Sunday, October 25, 2009

ကိုယ်ရေးရာဇဝင်



အဆုံး အစ
သေချာကြည့်မှ
အသိမှာငြိမယ်..။

ဖိဆီးထား မယ့် စိတ်တွေလျှော့
ပေါ့ပါးလွန်း တဲ့ အတွေးတမျိုးမျိုး
ပုံမှန်လေး ဖြစ်နိုင်ရင် မဆိုးပါဘူး..။

မထူးခြားတဲ့ အတိတ်ကိုပဲ
စရိတ် စ ခ များများ
“ငါ့”တန်ခိုးထွားထွားတွေ
မှတ်တမ်းအဖြစ် သက္ကရာဇ်ဖြိုမိစဉ်

ခုတော့...
(အကြိမ်တထောင် အသုံးပြုလွန်းလို့
ညစ်ဆွေးဆွေး အရောင်ဖျော့ဖျော့)
ဝှက်ဖဲ တစ်ချပ် လှစ်ဟပြီး
ဘဝ မျိုးစေ့ ကောင်း တစေ့
အချိန်ယူ ပျိုးစိုက်ရတော့မလို။


ဗစ်တာထွန်းဇေ

.........................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

0 comments: