Saturday, February 13, 2010

နောက်ဆက်တွဲ..အချို့

ခါးမြှောင်ကျိုက်
အားစိုက်လို့
တူးဆွလိုက်
မြင်ခွင့်ရမှာက
ရင်အစုံ
ဒဏ်ရာတွေ
အပြည့်။

သံတိုင်တွေ မြဲမြဲ
တင်းတင်းဆုပ်ကိုင်
ယိုင်မနေနဲ့
ခါးတွေမတ်လိုက်ကြ
ကောင်းကင်က တိမ်တွေဆီ
ဒူးမြှောက်တိုက်ပစ်။

ဈေးဆစ်မနေပဲ
ခပ်ကြမ်းကြမ်း နမ်းရှိုက်ကြည့်စမ်း
ဒုက္ခ က ပန်းလိုမွှေးကြူ
ကောင်းခြင်းတွေ မြှူဆွယ်နေတာ
တနွေလုံး မရပ်မနား
စဉ်ဆက်မပြတ် ကြားရမယ်။

ဗုံတွေတီးကြ
တဟီးဟီး ကကြ
အတူတူ ခုန်ကြဟေ့
ဘဝက..ဆက်ရန်
ဆက်ရန် နဲ့ ဘဝ
ဘယ်သူပြောတာလဲ
ဇာတ်သိမ်းခန်းပါလို့

ဝေဒနာမပါဘဲ
အဖြူထည် တနေ့စာ
မရောမစပ် ဒီအတိုင်း
မော့ကြည့်စမ်း
ဒုက္ခ က ပျားရည်စက်လို
ကံကောင်းမှုက
တနွေလုံး မရပ်မနား
စဉ်ဆက်မပြတ် ငိုနေတာ
အထူးအဆန်း ။။


ဗစ်တာထွန်းဇေ
...........................................

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

1 comments:

Anonymous said...

ကြယ်တွေ ပျံနေပြီလားဟေ့!!!!!

ဂွတ်ထ ဂွတ်ထ

ချီးယားစ်:P


ု ကိုနှင်းမောင်
(nawmozt21@yahoo.com.ph)