ မှန်ကန်တဲ့ မဂ္ဂင်လမ်းနဲ့ ကျင့်ကြံနေကြတာပဲ။ မဟုတ်လား "
မမျှော်လင့်သော ဒီစကားကြောင့် ကျွန်တော့်မှာ အံ့အားသင့်ရပါပြီ။ ဘယ်လိုလဲ။ ဘာကြောင့် ဒီစကားကို ဆိုလေသလဲ။ မြောင်းသွယ်လိုက်ခြင်းပေလော။ ခပ်လွယ်လွယ်နှုတ်ခမ်းလှုပ်ရုံတော့ မဟုတ်နိုင်ပါပေ။ "အားလုံးကောင်းပါသည်" အဆိုကိုမူ လူသားဆိုင်ရာ အဆုံးအမများ၊ လမ်းညွှန်မှုကောင်းများ ရှိကြ၍ လက်သင့်ခံရမည်သာ။ လူမျိုးအသီးသီး၌ ဒါနပြုသူများလည်း ရှိကြပါ၏။ ဤသည်တို့၌ လုပ်ငန်းအသွင်အားဖြင့် အချင်းချင်း တူညီကြစေကာမူ သဘောအားဖြင့် ခြားနားမှု ရှိကြပါသည်။ "အားလုံး အတူတူချည်း" ဆိုပါလျှင် အဘယ်ကြောင့် ကမ္ဘာတွင် ဘာသာတွေ ထွေပြားနေကြပါသနည်း။
ယနေ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ "တစ်ကမ္ဘာလုံး ပေါင်းစည်းလာမှုဖြစ်စဉ်" (GLOBALISATION) ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို တစ်ပုံစံတည်း၊ တစ်ထပ်တည်း ပေါင်းစည်းမှု ဖြစ်လာအောင် စိတ်ကြိုက် လိုသူများက ဖန်တီးကြိုးပမ်းနေချိန်ဝယ် မွန်မြတ်သည့် ယုံကြည်မှု၊ ဘာသာရေးကိုပင် တစ်ပုံစံ၊ တစ်ထပ်တည်း (GLOBALISATION) အားကျ နေပြန်သည်လား။ ဘယ်သို့ ဘယ်ပုံ ယူချင်၍ ဘယ်ဆီသို့ ဆွဲခေါ်နေပြီင်္နည်း။ မိတ်ဆွေ အမျိုးသမီးသည် ဗုဒ္ဓ၀ါဒကို မည်မျှနားလည်သည်တော့ မသိပါ။ "သမ္မာမဂ္ဂင်" ကောင်းသောလမ်းနှင့် အကျင့်ဟူသော သကြားလုံးကို ကမ်းလိုက်လေပြီ။ တိုးတက်နေသော ဆက်သွယ်မှု နည်းပညာသစ်ပေလော ။
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို တန်ဖိုးထား မြတ်နိုးလေးစားပါ၏။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားတို့၏ ဘ၀ပေးပိုင်ခွင့်ပင် ဖြစ်ပါ၏။ အရာရာ၌ အမြင်အမျိုးမျိုး ၊ ရှု့ထောင့်အသွယ်သွယ်ကိုလည်း နားလည်လက်ခံလာပါ၏။ အမှတ်မထင် အတွေ့အကြုံလေးတစ်ခု သတိရပေါ်လာခဲ့ပါပြီ။
မော်တော်ကားမှောက်၍ သေသူ၊ ပြင်းထန်စွာ ဒဏ်ရာရသူများ၏ သွေးသံရဲရဲကြားက တရုတ်ကြီးတစ်ယောက် အူယား ဖားယား ကုန်းထလာသည်။ သူရင်ပတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖိ၍ ခါးကော့ကာ မအီ မသာ ဖြစ်နေ၏။ ရှုံ့မဲ့မဲ့ မျက်နှာ လူသေလောင်းတစ်ခုကို လက်ညှိုးထိုးပြပြီး "စူက..စေတာစေ...နာလောက် မနာဘူး" ဟူသော ညောင်နာနာ အသံဖြင့် ဆိုလိုက်ပုံကို ကြားရသူတို့ ငိုအားသန်နေချိန်ဝယ် ပြုံးမဲ့မဲ့တော့ ဖြစ်ရပါ၏။ ယခု ကျွန်တော့်မိတ်ဆွေ အမျိုးသမီး၏ ဆန္ဒအသံကို စဉ်းစားရချေပြီ။ သူ့အမြင်ဟုပင် ထင်မိပါ၏။ ပြုံးရပါ၏။
သူ့ကို အေးအေးဆေးဆေးပင် ရှင်းပြရပါ၏။ အရာရာမှာ တူညီ ထပ်တူကျဖို့ တစ်သားတည်ဖြစ်ဖို့ ဆိုသည်မှာ ဘာမဆို အခြေခံအကြောင်းတွေ မတူဘဲ ပြုလုပ် မရနိုင်ပါ။ တြိဂံ၊ စက်ဝိုင်း၊ စတုဂံပုံအမျိုးမျိုးကို တစ်ထပ်တည်း ကျအောင် မတူညီဘဲ လုပ်မရပါ။ ဗုဒ္ဓဘုရားရှင်ပင် သတ္တ၀ါတွေ အားလုံးကို ကျွတ်တမ်းဝင်အောင် မပြုခဲ့နိုင်သလို ဖန်ဆင်းရှင်ဆိုသည့် ထာဝရ ဘုရားသခင်တို့ကလည်း ဖန်ဆင်းခံ လူသားတွေကို အဘယ်ကြောင့် ဆင်းရဲသူ၊ ချမ်းသာသူ၊ အရုပ်ဆိုးသူ၊ ရုပ်လှသူ၊ အယုတ်၊ အလတ်၊ အမြတ် ကွဲပြားနေစေ ခဲ့ရပါသနည်း၊ အဘယ်ကြောင့် လူသားအားလုံး တူညီမှုရိှအောင် ဖန်ဆင်း မပေးသည်ကို မေးစရာရှိလာကြောင်း ရှင်းပြရပါသည်။ ကမ္ဘာ့လူသားအားလုံး ဘက်ပေါင်းစုံ တစ်ထပ်တည်းကျအောင် (GLOBALISATION) ဖန်တီး မပေးသင့် ပေဘူးလားဟု မေးမိပါသည်။
ဆက်လက်၍ ဗုဒ္ဓဘာသာသည် အခြားဘာသာ အချို့ကဲ့သို့ အင်္ဂလိပ် ဝေါဟာရ "ရီလေးဂျင်း" (RELIGION) ဟု မဆိုနိုင်ကြောင်း။ ရီလေးဂျင်းဟူသည် ထာဝရဘုရားသခင်၊ ထာဝရဗြဟ္မာကြီး၊ ထာဝရ နတ်ဘုရားကြီးတို့က စကြ၀ဠာကြီး တစ်ခုလုံးကို ဖန်ဆင်းပေးထားသော လောကကြီးတစ်ခုလုံးအား ပိုင်စိုးကြိုးကိုင်ထားသော အနန္တတန်ခိုးရှင် အယူကို လက်ခံသော ၀ါဒဖြစ်လေသည်။ (belief is GOD as a Creator and controller of the Universe)။
ဗုဒ္ဓဘာသာသည် သက်ရှိသက်မဲ့ အရာအားလုံးကို မည်သူကမျှ မဖန်ဆင်းပါ။ ဖန်ဆင်းရှင် မရှိပါ။ ဗုဒ္ဓဘုရားရှင်တို့မှာပင် မည်သည့် တန်ခိုးရှင်ကမျှ ဖန်ဆင်းပေးခြင်းမျိုး မဟုတ်ဘဲ လူသားအနေဖြင့် အမှန်တရားကို ရှာ၍ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုဖြင့်သာ ဘုရားအဖြစ် ရောက်တော်မူရပါသည်။ ဗုဒ္ဓဘုရားတို့မှာလည်း အမြဲထာဝရ တည်နေခြင်းမျိုး မဟုတ်ပါ။ လူသားများကဲ့သို့ မမြဲသော အနိစ္စ တရားကို ဘုရားရှင်များပင် ကြုံကြရပါသည်။ သို့ဖြစ်၍ ဗုဒ္ဓ၀ါဒမှာ "အနတ္တ၀ါဒ"သာ ဖြစ်ပါသည်။ ဤသို့ မမြဲခြင်း သဘောကြောင့် ဗုဒ္ဓဘုရားတို့မှာလည်း မအို၊ မနာ၊ မသေ ထာဝရ တည်နေသည့် ဘုရားမဟုတ်၍ "တစ်ဆူတည်း"သော ဘုရား (Mono Theism) မဟုတ်ပါ။ ဗုဒ္ဓဘာသာ၌ ရှေးကလည်း ဘုရား အဆူဆူ များပြားစွာ ပွင့်ခဲ့လေပြီ။ နောင် အနာဂတ်မှာလည်း အဆူဆူသော ဘုရားများ ပွင့်ကြပေဦးမည်။ ယခု ဂေါတမ ဘုရားနောက်တွင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူမည်ဟု ယုံကြည်ကြပါသည်။
"ရီလေးဂျင့်"ဘာသာတို့၌ ဘုရားသခင် မဟာဗြဟ္မာကြီး၊ နတ်ဘုရားကြီးတို့မှာ တစ်ဆူတည်းသော ဘုရားများအဖြစ် ပြောင်းလဲခြင်းမရှိ ၊ ထာဝရတည်နေကြပါသည်။ သို့ဖြစ်၍ ထာဝရဘုရားများဟု ဆိုပါသည်။ မမြင်ရသည့် ကောင်းကင်ဘုံ ဘုရားများဖြစ်ကြ၍ သက်ရှိသက်မဲ့ အားလုံးကို ဖန်ဆင်းပေးထားသည်။ သတ္တ၀ါ အားလုံးတို့၏ အကောင်းအဆိုးကို ဘုရားသခင်က တာဝန်ယူ၍ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ကြရသည်ဟု ယုံကြည်ကြသည်။ ထာဝရ ဘုရားသခင်တို့၏ ၀ါဒမှာ "နိစ္စ၀ါဒ" "အတ္တ၀ါဒ"ဟု ဆိုရပါမည်။
ဗုဒ္ဓဘာသာမှာ ဘုရားရှင်က ဖန်ဆင်းပေးထားခြင်း မဟုတ်၍ တာဝန်ယူထားခြင်းမျိုးလည်း မဟုတ်ပါ။ ပုဂ္ဂိုလ် သတ္တ၀ါ တစ်ဦးတစ်ယောက်၏ ကောင်းမှု၊ ဆိုးမှုသည် ဘုရားရှင်နှင့် မည်သို့မျှ မပတ်သက်ပါ။ သတ္တ၀ါတိုင်းသည် မိမိဘ၀ မိမိချမ်းသာအောင်၊ ဆင်းရဲအောင် မိမိဘာသာ ဖန်တီးနိုင်သော ဗိသုကာရှင်များ ဖြစ်ကြပါသည်။ အရာရာမှာ "ဘယ်သူမပြု မိမိမှု" ဆိုသည်မှာ ဗုဒ္ဓ၏ ကမ္မဿတာဥာဏ်အမြင်"ကံ"သည် အခြေခံ ယုံကြည်မှု ဖြစ်ပါသည်။
ကျွန်တော်၏ စကားမဆုံးမီ အမျိုးသမီးက ကြားဖြတ်လိုက်ပါသည်။
"ဒီလိုဆို....... ဗုဒ္ဓက လူသားတွေ ကောင်းအောင်၊ ဆိုးအောင်၊ ကြီးပွားချမ်းသာအောင် တာဝန်ယူ ကယ်တင် မပေးနိုင်ဘူးပေါ့"
သူ့အကွက် ၀င်ပြီထင်၍ မေးခွန်းထုတ်လိုက်ပုံ ရပါသည်။
"ဟုတ်ပါတယ်၊ မှန်ပါတယ်"ဟု ချက်ချင်း အဖြေပေးလိုက်ပါ၏။
အမျိုးသမီးက "ဒါဖြင့်ရင်...... အားကိုးရတာ မဟုတ်ဘဲ ဘာကြောင့် လူတွေက ဘုရားရှင်ကို ကိုးကွယ်နေကြတာလဲ "
ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါ၏။ အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ပင် အမြင်ရှင်းချင်မှ ရှင်းကြပါမည်။
"ဟုတ်ကဲ့၊ "ကိုးကွယ်"နဲ့ "အားကိုး" နားလည်ဖို့ လိုပါမယ်။ တူသယောင်ယောင် ထင်စရာ ဖြစ်ပါတယ်။ "ကိုးကွယ်" ဆိုတာက တစ်ပါးသူရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး ကြည်ညိုမှုနဲ့ အရိုအသေ အလေးအမြတ်ပြု ပူဇော်ခြင်း ဖြစ်ပါတယ်။ "အားကိုး"ဆိုတာ တစ်စုံတစ်ဦးဆီက တစ်စုံတစ်ရာ ရဖို့၊ လိုချင်လို့၊ ဖြစ်စေချင်တာ ဖြစ်ဖို့၊ မျှော်မှန်းခြင်း ဖြစ်ပါတယ်။ ဥပမာနဲ့ ပြောရရင် ပညာသင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေက ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ သင်ကြားပေးကြပါတယ်။ သွန်သင်ပြသ ဆုံးမတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုးကြည်ညိုမှုနဲ့ ပူဇော်ကြတာဟာ "ကိုးကွယ်မှု" သဘောပေါ့။ သင်ကြားပေးတဲ့ ပညာရပ်တွေကို တကယ် သိနားလည်ဖို့၊ စာမေးပွဲအောင်ဖို့ဆိုတာ ကိုယ့်ဘာသာ ကြိုးစားအားထုတ်ရတာမို့ မိမိကိုယ်သာ အားကိုးရမှာ ဖြစ်သလို သင်ကြားပေးတဲ့ ပညာရပ်တွေက မိမိဘ၀အတွက် အကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ ပညာရဲ့ တန်ဖိုးကိုလဲ အားကိုးရမှာ ဖြစ်ပါတယ်။ "
"ဗုဒ္ဓဘုရားရှင်ဟာလဲ လောကသားတွေ မသိမမြင်ကြတဲ့ တရားတော်တွေကို ဟောပြောပြခဲ့ပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြသခဲ့ပါတယ်၊ မကောင်းကျိုးကို ဖြစ်စေတဲ့ အကုသိုလ်အမှားတွေ၊ ကောင်းကျိုးကို ဖြစ်စေတဲ့ ကုသိုလ် အမှန်တရားတွေကို ရှင်းလင်း ပြသခဲ့ပါတယ်။ လောကီ ကြီးပွားရာ အကြောင်းတရားတွေကို ဟောကြားခဲ့သလို ဒုက္ခအပေါင်းမှ လွတ်မြောက်စေနိုင်တဲ့ အမှန်တရားသစ္စာနဲ့ အားထုတ်ရာလမ်းကြောင်း "မဂ္ဂင်"တရားတွေလဲ ပြခဲ့ပါတယ်။ သံသရာမှာ ကောင်းသောဘ၀ကို ရောက်စေနိုင်မယ့် လမ်းကောင်း လမ်းမှန်နဲ့ မကောင်းသော လမ်းဆိုး လမ်းမှားတွေကို ခွဲခြားပြသခဲ့ပါတယ်။"
"ဗုဒ္ဓဘုရားကို ကယ်တင်ရှင်လို့ ဆိုချင်ရင် လမ်းမှား မရောက်အောင်၊ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသတဲ့ လမ်းညွှန်ဆရာ ကယ်တင်ရှင်လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ တရားစစ်၊ တရားမှန်တွေကို ယုံကြည်စွာနဲ့ ဘုရားရှင်အား အတုမရှိ ကျေးဇူးတော်ရှင်အဖြစ် အောက်မေ့ပြီး ဆည်းကပ်ရှိခိုး ပူဇော် ကိုးကွယ်ကြခြင်းသာ ဖြစ်ပါတယ်။ တကယ် အားကိုးရမှာက ဗုဒ္ဓရဲ့ "ဓမ္မ"တရားသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ရတနာ သုံးပါးအနက် "ဘုရားရတနာ"နဲ့ ဘုရားသာသန အမွေခံ "သံဃာရတနာ"တို့ဟာ ကိုးကွယ်ရာ၊ ပူဇော်ရာသာ ဖြစ်ပြီး "တရားရတနာ"ကတော့ ကိုးကွယ် ပူဇော်ရာရော အားကိုးအားထားရာလဲ ဖြစ်ပါတယ်"
ကျွန်တော် ခေတ္တရပ်နားပြီး ရေနွေးကြမ်းငှဲ့လိုက်စဉ်မှာပင် အမျိုးသမီးက "ဘုရားသခင်ဖြစ်မှသာ ကိုးကွယ်ရာ၊အားကိုးရာ ကုန်ပြီနော်" ဟု မေးလာပြန်ပါသည်။
ကျွန်တော်က "ထာဝရ ဘုရားတွေမှာတော့ မသိပါဘူး။ ဗုဒ္ဓဘုရားရှင်မှာတော့ အလေးအမြတ် ပူဇော်ရာ ရှိပါတယ်။ ဘုရားဖြစ်တော်မူစမှာ "ငါသည် ရိုသေ အလေးအမြတ် ပြုစရာမရှိဘဲ နေထိုင်ရခြင်းဟာ ဆင်းရဲလှ၏ လို့ ကြံစည်၊ စဉ်းစား၊ ဆင်ခြင်ကြည့်ရာမှ မိမိထက်သာလွန်သည့် ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် မိမိသိပြီး တရားတော်တွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်တဲ့အနေနဲ့ ထပ်တလဲလဲ တရားတော်ကို ဆင်ခြင် အောက်မေ့ပြီး နေခဲ့ပါတယ်။ ဒါဟာ တရားတော်ကို ပူဇော် ကိုးကွယ်ခြင်းပါပဲ"
အမျိုးသမီးသည် တစ်စုံတစ်ရာကို သတိရ စဉ်းစားမိဟန်ဖြင့် အနီးရှိ ဂျာနယ်ကို ဆွဲကိုင် ဖြန့်ပြပါသည်။ ပြီးတော့ တစ်နေရာကို လက်ထောက်၍ ဖတ်ပြပါသည်။
"ဟောသည်မှာ နားထောင်...... ကိုယ်ပိုင် လုပ်ငန်းကြီးတွေ တိုးတက်စေဖို့၊ ရာထူးတွေ တိုးတက်စေဖို့၊ စာမေးပွဲတွေ၊ အင်တာဗျူးတွေ အောင်စေဖို့၊ ထူးချွန်ဖို့၊ နေရာကောင်းရဖို့၊ ကျန်းမာသန်စွမ်း လိမ္မာကျိုးနွံ ချမ်းသာ ကံကောင်းမဲ့ သားသမီးတွေ မွေးဖွားစေဖို့၊ အသက်ဘေး အန္တရာယ် ကင်းဝေးစေဖို့၊ ငွေဝင်လာဘ်ရွှင် စီးပွားတက်လာစေဖို့၊ ထီဆုကြီး ပေါက်စေဖို့၊ နိုင်ငံခြားကို အမြန်သွားရဖို့ ၊ ရောင်းမကောင်းတဲ့ ကုန်တွေ စွံစေဖို့၊ ကံကောင်းစေဖို့၊ လိုရာ ဆန္ဒ ပြည့်ဝစေဖို့၊ ကံညံ့ရင်လဲ သတိပြုရမယ်၊ ကံ တက်ရင်လဲ သတိပြုရမယ်။ ကံပြင်ပေးမယ်၊ အနာဂတ်ကို ကြောက်နေစရာမလို၊ အို....... စုံလို့ ပါပဲ ။ "
"အေးဗျာ...... အရာရာမှာ ယုံတတ်သူ၊ ယုံလွယ်သူ၊ ယုံချင်လွန်းသူတွေ ရှိနေတတ်တယ် မဟုတ်လား၊ ဗုဒ္ဓဘာသာ အမည်ခံတွေပေါ့ဗျာ။ "
အမျိုးသမီးက "သူတို့က ဗုဒ္ဓဘာသာဝင်တွေဆို ဗုဒ္ဓတရားတော် သိကြမှာပေါ့။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်ဆို "
ကျွန်တော့်အား ပြန်ပြီး ချေပပါသည်။ ဒီ ဗုဒ္ဓဘာသာအမည်ခံတွေကြောင့် ဘာသာခြားတို့ရဲ့ လက်ညှိုးထိုးခြင်းကို ခံနေရပါပြီ။ လက်ညှိုးထိုးမခံရဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်ကြံ နေထိုင်သင့်ပါကြောင်း။ သို့မဟုတ်ပါက ဒီလိုပဲ အခြားဘာသာဝင်တို့ရဲ့ လက်ညှိုးထိုးစရာများ ဖြစ်နေပါကြောင်း စေတနာရှေ့ထားကာ ရေးသားလိုက်ရပါသည်။
လင်းဦး (စိတ်ပညာ)
...................................................................................................................................
ဒီအကြောင်းလေးကို Forward Mail မှတဆင့် ရလာတဲ့ဆရာ ဦးအောင်ကြီး က အမေ့လက်ရာကိုလက်ဆင့်ကမ်းပေးလိုက်တဲ့ အတွက် မျှဝေဖော်ပြလိုက်ပါတယ်။
မူရင်းရေးသားခဲ့သူ ဆရာလင်းဦး (စိတ်ပညာ) နဲ့ အီးမေးလ် တဆင့်မျှဝေပေးခဲ့သူ
ဦးအောင်ကြီး ကို ကျေးဇူးအထူးတင်ပါတယ်။
အခြားသူငယ်ချင်းများကိုလည်းကျေးဇူးပါဗျာ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Sunday, February 01, 2009 0 comments
လေလွင့်သူတယောက်၏ လွမ်းဆွတ်မှု
လေလွင့်သူတယောက်၏ လွမ်းဆွတ်မှု
ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး
တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ
တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့
အိုစာသွားခဲ့သည်။
လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ
ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊
တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့
အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀)
ကျော် ခဲ့သည်။
နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်
ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက
ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ
ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည်
ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား
ပိုဖြစ်စေခဲ့သည်။
အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့်
ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ
တကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင်
ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။
ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ
တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။
အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက
အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။
ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။
ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက်
အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့်
ကျွန်တော်ကြိုက်သော အစားအစာ
များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း
အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက်
(၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ
ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း
ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု
စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့်
တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည်
သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်
အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော်
အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို
အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်
မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့်
ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။
ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ်
စောင်ထူကြီးတွေဖြစ်သည်။ ထို
စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။
ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို
ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့
တွေ့ချင်လို့ ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့်
စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊
လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည်
လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော
စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့်
အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး
ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင်
ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည်
တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင်
သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။
အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ
ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း
ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။
အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ
အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။
ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ
လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။
ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင်
အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည်
မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။
အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော်
အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည်
စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကိ
ု လုပ်လာမိသည်။
ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊
စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး
တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။
ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က
သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော
သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ
ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ
နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန်
ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ
ယူဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ
တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ
ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော
ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော်
တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။
ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ
လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။
"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆
ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
"ငါ အိုသွားတဲ့အခါ"
ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ
ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ
သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို
သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို
မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ
ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က
တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး
သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ
မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊
နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့
အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ
မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင်
ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး
ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက
ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ
ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။
ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်
စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး
အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ
ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး
သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း...............
ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။
မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။
နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစှ်စင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။
"ဘယ်တော့မှ မငိုနဲ့ ".....တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။
ဘ၀မှာ အမေသာ စံပြ
အမေ့ကို နမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။
(၂၆. ၉. ၁၉၉၉) ထာဝရ ခွဲခွာသွားသော အမေ့အား လွမ်းဆွတ်လျှက်
နိုင်းနိုင်းစနေ
..............................................................................................................
Hai Rong ချောချိုချို ကနေမျှဝေလာပေးတဲ့ မနိုင်းနိုင်းစနေ ရဲ့ လက်ရာကောင်းလေးတပုဒ် ကို အမေ့လက်ရာက ယခု ပြန်လည် ဖော်ပြ မျှဝေ လိုက်ပါတယ်။
အီးမေးလ် လေးမျှဝေလာပေးတဲ့ ချောချိုချို နဲ့ မူရင်း ပို့စ် ရေးခဲ့သူ
မနိုင်းနိုင်းတို့ အား အမေ့လက်ရာ က ကျေးဇူးစပယ်ရှယ်ပါနော်။
အခြားမိတ်ဆွေအမျိုးများအားလည်း ကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်......
သားရွှေနု
(အမေ့လက်ရာ)
Posted by ah..maye.. latt..yar at Sunday, February 01, 2009 0 comments