Tuesday, March 2, 2010

အေးမိသိဖို့...မတ်လ(၂)ရက်

တို့..
ထမင်း အိုးထဲက ထမင်း
ဆန်ဆိုင်က ဆန်နဲ့ချက်ရတာ
ဆန်ဆိုင်က ဆန်
ဆန်စက် က စပါးကြိတ်လို့ဖြစ်တာ
ဆန်စက်က စပါးစေ့
တောင်ယာက စိုက်ပျိုးရိတ်သိမ်းလို့ရတာ
တောင်ယာမှာ စိုက်ပျိုး
ရိတ်သိမ်း လုပ်ကိုင်တာ
တို့ပြည်ကြီးဝမ်းဝ ဖို့
တို့မြေကြီးကို ရင်ဘတ်နဲ့အလှဆင်
ကျေးဇူးရှင် လယ်ယာထွန်ယက်
ကောက်စိုက် ပျိုးရိတ်ကြတဲ့
နိုင်ငံတဝှမ်း တိုင်းရင်းသား
တောင်သူလယ်သမားများပေ။

ပြေ(ပြည်)အရေးကို..ရှေးရှု
ယခုမှ မဟုတ်...
မတော်မတရား ဗြိတိသျှများ
အုပ်စိုးကာလ ကိုလိုနီဘဝက
လွှ၊တံစဉ်၊ကောက်စွ ရရာစွဲလို့
ဒီနေ့ဒီရက် မတ်လ(၂)တုန်းက
ဆရာစံ ရဲ့ တောင်သူလယ်သမားမျိုးချစ်တပ်
်သမိုင်းမှတ်ကျောက်ရဲရဲတောက်စိုက်ခဲ့တာ။

ကိုယ့်မြေကြီး ကိုယ့်ပိုင်နက်
ကိုယ့်လူမျိုး ကိုယ်သာကြိုက်သမို့
ချစ်တဲ့တို့မြေကြီး ပေါ်...
အင်္ဂလိပ် ဂျပန် ဘယ်နိုင်ငံ
စစ်ဖိနပ်မှ လာနင်းတာမလို
အိုမင်းကာ နေပစေအုန်း
အသက်ချင်းတောင် လဲဝံ့သည်
တပြည်လုံးနဲ့အညီ လက်တွဲလို့
ဓါးဆွဲ ကာ တိုက်ခဲ့တာ
လွတ်လပ်တဲ့ ကိုယ်ပိုင်ကိုယ်ဆိုင်
ဒီနေ့မြန်မာနိုင်ငံဖြစ်ခဲ့အောင်လေ။

ရှင်းပြီမဟုတ်လား..
ထမင်း အိုးထဲက ထမင်း...
ကျေးဇူးရှင် လယ်သမားများဖန်ဆင်းတာ။

အမြဲယုံထား..သူတို့က
တို့ပြည်ကြီးကို သိပ်ချစ်တဲ့သူတွေ
တို့မြေကြီး အတွက် မပဲ့အောင်
နောင်သံသရာထိ စောင့်ရှောက်မယ့်
တိုင်းရင်းသား လယ်သမား-သူရဲကောင်းတွေ။


ဗစ်တာထွန်းဇေ
..................................................

မြန်မာပြည်တဝှမ်း ကျေးဇူးရှင်တောင်သူလယ်သမားများနှင့်
ဘလော့ အမျိုးမိသားစုတွေ အားလုံး
ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။

သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

0 comments: