Monday, March 30, 2009

နွေဦးမှတ်တမ်းအပိုင်းအစ






မိုးပြေးနဲ့မြေကြီးရနံ့တချို့
ပွင့်ဝေတဲ့ ပိတောက် သင်းသင်းတဆုပ်
ငါ့နှလုံးသား မှာ တိုးဝင် လှုံ့ဆော်...။

မ ပြော ပဲသိနေပေါ့၊
ဒါ.နွေ ဦး က ဗျာ
ဧ ပ ရယ် အ ညွှန်း
အ တာ..အ တာ
သ င်္ကြန် ခါ ရောက် ပြီ။

ရေ က စား မ ဏ္ဍပ် တ ချို့
လမ်းပေါ် ပြေးဆော့ကလေးတသိုက်
တူးပို့..တူးပို့ သီ ချင်း သံ
စတိတ်စင်အောက်ကားတွေ ဆူညံသံ
မိဘ အုပ်ထိန်းသူ တွေရဲ့ ပူညံအသံ။

ဒီအချိန်ကလေးမှာ...
လောက သစ္စာရှာ သူ တွေ သာ
ဓမ္မရိပ်သာ စခန်း ဆီ လျှောက် လှမ်း။

ကူးပြောင်း ခြင်း နှစ်သစ် အ တွက်
မြနန္ဒာ သီချင်း၊သင်္ကြန်မိုး ရုပ် ရှင်
ပိတောက်အပွင့်အခက်အရွက်တွေ နဲ့
ပုံရိပ်တွေ ခြယ်နေကျပဲ မဟုတ်လား။

တကယ်ဆို..မိုး ဝ တိံ ထက်ဖျားက
ကြွဆင်းလာတော့မယ့်သိကြားမင်းကို
ဖက် လှဲ တ ကင်း ကြို မယ့်
ကျုပ် ကိုယ် တွင်း ဖြူ ရှင်း သန့် ဖို့
မှတ်တမ်းဝင် ရေပက်ခံသင့်ပေါ့လေ။

...................................

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

”ရင် ခုန် သံ ထပ် တူ၊ထာ ဝ စဉ် ဇာတ် ပေါင်း နိုင် ကြ ဖို့“



ဒီ သီ ချင်း လေး က...
ကျွန်တော့် ရဲ့ တယောက် သော သူ အတွက် ပါ။ ဘ ဝ တူ အ ဝေး ရောက်
ဘယ် စုံ တွဲ လေး မ ဆို၊ ရင် ဘတ် ချင်း အ သံ တူ ရင် ခုန် သံ ထပ် တူ
ကျ ထာ ဝ စဉ် ဇာတ် ပေါင်း နိုင် ကြ ဖို့.........................
ဆ န္ဒ ပြု ရင်း

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

“ဒီတခါ..အလှုတမျိုး ဦးရာလူ တိုး”

ကိုယ့်ရှုးကိုယ်ပတ်တာလားမသိဘူးဗျာ။အမျိုးတချို့က လမ်းဘေး မြန်မာ
foods တွေ မကြိုက်ကြဘူး၊တချို့ကြတော့..သေသေချာချာပြင်ဆင်မ
ကျွေးကြလို့၊တချို့က သူတို့နာမည်တပ်မရေးလို့ ခေါ်မဖိတ်လို့၊တချို့က
အကောင်းဆုံး(standard)အဆင့်မှီမှီ အစားစာတွေ မှာမကျွေးလို့ စ
သဖြင့် လာအော်ကြတာတွေ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ဘာဖြစ်ဖြစ်
တကိုယ်တော် အမေ့လက်ရာ ကို လူရာသွင်း လာလာနူတ်ဆက် စကား
လုံးလေးတွေနဲ့ အားပေးကြသော ကမ္ဘာတလွှား ရွှေမြန်မာ အမျိုး အနန္တ
ကို ရင်ဘတ်ကြီးထဲကနေ ပြောမပြတတ်အောင် ကျေးဇူးစပယ်ရှယ်တင်ပါ
တယ်။အကောင်းဆုံး ဘလော့ဖြစ်အောင် ကြိုးပမ်းချင်ပါတယ်။ကမ္ဘာကျော်
မြန်မာ့နာမည်ကြီး ဘလော့တွေ ၊ web တွေလို ဖြစ်ချင် ပါတယ်။ ခက်
နေတာက ကျွန်တော်ဟာ ကွန်ပျူတာ အိုင်တီသမားမဟုတ်သလို ရုံးတက်
ရုံးဆင်း စာရေးစာချီ သမားလည်း မဟုတ်တော့ တချို့လာ တဂ်ထားတာ
လေးတွေ၊မေးတာလေးတွေ၊လာလည်တာလေးတွေ ကို ချက်ချင်းပြန်မပြော
နိုင်၊မရေးနိုင်တာခွင့်လွှတ်ပါဗျာ။ကျွန်တော်က စင်္ကာပူကျွန်းလေးမှာ နေ့ခင်း
အလုပ်ကြမ်းထွက်လုပ်ပြီး မောမောနဲ့ ပြန်လာ ညဖက် ကွန်ပျူတာစုတ်စုတ်
နဲ့ ဘလော့ရ သော ဘာမှမရှိ ဘာမှမသိသော လူကောင် တယောက် မို့
လို့ အားလုံး အပေါ်မှာ အမှားရှိခဲ့မယ် ဆိုရင် နားလည် ပါ။မ ကျေ နပ်
လောက် အောင် ဒေါ သ ထွက် ဖြစ် ကြ တယ် ဆို ရင် လည်း.....
ဘာမှ မပြော လို တော့ပါ။

အား လုံး ပြုံး ပျော် လွတ် လပ် စွာ ရယ် မော နိုင်
ကြ ပါ စေ ဗျာ။

သိနေဟဖြင့်....
(အမေ့လက်ရာ)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ကမ္ဘာတလွှားက အမျိုးအနန္တ အတွက် (အားလုံးပါတယ်ဗျို့)သုံးဆောင်ရအောင်
ဥရောပ အစားစာ တွေနော်၊ မလု စား ကြ နဲ့ မျှ မျှ တ တ လေး ယူ သုံး
ဆောင် ပါ။အား လုံး ကို ကျေး ဇူး များ စွာ.....................




ဒီပုံလေးက အောက်က လင့်လေးကနေ တကူးတကမှာပေးရပါတယ်။
http://www.fotosearch.com/STF001/178941/
....................................................................










ကိုယ့် ဖာ သာ စိတ် ကြိုက် တ ဝ တီး ချင် သေး ရင် ..အောက် က လင့် ကလေး
ကို အ ရောက် သွား ၊ ကြိုက် သလောက် သုံး ဆောင် ကြ ပါ။
http://www.fotosearch.com/photos-images/europe-dinner-foods_2.html

Friday, March 27, 2009

*တော်လှန်ရေးနေ့ ဆုတောင်း*

ညီ ကိုဖိုးသားရဲ့ (http://sonesiyar.blogspot.com/)ကနေ တော်လှန်ရေးနေ့
(ဝါ)တပ်မတော်နေ့အတွက် သူဖန်တီးထားသော ပို့စ်လေး ကို အလွယ်တကူ ကူးယူမျှ ဝေ
ဖော်ပြလိုက်ပါတယ်။ညီ..ကိုဖိုးသားရေ ကျေးဇူးနော်။ အားလုံးသော အမျိုးများ အား လည်း
ကျေးဇူးပါဗျာ။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

############################################


*တော်လှန်ရေးနေ့ ဆုတောင်း*


ငါ့ညီပြောင်းဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏
မကောင်းအစ၊ နှောင်းမလှ
အကြောင်းပြကြ၊ တပေါင်းလ
ကဇောင်းကထ၊ ခတောင်းမ။

ထိုသတင်းကြောင့်
မြို့တွင်းတပ်စွဲ၊ နိပွန်ရဲတို့
မြို့ထဲသူ့တပ်၊ မြို့ကိုပတ်၏
လှံစွပ်နေရောင်၊ တပြောင်ပြောင်နှင့်
အပေါင်အားရင်း၊ အသံပြင်းနှင့်
နင်းမှနှိမ်မှ၊ စစ်မာန်ပြ၏။

“အာရှလူငယ်၊ လူမမယ်တို့
အံ့ဖွယ်နေနီ၊ တို့စစ်သည်ကို
ရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့”
လှန့်လည်းလှန့်၏
မဟန့်စတောင်း၊ အဟန့်ကောင်းတို့
ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်
မြို့ပေါ်ကျန်ရှိ၊ မိရင်းဖရင်း
သားချင်းဘ၀၊ ကြင်နာစတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါလည်းမြင်မိ၊ မခံချိ။

တစ်ရက်နှစ်ရက်၊ သုံးလေးရက်တည့်
ငါးရက်ကကျွံ၊ ခြောက်ရက်လွန်တည့်
နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့
နောက်ထပ်တစ်ဖန်၊ ဆယ်ရက်လွန်လည်း
နိပွန်ခြေရာ၊ တက်မလာခဲ့။

“ကြားပါလေစ၊ အိုမမတို့
မိုးကျလက်နက်၊ လူငယ့်လက်တွင်
စကြာနေနီ၊ ကဇောင်းဆီဝယ်
ချီသမျှမြုပ်၊ တပ်မရုတ်ဘဲ
အပြုတ်ခံကြ၊ ဇာနေယျ” ဟု
ချီးပစကား၊ ကြားလိုက်ရသော်
မြို့တော်တိုကျို၊ မြို့ထိုထိုက
အိုအိုမင်းမင်း၊ မိရင်းဖရင်း
သားချင်းကစ၊ အိမ်ရှင်မတို့
ညှိုးလျမျက်နှာ၊ မသာယာကို
ငါ့မှာတွေးကြည့်၊ ကြေကွဲမိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
သင်းတို့စိတ်ဝယ်၊ နယ်ချဲ့စိုးမိုး
မုဆိုးစင်စစ်၊ မဖြစ်စေချင်
ငါတို့တွင်လည်း၊ ဘ၀င်မကျ
ဘ၀မပြောင်၊ သားကောင်စင်စစ်
မဖြစ်စေလို၊ ကွင်းရလို၏။

ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်
ညွတ်ယိုင်ဆုခြွေ၊ အမျှဝေသည်
မွေတော်တိဂုံရိပ်မှာတည်း။ ။

ဆရာဇော်ဂျီ

****************************

>>> ကောင်းလိုက်တာဗျာ... သတ္တ၀ါတွေအပေါ် တပြေးညီ ကိုယ်ချင်းစာ တရား၊
မေတ္တာတရား ထားရှိတဲ့ ဆရာဇော်ဂျီရဲ့ စိတ်ဓါတ်လေးက တအား လေး စား ဖို့
ကောင်းသလို၊ အတုယူဖို့လည်း တအား ကောင်းတယ်...။

ဒီကဗျာလေးကို စာရိုက်ရင်းနဲ့ ... တကယ်ပါ...ကျွန်တော် ကြက်သီး မွေးညင်း
ထတာ သုံးခါလောက်ရှိတယ်... ဆရာ့ရဲ့ စိတ်ဓါတ်ကို လေး စား လွန်း လို့
ဆက်တည်း လောကကြီးမှာသာ လူတိုင်း ဒီလို မေတ္တာဓါတ်မျိုးတွေ မွေးမြူနိုင် ရင်
် ဘယ်လောက် ကောင်းလိုက်မလဲ လို့လည်း တွေးမိလေရဲ့...။

>>> ဒီကဗျာလေးကိုတော့ ကျွန်တော် 21.04.2007 စနေနေ့က ဂျာနယ်ကျော်
မမလေး ရဲ့ သွေး ၀တ္ထုကနေ ကူးယူခဲ့မိတာပါ...

>>> အားလုံးပဲ သတ္တ၀ါတိုင်း အပေါ်မှာ တပြေးညီ မေတ္တာဓါတ်များ ထားရှိနိုင်ပါ
စေလို့ ဆန္ဒပြုရင်း...


လေးစားစွာဖြင့်
ဖိုးသား

27/03/2009, FRI:, 0:09:01 AM

Tuesday, March 24, 2009

အမျိုးများအတွက်..စတိအလှု




ပုသိမ်သားကိုမုန့်မှာသူတွေ၊ဟာလဝါစားချင်သူတွေအတွက်
ညတွင်းချင်း လှမ်းအော်ဒါမှာ ပေးလိုက် ပါ တယ်။
ဟလဝါ ပုံရှာမရ (အဲလေ) ဝယ်မရ တာ နဲ့
ရတဲ့..ဂဏန်း(ပုဇွန်လုံး)လက်မကြော် နဲ့ ကောက်ညှင်း
စည်းထုပ်လေးတွေကို စေတနာဗလပွ တဝ ဧည့်ဝတ်ပြုပါတယ်။

ဧရာဝတီမမ များဖြစ်တဲ့(မေ ၁၆)နဲ့(မပန်းကဗျာ)
ဧရာဝတီကိုကို ဖြစ်တဲ့ (ဆရာ Younggun) အတွက်
ညီ ကိုဖိုးသား(အဖြူရောင်မေတ္တာ)နဲ့
ရွိုင်ရယ်မြန်မာတဖွဲ့လုံး အပါဝင်...
အမေ့လက်ရာ ကဗ္ဘာတလွှား အမျိုးပေါင်း များစွာကို ..
တဝသုံးဆောင်ကြဖို့ဖိတ်ခေါ်ပါတယ်။

လက်ဘက်ရည်ကြမ်းကြိုဖို့ လက်ဘက်ခြောက်သွားဝယ်
တာ ဘယ်ဆိုင်မှမရောင်းလို့ လက်ဘက်ရည်ကြမ်း မတည်
ခင်းနိုင်တာ ခွင့်လွှတ်ပါဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးသောအမျိုးများအား ကျေးဇူးစပါယ်ရှယ်တင်ပါတယ်။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

အကျိုးအပဲ့ နှစ် စ(မရယ်လည်းပြုံးပေါ့)


အမောဖောက်အောင် လျှောက်လှမ်းနေရတဲ့ ခြေထောက်တွေကအနား
ပေးဖို့တောင်းဆို။ ဘဝနေဝင်ချိန် မတိုင်သေးခင် အောင်မြင်ခြင်း မှတ်
တိုင်တွေစိုက်ရမယ် ခံယူချက်က အတင်းဆက်လျှောက်ဖို့ တိုက်တွန်း။
စက်ရုပ်ခန္ဒာကိုယ်မဟုတ်တော့ ခေါင်းတခုလုံးမူးဝေ၊မသေချင်တဲ့စိတ်က
ဆေးခန်းပြဖို့ အကြံပြုခဲ့တယ်။

ဆရာဝန်မလေးငယ်ငယ်ထိုင်တဲ့ မြို့သစ်က ဆေးခန်း၊လူနာတွေက နာ
ပဲနာလွန်းသလား လာပဲလာနိုင်လွန်းတာလားသေချာမသိဘူး။ပြောနိုင်တာ
တခုက..ည(၇)နာရီဆေးခန်းပြဖို့ညနေ(၃)နာရီကျော်လောက်ကတည်း
ကလာစောင့်နေကြတဲ့လူနာတွေ။“ဆေးထိုးဆေးပေး(စမ်းသပ်ခ)အပါဝင်
တဦး ၁၀၀၀ လောက်တော့ယူတယ်ကွဲ့..မင်းက ပြမလို့လား၊ဘာ ဖြစ်
တာလဲ၊ဖျားတာမလား”
ဘေးနားက လူနာအဒေါ်ကြီးတယောက်
ရဲ့အမေးအမြန်းကို နားထောင်းရင်း လည်တမျှော်မျှော်နဲ့ ကားလမ်းမပေါ်
ဘွားခနဲ ပြုတ်ကျလာမယ့် ဆရာဝန်မငယ်ငယ်ဆိုသူလေးကိုစောင့်ကြည့်
နေလိုက်တယ်။

ည ၇ နာရီခွဲကျော်တော့..
လာပြီဟေ့..လာပြီ
ဆော်ဆော်အောအော အသံတချို့ကြောင့် လူနာအချို့ နေရာရှဲဖယ် ကြ
ကလေးတွေချီမကြ၊အသည်းအသန်လူမမာတွေကိုထူတွဲကြ၊တုံကင်နံပါတ်အ
လိုက်အစီအရီ အသင့်အနေအထားပြင်ဆင်လို့။တိုယိုတာဆလွန်းအနီလေး
ပေါ်က ကြွကြွရွရွ မင်းသမီးဟန် နဲ့ ဆင်းလာတဲ့ အသက်အစိတ် ကျော်
ကျော် ဆရာဝန်မဆိုသူလေးက လူနာတွေကိုဝေ့ဝဲတချက်ကြည့် ဆယ်လ်
ဖုန်းလေးကို ပါးစပ်လှုပ်ရင်းပြော အခန်းတွင်းဝင်သွားတယ်။သူမရဲ့ အ ကူ
တယောက် ကတော့ လူနာတွေ အမည် တဦးစီ ခေါ် ရင်း စာရင်း မှတ်၊
ဆေးပေး။ငွေသိမ်း နဲ့ လက်မလည်။ဆရာဝန်မလေးကလည်း..လူနာ ၂၀
ကျော်ကို နာရီဝက်အတွင်း ပြီးအောင် (အတွေ့အကြုံကောင်းကောင်းရှိပုံရ
တယ်)ကုသပေးပုံများ အံ့မခန်း။နောက်ဆုံးကိုယ့်အလှည့်ရောက်လို့ ဝင်
သွားတော့ ဆရာဝန်မ က ဆေးထိုးပြွန်ကို ခြင်းအစိမ်းလေးထဲ ပစ်ထည့်
ကုတင်ပေါ်လှဲခိုင်း သွေးပေါင်ချိန်တိုင်းရင်း “ဘာဖြစ်တာလဲ”တဲ့
ဘာမှပြန်မဖြေနိုင်ခင်မှာပဲ “အားလားလား..သွေးတွေတိုးနေတယ်ဆေးထိုး
ပေးမယ် ဆေးပေးမယ်၊အစီအစိမ့်အတွေသိပ်မစားနဲ့ အရက် ဆေး လိပ်
မသောက်နဲ့ ကြားလား၊ခုညနေထမင်းဘာနဲ့စားခဲ့လဲ ငါးသလောက် တို့
၊ဝက်သား တို့ရှောင်နော်”
အလွတ်ကျက်ထားပုံရတဲ့ စကားလုံး
တွေ ရွတ်ပြရင်း အသင့်ပြင်ထားတဲ့ ဆေးထိုးအပ်က တဖက် စောင်းလှဲ
နေတဲ့ ကိုယ့်တင်ပါးထဲ ထိုးစိုက်ခံရတယ်။

လူနာတိုင်းပေးနေကြ အနီရောင် ၃တောင့်၊အဖြူရောင်ဆေးပြား ၃ လုံး
ကိုအကူကောင်မလေးဆီကလှမ်းယူ ငွေတထောင်ပြန်ကမ်းပေး လိုက်ရင်း
တင်ပါးကနာတာလား ရင်ထဲကနာတာလား သွေးတွေ တိုးတာ လားသေ
ချာတော့ မသိဘူး ပြောချင်တဲ့စကားတခွန်း က ကိုယ့်နားရွက်ကကိုယ်
ပြန်ကြားတော့မှ၊ ဆရာဝန်မလေး မျက်နှာ ရှုံ့မဲ့ သွားတော့ မှ ငါ မှား
တာဘာများပါပါလိမ့်လို့ တွေးမိနေတော့တယ်။ပြော ဖြစ် သွား တာ က

“ကျွန်တော် ဆိုင်လက်ဘက်ရည်တခွက် နဲ့ လမ်းလျှောက်နေတာ ကြာ
ပြီ..ဆရာမ”




ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးသောအမျိုးများ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ။
လာလည်သူများကို ကျေးဇူးနော်။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Sunday, March 22, 2009

ဘဝမှာ..ဘာအတွက်၊ဘာကိုရှာဖွေ ရှင်သန်မှာလဲ




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျေးဇူးတင်ပါတယ်..ဆရာကိုမျိုးလင်း။
အားလုံးကိုကျေးဇူးတင်ပါတယ်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

စဉ်းစားတွေးဆဖို့







English Translation of the above :)
One day, the young lion asked his mom: "Mom, where is the happiness?"
Mom replied: "It's on your tail."
So the young lion keeps on chasing after his tail. But after a whole day of trying, he failed to get the happiness that was on his tail.
Then he told his mom about this, his mom smiled and said: "Son, you don't really need to chase after your happiness, as long as you keep going and moving forward, your happiness will always be with you."
Wish everyone of you find your happiness.
Please do forward to all your friends and wish the happiness is with them always.
You can't decide the length of life, but you can control how you want to live it.
You can't control the weather, but you can control your mood.
You can't change your look, but you can smile.
You can't control others, but you can control yourself.
You can't foresee tomorrow, but you can utilize today wisely.
You can't win everything, but you can try your very best to achieve that..
Hope everyone can face the daily life positively and always happy.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကောင်းဆုံးလေးမျှဝေပေးတဲ့ ဦးလေး Zhao ကိုကျေးဇူးပါဗျာ။
အားလုံးကိုလည်းသိတာရှိတာလေးများဝေမျှဖို့ထပ်မံဖိတ်ပါတယ်။
လာလည်သူ အမျိုးများအားကျေးဇူးပါ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Thursday, March 19, 2009

အကျိုးအပဲ့တစ(မရယ်လည်းပြုံးပေါ့)


နွေကန္တရ ပူပူကြီးထဲ......
လေးလံ နှေးကွေး ခြေလှမ်း စိတ် စိတ် နဲ့
တဒိတ်ဒိတ်ရင်ခုန်သံ ကိုယ့်ဖာသာပြန်ကြားနေ
ရအောင် အဆုံးမဲ့လျှောက်လှမ်း နေ စဉ်

“ဗျို့..ဆရာကြီး”“ဗျို့..ဆရာကြီး”


ခေါ်သံသေးသေး နားကွေးကွေးက ကြားရလို့
သမင်လည်ပြန်လှည့်ကြည့်မိတယ်။

မီးခြစ်ပါရင် တဆိတ်လောက်ဗျာ
ကျွန်တော့်..zippoမီးခြစ်မီးမတောက်လို့ပါ



“စိတ်ညစ်တယ်ဗျာ..နွေကပူရတဲ့အထဲ ဘော
လုံးပွဲက ရှုံးလိုက်သေးတယ်”



“ခင်ဗျားကဘယ်သွားမလို့လဲ အေး
အေးဆေးဆေး ပုံပဲနော်”


ချွေးစေးကျနေတဲ့ မျက်နှာဖြင့် သူ့ကိုပြုံးပြ
ကာနှုတ်ဆိတ်စွာ ငြိမ်သက်ရင်း...
သန့်သန့်ပြန့် ဝတ်စားထားတဲ့ ကိုရည်သန့်
ကို ခါးမှာလိမ်ထိုးထားတဲ့ တရုပ်ဂတ်စ်မီးခြစ်
ဟောင်းလေး ကမ်းပေးပြီး လှည့်ထွက်လိုက်
ပေမယ့်......

“ဟို..ဆ..ဆရာကြီး၊ခဏလေး ပါ ဗျာ
ကားလေးပါ တဆိတ်လောက်တွန်းပေးပါလား”


ဘာမှမပြန်ပြောနိုင်တဲ့ဝေဒနာသည်တယောက်
လို ငြိမ်သက်ရင်း သူ့ကား အဖြူ လေး ကို
လမ်းသွားဆိုက်ကားသမားတယောက်နဲ့အတူ
ကူတွန်းပေးကာ..ကျေးဇူးတင်စကားဆယ်ခွန်း
ပြောပြီး မောင်းထွက်သွားတဲ့ သူ့ကိုကြည့်မိ
နေလိုက်တယ်။ ခဏ ကြာတော့မှအသံ ထွက်
ပြီး ခပ်စွာစွာရယ်မော၊နေမင်းကို ပြုံးပြလိုက်တယ်။


ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တအားရယ်ချင်ရင် ကာလိထိုးအူပေါက်မတက်
အော်လံတပ်ရယ်ပါ။စိမ့်စိမ့်တွေးပြီး သိမ့်သိမ့်ပြုံး
ချင်ရင်တော့..ဒါဖတ်ပြီး နှူတ်ခမ်းစေ့ရယ်ပါနော်။:P
အားလုံးသော အမျိုးများအား ကျေးဇူးစပါယ်ရှယ်တင်ပါတယ်။

သိနေဟဖြင့်.........
သားရွှေနု
(အမေ့လက်ရာ)

Tuesday, March 17, 2009

အချစ်...


အချစ်.....
တဂျစ်ဂျစ်မြည်နေတဲ့ သံပတ်နာရီထဲက စက္ကန့် တံ
(စေရာညွှန်ကြား အချိန်တိုင်း နိုးထ ရှင်သန်နေတာ) ။

အချစ်.....
သိမ်မွေ့နူးညံ့ပြီး ကာရံတွေခြယ်စီ နဘေထပ်ဝန်းထားသော
အလှဆုံး နှလုံးသား ကဗျာတအုပ်။

အချစ်.....
လောကကိုမွှေးပျံ့စေပြီး ရေးခြစ်ရခက်ခဲသော ရနံ့သင်း ထုံ
ပန်းချီငို (အကြွရွဆုံး) ပန်းလေးတပွင့်။

အချစ်.....
လွင့်ကျ လာတော့မယ့် တိမ်လွှာစိုင်ခဲ အိအိလေး တဆုပ်
ညင်သာစွာ လေဟာနယ်ထဲ တိုးဝင်ပြေ လျော့ သွားသလို

တကယ်တော့....
ဖော်ပြရန်ခက်ခဲပြီး စကားလုံးမဲ့ အဓိပါယ်ရှိရှိ
အနက်ရှိုင်းဆုံး ခံစားမှုဝါကျတမျိုးပါ။




ဗစ်တာထွန်းဇေ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အချစ်...အကြောင်းလေးရေးပေးဖို့နားပူနားဆာ လုပ်လာသူ
တွေအတွက်....၊ဟိုမရောက် ဒီမရောက် အချစ်။
အားလုံးသော အမျိုးများ ကို ကျေးဇူး တင်ပါတယ်။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Sunday, March 15, 2009

ပျော်ရွှင်စွာ..ကခုန်ပါ

စိတ်ညစ်နေတယ်လို့ဖုံးဆက်ပြောလာတဲ့ တောက
လုံမေ အတွက် ပြေရာပြေကြောင်းလေး ဖန်တီးပေး
လိုက်ပါတယ်။ကိုယ့်ဆန္ဒတွေ အရာရာကုံလုံပြည့်စုံဖို့
ဆိုတာ တော်တော်ပါရမီထူးတဲ့ ပုဂ္ဂိုလ်ကြီးတွေ မှသာ
ဖြစ်နိုင်တာမို့ စိတ်မညစ် နဲ့ အချစ်ရေ........။

ကြုံနေတဲ့ ကာလခုချိန်လေးမှာ ပျော်အောင်နေပါ။မိုး
ကောင်းကင်မော့ကြည့်ပီး အမြဲမမှီနိုင်တော့ဘူးလို့
တွေးနေသမျှ မောမယ်လေ။

မင်း..တိုက်အောက်မှာ
မင်းကိုမော့ကြည့်ပြီး မင်းဆီအကူညီတောင်းနေတဲ့
မျက်လုံးတွေကို ပျော်ရွှင်စွာပြုံးပြ ဖေးမပြီး ဂုဏ်ယူ
ပါ။မင်း..လိုချင်နေတာ၊ဖြစ်ချင်နေတာတွေလွန်ကဲနေ
လို့ပါ..။တကယ်လိုအပ်နေတာတွေ မဖြစ်မနေ ပိုင်
ဆိုင်ထားပြီးပြီမဟုတ်လား။ဒီတော့ပျော်ရွှင်စွာ ကခုန်ပါ။





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ကြည်နူးနိုင်ကြပါစေ။
လာလည်သူအမျိုးများလည်းကျေးဇူးပါဗျာ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Wednesday, March 11, 2009

ဖေ့ဖေ့သားငယ်သို့...........


သားသားရေ..
နေ့လည်က သားသားလေး နဲ့ဖေဖေဖုံးပြောရလို့ဝမ်းသာလိုက်တာကွာ။
“သားတို့ရုပ်ရည်သီတာမည်သား ရေကြည်ချမ်းမြ တပေါက်ကျသော် မိဘတို့ဝမ်း ငြိမ်းစတမ်း”ဆိုတာဒါမျိုးအရသာနေလိမ့်မယ်။သားသားက ငိုသံနှောပြီးမေမေဆူ
ရိုက်တဲ့အကြောင်းတိုင်တော့ ဖေဖေစိတ်မကောင်းပါဘူးကွာ။ဘယ်မိဘမှ ကိုယ့်
သားသမီးကိုမဆူ မရိုက်ချင်ပါဘူး။ လောက မှာ သားသမီးကျင့်ဝတ်၊မိ ဘ ကျင့်
ဝတ်၊တပည့်ကျင့်ဝတ်၊ဆရာကျင့်ဝတ် စသဖြင့်ကျင့်ဝတ်တွေအမျိုးမျိုးရှိတဲ့အ
ထဲက..မိဘကျင့်ဝတ်က“မကောင်းမြစ်တာ၊ကောင်းရာညွှန်လတ်၊အတတ်သင်စေ
၊ပေးဝေရင်းနှီး၊ထိမ်းမြားခြင်း”တဲ့။မိဘများဟာ..သားသမီးတွေကောင်းစားဖို့ တ
ကယ့်လူတော်လူကောင်းဖြစ်စေဖို့ သားသား နားလည်အောင်ပြောရရင်..တကယ
်ချစ်တယ်ဆိုရင်ပေါ့လေ၊ မကောင်းတာ မှားနေတာတွေကို တားမြစ်ဆုံးမ ကောင်း
ရာကိုညွှန်ကြားရမယ်(ဒီနေရာမှာ တချို့က တကယ်ချစ်တာမဟုတ်ဘူး၊အလိုလိုက
်လွန်းတော့ အမိုက်စော်ကားတာဖြစ်ကုန်တယ်)။လူသတ်ကုန်းမှာသေအံ့ဆဲဆဲ လူ
ဆိုးကြီးက နောက်ဆုံးဆန္ဒ အမေ့ကိုအနားကပ် တိုးတိုး မှာပါရစေ ဆိုလို့အမေအို
ကြီး က သား အနားတိုးကပ်နားစွင့်ချိန်နားရွက်တဖက် ကိုသားလူဆိုးကြီးကကိုက်
ဖြတ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့..ငယ်ငယ်က ဆိုးပေခိုးတေတာတွေကို မ
ဆုံးမပဲ လိုက်တောင်းပန် လျော်ပေးခဲ့လို့ သူက ခုလို ဆိုးသွမ်းရာဇဝတ်ငမိုက်သား
ဖြစ်ပီး သေရတော့မှာမို့လို့တဲ့လေ။ဒါကြောင့်..“သားကိုငယ်ကမဆုံးမသော် မိဘ
တလီ ရန်သူမည်၏”။ဆုံးမတဲ့နေ ရာမှာလည်း အရွယ်နဲ့မမျှအောင် ရိုက်နှက် ဆုံးမ
ခြင်းမျိုး မဖြစ်သင့်ဘူး။သား ဘိုးဘိုးက ဖေဖေတို့အသက် အရွယ် အလိုက် နား
လည်အောင်ရာဇဝင်ပုံပြင်လေးတွေနဲ့ဆုံးမသလို အမှတ်အသား ရှိအောင်အပြစ်ကြီး
အတွက် ကလေးအရွယ် အလိုက် တုတ်ကလေးတွေနဲ့ ပုတ် ခေါက်တတ်တယ်။မင်း
ညီမင်းလောင်းလျာတွေဘဝ ငယ်ငယ်က ဆိုရင် ဆရာရသေ့ ပါမောက္ခ ဆရာ ကြီး
တွေဆီမှာ တပည့်ခံ ပညာသင်ယူရတယ်။ဆိုးသွမ်းတဲ့ မင်းသားအတွက် ရသေ့ ဆ
ရာကြီးက တောထဲက တမာခါးပင်ငယ် ရဲ့ အရွက်အရသာ ဝါးခိုင်းပြီး အပင်ငယ် စဉ်
အခါးပင်မျိုးမဖြုတ်ပါက ကြီးထွားရှင်သန်လာရင် ပိုဆိုးတိုးလာမှာကိုလက်တွေ့ကျကျ
ဆုံးမခဲ့တယ်။သားတို့အရွယ်ငယ်ငယ် ဟာဖယောင်းလေးတွေလိုပဲ၊သေချာ..ပုံသွင်း
ကောင်းရာညွှန်ပြနိုင်မှ အနာဂတ်လှပ သေချာမှာ။ မင်းတုန်းမင်းကြီး ကျောင်းသား
(ဘုန်း ကြီးကျောင်းသား)ဘဝငါးခြောက်ပြား ကိုသေချာမထိန်းသိမ်းနိုင်လို့ဆရာတော်
အရှင်မထေရ် က ကြိမ်နဲ့ဆုံးမဖူးတယ်။ဘဝ..ဆိုတာသင်ယူစရာ တပုံတပင်ကြီး သား.
အ မှားတွေ တင်းပြည့်တောင်းပြည့်နဲ့ပြင်မရတာမျိုး ဖေဖေ၊မေမေ တို့ သားသားကို
မ ဖြစ်စေလိုဘူး။အစကောင်းမှ အနှောင်းသေချာမှာ မို့သားသားကို မေမေဆူတာရိုက်
တာလေး နားလည် အမှားကင်းစင် ဖို့ထက်အမှား နည်းသထက် နည်းအောင် ကိုယ်
ပိုင်အသိနဲ့ဆင်ခြင်သိမှတ်လေ။ငါ့သားကို ပြောရအုံးမယ်..ပုထုဇဉ် လောကီသားတိုင်း
ခြောက်ပြစ်မကင်းဘူးသား၊ဒီနေ့ဖေ့သားကိုမှာနေရတာက အမှားလုံးဝမရှိဖို့ မ ဟုတ်
ဘူး အမှားနည်းပါးဖို့နဲ့ အမှန်တရား များဖို့ သား။ စာရေး ခဲတံမှာ စာရေးဖို့ ခဲ သား
အရှည်အတိုင်း နဲ့ ခဲဖျက်သား အတိုင်းဘယ်ဟာကပိုရှည်ထားလဲ သား။ အမှား တွေ
ပြင်ဖို့သာ မလိုဘူးဆိုရင် ဘယ်သူမှ ခဲဖျက်ကို တီထွင် ထားခဲ့မှာ မဟုတ် ဘူး ။
ဒါကြောင့်..သားသားရေ လောကကြီး အတွက် အမှားနည်းနည်း အမှန် များများ နဲ့
အသက်ရှင် မသိလို့မှားရတဲ့အမှားတွေအတွက် ပြန်ပြင်ဆင် အနာဂတ်သမိုင်း သစ်
တွေမှာ အားလုံးကိုအကျိုးပြုမယ့်သားကောင်းရတနာအဖြစ်ရပ်တည် ခုချိန်ဆို ဆုံးမ
တဲ့မိဘဆရာများကိုလည်း နားလည် မသိသေးမတတ်သေးတာ တွေကိုလည်း လေ့
လာမှတ်သား...တဘဝလုံး ပြုံးပျော်ရွှင်လန်း အောင်ပန်းများစွာ ဆွတ်ခူးနိုင်ပါစေကွာ။


သတိတရနဲ့အမြဲတမ်းချစ်သော
ဝေးတမြေရာက
သားသားရဲ့ဖေဖေ


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးကို သိတာလေးများ ပါဝင်ရေးသား မျှဝေပေးဖို့
ထပ်မံခေါ်ဖိတ်လိုက်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Monday, March 9, 2009

ကိုယ်တိုင်ရေးတဲ့ ကိုယ့်အတင်း



ကောင်းရော..ကောင်ရော၊ဟိုလူမေး ဒီလူမေး
နဲ့လူမေးများတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုလာ
ပြီမို့...ယနေ့ည ကိုယ်တိုင်မေးကိုယ်တိုင်ဖြေ
ပါတော့သည်။

နာမည်အရင်းက...ကြိုက်သလိုခေါ်နိုင်ပါ၏။
အသက်က...၂၁ ရာစုသားပါ
အရပ်က..အရက် အမြဲလိုလိုမသောက်တတ်
ပညာအရည်အချင်းက..ဘာမှမတတ်မြောက်သေး
အလုပ်အကိုင်က...အတည်တကျမရှိသေး
နေရပ်လိပ်စာက..အပေါင်းအသင်းအိမ်ကပ်နေ၏
အိမ်ထောင်ရေးက..မဖေါ်ပြချင်ပါ
ဘဝမှာအဖြစ်ချင်ဆုံးဆန္ဒက..သိချင်ရင်ကိုယ်တိုင်မေးပါ


အဖိုးကြီးပုံ နဲ့ အသက် ၂၁ နှစ်ကိစ္စဘာပြောမလဲ

ရှင်းပါတယ်..၂၁ နှစ်ရာစု မှာ အိုမင်းရင့်ရော်လာပါပီ။

ဒီဘလော့ ကလေး ဖြစ်တည်လာပုံ

မရေးရ မနေနိုင် မို့လို့ အပျင်းတော်ပြေ ရန်
အားလုံးကို အပန်းတော်ဖြေစေရန်
အမေ့ကို လွမ်းတာပြေစေရန်
မြင်သမျှ အတင်းရေးသားချင်တာရန်ကြောင့်ပါ။

သူများတွေလို အပျံစားတွေ အကောင်းစားသတင်းတွေ
ဓါတ်ပုံတွေ မတင်/မပြင် မရေးဘူးနော်


ကိုယ်တိုင်ဘာမှမရေးတတ်၊မဖန်တီးတတ်သော ကလေးဦးနှောက်နဲ့
လူကြီးမို့သူများအတင်းတွေနဲ့ အကောင်းစားသတင်းတွေကိုအလွယ်
လေးကော်ပီကူးချတတ်ပါတယ်။

နောက်ဆုံးဘာပြောချင်ပါသလဲ

အများကြီးမပြောချင်ပါဘူး။
အဖက်ဖက်က ကူညီပေး၊ဝေဖန်ပေးသူတွေကိုကျေးဇူးစပါယ်ရှယ်
တင်ပါတယ်။အမှားကင်းစင်ဖို့ထက် အမှားနည်းအောင်ကျင့်ကြံ
ကြိုးစားသွားပါ့မယ်။အရာရာကို သေချာမှတ်သားပိုကောင်းမွန်
လာအောင် နဲ့အများအကျိုးပြုနိုင်အောင် လေ့ကျင့်သွားပါ့မယ်။


စာရှုသူ..အပေါင်းသင်းတို့ရေ..
“ဘာမှမရှိ၊ဘာမှမသိ”ဘူးဆိုတဲ့ ဒင်းကြီးနဲ့ အမေးမြန်းရွှီးရွှမ်း
ပြီးပါပြီ။
ဒင်းကြီးကို ဘုဘောက်ခေါက်ချင်ရင်ဖြစ်ဖြစ်
အကြွေးတောင်းချင်ရင် ဖြစ်ဖြစ်
အသေနှက်ချင်ရင်ပဲ ဖြစ်ဖြစ်
ဆက်သွယ်ချင်ရင်တော့...
tharshwenu@gmail.com
ဖုံးနံပါတ် ..၂၀၀၅ ဂျူလိုင်လထဲကလျှောက်ထားဆဲပါ၊(မကျသေး)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးကိုယ်စိတ်နှလုံးပေါ့ပေါ့ပါးပါးပြုံးရယ်နိုင်ပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Friday, March 6, 2009

“အချိန်နဲ့တပြေးညီ အလွမ်းတွေသယ်မည်”

ရန်ကုန်အိမ် က ကလေးတွေနဲ့ ကလေးတွေ အမေ
အတွက် ဒီညနေ စကာင်္ပူဒေါ်သန်းသန်းနု (မြန်မာအကျိုး
ဆောင်)ဆိုင်ကနေ ပစ္စည်းလေးတွေ သွားပို့ဖြစ် ပါ တယ်။
အကျိုးဆောင်ခက ပစ္စည်းအာမခံမှု နှုံးပေါ်မူတည် သတ်မှတ်
ပြီး တောင်းခံတော့ ပစ္စည်းတန်ဖိုးထက် အနည်းငယ် ပိုများ
တယ်လို့ထင်မိပါတယ်။ဘာပဲဖြစ်ဖြစ် အဆင်ပြေစွာ လက္ခံ ပို့
ပေးတာကျေးဇူးတင်ပါတယ်။

တဆက်တည်း ကျွန်တော့်လို အိမ်ဝေး ဒုက္ခမျိုး ခံစားနေရတဲ့
စလုံးက ကိုကိုရွှေ မမရွှေ များအတွက် အဖိုးနည်းဝန်ပါ စိတ်
တိုင်းကျဝန်ဆောင်မှုပေးမယ့် သယ်ယူပို့ဆောင်ရေးကုမ္မဏီ
တခုကိုမိတ်ဆက်ပေးချင်ပါတယ်...။

အောက်မှာပုံလေးကြည့်ပါ..အချိန်နဲ့တပြေးညီ
DHL delivery



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြုံးရယ်ကြခြင်းဖြင့် အသက်ရှည်ကြပါစေ။
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Thursday, March 5, 2009

သဘာဝရဲ့ရင်သွေးငယ်တွေ

ခုလက်ရှိ နေတဲ့အိမ်မှာညက သောက်ကြစားကြရင်း
တယောက်တခွန်းစကားများကြတဲ့ ရွှေညီအကိုတွေအ
တွက်တခုခုရည်ရွှန်းချင်လို့..ဒီပို့စ်လေးကိုရေးဖြစ်ပါ
တယ်။

ရေမြေခြားလာရောက် အလုပ်လုပ်ကိုင်နေကြရတဲ့
ရွှေမြန်မာများဟာ ပြည်ထောင်စုတွင်းနေထိုင်ခဲ့
ကြသော ရွှေတိုင်းရင်းသားညီအကိုတတွေဆိုတာ
လူတိုင်းနားလည်ကြပါတယ်။

တောင်ပိုင်းသားဖြစ်ဖြစ်၊မန္တလေးသားဖြစ်ဖြစ်
အရာရှိသားဖြစ်ဖြစ် ၊သူဌေးသား ဖြစ်ဖြစ်၊
ငမွဲသားဖြစ်ဖြစ်၊PR ဖြစ်ဖြစ်၊S-Passဖြစ်ဖြစ်
W-p ဖြစ်ဖြစ် ဘာတွေဖြစ်ဖြစ် အပြန်အလှန်
နားလည်မှုကိုယ်ချင်းစာစိတ်ကလေးနဲ့ဖေးမ
မကူညီချင်တောင် အနိုင်မကျင့်ဖျံမကျ ပဲ
ကိုယ့်ခံစားမှုလေးနဲ့ကိုယ်အေးအေးလူလူ
နေထိုင်ကြမယ်ဆို...............

ဘဝအချိန်တွေက တိုတောင်းလွန်းပါတယ်
ချစ်ရွှေတွေ...။
ခင်ဗျားတို့ ကျုပ်တို့ အပြန်အလှန်
နားလည်မှုနဲ့မစည်းလုံး မဖေး မ
နိုင်သရွေ့တော့.................။






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရွှေညီနောင်များ...
အားလုံးပြုံးပျော်စည်းလုံး ညီနောင်စိတ်ဓါတ်မျိုးဖြင့်
ကြည်နူးနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Monday, March 2, 2009

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?


ကျွန်တော့်ညီ ကိုကိုဝေ ရဲ့ ”ပြုံးပြီးမုန်းပါ” ဆိုတဲ့
Forward E-mail လေးကို မချင့်မရဲ နဲ့ ပြန်
လည်ဖော်ပြချင်ပါတယ်။ပို့စ်မူရင်း ကဗာကျော်ဆရာ
မည်သူဆိုတာမသိရပေမယ့် ကျေးဇူးနော် မူရင်းဆရာ။
ခက်တာက..ကိုယ်ကိုယ်တိုင်ကလည်း မူရင်းပို့စ်ကောင်း
ကောင်းတွေ မရေးတတ်၊မဖန်တီးတတ်၊အပျော်တမ်းကော်
ပီပေ့စ်သာလုပ်တတ်သူမို့ .....................။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>



တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက
သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ...
.အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို
ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ
မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့
နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

"အသင် ဘာကြောင့် ငိုနေရတာလဲ ?"

"ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။
ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "
လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက်
နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက်
နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး
သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်
သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမား
လည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။

&&&&&&&&&&&&&&&&&&


သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ 
အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ
သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။

ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်
မင်းကြီးဟာ ပေါ်လာပြန်တယ်။

"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"

" ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ
မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့ 
အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ မိန်းမ လား ? "
"ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက
ပြန်ဖြေလိုက်တယ် ။

နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
"မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "

"အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ။
ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက
"မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က
"သင်ဇာဝင့်ကျော်" နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ်။
အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး
မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက
"ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး
ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က
ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)
ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင်
ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘော
ပေါက်မယ် ထင်ပါတယ် "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လာလည်ဖတ်သူတွေအားလုံးကို ကျေးဇူးပါဗျာ။
ညီ ကိုကိုဝေ ရေ ပြန်ကူးထည့်လိုက်ပီနော်။
အားလုံးသော အမျိုးများကို သိတာလေးတွေဝေမျှပေး
ဖို့ထပ်မံခေါ်ဖိတ်ပါတယ်။

သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)