Thursday, March 4, 2010

နာရေးကြော်ငြာ(ခေတ်သစ် မှတ်စရာ)



နာရေးကြော်ငြာ

သေသောသူအတွက် ဝမ်းနည်းကြောင်း
ကျန်ရစ်သောသူတွေအတွက် သံဝေဂရစေကြောင်း
သူ့အကြောင်း ပြန်ပြောင်း
အောက်မေ့ဖွယ် အလှူဆုတောင်းမျိုးလေး
တကယ်ဆို ဖြစ်သင့်တာ။

ခုများမတော့..
ဦးထိပ်ခေါင်ကျော်..ဒေါ်စီမိုဃ်းမြင့်
နိုင်ငံခြားပြန်၊ သူဌေးအကျော်အမော်
ဘွဲ့ ၅၀၀ ကျော်ရ ဗိုလ်ကြီးအချုပ်
ကိုဖိုးတုပ်တို့ရဲ့ အဘိုးအေ နာရေးကြော်ငြာမှာ
တရပ်တကျေး နယ်အဝေးက သွေးသားစပ်တော်
အမွေဆက်ခံခွင့်ရသူများမလာရ
ဤကြော်ငြာစာတမ်းပါ တရားဝင် ရတနာမိသားစုများသာ
ရှေ့နေကျော်ကြီးကျယ် အမိန့်အရ တဲ့။


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ.
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

0 comments: