Monday, July 13, 2009

ပန်းခြောက် တစ္ဆေ




ငါ့....
ဝိုင်ခွက်ထဲ မျက်ရည်
မိုးည ရဲ့ အလွမ်း
အနမ်း နွမ်းနွမ်းတပွင့်
ကမ္ဘာမြေပြင်မှာ ထင်ဟပ်လို့
ကြောက်ရွံ့ခြင်း နဲ့ စိုးထိတ်ခြင်း
စစ်ခင်းမိစဉ်.........
တဖိတ်ဖိတ် တလက်လက်
တဖျတ်ဖျတ် တောက်ပအောင်
သွေးပျက်စရာ ခြောက်ခြား
ဂျောက်ကဗား နက်နက်ထဲ
ဝရုန်းသုန်းကား ခုန်ဆင်းသွားရဲ့။


ဗစ်တာထွန်းဇေ

“ဤပုံလေး..ကို ဂူးဂဲလ် က နေ ခိုးယူပါသည်။”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, July 12, 2009

ဘယ်သူ စိတ်ရှည် သည်းခံ နိုင် မ လဲ

မိတ်ဆွေ...မိဘ နဲ့ သားသမီး မှာ ဘယ်သူ က စိတ် ရှည်
သည်းခံ အကြင်နာ ပို တယ် လို့ သင် ထင် မြင် ပါ သ လဲ။
သားသမီး နဲ့ မိဘတွေ ကြား မတူညီ တဲ့မေတ္တာ အကြင် နာ
တရား အကြောင်း ကို အချိန် သုံး မိ နစ် စာ ဗွီဒီယို ဇာတ်လမ်း
လေး နဲ့ Forward အီးမေးလ် ပို့ပေးခဲ့ တဲ့ ကျွန်တော့် ဆရာ
ကိုမျိုးလင်း ကို ကျေးဇူးတင်ရင်း....ဘလော့ဂ် အမျိုးများအတွက်
ပြန်လည် တင်ဆက် ပေး လိုက် ပါတယ်။






ယနေ့မှစ၍ လူဆိုးကြီး ကျွန်တော် လည်း ဤသင်္ခန်းစာ လေး ယူလို့
သက်ရှိထင်ရှား ဖေဖေ နဲ့ မေမေ ကို ပိုတိုး လို့ အချိန်ပေး၊ မေတ္တာ
ဖြင့် ပိုမို နီးကပ် နေ ထိုင် သွား ဖို့ ကြိုး စား နေ ပါ ပြီ။

အားလုံးသော အမျိုးများ လည်း မိဘ များ နဲ့ ပိုမို နီးကပ် နားလည်မှု
အသိဖြင့် မေတ္တာနွေးနွေး တွေ ဖြန့်ခြုံ လွှမ်းမိုး ပျော်ရွှင်နိုင်ကြပါစေ။

သိနေဟဖြင့်.....
သားရွှေနူု
(အမေ့လက်ရာ)

Saturday, July 11, 2009

မေတ္တာ၏အကျိုးကျေးဇူးများ



အလုပ်ထဲက အိန္ဒိယ (အင်ဂျင်နီယာ)ရဲ့ (သူဌေး ဖား လုပ်ရပ်)
မတရားအနိုင်ကျင့်မှုကြောင့် သူ သေ ဖို့ အ ရေး ပဲ ပွါး နေ
မိ တဲ့ ကျွန် တော် ထံ မေ တ္တာ တရား အကျိုး ကျေး ဇူး အ
ကြောင်း အီးမေလ် နဲ့ မျှ ဝေ ခဲ့ တဲ့ မြန်မာ ပြည် က....
မမ အား ကျေးဇူး တင်ရင်း...အမျိုးများအတွက် ပြန်လည် မျှ
ဝေ လိုက် ပါ တယ်။

မူလစာရေးဆရာ တွေ အားလုံးကို လည်း ကျေးဇူး
တင်ပါတယ်။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)


.>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ်
အိပ်မက်များမမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျ
ရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုး
လာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊နတ်ချစ်တယ်၊
ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ
နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ
သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင
်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ
ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တေ
ွလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်းဝီရိယစိုက်ပြီးကြိုးစား
အားထုတ်လိုက်ကြပါ။ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက
်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ဒီ့ထက်ကောင်းမွန်တဲ့
ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလို
တဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့မေတ္တာဘာဝ
နာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ
မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့
မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကိုသံသယမရှိယုံကြည့်ဖို့
က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရ စကားလုံးရဲ့ အနက်
ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်
လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး
မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်း
တွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကိုစိတ်ထဲ
ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်းသိပ်ကို
လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ပေါ့ပါးတယ်၊ငြိမ်းချမ်းတယ်၊ဒီလိုအတွေ့
အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ
စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလိုတစ်မျိုးမျိုးနဲ့ ပို့နိုင်
ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။
(တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့
အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်
နိုင်ပြန်ဘူး။အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း
ခက်ခဲပြန်ပါတယ်။ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်
အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို)မေတ္တာပွားမယ်ဆိုရင်လည်း
မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော်အမျိုးသမီးများ
အနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့
အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ်
ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင်
သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်
လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်
မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ
အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ်
ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။
မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်
ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ်
မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍
မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို
ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်း
ကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း
ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း
ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့
ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာတခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက်နစ်နေတယ်၊
အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်
ကာင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင်
ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ်
ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး
ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ
ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်
သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ
ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါ
လိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့
မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်
ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို
သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွား
လို့ ကျေပွန်ရင်

- အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာ
အားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲစက်ဝန်းကြီးအတိုင်း
မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။
မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ
ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင
့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာဖြစ်ဖွယ်ရှိတယ်။
ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်
တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာ
တဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်း
လမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ
သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ
အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအ
ရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင်
လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ
ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ
သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့
ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်
သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော
သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံး
ဖန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သော
အားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်း
ကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူး
ဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော
အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌
ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်း
တော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ
ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.
မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့
မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်
၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.
. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့
လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်
ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ
အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။


သူတော်မွန်

Tuesday, July 7, 2009

ဂျူလီယာ = အိမ်မက်



ဒါ...
တကယ့်အဖြစ်အပျက်မဟုတ်ဘူး
လာမယ့်ရှေ့အနာဂတ်နိမိတ်လို့လည်း
မဆိုနိုင် ဘူး။ ။

မလှုပ်မရှက်နဲ့ ခန္ဒာတကိုယ်လုံး ငြိမ်သက်
ရှုရှိုက်သံပုံမှန်နဲ့ ပြတင်းနှစ်ရွက် စုံမှိတ်လိုက်စဉ်
မြင်မက်နေသောအရာ ကြုံကြိုက်နေသော အရာ
(သက်ရှိသက်မဲ့ အရာတွေအစုံလိုက်)
ထိရှ ဖမ်းဆုပ် မထိန်းချုပ်ပြနိုင်ပေမယ့်
ဆက်၍ ဆက်၍ မက်ခွင့်သာရမယ်ဆို
မက်မက်မောမော နဲ့ မနိုးထတမ်း
ဂျူလီယာ မင်းအကြောင်းပဲ
အိမ်မက်နေချင်ရဲ့။ ။

ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်ပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Saturday, July 4, 2009

သင့်အမြင် ကြည်ရဲ့လား

အားလုံးအတွက် မျက်စိ အာဟာရ လေးဖြစ်ရအောင်
ကုန်တင်ကား ဆေးခြယ်ဒီဇိုင်း ပုံစံဆန်းဆန်းလေး တွေ
မျှဝေ လိုက် ပါတယ်။ သင့်အမြင် ကြည် ရဲ့ လား...
မ ကြည် ဘူး လား သိ ရ အောင် ..သင် ကိုယ်တိုင်
ပဲ သေ ချာ ကြည့် ပေါ့..........














.......။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံး အမြင်ရှင်းပြီး ပြုံးပျော် ရွှင်ကြည် ကြပါစေ ဗျာ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

မယုံကြည်ရဘူး..သတိလေးထား

အလုပ်များနေတဲ့ကျွန်တော့် ဆီ တကူးတကလာရောက်
လည်ပတ် ကြည့်ရှု ပေးကြသော အမေ့လက်ရာ(စုံစည်
နဖာစုစည်းရာ)ဘလော့ဂ် အမျိုးများ အား ကျေးဇူးအထူး
တင်ပါတယ်ဗျာ။မလည်အားလို့ မရောက်ဖြစ်ကြတဲ့ အမျိုး
များအားလည်း စိတ်မတိုပါဘူးနော် :)။ ။

ဘလော့ဂ် ဂါ ဆရာကြီးဟု ကိုယ့်ကို ကို သွေးနား ထင်
ရောက် နေ သော ကျွန်တော် တယောက် အလုပ်များနေ
ရ တဲ့ အကြောင်းကား....ယုံကြည်အောင် အကြိမ်ကြိမ်
ပုံပြောတတ် ပြီး နားပူနာဆာ လုပ်နိုင်လွန်းသော “သူမ”
ဆိုသူ ကြောင့်ဖြစ်ပါတယ် ခင်ဗျား။။“ယုံပါ” အကြိမ်ဆယ်
သန်း မက ပြောတတ် တဲ့ သူမ နဲ့ ယုံလွယ် တတ် တဲ့
ကျွန်တော် ......




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးပြုံးပျော်ရွှင်ကြည်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Sunday, June 21, 2009

နတ္ထိ



ဘာတခုမှ ပြီးမြောက် တာ ငါ့မှာ မ ရှိ သ လို
ဘာတခုမှ လဲ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘူး။
အို .. ဘာတခု ကို မှ လဲံ မ လုပ် ချင်ပါ ဘူး။
အကြောင်းက .. ငါ ဘာ မှ မလုပ် နိုင်လို့ပေါ့။

အရာရာတိုင်း ကို ဘယ် အရာ တွေ ပါ လို့ မပြောနိုင်ဘူး
ဒါ ပေ မယ့် အဲဒါ တစုံတရာ တော့ ဖြစ် တယ်။
နောက်ပြီးတော့..ငါ့အထမြောက်မှူ ၊ ငါ့လုပ်ဆောင်နေမှု
ငါ ဆောင် ရွက် မှာ နဲ့ ငါ လုပ် ဆောင် နိုင် တာ တွေ
ထက်တော့ အဲဒီ အ ရာ က လုံးဝ ပို ကောင်းလွန်း တယ်။

တကယ်တော့......
ဒီအရာတွေ အတွက် ပဲ ငါမွေးဖွားခဲ့
ဒီအရာတွေ အတွက် ပဲ ငါရှင်သန်မှာဖြစ်သလို
ဒီအရာတွေ အတွက် ပဲ ငါ သေဆုံးရမှာလေ။

Victortunzay

........................................................
ဘာမှ မ ရှိ တဲ့ ၊ဘာ အရာတွေ အ တွက် ဘာ ဆရာ ကြီး
အဲ လေ .ဗစ်တာထွန်းဇေ ရဲ့ "နတ္ထိ" ကဗျာ လေး ကို
အား လုံး အ တွက်................

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, June 20, 2009

ဖီလင်ဆိုသော..အရသာ






(၁)
.တီ.ဂီဂွမ်မြည်လာတော့နည်းနည်းရင်တုန်သွားတယ်။
ဖုံးသံကြားရင်..ရင်တုန်ရတာကိုပြောတာပါ၊
ဒီမှာအလုပ်ချိန်ဖုံးလာမှာအကြောက်ဆုံး၊ကိုယ့်အလုပ်က..သူများ
(အထက်လူကြီး)တနေကုန်ခေါ်ခိုင်းမှ၊ခေါ်ဆဲမှလစာရတာမျိုး။
”ဟိုကောင်..မင်းဟိုကိုသွား၊
ဒီကိုလာယူ”ဆိုတာမျိုး။
မင်းကြီးများက..ဖုံးဟုခေါ်သောစကားပြောရသော၊
လွန်စွာဝန်ပေါ့ပီးသေးသွယ်သော စကားပြောစက်မျိုးနှင့်
မင်္ဂလာချီတက်သောသဘောရှိသည်မို့၊ရုံးရောက်ရင်
ဒင်းကြီးဂီဂွမ်မြည်၊မင်းကြီး..ထွီထွမ်မည်မှာ အလန့်ဆုံး။
(သူ့ကိုဝပ်တွားနေရချိန်လေ၊ဘယ်လိုလုပ် ရင်ဘတ်ကော့ရဲပ)

(၂)

“ဟဲလို..မောနင်း ဆာလ်”
ဖုံး(answer)ခလုတ်ဗြုန်းဆိုနှိပ်
ချက်ချင်းအဖြေ ကို အသင့်အနေထားနဲ့ပြောလိုက်တယ်။

”ကို့ .. ဆရာ“
ကျွန်တော်..မျိုးလင်းပါ”
”မွေးပီဗျ..မွေးပီ“

ဘယ်လိုဟာတုန်း၊ရုတ်တရက်..မိန်းကြိုးများ(fuse)တွေပျက်သွားသလား။
ဘိတ်သံဝဲ၀ဲနှင့်အားရပါးရစကားသံက၊ကျွန်တော့်သူငယ်ချင်းဆရာကောင်အင်
ဂျင်နှီယာကြီး..ကိုမျိုးလင်း။(ကျွန်တော်တို့.အားလုံးက အချင်းချင်း ဆရာ
ကောင်တွေ လို့ပဲ ခေါ်နေကြ)ဒါ...မြန်မာပြည်ကနေသူ့ကို..သူ့မိန်းမ
မျက်နှာမြင်မြင်ချင်း(သို့)သူ့အမျိုးသမီး ကလေးမီးဖွားပီးပီးချင်း...အထူး
သတင်း(up to date )ပေးလို့ပဲဖြစ်မယ်။ကလေးမမွေးခင်ကတည်းက.
ရင်ဖိုမောပျို၊၀မ်းသာနေတဲ့ပုဂ္ဂိုလ်(ဆရာကောင်)က..၊ကလေးရော၊မိခင်ပါ
အားလုံးအဆင်ချောကြတဲ့သတင်း၊သားဆိုတဲ့အားတရပ်မှန်းသိလိုက်ရတော့

“ကျွန်တော်ဝမ်းသာတယ်ဗျာ
သားလေးဗျ..ဖုံးထဲမှာ ခလေးငိုသံကြားလိုက်ရတယ်
အား..ဘာပြောရမှန်းမသိဘူးဗျာ
ပျော်တယ်ဗျာ”

သူ့စကားသံတွေနားထောင်ရင်း
ကျွန်တော့်ရင်ဘတ်ထဲက.မေးခွန်းတွေကအဖေဆိုသော ၊
အမေဆိုသော၊မေတ္တာဆိုသော
အရာသာ......ဒလဟောပြုတ်ကျ။
မနက်ခင်းဟာ..ပုံမှန်အတိုင်းမင်္ဂလာရှိနေချိန်၊
အနှေးအမြန်ပြကွက်တွေထဲမှာ ဟန်လုပ်ပီး
အပိုသရုပ်ဆောင်ထားခြင်းမရှိတဲ့အရိုးသားဆုံးကဗျာတပုဒ်၊
ပီတိလှိုင်းတွေနဲ့ကာရံမဲ့အောင်လွှတ်လှသွားတာ
ဘယ်သူငြင်းမလဲ..သူ့ရင်ဘတ်ကို အငှားခံစားကြည့်
ဒါဖီလင်လေဗျာ..................................။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကလေးအဖေ..အသစ်စက်စက်၊နောင်တခေတ်ရဲ့လူတော်ကောင်း ဖခင်
ကျွန်တော့်ဆရာကောင်..ကိုမျိုးလင်းရဲ့
သားဦးလေးမွေးဖွားခြင်းအားဂုဏ်ယူဝမ်းမြောက်ပါသည်။
“သားဦးလေး..မောင်မောင် အနာကင်းပီး အသက်ရာကျော်ရှည်ပါစေသောဝ်”

ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖေများနေ့အတွက် အရင်ဖေါ်ပြပြီးသော ပို့စ် အဟောင်းလေးကို
အသစ်ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

ပျော်ရွှင်ချမ်းမြေ့ပါစေ တို့ဖေဖေ

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤနံနက်ခင်း
အခါသမယ သည် ကျွုန်ုပ်တို့ အားလုံး၏
မွေးသည့်ဖခင် ကျွေးသည့်ဖခင် ကျေးဇူးရှင်
ကမ္ဘာတဝှမ်း ဖေဖေ များရဲ့ Happy Father's Day
နေ့ထူးနေ့မြတ် ပေ တည်း။

မြတ်မိမာတာ ကိုယ်ဝန်ဆောင် ချိန်မှ
မွေးဖွားပြီး ယနေ့လူလားမြောက်ချိန်
တိုင် ကြီးမားသော မေတ္တာ ဖြင့် ရှာ
ဖွေ ကျွေးမွေး ပြုစု ပျိုးထောင် ပေး
ခဲ့သော ကျေးဇူးကြီးမား ဖေဖေ များ
အား အမေ့လက်ရာ(စုံစီနဖာစုစည်းရာ)
မှ ဦးခိုက် အလေးပြုပါ၏။

မွေးသည့်ဖခင် ကျေးဇူးရှင် ကဲ့သို့
မေတ္တာစစ်မှန် စေတနာ မှန်နှင့်
လမ်းပြနည်းမှန် သွန်သင်ကာ
ရှာဖွေကျွေးမွေး လုံ့လစိုက်ထုတ်
ပြုစု ခဲ့ကြသော "အကိုကြီးများ၊
ဦးလေးများ၊ဆရာများ၊အဘိုးများ၊
ဖေဖေ အသစ်(သို့)ခေါ်ရခက်သော
ပထွေး များ အားလုံး သည် လည်း
ယနေ့ဤ မင်္ဂလာ အခါသမ တွင်
မော်ကွန်းတင် ဂုဏ်ပြုရမည့် သူများ
ဖြစ်ပါသည်။

Father's Day (On 21st June)





အားလုံးပြုံးပျော် ကိုယ်စိတ် ရွှင်ကြည် ကြပါစေ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

Tuesday, June 16, 2009

ပူစီကြောင် တညောင် ညောင်

ကျုပ်တို့လို ဂွဂလန့်ပုဂ္ဂိုလ် မျာ့း ကြောင်တကောင် နဲ့
အလုပ်ရှုပ်ပုံ ကို သရော်ထား တဲ့ ကာတွန်းရှုပ်ရှင်လေး
ကို အားလုံး အတွက် youtube ကနေ ကူးယူကာ
ပြန်လည် မျှဝေလိုက်ပါတယ်။

Simon's Cat 'TV Dinner'




အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Tuesday, June 9, 2009

အိုင် လဗ် ယူ I Love You




စလုံးက မောင်ဖုန်း တယောက် သွားရင်း လာရင်း
ခလုတ်တိုက် ချောကလက်ရေခဲမုန့် ထုတ်လုပ်တဲ့
စက်ရုံက ဂျူလီယာ ခေါ် မားကတ်တင်း ကောင်မ
ချောချော လေး ကို ရင်ခုန်၊ အချစ်တွေပြိုကျလာ
သမို့ ....နာမည်ကြီး အဆိုတော် Celine Dion
ရဲ့ အကျော်ကြားဆုံး သီချင်း
I Love You
နဲ့ အွန်လိုင်းကနေ ယနေ့ညအပီအပြင် ခုနှစ်သံချီဖြင့်
ကြူလိုက်ပါသည်။

I love You(lyrics)

I must be crazy now
Maybe I dream too much
But when I think of you
I long to feel your touch

To whisper in your ear
Words that are old as time
Words only you would hear
If only you were mine

I wish I could go back to the very first day I saw you
Shouldve made my move when you looked in my eyes
Cause by now I know that you'd feel the way that I do
And I'd whisper these words as you'd lie here by my side

I love you, please say
You love me too, these three words
They could change our lives forever
And I promise you that we will always be together
Till the end of time

So today, I finally find the courage deep inside
Just to walk right up to your door
But my body can't move when I finally get to it
Just like a thousand times before

Then without a word he handed me this letter
Read I hope this finds the way into your heart, it said

I love you, please say
You love me too, these three words
They could change our lives forever
And I promise you that we will always be together
Till the end of time

Well maybe i, I need a little love yeah
And maybe i, I need a little care
And maybe i, maybe you, maybe you, maybe you
Oh you need somebody just to hold you
If you do, just reach out and I'll be there

I love you, please say
You love me too
Please say you love me too
Till the end of time
These three words
They could change our lives forever
And I promise you that we will always be together

Oh, I love you
Please say you love me too
Please please
Say you love me too
Till the end of time
My baby
Together, together, forever
Till the end of time
I love you
I will be your light
Shining bright
Shining through your eyes
My baby

Celine Dion


........................................

အားလုံးပြုံးပျော်ကိုယ်စိတ်ကျန်းမာကြပါစေ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Sunday, June 7, 2009

ကျွန်တော် နား ထောင် ဖြစ် ခဲ့ သော



ဘဝ ဆိုတဲ့ လမ်းမ ပေါ် လျှောက် နေ ရ တဲ့
ကျွန်တော် ၊ နား ထောင် ဖြစ် ခဲ့ သော .....
အ တို အ စ ကလေး များ ကို ပေါ့ ပေါ့ ပါးပါး
ပြုံး ဖို့ ရည် ရွယ် အမေ့လက်ရာ အမျိုး များ အ တွက်
ပုံပြင် တပုဒ် အ ဖြစ် အ သက် သွင်း လိုက် ပါ တယ်။ ။

ပါးစပ်သေနတ်

ဤသေနတ်က လူမသေစေနိုင်ဘူး ဆိုတာ လူတိုင်း သိ
ကြ ပါ တယ်။ သို့ပေမယ့်....တခု သော ကာ လ
ဧရာဝတီိ တိုင်းရှိ ပင်လယ်ဝ နားနီး မြို့နယ် အ တွင်း
ခုတ်မောင်းနေ တဲ့ နှစ်ထပ် ရေ ယာဉ် သင်္ဘောပေါ်မှာ
ဒီ သေနတ် ကြောင့်...အ ထိတ် တ လန့် ဖြစ် စေ
ခဲ့၏။

ယ ခင် ဧ ရာ ဝ တီ သ ဘောင်္ အ များ စု သည် စစ်
ကျန်..(ဒုတိယ ကမ္ဘာစစ် လျော်ကြေးရ)သ ဘောင်္ များ
ဖြစ် ချေ သည်။မြန် မာ အင် ဂျင် နီ ယာ များ တော်
တတ် မှု ၊ တီ ထွင် ဆန်း သစ် မှု ကြောင့် ပြည် တွင်း
ရေ ကြောင်း ပို့ ဆောင်ရေး ဦး စီး ဌာန အောက် တွင်
စစ် ပြန် သဘောင်္ များ ဧ ရာ ဝ တီ တ လွှား ပြေးလွှား
ပို့ ဆောင် ရေး ရေ ယာဉ် များ အ ဖြစ် ဧ ရာ ဝ တီ
ရေ ပြင် ကြော မှာ ဇာတ် လမ်း ပေါင်း တ သိန်း နှင့်
အ သက် ဝင် ခဲ့ ရ သေး သည်။(မှတ်ချက်။ ။ယခုတော့
အ ဆင့် မြင့် တရုပ် နှစ် ထပ် ခွဲ ရေ ယာဉ် များ သာ
တွေ့ ရ တော့ ၏ )။

ရေလမ်း ခရီးသွား ခရီးသည် အများစု သည် ရေ ယာဉ်
(သဘောင်္)ပေါ် ၌ ရိုးရိုးတန်း လက်မှတ် ဝယ်ကာ စက်
ခန်း ဘေး ကပ် လျက် ၊ လှေ ခါး အ တက် အ ဆင်း
နား ကပ် လျက်၊ အပေါ် ထပ် အောက် ထပ် မိမိ လက်
မှတ် ပါ နေ ရာ နံ ပါတ် အတိုင်း၊ ဖျာ ၊မိုးကာ အစ၊ပုဆိုး
ပိုင်း ၊သ တင်းစာ စက္ကူ တို့ ကို ခင်းကျင်း နေရာ လုကာ
ထိုင် ကြ၊ လှဲ ကြ၊ လျောင်း ကြ၊ အသင့် ပါ လာ သော
ထမင်းထုပ် ၊ မုန့်ပဲသားရေစာ များ စား သောက် ကြ၊ဆေး
လိပ် ကွမ်းယာ သည် ကလေး များ နှင့် ရေ နွေး ကြမ်း
သည် ကလေး များ(သင်္ဘောနှင့်ပါလာသော(ဝါ)သဘောင်္
စားသောက်ဆိုင် က မွေးထား သည်ဟု ယူ ဆ ရ သော)
ကလေးများ က ဟို လူ ဒီ လူ ကြားကျော် ခွ ကာ ဈေး
ရောင်း ချ နေ ၏။ကုန် သည် ပွဲ စား အ ဆင် ပြေ သူ
အချို့ က တော့ သဘောင်္ အထက် တန်း အ ခန်း များ
စက် ဆရာ အခန်း များ ၌ လက် မှတ် ဝယ် ကာ လိုက်
ပါ လာ ကြ ၏။

ဧ ရာ ဝ တီ ရေ ယာဉ် သ ဘောင်္ သည် ဆိပ် ကမ်း တ
ခု မှ တ ခု အ စုန် အ ဆန် ရေ ကြောင်း အတိုင်း ခုတ်
မောင်း နေ ရာ..ညနေ ခင်း မှ ညဦး ချိန်ခါ တိုင် လာ၏။

ရိုးရိုး တန်း ခရီး သည် များ တို့ သည် မိမိ တို့ ခင်း
ကျင်း ရာ နေ ရာ ကိုယ် စီ ၌ အ သီးသီး လှဲ လျောင်း(သူ့
ခေါင်း ကိုယ့် ခြေ ထိ၊ ကိုယ့် ခေါင်း သူ့ ခြေ လာ ထိ)
ကိုး လို့ ကန့် လန့် အိပ် ရင်း၊ သ ဘောင်္ မီး လုံး ဝါ မှိန်
မှိန် ယိမ်း ထိုး က ချက် အ တိုင်း နိုး တ ဝက် အိပ် မက်
ကိုယ် စီ မက် နေ ကြ ဟန် ရှိ ၏။ လူ များ လွန်း လို့ မ
သွား ပဲ အောင့် ထား ရ သော ဆီး/ဝမ်း ကိစ္စ အ တွက်
အိပ် နေ သူ မောင် ဖွား ယောက် ကျား၊ ခရီး သည်များ ကို
အား မ နာ ပ ကျော် ခွ ၊ထမီ(လုံချည်)စွန် ထောင် စွဲ ယခု
မှ ရေး ကြီး သုတ် ပြာ ၊သဘောင်္ ရေ အိမ်(အိမ်သာ) ဘက်
လျှောက် လှမ်း နေ သည့် မိန်း မ တ သိုက် က လည်း
သ ဘောင်္ စီး ချက် အတိုင်း ယိမ်း ထိုး နေ ၏။

မူးလွန်း အောင် သောက် ထား တဲ့ အ ရက် အ ရှိန် ကြောင့်
ထင် ရဲ့။အ ရာ ရာ မြင် ကွင်း ဟာ ဝိုး တ ဝါး မ ပီ ပြင်။
စက် ခန်း ဘေး ကပ် လျက် သ ဘောင်္ လုံ ခြုံ ရေး ရဲ တပ်
သား များ ယူ နီ ဖေါင်း လဲ အ ရပ် ဝတ် နှင့် စောင် ခြုံ ကွေး
နေ သ ယောင် ၊။ လက် မှတ် စစ် သ ဘောင်္ ဝန် ထမ်း လေး
လမ်း လျှောက် သွား နေ တာ ယိမ်း ထိုး နေ သ ယောင်။
ယာ ဘက် ဘေး နား ကပ် လျက် အိပ် စက် နေ သော ခရီး
သွား အမေ အို သား အမိ ယိမ်း ထိုး နေ သ ယောင်။

သေ ချာ တခု က...ဖွင့် ကြည့် နေ တဲ့ သူ့ မျက်လုံး
အ စုံ ကြောင့် လက် ဝဲ ဘက် နားကပ် လျက်လှဲ လျောင်းနေ
သူ ရဲ့ လက် တ ဘက် သူ့ မျက် နှာ ပေါ် အ ရိပ်မ မိုး တော့
ပါ ။ ကောင်း လွန်း သော အ ရက် ဒီ ဂ ရီ တချက် အ တက် မှာ
သူ့ရဲ့ မျက် လုံး အ စုံ ပြန် လည် ပိတ် ရင်း မှိန်း မော သွားပြန်၏။
ဒါပေမယ့်..အ သိ တ ခု က ..လက် ဝဲ နံ ဘေး အ ချွန် စူး စူး
တခု နှစ် ဝင် ထိ ထား သ လို၊ လက် မည်းမည်း တစ် ဖက် သူ့ ပေါ်
ကျော် ခွ၊ လက် ယာဘက် ဘေး က အိပ် မောကျ နေ တဲ့ သူ ငယ် မ
ဗိုက် ပေါ် ဝဲ ပျံ နေ သ လို၊။

ခရီးသည် ချင်း ကိုယ် ချင်း မ စာ၊ အခွင့် ရေး သမား ၏ မ သာ
မှု အ ရေး ကို သူ ဆို သော အ ရက် သမား ဖြေ ရှင်း ရန် တာ
ဝန် ရှိလာ ၏။ မည် သူ မှ အော် ခေါ် လို့ လည်း မကြား နိုင် ပေ
သဘောင်္ အင် ဂျင် စက် သံ ကား.. ည ကာ လ ကို လွှမ်း မိုး ထား
၏။ခန္ဒာကိုယ် လှည့် ကာ ရင် ဆိုင် ထိုး ကြိတ် ရန် လည်း မ ဖြစ် နိုင်
သူ ၏ ခန္ဒာ နံ ဘေး ကို ဓါး လို လို အ ချွန် စူး နဲ့ ထောက် ထား
သည် မဟုတ် ပါ လား။။တွေး တော ကြံ ဆ နေ စဉ် အတင့် ရဲ လွန်း
သော လက် မည်း မည်း သည် သူ့ မျက် နှာ ကျော် ခွ တ ဖြေး ဖြေး
သူ ငယ် မ ဆီ သို့ ထပ် မံ အ ရောက်......တစ်..နှစ်...သုံး...


“ဒိုင်း”

ရုတ် တ ရက် ပေါက် ကွဲ အား အ ပြင်း ဆုံး နဲ့ တွန်း ကန် ထ ထိုင် ပြီး
ပါး စပ် သေ န တ် တ ချက် ကို လက် မည်း မည်း ပိုင် ရှင် နား ဝ ကပ်
ပစ် လိုက် ၏။ဘေး နား ဝန်း ကျင် အိပ် နေ သူ များ ရုန်း ရင်း ဆန် ခတ်
ဖြစ် ကုန် ၏။ ထို လက် မည်း မည်း အ ယု တ္တ မာ ကြီး လည်း အ သည်း
မာ မာ နှင့် ဝ ရုန်း သုန်း ကား ခန္ဒာ အောက် ပိုင်း နံ ငယ် ပိုင်း မဲ့ ကာ
သ ဘောင်္ အောက် ထပ် ဆီ သို့ က ဆုန် ပေါက် သွား ၏။ လုံ ခြုံ ရေး ရဲ
တပ် သား များ တောင် ဆွဲ မြောက် ဆွဲ ၊ဆွဲ မိ ဆွဲ ရာ ဆွဲ ကာ..ပြေး လွှား
နေ သော လူ အ များ ကို ကိုယ့် နေ ရာ ကိုယ် ပြန် ထိုင်း ခိုင်း နေ ၏။
တ ည လုံး နေ ရာ မရ သ ဖြင့် ထိုင် လျက် ငိုက် နေ ရ သော မိန်း မ
ကြီး တ ချို့ က က ပျာ က ယာ ပု ဆိုး ပိုင်း ခင်း နေ ရာ ဦး ကုန် ၏။
ဤ သို့ နှင့် ရေ ယာဉ် သဘောင်္ တ ခု လုံး...ပါး စပ် သေ နတ် ကြောင့်
ယိမ်း ထိုး ကာ တိမ်း စောင်း နစ် မြှုပ် လု မ တတ် ဖြစ် ခဲ့ ချေ ပြီ တ ကား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဤ အ ကြောင်း လေး ပြော ပြ တဲ့ ဖထီး စောဝါးထူး (ငပုတော) အား အ မှတ်
တ ရ အောက် မေ့ ကြောင်း နှင့် ကျေး ဇူး တင် ပါ ကြောင်း .....
(ဖိုး ခွါး)
...................................................

အား လုံး ပြုံး ပျော်၊ ပါး စပ် သေ နတ် ရဲ ဝင့် စွာ ဖေါက် ခွဲ နိုင် ပါ စေ။

သိ နေ ဟ ဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ



အရာရာ တိုင်း ဟာ လွယ်ကူ တဲ့ ကိစ္စ တော့
မဟုတ် နိုင် ပါ ဘူး။ ဒါ ပေ မယ့် ခက် ခက်
ခဲ ခဲ လို့ လည်း မ ငြင်း နိုင် ပြန် ပါ ဘူး။

သူမတူ တဲ့ လူ တွေ က ဖြစ် နိုင် တဲ့ ကိစ္စ
မှန် သ မျှ ကို အ ချိန် နဲ့ အမျှ လေ့ လာ
အ ပတ် တ ကုတ် ကြိုး ပမ်း အား ထုတ် ခဲ့
သူ တွေ ပေါ့။ အခု ပဲ ကြည့် လေ......
တ ချက် တည်း ကျင်း ပေါင်း များ စွာ။ ။

ဒါ ကြောင့်...မဖြစ်နိုင်ဘူး လို့ ဘယ်သူ ငြင်း
မလဲ????????????????????????????

................................

အားလုံး ကျန်းမာ ပျော်ရွှင် ဘဝမှာ ထင်ပေါ်ကျော်ကြား
အောင်မြင်နိုင်ကြပါစေ။။။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

ကံကောင်းမယ့် အဆောင် ကတဲ့ဒေါင်းဖြူလေး နော်











ကံကောင်းစေဖို့ စေတနာ အဖြူရောင် နဲ့
ရည်ရွယ်ကာ ပေးပို့ခဲ့တဲ့ တရုပ်နိုင်ငံသား
ဦးလေး ဇောင်း ရဲ့ ကဒေါင်းဖြူ ဓါတ်ပုံ အ
လှ လေး တွေ ကို ကျွန်တော့် အမျိုး များ
အား ကံကောင်းစေဖို့ ပြန် လည် မျှဝေလိုက်
ပါတယ်။

အားလုံးသော အမျိုးများ...............
ပျော်ရွှင်ချမ်းမြေ့ အစစ အရာရာ ကံကောင်းနိုင်
ကြပါစေ။ ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Saturday, May 30, 2009

လူကြီးတွေ နဲ့ ကျွန်တော်...ဒီလိုဒီလို

မတောက်တခေါက်လေး စတင် တည်ဆောက်ခဲ့ရ သော
အမေ့လက်ရာ(စုံစီနဖာစုစည်းရာ)ကို ယခင်အချိန်ကာလ
များလို တတ်ယောင်ကား ကြားတာ သိတာ မြင်တာလေး
မရေးနိုင်ခဲ့တာ ရက် အတန် ကြာ မြင့်ခဲ့ရ ပါ တယ် ။

အကြောင်းရင်းကား.... ယခုတလော ကျွန်တော်(တတ်
ယောင်ကား ဆြာကြီး)အလုပ်တွေရှုပ်(အရှုပ်တွေလုပ်နေရ
သော ကြောင့် ဖြစ် ပါ တယ်။ ။

`လူကြီးတွေလာမယ်တဲ့´အောင်မို(အမေရိကန်)က စက်
ရုံပိုင်ရှင် သူဌေးတွေ လာ ကြ မှာ တဲ့ ။လက် ရှိ အ
လုပ် လုပ် နေ ရ တဲ့ စက် ရုံ က အမေရိကန် နိုင် ငံ
ပိုင် စင်္ကာပူ ဌာ န ခွဲ ကွန်ပျူ တာ အ စိတ် အပိုင်း
လေး ထုတ် လုပ် တဲ့ စက် ရုံ ဆို တော့...USA က
လူကြီး(သူဌေး)လာ မယ့် ကိစ္စ ဟာ စက် ရုံ မှာ အင်
မ တိ အင်မတန် အရေးကြီး သောကိစ္စ ဖြစ်နေပါတယ်။

စာရေး စာချီ ဝန်ထမ်း များ၊စက်ရုံ ကုန်ထုတ် လုပ်သား
များ၊ မန်နေဂျာ သူဌေး များ အားလုံး မနားမနေအလုပ်
ပိုနေကြပါတယ်။သန့်ရှင်းရေး တာဝန်ကျကျွန်တော်လည်း
လာမယ့်ရက် သီ တင်း လေး ပတ်ကြိုလောက်ကတည်း
က စက်ရုံ နေရာအနှံ့အပြား လှဲ ရ ကျင်း ရ၊ရေဆေး
ကြော ရ နဲ့ အ လွန် အလုပ် များ နေ ခဲ့ ပါ တယ်။
နေ့စဉ် လျှပ်စစ် နဲ့ ရေ အသုံးပြု မှု ယူ နစ် အတိုင်း
အတာဟာ သာမန်နေ့များ ထက် များ စွာ ပို ကုန် နေ
ပါတယ်။နေ့ တိုင်း ကြိမ် ဖန် များစွာ ခေါ် ခေါ် ဆဲသော
မန်နေဂျာရဲ့ Meeting ဆို သည့် အခန်း တွင်းမှထွက်
လာ တိုင်း လူကြီး ဆိုသော ပုဂ္ဂိုလ် ကြီး များ ကို တွေး
ကြည့် နေ ပါတယ်။ပေါင် ချိန် ၆၀၀၀ ကျော် လောက်
ရှိ မလား။အသက် ၃၅၀ နှစ်လောက် ရှိ မလားပေါ့လေ။

ထူးခြားတာကတော့ လူကြီး ကျေးဇူးကြောင့် သူတို့မလာ
မှီ ယူနီဖေါင်း အသစ် တစုံ နဲ့ရှုးဖိနပ် တရံထပ် ရ လာ ခဲ့
ပါ တယ်။ဟောင်းနွမ်း နေ တဲ့ စက် ရုံ နံ ရံ အနှံ့ အပြား
၅ ရက် နဲ့ အပြီး ဆေး အဖြူ ရောင် သုတ် ပေး ဖို့ ငွေ
ချ ပေး လာ သ လို၊ လူ ကြီး ဆို သူ များ သွား မည့်
လမ်း မ တလျှောက် ရှိ အ ခန်း အ ပြင် ဘက် မျက် နှာ
စာ များ ပြင် ဆင် ခွင့် ငွေ ချ ပေး လာ ပါ တယ်။ဆယ်
စု နှစ် ကြာ အောင် တင် ထား ခဲ့သော အိမ်သာ ဘိုထိုင်
များ ပြင် ဆင် ခွင့်၊စက်ရုံ အလုပ် သမား များ အား ပါတီ
(ပျော်ရွှင်ပွဲ)လုပ် ပေး ခြင်း၊ဗီဒွီိယို မှတ် တမ်း တင် ထား
ခြင်း များ မ ယုံ ကြည် နိုင် အောင် ဖြစ် လာ နေပါတယ်။

နှစ်စဉ် ဆုကြေး(ဘောနပ်စ်) မရ လို့ ပွစိပွစိ ဖြစ် နေတဲ့
ကိုကို မမ များ အား မုန့်ဖိုးပေး(အလုပ်ချိန်ညဆိုင်း)ပြောင်း
ခြင်း များ လည်း တွေ့ ရ ပါ တယ်။မည် သို့ စို စေ ထူး
ခြား မှု များ နဲ့ လူ ကြီး လာ မယ့် အရေး ဟာ အမေ့
လက် ရာ(စုံစီနဖာစုစည်းရာ) အတွက် အတွေ့အကြုံ သစ်
တ ခု ပါ ပဲ။အခန်းနား တခု စာ အတွက် မိုက်ကရိုဖုန်းက
စလို့ စပီကာ စက် တွေ အဆုံး နေ့အသုံးပြု ခ နဲ့ ယာ
ယီ ဌား ရမ်း ခဲ့ကြ ပါ တယ်။

ခန္ဒာ ကိုယ် ပေါင် ချိန် ၁၆၀ ၊အ ရပ် ၆ပေ နီး နီး
မြင့် သော အင်္ဂလိပ်စကားပြော မြန်လွန်းသော၊ မျက်နာနီ
သော၊ အနောက် တိုင်း ဝတ် စုံ ဝတ် ဆင် ထား ကြသော
အသက် ၄၅ နှစ် ကျော် ကျား/မ ၁၀ ဦး နှစ် ရက် ကြာ
အောင် လာ လည် ပါ တော့ တယ်။ အစွမ်းကုန် ဖြဲ ထား
ရ သော ဟန် ဆောင် ပြုံး တွေ နဲ့ စင်္ကာပူ စက် ရုံ သူ
ဌေး အဲယားကွန်း ခန်းမ အပြင် ဘက်ထွက်ထွက် ပြီး မျက်
နှာ ချွေး သုတ် နေ တာ လေး တွေ့ရ ပါ တယ်။ ဘူဖေး
အော် ဒါ ကန်ထရိုက် ကုမဏီဝန်ထမ်း တွေ နဲ့ဧည့် ခံ
ကျွေးမွေး ရေး စက်ရုံ တာဝန် ခံ တို့ အော် ကြ ဟစ် ကြ
နားလည် မှု နဲ့ တခုခု ကို ညှိ နေ ကြ တာ လည်း တွေ့
ရ။အသန့် အပြန့် ကြိုက် တာနာ မည် ကြီး တဲ့ အမေ ရိ
ိကန် တွေတည်ခင်း မယ့် စား ပွဲခင်း အပေါက်ကြီးအောက်
မှာ ဖုံးဖိ ထားနေတာ၊မမ ချောလေး တယောက် သစ်သီး စ
လေး တ ခု စား ပွဲ ခငိး ပေါ် ကျ သွား တာ ကို လူု မ
မြင် အောင် ပြန် ကောက် ထည့် လိုက် တာ လည်း မြင်
ခဲ့ ရ။တဂွီ ဂွီ တ ဂွမ် ဂွမ် နဲ့ ခါး မှာ ချိတ် ထား တဲ့
လမ်းလျှောက် စ ကား ပြော စက် ကို အသံ ချဲ့၊ စက် ရုံ
တရုံ လုံး ရှိ ပြင်ထိန်းအင်ဂျင်နှီယာ များ၊ လုံခြုံ ရေး များ
ကို ယနေ့ မှ ထူး ထူး ခြား ခြား နာမည် ခေါ် ကြည့်နေ
သော ကျွန်တော့် မန် နေ ဂျာ လည်း တွေ့ရ။ပြောင် သ
ထက် ပြောင် မှောင် သထက် မှောင် အောင် ကြမ်း တိုက်
နေ ရ သော ကျွန် တော့် အား တွေ့ သမျှ စက် ရုံ အ
ရာ ရှိ များ အော် ဟစ် သွား တာ လည်း ကြား ရ ပါ
တယ်။လူ ချင်း မ တိုက် မိ အောင် ရှောင် ကာ မြန် သ
ထက် မြန် အောင် ဖိုင် တွဲ တွေ နဲ့ လမ်း လျှောက် နေ
ကြ တဲ့ အရာ ရှိ အရာ ခံ များ စွာ လည်း တွေ့ ခဲ့ ရ
ပါ တယ်။

ဒီလို နဲ့ ....အစည်း အဝေး တနေ ကုန်လုပ် ၊(မနက်
နေ့ လည် ညနေ)ဘူဖေး များ ဝါးတီး ပေး ပြီး လူကြီးဆို
သူ များ ပြန် သွား ချိန် မှာ တော့.....စက် ရုံ ကြီးဟာ
ပုံမှန် လည် ပတ် နေ တဲ့ အတိုင်း၊ အမေ့လက်ရာ က(စုံစီ
နဖာ စုစည်းရာ) အတွက် အတင်း တထုပ် နဲ့ ပြန် လည်
အသက် ဝင် လာ ပါ ပြီ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးသော အမျိုးများ အား ကျေးဇူး တင် ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ လူကြီး လာမယ့် ဘေး ဝေး ကာ
စိတ်နှလုံး ဧချမ်းကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Friday, May 15, 2009

အပိုင်းအပဲ့




ဒီဂြိုလ်ပေါ်.....
မျက်နှာစိမ်းတွေနဲ့ ဂြိုလ်ကောင်တွေ
ခြောက်ရက်နဲ့နာရီ ၂၀ ကျော် ကြာအောင်
ပက်လက်(ဇောက်ထိုးမိုးမျှော် ဆို ပိုမှန်မယ်)
ကောင်းကင်မျက်နှာကျက်မှာ စိုးမိုးထားတယ်။

ပျံသန်းခွင့် မရှိတဲ့ ကောင်းကင် ကို
ဇွတ်တိုးပြီး အတောင်တဖျတ်ဖျတ်ခတ်
ခံစားမှု အတွက် ကဗျာဆရာ ငပိန်ဆိုသူ
ထပျံခဲ့တော့.................

လ ဟာ မအံ့သြ
နေမင်း က ရယ်မော
ကြယ်စင် တွေ ဝန်းခ
သြကာသ လောကကြီးရဲ့
သြဘာသံတွေ ကြော်ငြာသံတွေ
လေဆာရောင်ခြည် ဒဏ်ရာတွေနဲ့
ကဗျာဆရာ ဆိုသူ....
ဆယ်ဘဝပြောင်းခဲ့ချိန်တိုင် စိတ်ခံစားမှုတွေ
ဟောဒီဂြိုလ် နေရာအနှံ့ပြားမှာ
မယုံကြည်နိုင်အောင် သစ်သစ်လွင်လွင်ပဲ
ပျံဝဲ ပျံသန်း ပျံ့ကြဲ နေတုန်း။ ။


ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အားလုံးသောအမျိုးများအားကျေးဇူးစပယ်ရှယ်တင်ပါတယ်။
အားလုံးကို ပါဝင် မျှဝေ ရေးသားပေးပို့ကြဖို့ခေါ်ဖိတ်ပါတယ်။

သိနေဟဖြင့််........
သားရွှေနု
(အမေ့လက်ရာ)

Friday, May 8, 2009

မအော်ကြနဲ့..မိပြီတဲ့ဟေ့

ယနေ့...
လမြတ်ကဆုန် ဗုဒ္ဒရှင်ဘဂဝါ ရဲ့ ဗုဒ္ဒဝင်နေ့ထူး
ဗုဒ္ဒဘာသာဝင် တို့ရဲ့ ရက်မြတ်ရက်ကောင်း
ကဆုန်လပြည့် ဗုဒ္ဒနေ့ဝယ်..........
မြန်ပြည်တဝှမ်း စေတီအဝှမ်းမှာ ဗောဓိညောင်ရေ သွန်းကာနေချိန်ပေါ့။

ဒါပေမယ့်..ဒီမှာတော့
ရင်ပူစရာ စင်္ကာပူ ရဲ့ အကြမ်းဖက်ဖေါက်ခွဲရေးသမား JI leader
Mas Selamat (မတ်စ် စလန်မတ်)ကြီး မလေးရှားနိုင်ငံ ဂျော်ဟိုး
ပြည်နယ်မှာ မလေးစပါယ်ရှယ်အထူးရဲအဖွဲ့ကဖမ်းဆီး မိ ပြီ ဆို တဲ့
သတင်းက ပလူပျံညံနေချိန်ပေါ့။ကိုကို..လူဆိုးကြီးကလည်း ထူးခြား
တယ်..ဒီလောက်အစောင့်အရှောက် အထပ်ထပ် နည်းပညာအကောင်း
စားတွေနဲ့ အလုံခြုံဆုံး စင်္ကာပူ အကျဉ်းထောင် ရေအိမ် (toilet)
မှန်ကျော်ပြတင်းပေါက်သေးသေးကနေ ကိုယ်ဖျောက် ပြေးနိုင်ပုံက....
ဂျိမ်းစ်ဘွန်း အဖေအခေါ်ခံရခဲ့သူ။ဒင်းကြီး..လွတ် မြောက် နေစဉ်
်ကာလ မောင်မောင်ဖုန်း တို့ နေရတကာ မသွားရဲမလာရဲနဲ့။
ကိုယ့်ရုပ်ရည်က ကိုရီးမင်းသားချောလို မဖြူ ပေ မယ့်
သေချာကြည့်ရင် Mas Selamat(မတ်စ် စလန်မတ်)ကြီးနဲ့
နင်လားငါလား တူနေတာကိုး။နောက်ဆုံးတော့..ရာဇဝတ်ဘေး
ပြေးမလွတ်လေ။ဒီတခါတော့...ရဲဦးလေးကြီး တွေ အငြှိုးနဲ့
ကိုကို ရာဇဝင် လူဆိုးကြီးကို ရှုးရှုးတောင် ပေးမပေါက်
တော့ဘူးထင်တယ်နော်။ :)




အပြည့်အစုံ သတင်းစုံ ဒီလင့်ခ်ကလေးကို.....ဂူဂဲလ်မှာ click
http://www.channelnewsasia.com/video/index.php

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော် ကျန်းမာကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Tuesday, May 5, 2009

ကျေးဇူးပါမေမေ..



ဒီလ..ဒီအခါသမယ ကို “မေမေ..များ လ”၊မေမေများ..နေ့”
ဆိုပြီး အနန္တဂုဏ်ရည် မွေးမိမာတာ ကျေးဇူးရှင် မြတ် မိခင်တို့
အား ကမ္ဘာတလွှား သားသမီးများက နဖူးတိုက်ဦးခိုက် အလေး
မြတ်ပြုနေကြချိန်မို့ ကျွန်တော့်ကျေးဇူးရှင် မွေးသမိခင်နှင့်ကျွေး
သမိခင် မြတ်သောမိမာတာ တို့အား အဝေးကနေ မျှော်မှန်းလက်
ဆယ်ဖြာဖြင့် ကန်တော့ပန်းဆင်လိုက်ပါတယ်။

ညီတယောက်ကတော့..အမေ့အတွက် အကျိုးမပြုနိုင်(ငွေမရှာနိုင်
သေးလို့)ဖုံးမပြော မဆက်သွယ်ချင်ဘူး တဲ့။ မိဘ..တိုင်းဟာ
သားသမီး အတွကကို ပေးဆပ်သူတွေချည်းပါဗျာ။ သူတို့..လိုလား
တာ ငွေကြေးချမ်းသာမှုထက်၊သူတို့အနားမှာနားလည်သိတတ်သော
စိတ်ထား နဲ့ မွေးရာပါ အပြုံးပွင့်ပိုင်ရှင် သားသမီး တွေပါ။

ကျွန်တော်..လူမိုက်က တခါမက အမေအို အပေါ်အော်ငေါက်မိတိုင်း
ညှိုးငယ်တဲ့ အမေ့မျက်နှာမှာ ခွင့်လွှတ်ခြင်း အရောင်လက်လက်ထနေ
တာ၊ အိုကြီးအိုမ နဲ့ ချက်ပြုတ်ကျွေးခဲ့တာ ပြန်စဉ်းစားရင်းရှက်မိပါတယ်။

ဒီနေ့တော့...အနန္တဂုဏ်ရည်မှန်းမျှော် မြတ်မိမာတာ တို့အား အဝေးကနေ
ထိခြင်းငါးပါးနှင့် ကန်တော့ရင်း..အမေနှင့် ကင်းကွာသူ၊အမေနှင့်..စိတ်
သဘောထား မတိုက်ဆိုင်သူ ကိုကို မမ တို့အား..မိဘဂုဏ်ရည်ကြီးမားပုံ
လေး ပြန်လည်သတိရနိုင်ဖို့ ၊သက်ရှိထင်ရှား အချိန်ကလေးမှာ ငွေကြေး
ထောက်ပံ့မှု ထက် အချိန်ပေးသူတို့ နဲ့ နှီးနီးကပ်ကပ် ပြုစုလုပ်ကျွေးနိုင်
ဖို့..သံသရာခရီးလမ်း အလွယ်တကူ စိတ်ချလက်ချ ပြန်သွားနိုင်ရန် ဓမ္မ
သစ္စာ ကျင့်ကြံပွါးများနိုင်ရန် ကူညီတိုက်တွန်းနိုင်ဖို့...ပို့စ်အတိုအစလေး
ဖန်တီးလိုက်ပါတယ်။

တချို့ပြောသံကြားမိပါရဲ့....သုံးလောက ဗုဒ္ဒမြတ်စွာ မှသော် ..မိဘကျေး
ဇူး ဆပ်ရာဝယ် နို့တလုံး ဖိုး သာ ကျေ တော်မူသည် တဲ့။တကယ်တော့..
အကျေဆပ်နိုင်ခဲ့ပါတယ်နော်။ဘာဖြစ်ဖြစ်..အချိန်သိခိုက် မိဘရှိခိုက် ကလေးမှာ
ခင်ဗျား..တို့၊ကျုပ်တို့ အမေ များ ကို ကျေးဇူးပြုဖို့...ဒီသီချင်းလေး နားဆင်
ကြရအောင်....................“ကျေးဇူးပါမေမေ





အားလုံးပဲ ရွှင်ကြည်သောစိတ်ဖြင့် မိဘကျေးဇူးများ ဆပ်နိုင်ကြပါစေ

သိနေဟဖြင့်.....
သားရွှေနု
(အမေ့လက်ရာ)

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။



မကြာမှီ..အလုပ်ခွင်မှာအဆင်မပြေတော့လို့ ရွှေပြည်တော်
ပြန်ရတော့မည့် အကျွန်ုပ် အား..အလုပ်ထဲမှာ နေထိုင်
နည်း အီးမေးလ် နှင့် မျှဝေ ပေးခဲ့ သူ ဆရာ ဗိုလ်ဥာဏ်
ရဲ့...အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။
ဆိုတာလေးကို အမေ့လက်ရာ အမျိုးများအတွက် ပြန်လည်
ဖေါက်သည် ချလိုက်ပါတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘယ်လိုနေရမလဲဆိုရင်..
..........................

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ
လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာစာရွက်တစ်ရွက်နဲ့
ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်း
ဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူက
တော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။အဲ..သတင်းစာကိုကိုင်
ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ကြိုစားနေသည်
ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။အ
များအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။
မိမိ လစာတွက်ခြင်း များ လုပ်နိုင်သည်။ချက်တင် ၀င်ပါက သတိထားပါ။
တစ်ယောက်ထဲ မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။
ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။သင်၏
အထက် အကြီးကဲ (သို့) သဌေးမှတွေ့ရှိသွားပါကရှေ့လာမည့်ပရောချက်
အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။
သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန်ထိုသူ
သည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စား
ပွဲနား ကပ်လာပါက“အရမ်း အလုပ်များတာ..ရှင်းဖို့အချိန်မရဘူး”စသည်
အိုက်တင် ဖြင့် ပြောပါ။ ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။လက်
တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။


၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။
(အီးမေးချက်ပါ) ထမင်းစားချိန်များတွင်အခြားသူများထသွားလဲမိမိသည်
အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။
(ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မျှဝေပေးခဲ့သူ ဆရာဗိုလ်ဥာဏ် နဲ့ အမေ့လက်ရာ အမျိုးများစွာကို
ကျေးဇူးအနန္တတင်ပါတယ်ဗျာ။
အားလုံးကျန်းမာ အစစ အဆင်ပြေနိုင်ကြပါစေ။

သိနေဟဖြင့်..

သားရွှေနု
(အမေ့လက်ရာ)

Friday, May 1, 2009

ကမ္ဘာမြေ ဖန်ဆင်းရှင် လူစွမ်းကောင်းများသို့



သူတို့ဟာ..ကမ္ဘာမြေကြီးအတွက်
သူတို့ဟာ..လူသားတိုင်းပြည်တွေအတွက်
အသက်နဲ့ခန္ဒာ သွေးနဲ့ချွေး စတေးရဲသူတွေ။

ကာယ နဲ့လည်း လုံ့လ ပြု
ဥာဏ နဲ့လည်းကောင်းကျိုးပြု
ကမ္ဘာမြေအတွက် ကောင်းမှုပြုခဲ့သူတွေ။

ကမ္ဘာ့လုပ်သားတွေ....
မြန်မာ့လုပ်သားတွေ..
မဟာသူရဲကောင်းကြီးတွေ။

တီထွင်စွန့်စား
ဂုဏ်ရှိန်မြင့်မားသမို့
ငါတို့ ..ဦးခိုက်
သမိုင်းမှာ ရက်မှတ်
မေ(၁)ရက်ကို မမေ့အပ်ပေ။

ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
http://www.dol.gov/opa/aboutdol/laborday.htm ...လေဘာဒေး သမိုင်း အကြောင်း link ကလေး

*ယနေ့ရက်မဟာ ကမ္ဘာ့နေ့ထူး လုပ်သားများနေ့တွင်..ကမ္ဘာတဝှမ်းနှင့်မြန်မာပြည်တဝှမ်းလုံးရှိ ကာယ၊ဥာဏ စက်မှု လက်မှု လုပ်အားရှင် ကြီးငယ်များနှင့််၊မောင်မယ်များအား ကျေးဇူးတင် ဦးခိုက် အလေးမြတ်ပြုပါသည်။
ကျန်းမာပျော်ရွှင် ကမ္ဘာမြေ ပို အလှဆင်နိုင်ပါစေ။



သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)