Monday, October 15, 2012

"ရာသီစာ''

"ရာသီစာ'' (၁) ဥတုက ၀သန် မိုးရာသီမို့ အထူးသတိကြီးရတယ် အစားမှား အနေမှား ဘာတခုမှ မှားလို့မဖြစ်ဘူး အနီးအနား ဈေးသွား ၊ ကွမ်းယာဆိုင် ဆေးစပ်ခိုင်း အား - (အများကြီး) မှား သွား လည်း စိုး ရ ပြန် ဆေးခန်းပြ ဆေးထိုးရမှာ လည်း ကြောက်မိတယ်။ (၂) ဟို - ဘာတဲ့ တရုပ်ဆေး ဆိုလား ၊ ဗရုပ်ဆေး ဆိုလား မှတ်ပုံမတင်တဲ့ဆေး ဆိုလား ၊ မှတ်ပုံတင် ပြီး TV ကြော်ငြာမှာ လာတဲ့ နိုင်ငံကျော် ဆေး ဆိုလား ဘာတွေဘယ်လို ကောင်းပြီး ၊ ဘာတွေ ဘယ်လို ပျောက် ပျောက် ကျုပ် ကတော့ - မနက်မနက် ရောက်ပြီ ဆိုတာနဲ့ ရုပ် နဲ့ နာမ် အစဉ်မြဲ နိုင် ဖို့ လက် နဲ့ ခြေ ဘယ်ညာ လွှဲ နိုင် ဖို့ မိသားစုတွေ ပျော်ရွှင် ရယ်မောနိုင် ဖို့ ရာသီစာ တခွက် ၊ ဂျာနယ်ဟောင်းတရွက်နဲ့ စက္ကန့်သံ တရွှေ့ရွှေ့ အတိုင်း စုန်ဆန်မောင်းရတာပဲ။ ( ဗစ်တာထွန်းဇေ )

0 comments: