Sunday, October 11, 2009

သံစဉ်မဲ့ အပြုံး

ဖိတ်စင်လွင့်ကျသွားတဲ့ အတွေးတချို့နဲ့
စပ်ရေတစ်ခွက် ဖျစ်ညှစ် ပေါင်းစပ်မိချိန်
တိမ်တွေပေါ်တက်ခုန်ကမယ့် ဆေးလိပ်ငွေ့
ခြောက်ခြောက်ကပ်ကပ် အာခေါင်ကွဲမတက်
ရမ္မက်ပြေ တေးတပုဒ် စပ်ဆို....

ကပျာကယာ ပြေးထွက်သွားတဲ့ ည က
လက်ပြပြီး ကွင်းဝင်လာတဲ့ မနက်ကို
ပခုံးချင်းတိုက် ခေါင်းငိုက်စိုက်ချလို့
ဝက်သစ်ချသား နဲ့လုပ်တဲ့ စားပွဲတလုံးလို
သူ့ကိုယ်မှာ ဖုံအလိမ်းလိမ်းလူးရင်း
အဝေးကွင်းရှိမြက်ခင်းစိမ်းပေါ်
မထိတထိ ဖြတ်နင်းသွား...

တေးသွား သံစဉ် ရိုင်းရိုင်းနဲ့
ဆိုင်ကလုန်း ညတွေ
မြေငလျင် လှူပ်ရှားမှူတွေ
မျက်ရည်တွေ အဖြစ်
သည်းသည်းမည်းမည်းရွာ
ဂြိုလ်ပြာ ကမ္ဘာမှာတော့
ငြိမ်းချမ်းရေးအတွက် စစ်ပွဲ တွေ ပြင်ဆဲ
နြူကလီးယား အရေးအတွက်
အကြင်နာ စာသားလေး တဖဲ့စာမျှ
လက်ကျန်မရှိလောက် အောင်ကို
အပြုံးတွေ သေဆုံးကြပေါ့။


ဗစ်တာထွန်းဇေ


............................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

0 comments: