Tuesday, March 9, 2010

ဇာတ်ရံ



“ဇာတ်ရံ”

ခွင့်လွှတ်ပါကွယ်..
အရိုးခံပြောမယ့် စကားတခွန်းအတွက်
လက်ဖျားတွေ အေးစက်နေခဲ့တယ်။

ယုံကြည်နိုင်မလား...
ဝေခွဲရခက်လွန်းတဲ့ အဓိပါယ်တွေနဲ့
မျှော်လင့်ချက် မလင်းတလက်
တဘဝစာ မှီးပိတ်ထားတဲ့ အခန်းကျဉ်းလို
အငိုတွေနဲ့ အပို မဆိုချင်ပါဘူး
ငါရူးမယ့် နောက်ဆုံး-ဇာတ်ဝင်ခန်းက
မင်း............ပျော်ရွှင်ဖို့
စိတ်အဖြူရောင် သန့်သန့်လေးပါ။

သိန်းထိုက်(မလေးရှား)


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီတခါ ဗစ်တာထွန်းဇေ ကို ဟိုတွေး ဒီရေး လုပ်ခိုင်းစရာ
မလိုပဲ မလေးရှားရောက် ကိုသိန်းထိုက် ရဲ့ ခံစားမှု လေးကို
ကိုယ့်ဖာသာ အလွယ်တကူ ကော်ပီလုပ် ကူးချလိုက်ပါတယ်။

အီးမေးလ် နဲ့ ကိုယ်ပိုင် ခံစားမှုလေး ကို တကူးတက
ထုတ်ဖော် မျှဝေ ပေးခဲ့တဲ့ ဆရာ ကိုသိန်းထိုက် ကို
အမေ့လက်ရာ က ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ။


အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ.
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

0 comments: