Saturday, November 7, 2009

No more



ပြန်လိုပြီဆိုမှ သိလိုက်ရ
(No more ) မင်း မရှိတော့ဘူးဆိုတာ

ကြုံဆုံချိန်ရောက်မှ တမ်းတမိ
နောက်ထပ် မဖြစ်နိုင်တော့ဘူး ဆိုတာ
No more….၊No more…..
No more....၊No more...

သူ လာရာလမ်းကလေး
အပြာရောင်ထီးကလေး
ငွေမင်ရောင် ခုံတန်းလေး
အနီရောင် ပန်းကလေး
အကြင်နာ အနမ်းလေး နဲ့အတူ
နွေကဗျာ မင်းလေး….
ဒီ-ရင်ခွင်ညာ အဝေး မှ
အပြီးပြေးထွက်ခဲ့ပေါ့။ ။

ဗစ်တာထွန်းဇေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အားလုံးပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ။
သိနေဟဖြင့်…
သားရွှေနု
(အမေ့လက်ရာ)