Tuesday, March 24, 2009

အကျိုးအပဲ့ နှစ် စ(မရယ်လည်းပြုံးပေါ့)


အမောဖောက်အောင် လျှောက်လှမ်းနေရတဲ့ ခြေထောက်တွေကအနား
ပေးဖို့တောင်းဆို။ ဘဝနေဝင်ချိန် မတိုင်သေးခင် အောင်မြင်ခြင်း မှတ်
တိုင်တွေစိုက်ရမယ် ခံယူချက်က အတင်းဆက်လျှောက်ဖို့ တိုက်တွန်း။
စက်ရုပ်ခန္ဒာကိုယ်မဟုတ်တော့ ခေါင်းတခုလုံးမူးဝေ၊မသေချင်တဲ့စိတ်က
ဆေးခန်းပြဖို့ အကြံပြုခဲ့တယ်။

ဆရာဝန်မလေးငယ်ငယ်ထိုင်တဲ့ မြို့သစ်က ဆေးခန်း၊လူနာတွေက နာ
ပဲနာလွန်းသလား လာပဲလာနိုင်လွန်းတာလားသေချာမသိဘူး။ပြောနိုင်တာ
တခုက..ည(၇)နာရီဆေးခန်းပြဖို့ညနေ(၃)နာရီကျော်လောက်ကတည်း
ကလာစောင့်နေကြတဲ့လူနာတွေ။“ဆေးထိုးဆေးပေး(စမ်းသပ်ခ)အပါဝင်
တဦး ၁၀၀၀ လောက်တော့ယူတယ်ကွဲ့..မင်းက ပြမလို့လား၊ဘာ ဖြစ်
တာလဲ၊ဖျားတာမလား”
ဘေးနားက လူနာအဒေါ်ကြီးတယောက်
ရဲ့အမေးအမြန်းကို နားထောင်းရင်း လည်တမျှော်မျှော်နဲ့ ကားလမ်းမပေါ်
ဘွားခနဲ ပြုတ်ကျလာမယ့် ဆရာဝန်မငယ်ငယ်ဆိုသူလေးကိုစောင့်ကြည့်
နေလိုက်တယ်။

ည ၇ နာရီခွဲကျော်တော့..
လာပြီဟေ့..လာပြီ
ဆော်ဆော်အောအော အသံတချို့ကြောင့် လူနာအချို့ နေရာရှဲဖယ် ကြ
ကလေးတွေချီမကြ၊အသည်းအသန်လူမမာတွေကိုထူတွဲကြ၊တုံကင်နံပါတ်အ
လိုက်အစီအရီ အသင့်အနေအထားပြင်ဆင်လို့။တိုယိုတာဆလွန်းအနီလေး
ပေါ်က ကြွကြွရွရွ မင်းသမီးဟန် နဲ့ ဆင်းလာတဲ့ အသက်အစိတ် ကျော်
ကျော် ဆရာဝန်မဆိုသူလေးက လူနာတွေကိုဝေ့ဝဲတချက်ကြည့် ဆယ်လ်
ဖုန်းလေးကို ပါးစပ်လှုပ်ရင်းပြော အခန်းတွင်းဝင်သွားတယ်။သူမရဲ့ အ ကူ
တယောက် ကတော့ လူနာတွေ အမည် တဦးစီ ခေါ် ရင်း စာရင်း မှတ်၊
ဆေးပေး။ငွေသိမ်း နဲ့ လက်မလည်။ဆရာဝန်မလေးကလည်း..လူနာ ၂၀
ကျော်ကို နာရီဝက်အတွင်း ပြီးအောင် (အတွေ့အကြုံကောင်းကောင်းရှိပုံရ
တယ်)ကုသပေးပုံများ အံ့မခန်း။နောက်ဆုံးကိုယ့်အလှည့်ရောက်လို့ ဝင်
သွားတော့ ဆရာဝန်မ က ဆေးထိုးပြွန်ကို ခြင်းအစိမ်းလေးထဲ ပစ်ထည့်
ကုတင်ပေါ်လှဲခိုင်း သွေးပေါင်ချိန်တိုင်းရင်း “ဘာဖြစ်တာလဲ”တဲ့
ဘာမှပြန်မဖြေနိုင်ခင်မှာပဲ “အားလားလား..သွေးတွေတိုးနေတယ်ဆေးထိုး
ပေးမယ် ဆေးပေးမယ်၊အစီအစိမ့်အတွေသိပ်မစားနဲ့ အရက် ဆေး လိပ်
မသောက်နဲ့ ကြားလား၊ခုညနေထမင်းဘာနဲ့စားခဲ့လဲ ငါးသလောက် တို့
၊ဝက်သား တို့ရှောင်နော်”
အလွတ်ကျက်ထားပုံရတဲ့ စကားလုံး
တွေ ရွတ်ပြရင်း အသင့်ပြင်ထားတဲ့ ဆေးထိုးအပ်က တဖက် စောင်းလှဲ
နေတဲ့ ကိုယ့်တင်ပါးထဲ ထိုးစိုက်ခံရတယ်။

လူနာတိုင်းပေးနေကြ အနီရောင် ၃တောင့်၊အဖြူရောင်ဆေးပြား ၃ လုံး
ကိုအကူကောင်မလေးဆီကလှမ်းယူ ငွေတထောင်ပြန်ကမ်းပေး လိုက်ရင်း
တင်ပါးကနာတာလား ရင်ထဲကနာတာလား သွေးတွေ တိုးတာ လားသေ
ချာတော့ မသိဘူး ပြောချင်တဲ့စကားတခွန်း က ကိုယ့်နားရွက်ကကိုယ်
ပြန်ကြားတော့မှ၊ ဆရာဝန်မလေး မျက်နှာ ရှုံ့မဲ့ သွားတော့ မှ ငါ မှား
တာဘာများပါပါလိမ့်လို့ တွေးမိနေတော့တယ်။ပြော ဖြစ် သွား တာ က

“ကျွန်တော် ဆိုင်လက်ဘက်ရည်တခွက် နဲ့ လမ်းလျှောက်နေတာ ကြာ
ပြီ..ဆရာမ”




ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးသောအမျိုးများ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ။
လာလည်သူများကို ကျေးဇူးနော်။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

1 comments:

Anonymous said...

ကိုသားကြီး...
မနက်က ဒီကို ပြန်ရောက်ရောက်ခြင်း...၊သီတာစမ်း အတင်း ရေးထားတာလေး ရှာပြီး ဖတ်သွားပါတယ်..။
ဒဂုံပြန်ရောက်ရင်..သီတာစမ်း ဓါးနဲ့လိုက်လိမ့်မယ်နော်။။တောင်းပန်လိုက်အုံး
ဟီ...ဟိ..ဟီ :)

ညီမလေး..