Thursday, November 20, 2008

အဖြေကောင်...(သို့) အဖြေကောင်း


စိတ်ညစ်လို့လည်း မဟုတ်ဘူး
သိပ်ချစ်လို့လည်း မဟုတ်ဘူး
ကြိုက်ဖြစ်နေတဲ့သဘောက
ဒီရင်ဘတ်ကြီးကစတာပဲ....။

တကယ်..
မြင်ခွင့်ရနေတာ..ဆယ်စုနှစ်၂စုစာ
ကြားခွင့်ရနေတာ..ဆယ်စုနှစ်၂စုကြာ
ဒါတွေကို..
ခံစားပီးပြန်ပြန်သနားရာကနေ..
လောကကို ထွေးထုတ်
မျိုချချင်တဲ့အရာမဟုတ်တာတွေအတွက်
အလျော်အစားသဘောသက်သက်
မနက်မနက် အာရုံဦးပန်းချီ ရှုးခဲ့ချင်သူ။

လက်တွေ့မှာ.............
ပျို့ပျို့တက်လာတဲ့ ရင်ဘတ်ကြီးထဲက
တခုခုတွေ အားလုံး
ငြိမ်နားထောင်..
”ငါ”အပုတ်ကောင်
မပျက်သုဉ်းမချင်း
တသက်လုံးမှာ မညံ့ကြေး
(အရက်သွေးက ရင်ဘတ်ထဲ အနှံ့ပေါ့။)



ဗစ်တာထွန်းဇေ

0 comments: