
အပြည့်အစုံက ..ဒီမှာတဲ့ဗျာ၊
“http://www.modins.net/entertainment/cartoon/bagyun.htm”
မျှဝေပေးသူ..ဆရာသွင်နိုဗယ်အား အမေ့လက်ရာမှ ကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
tharshwenu@gmail.com
Tuesday, November 11, 2008
“မြန်မာ..ကာတွန်းဆရာအကျော်အမော်များနှင့် လက်ရာများ”
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 1 comments
အိုဘားမား(ဘိုင်အို) သို့မဟုတ် Barack Obama's Bio...



Who is this man Barack and where did he come from? A picture is worth
a thousand words!
WHERE DID HE COME FROM?
FATHER and MOTHER
MOTHER and SON
FATHER and SON
Barack Obama Sr. poses with his son in the Honolulu airport
during Obama Sr.'s only visit to see his son while he was
growing up in Hawaii . Young Barack was in the 5th grade
when the photo was taken
Barack Obama Sr., a native of Kenya , met his future wife while they
were students at the University of Hawaii . In 1963, he essentially
abandoned his family to continue his studies at Harvard.
Grandparents and Mom
THE DUNHAMS: precocious, self-assured
Stanley Ann (left); her impetuous father,
who named his only child after himself;
her mother, Madelyn, the quiet, firm
influence in the home.
At their home in Jakarta , Ann Dunham poses in this undated photo with
her second husband, Lolo Soetoro, their daughter, Maya, and Barack
Obama.
Mom, Sister and Barack
WHAT ARE GRANDPARENTS?
Barack Obama with his maternal grandparents, Stanley and Madelyn
Dunham during a 1982 visit to New York , where Obama was attending
Columbia . (Courtesy of The Obama Family
Barack Obama walks with his grandmother Sarah Hussein Obama at his
father's house in Nyongoma Kogelo village, western Kenya , in Aug.
2006. (AP file)
Barack Obama with his grandmother, Sarah Hussein Obama, in Africa (Courtesy)
In this Obama Family photo ares: (bottom row, from left) half-sister
Auma, her mother Kezia Obama, Obama's step-grandmother Sarah Hussein
Onyango Obama and unknown; (top row, from left) unknown, Barack Obama,
half-brother Abongo (Roy) Obama, and three unknowns. (Courtesy of the
Obama Family)
FATHER
Barack Obama as a toddler.
(Courtesy of Barack Obama)
(
Barack Obama as a child. (Courtesy of Barack Obama)
Barack walks along Waikiki Beach shortly before he and his mother
moved from Hawaii to Indonesia to live with her second husband, Lolo
Soetoro, in 1967.
Barack poses with his mother, Ann, half
sister, Maya, and maternal grandfather
Stanley Dunham in Hawaii in the early
1970s after the family returned from I
ndonesia. Neighbors remember the
close relationship between young
Barack and his grandfather.
A page from Barack Obama's senior yearbook features his personalized
message to family, friends and teammates. (Photo from The Oahuan
yearbook / March 23, 2007)
Barack Obama hugs his younger half sister Maya at his high school graduation
Barack Obama shakes hands during his graduation ceremony from Punahou
School in 1979. While in his early teens, Obama chose to stay at the
school and live with his grandparents after his mother decided to move
back to Jakarta , Ind onesia.
At his high school graduation, Barack Obama gets a hug from his
grandmother Madelyn as his grandfather Stanley beams. His maternal
grandparents raised Obama in Hawaii while his mother was living in
Indonesia .
Maya Soetoro-Ng, Barack Obama's half sister, teaches her Education in
American Society class at the University of Hawaii .
The wedding day of Barack Obama Jr. and Michelle LaVaughn
Robinson...... (Courtesy of the Obama Family)
Barack and first born
THE FAMILY
Quotations
'Our deepest fear is not that we are inadequate.
Our deepest fear is that we are powerful beyond measure.
It is our light, not our darkness, that most frightens us.
We ask ourselves, who am I to be brilliant, gorgeous, talented, and fabulous?
Actually, who are you not to be?
You are a child of God.
Your playing small doesn't serve the world.
There's nothing enlightened about shrinking so
that other people won't feel insecure around you.
We are all meant to shine, as children do.
We are born to make manifest the glory of God that is within us.
It's not just in some of us, it's in everyone.
And as we let our own light shine,
we unconsciously give other
people permission to do the same.
As we are liberated from our own fear,
our presence automatically liberates others.'
Barack and Michelle
Be sure to share!
OBAMA '08
Legal Disclaimer: The information contained in this message may be
privileged and confidential. It is intended to be read only by the
individual or entity to whom it is addressed or by their designee. If
the reader of this message is not the intended recipient, you are on
notice that any distribution of this message, in any form, is strictly
prohibited. If you have received this message in error, please
immediately notify the sender and delete or destroy any copy of this
message
___________________________
ပေါ်ပြူလာသတင်းလေးကို မူရင်းမပျက် တင်ဆက်ဖို့မျှခဲ့သူ...ဆရာသွင်နိုဗယ် အား အမေ့လက်ရာမှကျေးဇူးပါဗျာ။
အခြားသူများလည်းခေါ်ဖိတ်ပါရဲ့။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 1 comments
“ဆရာစံရဲ့...အချစ်ဒသန”မှတ်ကြဗျို့

အခုဟာက အချစ်ဒဿနတွေပါ ။ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက တင်ပေးလိုက်ပါတယ် ။ ဒါရိုက်တာကို က၁ပတ်ကြာတယ်။ မအားတာနဲ့၊ပျင်းတာနဲ့ပေါ့။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ အပျင်းပြေပေါ့။ သင်ဖတ်တယ်ဆိုတာကိုလည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကိုယ့်ကောင်မလေး ကောင်လေး အကြောင်းတွေ သိချင်တော့ ဖတ်ကြည့်ပေါ့
မိဿအချစ်ဒဿန (ARIES)
မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။ နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
ပြိဿအချစ်ဒဿန (TAURUS)
ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
မေထုန် အချစ်ဒဿန (GEMINI)
မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။
ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့် လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။
ကရကဋ် အချစ်ဒဿန (CANCER)
ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင် ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
သိဟ်အချစ်ဒဿန (LEO)
သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။
ကန် အချစ်ဒဿန (VIRGO)
ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။
လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။ နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူသောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။
တူရာသီ အချစ်ဒဿန (LIBRA)
တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍ ချစ်တတ်သည်။
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုးပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို ဥပက္ခာပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍ အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှုအပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။
ဗြိစ္ဆာအချစ်ဒဿန (SCORPIO)
ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။
ဓနု အချစ်ဒဿန (SAGITTARIUS)
ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။
မကာရ အချစ်ဒဿန (CAPRICORN)
မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌ ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရတတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။
ကုမ်အချစ်ဒဿန (AQUARIUS)
ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။
အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။
မိန်အချစ်ဒဿန(PISCES)
မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။
စည်သူစိုး(andrewjudson)
the SEEKER internet cafe'
276/B2 moe kaung street,tamwe
Ph:095007220
http://kojud.myanmarbloggers.org/
ထုံးစံအတိုင်း..နူးနူးရွရွလေးတွေခံစားတတ်တဲ့ ”ကိုကိုဝေ” ကိုပဲ အမေ့လက်ရာက ကျေးဇူးများစွာ။
အခြားသူများလည်းခေါ်ဖိတ်ပါတယ်။
tharshwenu@gmail.com
Posted by ah..maye.. latt..yar at Tuesday, November 11, 2008 1 comments
Monday, November 10, 2008
ကဲ.. မခက်ဘူးလား

မခေါ်ဖိတ်ပဲ
ရုတ်တရက်..
ပိတ်ထားတဲ့ တံခါးကို
ဆွဲခေါက် နူတ်ဆက်
“ဟိုင်း…!”
ဒီလိုနဲ. …
လန်.နိုးခဲ့တော.
ခြေသံဆိတ် လက်ပြ
နူတ်ဆက်…
‘ဘိုင်… !!’
ဗစ်တာထွန်းဇေ
Posted by ah..maye.. latt..yar at Monday, November 10, 2008 0 comments
ကျွန်တော်(သို.မဟုတ်) လူ… ဆိုသော အကောင်

အချိုးမကျ…..
ခပ်ပိန်ပိန်ခန္ဒာနဲ.
ခန်းခန်းနားနားတွေးပြီး
ကြီးကြီးကျယ်ကျယ်၊ မြင်သမျှ အတင်းရေးတတ်တဲ.
ပိုက်ဆံတစ်ထောင်အိတ်ထဲမပြည်.တဲ.
ကဗျာဆရာရောင်ရောင်
အတွေးသမားရောင်ရောင်
ကမ္ဘာသိမ်းမဲ.ကောင်ရောင်ရောင်
ကျွန်တော်ဆိုတဲ.အကောင်ကို…..။
ဂြိုလ်ကောင်လိုလို
အချွန်အတက်တွေနဲ.
‘အာလာဒင်လား
ဘိုးဘိုးအောင်လား
တမန်တော်လား’
သေချာမရှင်းတဲ.
တန်ခိုးရှင်(သို.)ဖန်ဆင်းရှင်
ဆိုသူက…
ဒီညမှာ ကိုယ်ထင်ပြခဲ.တယ်။
‘အလှပဆုံး ဆုတောင်းတခုတဲ.’
ခုချိန်ထိ လက်ကြောမတင်းပဲ
ကြယ်ကြွေတိုင်းဆုတောင်း
ဝါ၀ါနီနီ အရောင်စုံမြင်တိုင်းဆုတောင်း
အားအားရားရား ဆုတောင်းနေတတ်တဲ့
ကျွန်တော်တော်ဆိုတဲ့ ကောင်က…
မိန်းမချောချောလေးရဖို.
တိုက်တလုံးလှလှလေးပိုင်ဖို.
ပန်းချီခမ်းမကြီးတခုနဲ.
ဝိုင်အရက်တခမ်းတနား
အိုလံပစ်ပွဲကြီး တခုလုံးစာ
မိန်းစပွန်စာဖြစ်ခွင်.နဲ.
ကမ္ဘာဘဏ်ကြီး ကိုယ်.အိတ်ထဲရောက်ခွင်.
ရင်ကိုဖွင်. ခေါင်းကိုစွင်.ပြီး
ရဲရဲတောက် တခုတည်း
တကယ်ဆုတောင်းဖြစ်လိုက်ပုံက….
“ကမ္ဘာကြီးအတွက်
ကောင်းကျိုးသယ်ပိုး
အမှန်တရားတွေ နဲ.ကဗျာတန်ခိုးကြီးပါစေ”တဲ.
ဗစ်တာထွန်းဇေ
Posted by ah..maye.. latt..yar at Monday, November 10, 2008 0 comments
Sunday, November 9, 2008
“မထားခဲ့ပါနဲ့ ဖေဖေရယ်....”

တစ်ညအတွင်း လူတစ်သိန်းကျော်၏ အသက်ကို ၀ါးမျိုခဲ့သော နာဂစ် လေမုန်တိုင်း သည် မြန်မာ့သမိုင်းတွင် အချိန်တိုအတွင်း အသေအပျောက်အများဆုံးသော သဘာဝဘေး အဖြစ် မှတ်တမ်းဝင်သွားချေပြီ။ မုန်တိုင်းပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် များက မုန်တိုင်းသင့်ဒေသများသို့ တတ်စွမ်းသရွေ့သွားရောက်လှူဒါန်းရင်း လူ့အသက်များကို ကယ် ဆယ်ခဲ့ကြသည်။
ကျွန်တော်သည်လည်း ပုဂ္ဂလိကစေတနာရှင်တစ်ဦးအနေဖြင့် မုန်တိုင်းသင့်ဒေသများ သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပါသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် သွားရောက်သည့် အခါတိုင်း နာဂစ်ကြောင့် ဖြစ်ပေါ်ခဲ့သော အနိဋ္ဌာရုံများ၊ ကြေကွဲဖွယ်ရာများကို မမြင်ရက်သော်လည်း မြင်ခဲ့ရ၊ မကြားရက်သော်လည်း ကြားခဲ့ရသည်။ မော်လမြိုင်ကျွန်း ဒုက္ခ သည်စခန်းတစ်ခုတွင် ဖခင် လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသော သားအဖနှစ်ဦးကို တွေ့ခဲ့ရသည်။
ဖခင်ရောသမီးဖြစ်သူပါ တစ်နာရီ မိုင် ၁၂၀နှုန်းနှင့်တိုက်ခဲ့သော လေပြင်းကြောင့် ခန္ဓာ ကိုယ် အရေပြားများ စုတ်ပြတ်ညိုမည်း မီးလောင်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ရသည်။ ဖခင် ဖြစ်သူ၏အမည်က ကိုဘဦး၊ အလုပ်အကိုင်က ရေလုပ်သား၊ နာဂစ်မုန်တိုင်းအတွင်း ဇနီးနှင့် သား ဆုံးရှုံးခဲ့ရသည်။သူက မုန်တိုင်း၏ ငရဲညကို ယခုလိုပြောပြခဲ့သည်။
"မုန်တိုင်းလာမယ်ဆိုတာကို ရေဒီယိုကလဲ ကြားတယ်။ ကျွန်တော်တို့အတွက်ကတော့ မုန်တိုင်းဆိုတာ မဆန်းပါဘူး။ မုန်တိုင်း ကျမယ်ဆိုတာသိပေမယ့် တွေ့နေကျလို့ပဲ ထင်ခဲ့တယ်။ အဲဒီနေ့က ပင်လယ်ထဲကိုတော့ မထွက်ဘူးပေါ့။ မွန်းလွဲ နှစ်နာရီလောက်မှာတရွှီ ရွှီမြည်သံနဲ့ လေပြင်းစတိုက်သံကို ကြားရတယ်။ ခဏအတွင်းမှာပဲ ကျွန်တော်တို့မိသားစုလည်း ယိမ်းယိုင် နေတဲ့အိမ်ပေါ်က ဆင်းခဲ့ ရတယ်။ ခြံထဲက အုန်းပင်တွေဆီကို ပြေးဖက်ထားရတယ်။ မျက်စိ အောက်မှာတင် ကျွန်တော်တို့အိမ်ကလေးက လေထဲကို တစ်စစီပါ သွားတယ်။ တစ်ပြိုင်တည်း မှာပဲ ရေက တရိပ်ရိပ်တက်လာတယ်။ ဒါနဲ့ အငယ်ဆုံးနှစ်နှစ်သားကလေးကို လည်ပင်းပေါ်မှာ ခွထိုင်ခိုင်း၊ ခြောက်နှစ်သမီးကြီးနဲ့ ငါးနှစ်သားလတ်ကို အုန်းပင်ပေါ်တွန်းတင်ပြီး ဖက်ထားခိုင်းရ တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အုန်းပင်ပေါ် တက်ပြီး ခုနကလေးနှစ်ယောက်ကို ဖက် ထားတယ်။ အဲဒီအချိန်က ကျွန်တော့်မိန်းမ ဘယ်ရောက်သွားမှန်းလဲ မသိလိုက်တော့ဘူး။ အချိန် ကလည်း မှောင်လာတယ်။ အမှောင်ထဲမှာ ကယ်ကြပါဆိုတဲ့ အသံတွေ၊ အဖေရေ၊ အမေ ရေ အသံတွေ ကြားနေရတယ်။ ရေကလဲ တက် လာလိုက်တာ အုန်းပင်ပေါ်က ကျွန်တော့်ခါးဆီ အထိ ရောက်လာတယ်။ သစ်ပင်ကိုဖက်ထားတာ နှစ်နာရီလောက်ကြာတော့ လက်အံ သေလာ တယ်။ လည်ပင်းပေါ်က အငယ်ဆုံးသားလေးက ကြောက်ကြောက်နှင့်ဖက်ထားတော့ လည် ပင်း အစ်ပြီး အသက်ရှူလည်းကျပ် လာတယ်။ ၀တ်ထားတဲ့အ၀တ်လည်း မုန်တိုင်းကြောင့် စုတ် ပြတ်သတ်ကုန်ပြီ။ မျက်လုံးတွေလဲ ဖွင့်လို့မရတော့ဘူး။ကျွန်တော် လက်အံသေလို့ ပြုတ်ကျရင် မိသားစုလေးယောက်လုံး သေရ တော့မယ်။ လည်ပင်းအပေါ်က အငယ် လေးက အတင်းဖက်ထားတော့ အသက်ရှူလည်း မ၀ တော့ဘူး။ ဒါနဲ့ခေါင်းကိုခါပြီး အသက်ရှူလိုက်ချိန်မှာ ကျွန်တော့်လည်ပင်းပေါ်မှာ ထိုင်တဲ့သား လေးက ရေထဲကို ပြုတ်ကျသွား တယ်။ သွားနှင့်တော့ သားလေးရယ်။ မကြာခင် အဖေတို့လဲ မင်းနောက်ကို လိုက်ရတော့မှာပါလို့ နာနာကြည်းကြည်း အော်လိုက်မိတယ်။ အခုတော့ ကျွန် တော်ရယ်၊ သားရယ်၊ သမီးကြီးရယ်ပဲ ကျန်တော့တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်နာရီလောက် ကြာပြန်တော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးမတောင့်ထားနိုင်တော့ဘူး။ စိတ်တစ်ချက် လျှော့ လိုက်တဲ့အခါ ညာဘက်လက်မှာ ဖက် ထားတဲ့ သားလတ် ရေထဲကို ပြုတ်ကျသွားပြန်တယ်။ အဖေလို့ စူးစူးရှရှ အော်လိုက်တဲ့အသံကို ရေလှိုင်းကဖုံးသွားတယ်။ ကျွန်တော်နဲ့ သမီးနှစ် ယောက်တို့ပဲ ကျန်တော့တယ်။ သမီးကြီး က သူ့မောင်လေးနှစ်ယောက်ကို ကျွန်တော်က ရေထဲ ကို လွှတ်ချလိုက်တာ ထင်ပုံရတယ်။ သမီးကို လွှတ်မချလိုက်ပါနဲ့ အဖေရယ်လို့ အော်ရင်းငိုနေ တယ်။ ကျွန်တော့်အသည်းတွေ ပေါက်ထွက် မတတ် ခံစားရတယ်။ ကျွန်တော့်သားတွေကို ကျွန်တော် ရေထဲပစ်ချမလားဗျာ။ ဒါပေမဲ့ ကျွန်တော် သွေးရူးသွေးတန်းနဲ့ ပြောလိုက်ပါတယ်။ သမီးကို ဘယ်တော့မှ အဖေလွှတ်မချဘူး။ သမီးရဲ့ မောင်လေးနှစ်ယောက်ကိုလဲ အဖေ လွှတ်ချ ခဲ့တာ မဟုတ်ဘူးလို့ပြောရင်း ကျွန်တော် ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။ ဒီလိုနဲ့ သားအဖ နှစ်ယောက် အုန်းပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထား ရင်း ရေကတဖြည်း ဖြည်းကျသွားတယ်။ မနက်လင်းတော့ အုန်းပင်တွေကြားမှာ သေနေတဲ့ ကျွန်တော့်သားလေးနှစ်ယောက်အလောင်း နဲ့ အုန်းပင်ပိပြီး သေနေတဲ့ ကျွန်တော့်မိန်းမအလောင်း ကို တွေ့လိုက်ရတယ်။ သားနှစ်ယောက် အလောင်းကို ကျွန်တော်ဖက်ပြီး ဘယ်လောက်ကြာအောင် ငိုနေမိလဲ မသိတော့ဘူး။ အသက် မသေတဲ့ တခြားရွာသားတွေလာပြီး ကျွန်တော့်ကို ဖျောင်းဖျ၊ ကျွန်တော့်လက်ထဲက ကလေး အလောင်းတွေကို ယူသွားတာပဲ မှတ်မိပါတော့တယ်ဗျာ"ဟု ပြောပြသည်။
ဖခင်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်ရည်တွင်တွင်ကျနေသော သမီး ဖြစ်သူအား ကျွန်တော်က 'သမီး ဘာလို့ငိုနေတာလဲ၊ ဆာလို့လား၊ ရော့- ဦးဦးဆီကမုန့်တွေကို စား'ဟု ပေးသော်လည်း မယူပါ။ ဆာလို့မဟုတ်ဘူး၊ မောင်လေးတွေကို သတိရလို့ပါဟုပြော ရင်း ငိုနေရှာသည်။ သူတို့သားအဖကိုကြည့်ရင်း ကျွန်တော် မျက်ရည်ကျမိသည်။ သူတို့၏စိတ် ဒဏ်ရာမှာ ဘယ်အချိန်တွင်မှ ပျောက်ကင်းမှာလဲဟု ကျွန်တော် ကိုယ့်ကိုယ်ကို မေးမိသော် လည်း အဖြေကမရှိ။ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်များ၏ ကူညီဖေးမမှု များက သူတို့အတွက် လိုနေသည်ကတော့ အမှန်ပင်။
မျှဝေပေးပို့ခဲ့သူ..မလှငယ် အား အမေ့လက်ရာမှ ကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Sunday, November 09, 2008 1 comments
“အချစ်ကို..တပ်ဆင်ခြင်း ဆိုပါလားဗျို့”

(၁)အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"
(၂)ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။
(၁)အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"
(၂)ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"
(၁)အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"
(၂)ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"
အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"
ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။
အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "
ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"
အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"
ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား"
အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွား နိုင်တယ်။"
ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"
အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"
ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"
အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက "ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့ "ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"
ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"
အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။
အချစ်တွေကို တဆင့် ထပ်မံတပ်ဆင်ပြပေးခဲ့သူ.. .....လမင်းလေး အား အမေ့လက်ရာမှကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Sunday, November 09, 2008 1 comments
“အပျိုကြီးများ ၏ အားသာချက်များ”

မျှဝေပေးပို့ခဲ့သူ ကိုကိုဝေလင်းဦး အား အမေ့လက်ရာမှ ကျေးဇူးပါဗျာ။
အခြားသူငယ်ချင်းများလည်း ကျေးဇူးပါ။
tharshwenu@yahoo.com
Posted by ah..maye.. latt..yar at Sunday, November 09, 2008 1 comments
“မာသာ.ထရီဇာ၏ မှတ်သားစရာ အဖိုးတန်စကား”

မျှဝေပေးသူ..ကိုကိုဝေလင်းဦး အား အမေ့လက်ရာမှကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်းကျေးဇူးတင် ၊ခေါ်ဖိတ်ပါတယ်။
Posted by ah..maye.. latt..yar at Sunday, November 09, 2008 1 comments
“ဘယ်သူ..တို့ကို (ဂျီတော့ခ်..ဘလော့ခ်)လုပ်ထားလဲဟေ့”

ဒီတစ်ခါ ကိုယ့်ကို မကျေနပ်လို့ block ပေးထားတာကို သိအောင်လုပ်တဲ့ နည်းလေးပါ ….. ဘာကြောင့်ပဲ Block Block ပေါ့ ..ဘယ်ရမလဲ ….ဒါနည်းနဲ့ ဖမ်းပစ်မယ် … ကဲ ..စမယ် … ကိုယ့် ID ကို တခြားလူတစ်ယောက်က Block ပေးထားတာကို … သိအောင် ဘယ်လိုလုပ်မလဲ ဆိုရင် … အဲဒါကို သိချင်တယ်ဆိုရင်တော့ .. ဒီလိုလုပ်ရင် သိနိုင်ပါတယ် ခင်ဗျာ … ကိုယ်သိလိုတဲ့ ID ကို Chat box ထုတ်လိုက်ပါ …ပြီးရင် Voice ခေါ်လိုက်ပါ … Offline ဖြစ်နေတာဆိုတော့ … Send Voicemail လို့ပဲ ပေါ်မယ် …. အဲဒီမှာ ခေါ်လိုက်ရင် …ဘယ်လိုဖြစ်တယ်ဆိုတာကိုကြည့်ပြီး Block ထားတယ် … မ Block ထားဘူး … အဲဒါလေးတွေကို သိနိုင်ပါတယ် ခင်ဗျာ … အိုကေ … တကယ်လို့ ခေါ်လိုက်လို့ ….ခေါ်လို့ရတယ် … အဲဒီမှာ မိန်းကလေး အသံနဲ့ .. The best … ဆိုလား ..ဘာလားပဲ ..မသိဘူးဗျာ …. အဲဒီလိုလေး ပြန်ပြောတယ် ….ခေါ်လို့ရတယ်ပေါ့ …..
ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဒါ ကိုယ့် ID ကို သူများက Block ထားခြင်း မရှိပါဘူး … တကယ်ကို Offline ဖြစ်နေတာပါ ….သေချာတယ် ….. တကယ်လို့ ခေါ်လို့မရဘူး …Send Voicemail ကို နှိပ်လိုက်ရင် …ခေါ်လိုက်ရင် ကျကျသွားတယ် … ခေါ်တာနဲ့ ကျတာပဲ ..အဲဒါဆိုရင်တော့ သေချာတယ် ….ကိုယ့် ID ကို Block ထားပါပြီ … သွားချဲလိုက်တော့ … ( တကယ် သွားမလုပ်နဲ့နော် ) ….. ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ပေးပို့ပေးခဲ့သူ..(ကိုxxxxx)အား.၊အမေ့လက်ရာမှကျေးဇူးပါ။
အခြားသူများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Sunday, November 09, 2008 1 comments
Saturday, November 8, 2008
“ပြုံးတုံ့ဝေ..ကာတွန်းလေးတွေ”




ပုံလေးတွေ မျှဝေ ပေးခဲ့တဲ့ကိုကိုဝေလင်းဦး အား အမေ့လက်ရာမှ ကျေးဇူးပါဗျာ။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Saturday, November 08, 2008 0 comments
“ပြုံးတုံ့ဝေ...ကာတွန်းလေးတွေ”





ပေးပို့ခဲ့သူ..ကိုကိုဝေလင်းဦး အား အမေ့လက်ရာမှ ကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်း tharshwenu@yahoo.com မှခေါ်ဖိတ်ပါတယ်။
Posted by ah..maye.. latt..yar at Saturday, November 08, 2008 0 comments
Friday, November 7, 2008
“ဘ၀၏...အရေး(၃)ပါး ”





ပေးပို့လာသူ..ချောချိုချို(Hai Rong) အား အမေ့လက်ရာမှ ကျေးဇူးပါဗျာ။
အခြားသူငယ်ချင်းများလည်း ခေါ်ဖိတ်ပါတယ်။
tharshwenu@yahoo.com
Posted by ah..maye.. latt..yar at Friday, November 07, 2008 1 comments
ရင်ထိတ်စရာ ဆံနွယ်ကေသာအလှ..........
Posted by ah..maye.. latt..yar at Friday, November 07, 2008 0 comments
ရင်ထိတ်စရာ ဆံနွယ်ကေသာအလှ..........





ဆံနွယ်အလှ၊ခန်ဓာ အလှတွေ အတွက်အပြည့်အစုံက...
http://groups.yahoo.com/group/babes_in_blue
ပေးပို့လာသူ..ကိုကိုဖြိုးအား ကျေးဇူးများစွာ။အခြားသူငယ်ချင်းတွေလည်းကျေးဇူးပါ။
အမေ့လက်ရာ.မှ tharshwenu@yahoo.com အားလုံးကိုခေါ်ဖိတ်ပါတယ်။
Posted by ah..maye.. latt..yar at Friday, November 07, 2008 1 comments
Thursday, November 6, 2008
“ချစ်သောမေမေ...ကောင်းကင်ဘုံမှာပျော်ပါစေ”

မျက်ဝန်းအိမ်က...မျက်ရည်ကြည်ဥတွေက
တလိမ့်ချင်းကျဖို့ အားယူ
ဆုပ်ကိုင်ထားတဲ့ လက်များက
ကျစ်လစ်လွန်းလို့..ဖြန့်ဖြေမရ။
အပြီးအပိုင်သွားတော့မယ့်
ခရီးတခုအတွက် ရတက်ပူ
ဆွေးမြေ့ကြေကွဲခြင်းဆိုတာ...
ဒီလိုမွန်းကျပ်ခြင်းလား
မေမေ...
မေမေ...
မေမေ...
မေမေ..
ကျယ်လောင်စွာမြည်းဟီး ပေါက်ကွဲခဲ့။
မေမေသာ အသက်ရှင်ထင်ရှားရှိမယ်ဆို
နဂိုထက်ပိုပြီး တိုးကပ်
အ၀ီဇိဂျိုးကပ်အမှုမျိုး
မဆိုးတော့ပါအမေ။
ဘုရားသခင်
ကျေးဇူးပြုပြီး ကောင်းကင်ဘုံမှာအမေ့ကိုနေရာပေးပါ။
ကျွန်တော်မျိုးမကို
ရာသက်လုံးအပြစ်ပေးပါ။
မိဆိုးမလေး....နော်စေးဖော
ရေးဖွဲ့ခံစားပေးပို့သူ မစေးစေးဖေါ အား အမေ့လက်ရာမှ ကျေးဇူးပါ။
အခြားသူငယ်ချင်းများလည်း..ကျေးဇူးပါ။
tharshwenu@yahoo.com
Posted by ah..maye.. latt..yar at Thursday, November 06, 2008 1 comments
Wednesday, November 5, 2008
ချစ်ဇနီး.......သို့သိစေရန်

ဘယ်အရာမှအတည်မထားဘူး
လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်ပြီလေ။
အဲဒီအချိန် .... ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက
သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်
မျှဝေပေးပို့ခဲ့သူ...ကိုကိုဝေလင်းဦး အား
အမေ့လက်ရာမှကျေးဇူးပါဗျာ။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
Posted by ah..maye.. latt..yar at Wednesday, November 05, 2008 1 comments
တန်ဆောင်မုန်းလပြည့် လက်ဆောင်...။ ( ဗုဒ္ဓ အဆုံးအမ များ )
Posted by ah..maye.. latt..yar at Wednesday, November 05, 2008 0 comments
တန်ဆောင်မုန်းလပြည့် လက်ဆောင်...။ ( ဗုဒ္ဓ အဆုံးအမ များ )
Posted by ah..maye.. latt..yar at Wednesday, November 05, 2008 1 comments










