Friday, December 25, 2009

အဓိပါယ်မဲ့ကြိုးဝိုင်း



တအူထုံဆင်း ညီရင်းတွေ
အစားတလုပ် ထုတ်ဌ မဝေနိုင်
(ဗိုလ် နေရာ လုပွဲ အတွက်)
လက်ရုံးချင်းယှဉ် ပခုံးချင်းတိုက်
ခပ်စိုက်စိုက်အကြည့်
အသိကိုယ်စီမှာ..
နှစ်လိုဖွယ်အပြုံးတွေ
မပါတာ(အသေအချာ)။

ကျိမ်ဆဲဖို့ စကားလုံးတွေ
နှူတ်ကနေ ထုတ်ဟရန် (အသင့်)
စစ်ပြင်နေကြပုံများ…
ကျုပ်တို့လမ်းဆုံ တာဝ
ကလေကဝ ခွေးနှစ်ကောင် ပေါ့။

မိုက်မိုက် မဲမဲ
တဂဲဂဲ နဲ့ မာန်စွယ်ဖြဲ
အသေအကြေ တိုက်(ကိုက်)
သွေးထွက် ခြေကျိုး
ဓါးလွတ်ရိုး ပြုတ်ကျ
ဘေး ကနေ ဗေထီဆူညံ
(ဒင်း တို့က..အခကြေးငွေယူရန်လေ)။

အောက် က အပေါ်
အပေါ် က အောက်
အထက်ရောက် အောက်ကျ
အနာတရ ဖြစ်ပေမယ့်
ဦးဏှောက်က သေထိအောင်
အမှတ်မရှိတဲ့ ကောင်တွေ။

နောက်ဆုံး..
ကြည့်မနေနိုင်တဲ့..သူ
ဒိုင်ပွဲရပ် ခဲ ကောက်
ဗြောက်အိုးဖေါက် မှ
အမြီးမြှောက် အီးပေါက်ပြေးကြတဲ့
ကလေကဝ ခွေး ညီနောင်
သူရဲကောင်း(သောက်-တလွဲ) တွေ။



ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>.>>

အားလုံး ပြုံးပျော် ရွှင်လန်း နိုင်ကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Tuesday, December 22, 2009

ဆောင်းအိမ်မက် နဲ့ ပွင့်တဲ့နှင်း



(က) ချစ်ခြင်းနှင့်ကာရံ

ကံကြမ္မာ က.ပဉ္စလက် အတတ်နဲ့ တလောက လုံးကို ပြုစားထားချက်များ
မနက်မနက် နေမြင့်မှ နိုးတဲ့ငါ..၊ညည သန်းခေါင်ကျော်ထိရေချိန်မကိုက်
သေးတဲ့ငါ ၊စာမေးပွဲ အကြိမ်တရာရှူံးတဲ့ကောင်..ညစ်ညစ် ဆိုးဆိုးငါလေ..
ပန်းလေးတပွင့် မင်းကို ကိုးကွယ်မိရင်း..မှော်ဝင် တဲ့ မင်းအပြုံးတွေ သိုဝှက်သိမ်းဆည်းချင်လို့...ပြောင်းလဲသွားလိုက်တာ...ဆံပင်သေသေ
သပ်သပ်..အကျီင်္ကော်လံတပ်လို့ ..အတန်းထိပ်မှာ ငါ စာအရဆုံး.ပေါ့၊
ကြည့်လေ..ကွမ်းမစားတော့တဲ့ ..ခံတွင်း က သန့်ရှင်း လို့
အရက် မပြောနဲ့ ဆေးလိပ်နံ့တောင် ငါ မခံနိုင်တော့ဘူး။
ဧကရီ... မင်းလက်ကိုဆွဲလို့ ကမ္ဘာ အသစ်စက်စက် အချစ်မြို့လှလှ ကို
ငါ့နှလုံးသားမှာ ရင်ခုန်သံမကြားရတော့ထဲ့အထိ
ခိုင်မာစွာ ငါ တည်ထောင်ခဲ့ပြီ....။ ။

........................................................

(ခ) ဝိဥာဉ်စီး တဲ့ ဂီတ

သံလွင်မြစ် ဆုံ ဟိုးဘက်ကနေ မြင်ခွင့်ရနေတဲ့..နှင်းမှုန်ပျပျ နဲ့
တောင်တန်း တွေ ကို တကူးတက ဖြတ်ကျော်လာမိခဲ့ရင်.....
တိမ်လွှာစိုင်ခဲအိအိ လေးတွေ ကို နှင်းရိုက်ထားလို့ (ဇာပုဝါ)
ခြုံလွှာ အဖြူစွတ်စွတ်ပါးပါးလေးနဲ့အေးစက်တုန်ခိုက်နေတာကိုတွေ့ရမယ်။

ချမ်းချမ်းစီးစီးပေမယ့်လည်း...”မောနင်းပါကွယ်“ လို့
မင်္ဂလာနှူတ်ခွန်းဆက်စကားသံလေးကြားရချင်တာမို့...
ညကတည်းက...မအိပ်ပဲ နိုးကြားနေတဲ့ အသိစိတ်
အွန်လိုင်းမှာ..မျက်ကွင်းညို ညို နဲ့ ပေတေတေ
လာစောင့်နေတယ်ဆိုတာကိုလည်း...မပြောပြပဲ မြင်ခွင့်ရလိမ့်မယ်။

ဒါကို..ရူးသွပ်ခြင်း ကျေးကျွန် တွေလို့ နာမည်ပေး ပညတ်အနေနဲ့ ခေါ်ချင်ခေါ်။
သူ့ယုံကြည်မှူအတွက် ..လူငယ်တယောက် မြတ်မြတ်နိုးနိုး နဲ့အလှဆုံးပန်းချီတချပ်
အဓိပါယ်ရှိရှိရေးခြစ်နေတာကို...သူ့အသက်ရှူသံလို အဖြူစင်ဆုံး ကြားရမယ်...။
ဒီဟာကို က ပဲ..သူ့ရဲ့ ဂန္တဝင်ဆန်မယ့် ချစ်ခြင်းဂီတတခုပေါ့။


ဗစ်တာထွန်းဇေ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းကြပါစေ။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)