Sunday, November 30, 2008

မြေဇာ....


မြေဇာ....
အမိမြေအတွက် စိမ်းလန်း
တောတန်းဖြစ်စေတဲ့ အပင်ငယ်များ။

မြေဇာ...
ရွာနွားတွေအကြိုက်လိုက်
အစားခံ ရွက်စိမ်းပေါက်ပင်များ။

မြေဇာ...
နေမီးလျှံ အပူဒဏ်
သွေ့ခြောက်အောင် ခါးစည်းခံ
ညှိုးနွမ်း မြက်ပင်များ။

မြေဇာ...
ကျွဲနှစ်ကောင် ခတ်ကြား
ရုံးလျက် အနင်းခံ
ဘ၀ပျက် အပင်များ။


ဧရာမောင်(ဆိပ်ဖြူ)

***************************************************

ကျောင်းနေတုန်းက သူငယ်ချင်း မြင့်မောင်ကျော် ရဲ့ လက်စွမ်း ကဗျာ။
သူငယ်ချင်း ကောင်းကင်ဘုံမှာပျော်ပါစေ။
အမှတ်တရ အောက်မေ့ခြင်း များစွာဖြင့်............

ဗစ်တာထွန်းဇေ။

0 comments: