Saturday, January 31, 2009

”ငါ့ကို ချစ်ရင်..မနမ်းကြပါနဲ့နော်”

”ငါ့ကို ချစ်ရင်..မနမ်းပါနဲ့””ငါ့ကို ချစ်ရင်..မနမ်းပါနဲ့”ဒီစကားလေးက မြန်မာ့ ရော့ခ်ကာ (Rocker) အဆိုတော်ကြီး ကိုညီထွဋ် ခေါ် ကိုဇော်ဝင်းထွဋ် ရဲ့ သီချင်းလေးထဲက စာသားလေးပါ။ဘာလို့ ခေါင်းစည်းတပ်ရေးရသလဲ ဆိုရင်....နာမည်မကျော် အော့ကြောလန် တဖြစ်လဲ ဘလောဂါ ဘွဲ့ ခံယူထားသော အမေ့လက်ရာ ခေါ် သားရွှေနု ကို ချစ်လွန်းလို့ ထင်ပါသည်။အနယ်နယ်အရပ်ရပ် က ကိုကို မောင်မောင် များ ထက် မမ ညီမ လေးများ က အမည် နာမ မသိရပဲ invite လုပ် (မှတ်ချက်။ ။ကိုယ်ကလည်း ကောင်မလေး နာမည်နဲ့လာ invite ပီဆို အရမ်း လက်ခံ တတ်)ပါတယ်။အဲဒိကစလို့..Chatting ထဲမှာ ကိုယ်ကစပီး အီစီကလီလုပ်ရင်း မရင်းမနှီးပေါ့။နှစ်နေ့မကြာ...သူလေးများဆီမှ ဟို ဝက်ဆိုဒ် လေးသို့ သွားပါ၊ဒီအကြောင်းလေး ဖတ်ပါ၊ဒါလေးတော့မျှဝေတယ်နော်၊လူကြီးရေ..ဘာညာ၊ဘာညာ နဲ့အဟင့်..အဟင့် ဆိုတာများကို မျက်စိမှတ်ယုံ
မယုံလို့လည်းမရဘူးလေ..သူလေးများက တကူးတကပို့ပေးရတာကိုး။ရှိစေ..ချစ်လွန်းလို့ ဖြစ်သွားတာပါနေမယ်နော်။မရှိမဲ့ရှိမယ့်..သူငယ်ချင်း ကွန်ပျူတာစုတ်စုတ်လေး ကို ဘယ်သူက၊ဘာက ဟက်ခ် သွားသည်မသိ၊ယခု..အမေ့လက်ရာ ကွန်ပျူတာ မနှိပ်နှိုင် ဘလော့ဆိုတာလေး အတင်းမအုပ်နိုင် ပက်လက်လန်သွားပါပီ။ဒီအစုတ်ကလေး တလုံးပဲရှိတာပါဗျာ။မမ..ညီမ..ဆိုသည်များရေ ချစ်လွန်းအားကြီး တာ မကောင်းဘူးနော်။ဒီလိုကြေး..အမြဲနောက်နေမယ်ဆိုရင်တော့ ကိုညီထွဋ် လို သီချင်းလေးတပုဒ် ခံစားချက်ပြင်းပြင်းနဲ့ဆိုမယ်လေ....”ငါ့ကိုချစ်ရင် မနမ်းပါနဲ့၊ငါ့ကိုချစ်ရင် မနမ်းပါနဲ့၊ငါ့ကိုချစ်ရင် မဟက်ခ် ပါနဲ့လားကွယ်ရို့”
.......................................................................................................................................
အားလုံးသောအမျိုးများအားကျေးဇူးအထူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ စိတ်နှလုံးအေးမြကြပါစေ။
ဘယ်အရပ်ကမှန်းမသိသော ပညာတတ်များ၏
ကွန်ပျူတာ အဟက်ခ် ခံရချင်း
ဘေးမှလည်းကင်းဝေးကြပါစေ။

သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

Thursday, January 29, 2009

အ ရောင်မဲ့..ပန်းချီကြမ်းကြမ်း


မင်း..
အမုန်းတွေ
ရွာကျလို့…
တညလုံးဖျားနေပြီ။
(ကိုယ်ပူရှိန် 108 )

ဒါ ကင်ဆာ တဲ့…
စိတ်တွေချောက်ချား
ငါ့ခေါင်းက မီးတောက်တွေ။

ရေ.. ရေ.. ရေ
ရင်ဘတ်ကြီးပွင့်ထွက်ပေါ့
ဟင်လင်းပြင် ကောင်းကင်
နှလုံးသားမရှိ ခြင်းဟာ
ကဗျာတပုဒ် လား
တေးသွားတချိုးလား။


ငါမနိုးခင်မှာပဲ….
မြတ်နိုးစွာ ငါ့နှလုံးသားကို
သက်ဆုံးတိုင် အနိုင်ထိုးသတ်ခဲ့
ချစ်သူ။။။။။။။။။။။။။။။။။။။။။။။။။


ဗစ်တာထွန်းဇေ
....................................................
အားလုံးကိုပါဝင် ရေးသားကြဖို့ခေါ်ဖိတ်ပါတယ်။
ကျေးဇူးများစွာ..
သိနေဟဖြင့်
သားရွှေနု
အမေ့လက်ရာ..

Monday, January 26, 2009

“အလုပ်ပေါင်း ၃ သိန်းလောက် ပြုတ်ဦးမည် တဲ့နော်”


စင်ကာပူနိုင်ငံရဲ. စီးပွားရေး ကျွမ်းကျင် ၂ဦးရဲ. သုံးသပ်ချက်အရ နောက်နှစ်အတွင်း စင်ကာပူ နိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၃ သိန်းလောက် လျှော့ ချ နိုင်ဖွယ်ရှိပြီး ထို အလုပ်တွေ ရဲ. ၃ပုံ ပုံ ၂ ပုံဟာ နိုင်ငံခြား အလုပ်သမားများရဲ. အလုပ်အကိုင်များ ပါဝင်နေပါတယ်။ ၂၀၀၉ နှစ်လယ် နှောင်းပိုင်းအထိ အလုပ်ပြုတ်သူနှင့် အလုပ်အကိုင်မဲ့သူ နူန်းဟာ ၃၅၀၀၀ ထိ မြင့်တက်သွားနိုင်ပါတယ်။

လက်တလော စစ်တမ်းအရ အလုပ်ရုံအများစု မှာ အလုပ်သမား အသစ်ခန်.အပ်ဖို.ထက် လျှော့ချဖို.သာ စီစဉ်နေကျကြောင်း တွေ.ရှိရပါတယ်။ လျှော့ချမယ့် အလုပ်အကိုင်ပေါင်း ၃ သိန်းဆိုတဲ့ အရေအတွက် ကို ခွဲခြားပြီး ပြောရလျှင်
- ၀န်ဆောင်မူနှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၁သိန်း၆သောင်း
- ထုတ်လုပ်မူ နှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၁သိန်း
- ဆောက်လုပ်ရေး နှင့် ပတ်သတ်သော အလုပ်အကိုင်များအတွက် ၄သောင်း
လောက် ရှိမယ်လို. ကြိုတင်ခန်.မှန်းထားပါတယ်။

နိုင်ငံခြားအလုပ်သမားများနှင့် PR များ ၃ယောက်လျှင် ၂ယောက်နူန်း အလုပ်အကိုင်များ ဆုံးရူံး လာနိုင်ပြီး။ ထိုနိုင်ငံခြားသားများ စင်ကာပူနိုင်ငံမှ ထွက်ခွာသွားလျှင် စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသားဦးရေ စုစုပေါင်း၏ ၃.၃ ရာခိုင်နူန်းမျှ (၄.၈၄ မီလီယံမှ ၄.၆၈မီလီယံ သို.) လျှော့ကျသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ စင်ကာပူမှာ ထွက်ခွာသွားမည့် အတွက် အရင်ဆုံးထိခိုက်မည့် စီးပွားရေးကတော့ နိုင်ငံခြားသားတွေကို အားထားနေရတဲ့ အိမ်၊ခြံ၊မြေ လုပ်ငန်းတွေပါပဲ။ နောက်ပြီး ရုံး၊စက်ရုံ နေရာ အသစ် ငှားရမ်းခြင်းများ လဲ နည်းပါးလာမှာ ဖြစ်ပါတယ်။

နန်ယမ်းနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ ချွိုင်ခီမန်း ကတော့ လစာကောင်းတဲ့ နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားများကတော့ စင်ကာပူ ကနေ စွန်.ခွာဖို. သိပ်မရှိပါဘူး။ ထိုလူတန်းစားများဟာ မိသားစု လိုက် စင်ကာပူမှာ အပြီးအပိုင် အခြေချဖို.ရောက်လာကြ တာဖြစ်ပြီး သူတို.ရဲ.သားသမီးတွေ ရဲ. လက်ရှိ ပညာရေးကိုလဲ ထိခိုက် ခံမှာ မဟုတ်ပါဘူး လို.ဆိုပါတယ်။

နိုင်ငံခြား လုပ်သားများ နောက်တစ်ချိန်တွင် ပြန်လာမည်လား ဆိုသည့် မေးခွန်းကိုတော့ Citigroup မှ ကစ်ဝေဂျန် က ‘စင်ကာပူမှာကတော့ အခုလို နိုင်ငံရဲ့ GDP လျှော့ကျ လာလျှင်၊ နိုင်ငံခြားသားလူဦးရေတွေ လျှော့ပါးလာပြီး၊ နောက် ပြန်လည်ကောင်းမွန်လာရင် နိုင်ငံခြားသားလူဦးရေတွေ ပြန်လည်တိုးပွားလာ ဦးမှာ ဖြစ်ပါတယ်’ လို.ဆိုပါတယ်။

Powered by - www.todayonline.com
Read More...
Collapse...

Posted by Sai Tun at 10:14 PM , Links to this post , 2 comments
Labels: နိုင်ငံတကာ သတင်း
.............................................................................................................
ဒီနေ့အချိန်ရလို့ http//www.Royal-myanmar.com ထဲသွားလည်ရင်း
ရွိုင်ရယ်ဖခင်ကြီး ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပီးရေးထားတဲ့ သတင်းဆောင်းပါးလေးတပုဒ်ကိုမသိ
အောင် အမေ့လက်ရာ သို့ သယ်လာခဲ့ပါတယ်။
အားလုံးကြားထားတဲ့ အကြောင်းလေးနဲ့ တိုက်ဆိုင်နေတာမို့ ပိုမိုသိရအောင် ပြည့်ပြည့်စုံစုံရေးထားတဲ့
ဒီသတင်းလေးကို ပြန်လည်ဖေါက်သည်ချရမျှဝေခြင်းဖြစ်ပါတယ်။
ရွိုင်ရ်ာဖခင်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ချမ်းမြေ့ကြည်နူးကြပါစေ။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

Sunday, January 25, 2009

“ပျံပါလေဦး ငှက်ငယ်ရယ်....”


အတောင်စုံလို့
လေဟုန်ကိုခွင်း
အားမာန်တင်း၍
အသိုက်ကိုချန်
ဝေးလံဌာနေ
ပျံရှာလေသော အိုငှက်ငယ်…။

ဝေးရပ်ဆီမှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ကျန်ရစ်မိဘ
မောင်နှမသားချင်း
ဆွေသားရင်းကို
လွမ်းနေပြီလား ဆွေးနေလား။

ချိန်တန်တော့လည်း
သင်ချန်ခဲ့တဲ့
သင့်မွေးရပ်ဆီ
အသိုက်ဆီကို
ပြန်ရှာလေဦးမယ့် အိုငှက်ငယ်…။

သင့်သန္တာန်မှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ဝေးရပ်ဆီက
ကျန်ရစ်မိတ်ဆွေ
ပေါင်းဖော်တွေကို
လွမ်းနေပြီလား ဆွေးနေလား။

တွေ့မိဆုံမိ
ရင်းနှီးမိသည့်
ပြန်ချိန်မတန်
တော်တန်ရာမှာ
စံပျော်နေရစ်
ကျန်ရစ်ဦးမယ့်
အကျွန်ငှက်ငယ်
နှုတ်ဆက်စကား
မပြောကြားလိုပါဘူးလေ…။

သို့ပေမယ့်လည်း
အများပြောတဲ့
တရားသဘောလေးကိုပဲ
စကားချောအောင် စာကိုစီ
ကာရံညီညီ နှုတ်ဆက်ရရင်တော့
ကျန်ရစ်သူရင်မှာ လွမ်းပေမယ့်
အသံဟစ်ဆူကာလေ မတမ်းချင်ပါဘု
ပြန်ရစ်လေဦး
အော်…
ပျံပါလေဦး ငှက်ငယ်ရယ်…။ ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

24.01.2009, SAT:, 08:37:58 PM
...............................................................
စုံစည်းရာဘလော့မှ ကိုဖိုးသား ရဲ့ ကဗျာလေးကို
ကူးယူဖော်ပြလိုက်ပါတယ်။
ကိုဖိုးသားနဲ့ အားလုံးမိတ်ဆွေရောင်းရင်းများကို
ကျေးဇူးတင်ပါတယ်။
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

“ဘိုးတော်...”


အခါပေး ဓါတ်ပေး
နိမိတ်ဂဏန်း မပေးဘူး
ရင်ထဲက တခုခုကြောင့်
လမ်းပေါ် ဘိုးတော်
ဇရာအိုဘွဲ့ ယူထားသူ။

မဒူဘူးနော်..
အေ..ဘီ..စီ..ဒီ ကျွမ်း
မှန်နန်းရာဇဝင် သိ
ကမ္ဘာ့ရေးရာ ဖတ်
သချာင်္တွက်တတ်တယ်။

အနံ့ထောင်းအောင် သောက်လို့
ရပ်ကွက်က “ဟင်”
အမှန်ပြောတာ ကြမ်းလို့
ရပ်ကွက်က “ကျဉ်”
အရက် ဖိုးလောက်ပဲ အလုပ်ရှာ
အိပ်စက်ရာ က ကြမ်းမွေ့ယာ ။

သာရေးနာရေး အသိနဲ့ကူ
အလှုတိုင်း မစားတတ်
ဘူဇွာ အလှုဆိုသူရှောင်။

အဆီပြောင်တက်နေ တဲ့
အမုန်းမဲ့ မျက်နှာ မှာ
ရွာကလေးတွေအတွက်
အပြုံးလှလှတွေ ချွေစီ။

ရီချင်ရီ…
၁၉၉၆ ခုနှစ်
ဧပရယ် ညနေခင်း
အပြင်းမောင်းနေတဲ့ ကားလမ်းပေါ်
စွန်လိုက်နေတဲ့ ကလေးတယောက်ကို
အသက်နဲ့လဲ ဘိုးတော် မခဲ့တယ်။


ဗစ်တာထွန်းဇေ။
.................................................................
အားလုံးသောညီအကိုမောင်နှမများကို ပါဝင်ရေးသားကြဖို့
နဲ့ ဝေဖန်အကြံပြုပေးကြဖို့ ခေါ်ဖိတ်ပါတယ်။
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်....
သားရွှေနု
(အမေ့လက်ရာ)

အဖြည့်ခံ...


အကျွန်ုပ်လေ…
အသင်တို့ လိုအပ်ရင်
ခိုကပ်မနေ
တတ်သ၍
စွမ်းသမျှ
နွမ်းလျပါစေ
လမ်းပြချင်သူပါ။

အကျွန်ုပ်ကို…
အသင်တို့ မသုံးချင်လည်း
ဘ၀င်မငြှိုး
အစဉ်ရိုးကုပ်
သင်လုပ်သမျှ
ကျင်ထုတ်ပလည်း
ဒုက္ခမမြင်
သုခလည်းမထင်သူပါ။

အကျွန်ုပ်ဟာ…
သင်လိုရာနေ
သင်နှင်ရာစေ
သင်လိုရင်သုံး
သင်မလိုလည်း
ပြုံးပြုံးလေးနဲ့
သင်ထားသလိုစံမယ့်
အဖြည့်ခံ
ဖိနပ်တစ်ရံလေ။ ။


လောကအတွက် ဖြည့်ဆည်းရန် ရည်သန်လျက်...
လေးစားစွာဖြင့်
ဖိုးသား

20.01.2009, TUE: 11:51:10 PM

Posted by sonesiyar.blogspot.com at 12:03 PM

Labels: ကိုယ်တိုင်ရေးကဗျာများ trackbacks
..............................................
စုံစည်းရာဘလော့မှ ကိုဖိုးသား ရဲ့ ဒီကဗျာ လေးကို ကြိုက်လို့
အားလုံးကို ပြန်မျှဝေလိုက်ပါတယ်။
ကိုဖိုးသား အားလည်း ကျေးဇူးအထူးတင်ပါတယ်။
ဒီထက်ပိုမိုပြီး ဓမ္မအမြင် နဲ့ ပတ်သက်သော စာကဗျာများရေးသားနိုင်ပါစေ။
အားလုံးပျော်ရွှင်ကြည်နူးကြပါစေ။
သိနေဟဖြင့်....
သားရွှေနု

Friday, January 23, 2009

Happy Chinese New Year 2009



စလုံးက မောင်ဖုန်း တယောက် ဒီနှစ်
ဘောနပ်စ်မရ ၊ဟွန်ဘောင်း မရ နဲ့
တွေ့တဲ့ တရုပ် ဟက်ပီးနယူးပြောရ
တာဖတ်ဖတ်မောလို့မပြောတော့ပဲ .......

အမေ့လက်ရာ ဘလော့ဧည့်သည်
ကိုကို မမ များ ကို ၂၆၊၀၁၊၀၉ ရက်နေ့
မှကျရောက်သော တရုပ်ရိုးရာ နှစ်ကူးမှ
သည် နှစ်ပေါင်းများစွာ ပျော်ရွှင် ကြည်နူး
တောင်းဆုတိုင်း ပြည့်စုံ ကြဖို့ ဆုတောင်းပေး
လိုက်ပါတယ်။

အားလုံးပျော်ရွှင်ကြည်နူးကြပါစေ”
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

ဗုဒ္ဒသာသနာစစ်မှန်ပြန့်ပွါးစည်ပင်ဖို့......



”ဗုဒ္ဒသာသနံ စိရံတိံဌာတု”
“ဗုဒ္ဒသာသနာ နေရောင်ဝါသို့အစဉ်ထွန်းလင်းစေသော်ဝ်“အမြဲတမ်း
ရွတ်ဆိုမိနေတာသာရှိတာ
သေချာမစဉ်းစားခဲ့သလို ဗုဒ္ဒဘာသာ သာသနာအတွက်
ဘာမှ စွမ်းဆောင်မသယ်ပိုးခဲ့ ပါဘူး။မိရိုးဖလာ ဗုဒ္ဒဘာသာ
ဝင်ကြီးမို့ တွေးမိတိုင်းရှက်မိပါတယ်။

Online မှာသာသနာပြန့်ပွါးရေးအတွက် စွမ်းဆောင်နေကြတဲ့
ဗုဒ္ဒဓမ္မရဲ့ အနှစ်သာရ ကိုရှင်းလင်းတင်ပြကြတဲ့ ဥပသကာ
အရွယ်ကြီးငယ် ညီအကိုမောင်နှမများ၊ဆရာတော် အရှင်သူ
မြတ်များစွာကို ကြည်ညိုဖူးမြော်မိတော့မှ...................
အရှင်တို့ကို အရမ်းကြည်ညို ပီတိသောမနသဖြစ်ရသလို
ကိုယ့်ကိုယ်ကို လည်းအရမ်း သြောချမိတယ်။

စစ်ကိုင်းတောင်မှာ ဗုဒ္ဒဘာသာသာသနာစစ်မှန်ပြန့်ပွါးရေးအတွက်
ဆောင်ရွက်နေတဲ့ အရှင်သူမြတ် တပါး နဲ့ အွန်လိုင်းမှာ စကားပြော
မိပါတယ်။သု့ဝက်ဆိုဒ်လေး မှာ ဝင်ရောက် ကြည်ညို ဖတ်ရှု မိ တော့
မှ ထိုအရှင် ဘယ်လောက်တောင် ရည်ရွယ်ချက်ကြီးပီး သာသနာတော်
အပေါ် ဘယ်လောက်သဒ္ဒါထက်သန်လဲဆိုတာတွေ့ရပါတယ်။ပြည်တွင်း
ပြည်ပနှစ်ဌာနမှာ သာသနာစစ်မှန်စည်ပင်ပြန့်ပွါးရေး အတွက် စွမ်း
ဆောင်နေရာကဗာအရပ်ရပ်က သဒ္ဒါထက်သန် စေတနာမှန် ဗုဒ္ဒဘာသာဝင်
ရွှေမြန်မာများ ကလှုဒါန်းနေတာလည်းအားရ သာဓုခေါ်ထိုက်လှပါတယ်။

ပိုမို ပြည့်စုံ သိရှိစေရန်နှင့်ဖူးမြော် ကြည်ညိုပီတိ ဘဝင်ညိ ရ
အောင်”http://kovida.multiply.com/
ဒီလင့်ကလေးကိုမျှဝေလိုက်ပါတယ်။စေတနာသဒ္ဒါတတ်အားသရွေ့
လှုဒါန်းနိုင်ရန် နှင့်ဆရာတော်အား ဓမ္မနဲ့ပတ်သက်ပီး မေးလိုတာများ
လည်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်....kovida@gmail.com
ယခုကွန်ပျုတာအလှုရှင်များလိုနေပါတယ်လို့ကြားလို့.....
ကျွန်တော့်လစာမှ ချဲထီဖိုး ကုန်နေသည့် ငွေစလေးတချို့
ကို ဗုဒ္ဒသာသနာစစ်မှန်ပြန့်ပွါးရေးအတွက် .........................

”ဗုဒ္ဒသာသနံစိရံတိံဌာတု”
”ဗုဒ္ဒသာသနံ စိရံတိံဌာတု”
”ဗုဒ္ဒသာသနံ စိရံတိံဌာတု”

#######################################
အားလုံးအတူတူပါဝင်ရေးသားကြဖို့ အမေ့လက်ရာ
ကနွေးထွေးစွာခေါ်ဖိတ်ပါတယ်။
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

အိမ်...


”အိမ်”လို့ရေးမယ်ကြံတော့ အဆိုတော် ထူးအိမ်သင် ရဲ့
အမေ့အိမ် ကိုသတိရမိပါတယ်။ပျော်ရွှင်ရာ အမေ့အိမ်မှ
တော်ရာနေ ရေမြေ ခြားကို ပြောင်းရွှေ့လာရောက်ကျ
တဲ့ ကျွန်တော့် လို အိမ်ဝေး၊အိမ်ဆွေး စလုံးရောက်
ကိုကို ရွှေ များအတွက်.....................................

အိမ် ရှာ ချင် ရင် လတ် တလော ဖြစ် နိုင် တဲ့
Jurong East MRT ဘေး က ရွှေမိသားစုအိမ်
လေးကို ကြော်ငြာ ချင်ပါတယ်။
သူတို့မိသားစုက ဘယ်ရွှေကိုကို မျိုး မဆို
အေးအေးချမ်းချမ်း ဈေးသင့်သလောက် နဲ့
နေနိုင်အောင် ကူညီချင်ပါတယ် တဲ့ဗျာ။

လိပ်စာက.....................
ဲJurong East St 21,
blk 238 #05-390
ph;64068217
ph;94557487

လမ်းညွှန်.......
ဂျူလောင်းအိစ် MRT မီးရထား၊ကားဂိတ်ဘေးမှ
အချိန်အနည်းငယ်သာလမ်းလျှောက်သွားနိုင်ပါသည်။
အခြားအိမ်များရှာမယ်ဆိုရင်လည်း ”www.shwerooms.com.sg“
...............................................................................
အားလုံးကိုသိနေဟဖြင့်
အမေ့လက်ရာ
(သားရွှေနူ)

Thursday, January 22, 2009

တို့တိုင်းဌာနေ ရွှေမြန်ပြည်မှာ.....................


ဧရာဝတီစာကြည့်တိုက်လေးကို အလည်ရောက်တာနဲ့မှတ်ထား
တဲ့အထဲကမှတ်သားစရာတချို့ကို စာကြည့်တိုက်ဥယျာဉ်မှုးလေး
များမသိအောင် အမေ့လက်ရာ ဘလော့ဧည့်သည်များအတွက်
တိုးတိုးလေးဖေါက်သည်ချလိုက်ပါတယ်။

စလုံးရောက်နေတဲ့ ကိုကိုတချို့က ရွှေမြန်မာပြည်ကြီးကို ”ရွာကလေ”
”ရွာမှာတော့”နဲ့ပြောနေကျတာကိုနားမခံနိုင်တဲ့ ကိုကိုရွှေ တချို့က
သားကြီးရယ်ဒီကိစ်စရှင်းပေးကွာ ဆိုတဲ့ အကြောင်းကြောင့်
တို့တိုင်းဌာနေ ရွှေမြန်ပြည်ဟာ....................

လယ်ယာစိုက်ပျိုးရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စိုက်ပျိုးမြေဧရိယာ စုစုပေါင်း - ၅၃၇၈၈၃၂၀ ဧက
၂။ ဆောက်လုပ်ပြီးတာတမံပေါင်း - ၃၄၄ ခု
၃။ တည်ဆောက်ပြီး မြစ်ရေတင် လုပ်ငန်းပေါင်း - ၃၀၅ ခု
၎။ မိုးစပါးစိုက်ခင်း စုစုပေါင်း - ၁၆၈၅၃၅၈၆ ဧက
၅။ နွေစပါးစိုက်ခင်း စုစုပေါင်း - ၈၈၀၇၄၄ ဧက
၆။ စုစုပေါင်း စပါးထုတ်လုပ်မှု - ၁၁၉၁၁၃၂ တင်း

မွေးမြူရေးနှင့်ရေလုပ်ငန်းဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ကျွဲ၊ နွားကောင်ရေ မွေးမြူမှု - ၂၅၇၅၉၆၃၇ ကောင်
၂။ သိုး၊ဆိတ်၊၀က်ကောင်ရေ မွေးမြူမှု - ၁၀၆၁၅၉၈၀ ကောင်
၃။ ကြက်၊ဘဲကောင် ရေမွေးမြူမှု - ၉၆၄၉၂၉၈ ကောင်
၎။ ငါးမွေးမြူရေးကန် - ၂၁၄၃၅ ဧက
၅။ ပုစွန်မွေးမြူရေးရေပြင် - ၂၂၅၇၂၅ ဧက
၆။ ပျားရည်ထုတ်လုပ်မှု -၁၀၄၉၆၉၀ ပေါင်

ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
ရထားပို့ဆောင်ရေး
၁။ ရထားသံလမ်းမိုင် - ၄၂၃၀.၄၀ မိုင်
၂။ ဘူတာရုံ - ၈၀၆ ခု
၃။ တံတားကြီး(ပေ ၆၀၀ အောက်) - ၇၃၅ စင်း
၎။ တံတားငယ်(ပေ ၆၀၀ အောက်) - ၉၃၄၇ စင်း

လေကြောင်းပို့ဆောင်ရေး
၁။ ပြေးလမ်းပေ ၅၀၀ အထက် လေယာဉ်ကွင်း - ၃၈ ကွင်း
၂။ ပြေးလမ်းပေ ၅၀၀ အောက် လေယာဉ်ကွင်း - ၃၁ ကွင်း
ရေကြောင်းပို့ဆောင်ရေး
၁။ ဆိပ်ခံတံတား (ပြည်တွင်းသင်္ဘော) - ၁၀၇ စင်း
၂။ ဆိပ်ခံတံတား (နိုင်ငံခြားသင်္ဘော) - ၁၀၇ စင်း

ကုန်းလမ်းပို့ဆောင်ရေး
၁။ လမ်းအရှည်မိုင် -၁၉၀၂၀/၆ မိုင်
၂။ ပေ ၁၈၀ အထက်တံတား - ၄၂၀ စင်း
၃။ ပေ ၁၈၀ အထက်တံတား - ၂၉ စင်း

ဆက်သွယ်ရေး ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စာတိုက်စခန်း - ၁၃၅၆
၂။ ကြေးနန်းရုံး - ၅၀၄
၃။ တယ်လီဖုန်းရုံး - ၈၉၁
၎။ မိုဘိုင်းတယ်လီဖုန်း - ၂၄၇၆၄၁
၅။ မိုက္ကရိုဝေ့ခ် စခန်း - ၂၃၂
၆။ အင်တာနက် - ၇၇၇၂
၇။ ပြည်ပဂြိုလ်တု ဆက်သွယ်ရေးမြေပြင်စခန်း - ၃
၈။ ပြည်ပဂြိုလ်တု ဆက်သွယ်ရေးချန်နယ် - ၅၄၃
၉။ အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းချန်နယ် - ၂၀၃၁

စွမ်းအင်ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ကုန်းတွင်းပိုင်း ရေနံစိမ်း ထုတ်လုပ်မှု - ၃၃၁၉၄၉၃ စည်
၂။ ကမ်းလွန်ရေနံစိမ်းထုတ်လုပ်မှု - ၄၃၀၆၃၇၄ စည်
၃။ ကုန်းတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု - ၃၆၄၁၉.၀၂ ကုဗပေ
၎။ ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု - ၄၄၈၅၄၀.၃၅ ကုဗပေ

လျှပ်စစ်စွမ်းအားကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ဓာတ်အားသုံးစွဲမှုယူနစ်ပေါင်း - ၄၇၂၆.၃၂၈
၂။ တည်ဆောက်ပြီးရေအားလျှပ်စစ်စက်ရုံ - ၅၀
၃။ တည်ဆောက်ဆဲရေအားလျှပ်စစ်စက်ရုံ - ၂၁
၎။ အခြားဓာတ်အားပေးစက်ရုံများ - ၂၄၅၇

စက်မှုလက်မှု ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စက်မှုဇုန်များ - ၂၈
၂။ ပုဂ္ဂလိကစက်ရုံ - ၄၃၅၀၆
၃။အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ - ၉၄၈၆
၎။နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ -၇၉၄

သိပ္ပံနှင့်နည်းပညာကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ နည်းပညာတက္ကသိုလ်များ - ၂၉
၂။ ကွန်ပျူတာတက္ကသိုလ်များ - ၂၆
၃။နည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံများ - ၁၆
၎။ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ် - ၁
၅။ ရေကြောင်းပညာတက္ကသိုလ် - ၁

ပညာရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ အခြေခံပညာကျောင်းပေါင်း - ၄၀၅၅၃
၂။ ဆရာ၊ဆရာမဦးရေ (သိန်း) - ၂.၆
၃။ ကျောင်းသားဦးရေ (သန်း) - ၈.၈၃
၎။ အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ် - ၆၄
၅။ တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမဦးရေ - ၁၇၂၅၀
၆။ ကျောင်းသားဦးရေ(သိန်း) - ၅.၂၀

ကျန်းမာရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ အစိုးရဆေးရုံများ - ၈၃၉
၂။ အစိုးရတိုင်းရင်းဆေးရုံနှင့် ဆေးကုဌာန - ၂၆၁
၃။ ကျေးလက်နှင့်ဒေသန္တရကျန်းမာရေးဌာန - ၁၅၅၄
၎။ ဆေးတက္ကသိုလ်များ၊ သင်တန်းကျောင်းများ - ၅၈
၅။ ကျန်းမာရေးဝန်ထမ်းများ - ၈၁၄၆၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံများ - ၂၁၂
၂။ ပြန်/ဆက် စာကြည့်တိုက်များ - ၃၆၆
၃။ ဌာနဆိုင်ရာစာကြည့်တိုက် - ၈၁၂
၎။ ကျေးရွာစာကြည့်တိုက်များ - ၅၅၇၅၅
၅။ e-library များ - ၁၂၆
၆။ သတင်းစာတိုက်များ - ၃
၇။ ကိုယ်ပွားသတင်းစာတိုက်များ - ၈

သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ





ဆက်ဖတ်ရန်...

ပြန်သိမ်းရန်...

Posted by poemflower at 12:21 PM 1 comments

.............................................................................
ဒီပို့စ်လေးကို ဒီလင့်ကလေး ”http://www.ayeyarwaddylibrary.co.cc
ကနေ ကူးယူဖော်ပြထားပါတယ်။
စာကြည့်တိုက်ဥယျာဉ်မှုးလေးများရဲ့စေတနာကို သူတို့ဖန်တီးထားတဲ့လက်ရာ
စုစည်းထားတဲ့ ဖတ်မှတ်စရာများက ဖော်ပြနေလေရဲ့။
”အလိမ္မာစာမှာရှိတဲ့” ဗျာ။ ။
ကာယကံရှင်စာကြည့်မှုးများနဲ့ ဘလော့အမျိုးများအားလုံးကို
ကျေးဇူးအထူးတင်ပါတယ်။
သိနေဟဖြင့်......
အမေ့လက်ရာ
(သားရွှေနု)

Wednesday, January 21, 2009

အရည်မရ အဖတ်မရ ဘာမှမရတဲ့အကြောင်း

ခုတလောကံထလာသလား၊ကံကြွလာသလားဆိုနိုင်ဘူးဗျာ။လုပ်သမျှနည်းနည်းလွဲ
ထိုးတဲ့ထီတောင် ပထမဆုမှာရှေ့တလုံးလွဲ၊နောက်နှစ်လုံးကွဲ မတူတာများတော့
တဟားဟားနဲ့ ကိုယ့်အကြောင်း ကိုယ့်အတင်းရေးရမယ်ဆို..........

ဒီနေ့စက်ရုံမှာ..မိတင်းန်(meeting)လုပ်ပါတယ်။အမေရိကန်ကုမ္မဏီကြီးမို့
ဒီနေ့မိတင်းန်ဟာ ၁၃ လစာ ပေးဖို့ပဲဖြစ်ကိုဖြစ်ရမယ်။မနှစ်ကလူဟောင်းတွေ
ကတောင်ပြောပြနေသေးတယ်...”တလစာရမှာကွ၊ညနေဘီယာချရအောင်ကွာ”
။တညလုံးမအိပ်ပဲ စိတ်ကူးတောင်ယဉ်နေမိတာ။ရလာလို့ကတော့..ဟိုဟာလေး
ဝယ်စားပစ်မယ်၊ဒီဟာလေးဝယ်ထားပစ်မယ်။ဘာမှတ်လဲ....................။
မနက်စောစောထေ၊ရေချိုး၊အကောင်းဆုံးဆိုတာလေးတွေဝတ်၊ရေမွှေးများများဆွတ်
စက်ရုံဖယ်ရီစောစောသွားစောင့်နေတာ...။

လုပ်ငန်းလည်ပတ်မှု၊အကြောင်းတွေ၊ဝန်ထမ်းထူးချွန်မှုတွေ၊ထုတ်ကုန်တင်ပို့မှု
တွေကို ရှင်းပြနေတဲ့ သူဌေးကိုကြည့်ရတာ၊တက်ကြွလိုက်တာ..။ဟဲ့လုပ်ငန်းအ
ကြောင်းကနေ ပရိုဂျက်တာက ဘာတွေပြနေပါလိမ့်။ကဗာ့စီးပွါးရေး စတော့ခ်ရှယ်
ယာအခြေပြဇယားတွေနဲ့၊ကုမ္မဏီလုပ်ငန်းအမြတ်အရှုံးအခြေပြဇယားတွေက
ပါဝါပိုင့်(microsoft power point)နဲ့လှလှပပ စီစီရီရီပြနေတုန်း ဖြေးဖြေးလေးလေး
ဆောရီးအခါတရာမကတဲ့သူဌေးရဲ့ ၁၃ လစာမပေးနိုင်ကြောင်း။လစာ၂၅၀၀ အထက်
တွေ ရာခိုင်နှုံးနဲ့လျှော့ချဖွယ်ရှိကြောင်း၊အချိန်ပိုတွေမရှိနိင်တော့တဲ့အပြင် ဝန်ထမ်း
တွေအဆိုင်းအလှည့်ကျနဲ့ဆင်းရဖွယ်ရှိကြောင်း၊စက်ကြီး/လေးတွေ တလရပ်ဆိုင်းမှာဖြစ်
ကြောင်း၊သင်တန်းတွေစီစဉ်ပေးသွားဖို့ရှိကြောင်းဝန်ထမ်းသစ်ခန့်ထားမှုတွေရပ်ဆိုင်းထား
အုံးမှာဖြစ်ကြောင်း၊အားလုံးကိုကျေးဇူးတင်ကြောင်းစီးပွားပျက်ကပ်မှုကြောင့်ဖြစ်ရတာ
အရမ်းစိတ်မကောင်းဖြစ်မိကြောင်း၊ပျော်ရွှင်ဖွယ်နှစ်သစ်ကူးဖြစ်ပါစေကြောင်း။
...ကြောင်း။...ကြောင်း။ .....ကြောင်း။.......အပ်ကြောင်းထပ်သံတွေ။

မကြားချင်တာတွေကြားနေရတဲ့ဒုက္ခတော်တော်ဆိုးပါလား။သူကျွးတဲ့မနက်စာဖရီး
ဘူဖေးဟာ အသက်ကြီးလာလို့ ပရိတ်သတ်အားမပေးတော့တဲ့ မင်းသမီးတလက်
လို ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။
ဗုဒ္ဒဟူးနေ့ညထွက်တဲ့ ၄ လုံးထီ နံပါတ်ကလည်း.........
ပထမဆုမှာရှေ့တလုံးလွဲ၊နောက်နှစ်လုံးကွဲ ...လွဲ လွဲ လွဲ။ ။
.................................................................................................
အားလုံးမိတ်ဆွေအမျိုးများကိုဝေဖန်အကြံပြုကြဖို့
ခေါ်ဖိတ်ပါတယ်။
ပျော်ရွှင်ကျန်းမာကြပါစေ
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Sunday, January 18, 2009

ကျွန်ုပ် နှင့် အဖြူရောင် မေတ္တာ ပိုင်ရှင်


သစ္စာရှာဖို့ မြင်းစီးသူ*

အလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်
အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။

အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။

ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။

အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ
အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။

ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။

>>> ဒီကဗျာလေးက ဘုန်းဘုန်း နာယက ရဲ့ ဘွဲ့လေးကို စပ်ဆိုပူဇော်လိုက်တာပါ။

မြတ်ဘုရားအား လေးစားကြည်ညို ရိုရိုသေသေ ရှိခိုးကန်တော့လျက်
ဖိုးသား

17.01.2009, SAT:, 07:31:29 AM

Posted by sonesiyar.blogspot.com at 10:33 PM

Labels: ကိုယ်တိုင်ရေးကဗျား
@@@@@@@@@@@@@@@@@@@@@@@@@@@@
အချိန်တွေကုန်ဆုံးလာလို့မျက်နှာပြင်ပေါ်ကအရေးကြောင်းတွေနဲ့
ဆံပင်တွေဖြူလာတာသိရချိန်..အသက်ကြီးလာပီ ၊သေဖို့ နီးလာပီ
ဆိုတာ သဘောပေါက်လို့ မနေ့က အချိန်အတွေကို ပြန်စဉ်းစားမိရဲ့။

”ငါ”အတွက်၊ငါ့သားသမီးအတွက်၊ပညာအတွက်၊ရာထူးအတွက်၊။အသက်
တနေ့ပိးတနေ့ကြီးသာလာတယ်။ဘာမှပြီးပြည့်စုံချင်းမရှိသေးပါလား။

”ဘုရား..ဘုရား“..ဘုရားလို့တသာတရတယ်။ဘုရား..တရား(တနည်း) ဓမ္မ
ရဲ့ အနှစ်သာရ ၊အဆုံးမတွေက ဘာတွေဆိုတာ ဘာမှမသိရသေးပါတကား
ဒါနဲ့များ လူ့လောက မှာ ငါဆရာလူကြီး ဆိုပီး အထင်တွေရောက်၊ဗုဒ္ဒဖာလာ
ဝင် ကြီးပေါ့။ကိုယ့်ကိုယ်ကို ရှက်မိပါတယ်..တကယ်ပါ။

”ကျွန်တော်က..အကို့ထက်ငယ်ပါတယ်။၁၉၈၅ ဖွား ပါ။ဗုဒ္ဒရဲ့အဆုံးအမ နဲ့
ကြိုးစားကျင့်ကြံနေဆဲပါ၊”ကိုယ့်အကြောင်းကိုယ်သိအောင်ပဲကြိုးစားနေသူ
တနည်း..ဝိပသနာအမေးအဖြေ အကြောင်းလေးတွေ မျှဝေပေးသူ၊
ရာထူး၊အာဏာ၊ငွေကြေးတွေ မမက်မောသူ၊ဗုဒ္ဒရဲ့ဓမ္မ အကြောင်းလေးတွေ
ကို အင်တာနက်စာမျက်နှာမှာ အကျိုးရှိရှိ ကမာတလွှား က မြန်မာဗုဒ္ဒဘာသာ
ဝင်တွေအတွက် အပင်ပန်းခံဖန်တီးသူ၊ကျေးဇူးရှင် ဆရာသမားများကို ဦးနှိမ်
ယို့ကျိုး စဉ်ရှိခိုးသူ......................................................................

”အဖြူရောင် မေတ္တာ ပိုင်ရှင်” ....ကဒီမှာပါ
့http//www.sonesiyar.blogspot.com

အားလုံးကျန်းမာ တရားနှလုံးသွင်းနိုင်ကြပါစေ။
သိနေဟဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်



ပြောမထွက်ဖြစ်ခဲ့တဲ့ အချစ်

ဂျပန်စာရေးဆရာ Lily Franky ရေးထားတဲ့ "တိုကျိုတာဝါ" စာအုပ်ကို စာရေးဆရာမ Heng Cao (曹姮) က တရုတ်လို ဘာသာပြန် ထုတ်ဝေခဲ့ပါတယ်။ ဘာသာပြန်သူက သူ့စာမှာ ဒီလိုရေးထားပါတယ်။

Lily Franky က သူငယ်စဉ် မိခင်နဲ့အတူ နေထိုင်ခဲ့တဲ့ အမှတ်တရတွေကို ရိုးရှင်းတဲ့ အဖွဲ့အနွဲ့၊ မခမ်းညားတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ခဲ့ပါတယ်။ ဒီစာအုပ်ကို ဖတ်နေချိန်မှာ စာအုပ်ထဲမှာပါတဲ့ မြို့ပြရဲ့ ရုပ်ပုံတွေကို စာဖတ်သူရဲ့ ဦးနှောက်ထဲ တရေးရေး မြင်ယောင်စေသလို အဲဒီရှုခင်းတွေရဲ့ နောက်မှာ စာရေးသူ (Franky)အတွက် အမြဲ တစ်ကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ မိခင်ကိုလည်း မြင်ယောင်စေပါတယ်။

ဂျပန်မှာ ဒီစာအုပ်ကို အုပ်ရေသိန်း၂ဝကျော် ရောင်းခဲ့ရပါတယ်။ လူတစ်ချို့က ဒီစာအုပ်ဟာ မိခင်ကိုစွဲလမ်းတဲ့ သားသမီးတွေရဲ့ အပြီးသတ် အကောင်းဆုံး စာအုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးတဲ့ ဂျပန်ယောက်ျားတိုင်း မျက်ရည်ကျခဲ့ရပါတယ်။ ကျွန်မသိတဲ့ ဂျပန်အဘိုးအိုတစ်ဦးက ဒီစာအုပ်ကို အရမ်းဖတ်ချင်ပေမယ့် သုံးလေးမျက်နှာသာဖတ်ပြီး ဆက်ဖတ်နိုင်စွမ်း မရှိခဲ့တဲ့အကြောင်း၊ စာအုပ်ထဲက အကြောင်းအရာက သူဖြတ်သန်းခဲ့ရတဲ့ ဘဝနဲ့ တူနေကြောင်း ပြောပါတယ်။ အဲဒီအဘိုးအိုက အသက်၆၅နှစ် ရှိနေပေမယ့် ဒီနေ့အထိ အိပ်ယာထက်မှာ လဲနေတဲ့ မိခင်ကို ကိုယ်တိုင်ရေချိုးပေးတယ်လို့ ပြောပါတယ်။ မိခင်လို့ ဆိုလိုက်တာနဲ့ သူ့မျက်ဝန်းတွေ နီလာပြီး မျက်ရည်တွေ တွဲခိုနေတာကို ကျွန်မတွေ့ခဲ့ပါတယ်။

မိခင်ကောင်းတွေက မိခင်ကိုစွဲလမ်းတဲ့သားတွေ မွေးထုတ်ပေးတယ်?

ဘာဖြစ်လို့ ဂျပန်ယောက်ျားတွေရဲ့ မိခင်ကိုစွဲလမ်းတဲ့ အစွဲအလမ်းက တစ်ခြားလူတွေထက် ပိုရသလဲ? ဒါကို ဂျပန်နိုင်ငံရဲ့လူနေမှုစရိုက်နဲ့ ဖွဲ့စည်းပုံကနေ ကြည့်ရပါလိမ့်မယ်။ ဒီခေတ်မှာ ဂျပန်နိုင်ငံဟာ စက်မှုပညာ ထွန်းကားတဲ့နိုင်ငံ ဖြစ်တယ်ဆိုပေမယ့် ဂျပန်အမျိုးသမီးတွေဟာ အိမ်ထောင်ကျတာနဲ့ လင်သားကိုပြုစုတဲ့ အိမ်ရှင်မဘဝကို ရွေးခြယ်လိုက်တော့တယ်။ "ပီသတဲ့ အိမ်ရှင်မ" က "မိခင်ကို စွဲလမ်းတဲ့သား" တွေ မွေးထုတ်ပေးတဲ့ ရင်းမြစ်ဖြစ်ခဲ့တယ်။ မိသားစုကို ဦးစားပေးတဲ့မိခင်တွေ၊ သားသမီးကို ဂရုစိုက်မှု ပိုပေးတဲ့ မိခင်တွေကြောင့် ကလေးတွေဟာ ငယ်စဉ်ကတည်းက မိခင်ကိုပိုစွဲလမ်း၊ ပိုချစ်ခဲ့ကြတယ်။ အထူးသဖြင့် ယောက်ျားလေးတွေက ကြီးပြင်းလာသည့်တိုင် မိခင်ကို ချစ်ခင်စွဲလမ်းတဲ့ စွဲလမ်းမှုမျိုးကို လက်မလွတ်တတ်ခဲ့ကြဘူး။

နောက်အကြောင်းတစ်ခုက ဂျပန်အမျိုးသမီးတွေရဲ့ အသက်ပိုရှည်ကြတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ စာရင်းပြုစုချက်အရ ဂျပန်အမျိုးသမီးတွေရဲ့ ပျှမ်းမျှအသက်က ၈၅နှစ်အထိ ရှည်နိုင်ကြပါတယ်။ ငယ်စဉ်ကတည်းက မိခင်ရဲ့ အပြုအစု၊ ဂရုစိုက်မှုကို ခံရပြီး မိခင်ကို မှီခိုနေထိုင်တဲ့ "Neet" လူမျိုးစုတွေမှာ ကိုယ့်ကိုယ်ကို နေထိုင်ကြီးပြင်းတဲ့ အင်အားတွေ မဲ့ခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်နဲ့အတူ နှစ်ယောက်အတူ နေရတဲ့အချိန်တွေ ပိုများပြီး ကြီးပြင်းလာတဲ့သားတွေက အမေရဲ့ရင်းနှီးမှုတွေကို ပိုရခဲ့တယ်။ မိခင်နဲ့အတူ နေထိုင်ခဲ့တဲ့ ယောက်ျားတွေက မိခင်ရဲ့နေရာမှာ အစားထိုးတဲ့ အိမ်ထောင်ဖက်ကိုရှာဖို့ ပိုခက်ခဲခဲ့တယ်။

မိခင်ကို စွဲလမ်းတဲ့ ယောက်ျားမျိုးကို မကြောက်ပါနဲ့

ဟိုအရင်တစ်ချိန်က မိခင်ကိုစွဲလမ်းတဲ့ ဂျပန်ယောက်ျားမျိုးကို ကျွန်မလည်း အမြင်စောင်းခဲ့ဖူးတယ်။ ဂျပန်နိုင်ငံမှာ "အဲဒီယောက်ျားက သူ့အမေကို ချစ်လွန်းနေတယ်။ သူ့ကို ယူလို့မဖြစ်ဘူးနော်" စတဲ့ စကားကို အမြဲ ကြားရတတ်ပါတယ်။ တကယ်တော့ အမေ့ကိုစွဲလမ်းတတ်တဲ့ လူတွေမှာ နိုင်ငံ၊ ဒေသခွဲခြားလို့ မရပါဘူး။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားဆိုတာ မရှိဘူး" လို့ ကျွန်မတို့ ပြောနိုင်ပါတယ်။ "ကမ္ဘာပေါ်မှာ အမေကို မချစ်တဲ့၊ မစွဲလမ်းတဲ့သားသမီးဆိုတာ မရှိဘူး" ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အမေကိုချစ်ကြောင်း ထုတ်ဖော်မပြောရုံ၊ အမှုအရာ မပြရုံဘဲ ကွာပါလိမ့်မယ်။ အမှုအရာ အေးစက်၊ ကြမ်းတမ်းတဲ့ ယောက်ျားတွေထက်စာရင် အမေကို စွဲလမ်းတဲ့ ယောက်ျားတွေက ပိုနူးညံ့သိမ်မွေ့ပါတယ်။

စာရေးဆရာ Lily ရဲ့ စာအုပ်ထဲမှာ အမေသေဆုံးသွားပြီးမှ ဘာကြောင့် အစကတည်းက အမေ့ကိုချစ်ကြောင်း မပြောဖြစ်ခဲ့တာလဲဆိုပြီး နောင်တရကြောင်း ရေးသားထားပါတယ်။ အမေ့ကိုချစ်လွန်းတဲ့ ရွံ့ရှာဖွယ်သားအဖြစ် လူတွေ ကဲ့ရဲ့ကြမှာစိုးလို့ မပြောဖြစ်ခဲ့ကြောင်း ဆိုပါတယ်။ ဒါကြောင့် ရင်ထဲက ခံစားချက်ကို ဖုံးဖိထားခဲ့ရတယ်။ တကယ်လို့ အခြားလူရဲ့ အစွေအစောင်း အကြည့်တွေကို သူဂရုမစိုက်ခဲ့ဘူးဆိုရင် အမေနဲ့သူဒီ့ထက် ပိုရင်းနှီးမယ်၊ အမေနားမှာနေပြီး အမေ့ကို ဂရုစိုက်စကားတွေ ပြောဖြစ်မယ်လို့ ဆိုပါတယ်။ တကယ်တော့ အမေ့ကိုချစ်တဲ့၊ စွဲလမ်းတဲ့သားက ကြောက်စရာ တစ်စက်မှ မကောင်းပါဘူး။ သူတို့မှာ တစ်ခြားလူထက် ပိုနူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေ ပိုင်ဆိုင်ထားတာလေး တစ်ခုတည်းပါ။

သင့်မှာ မိခင်ကိုချစ်ခင် စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကို ရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ ချီးကျူး ခံရဖူးတယ်။
(Yes) (No)

၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေး တွေ့နိုင်တယ်။ (yes ) (No)

၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် ပြောဖြစ်တယ်။ (yes ) (No)

၎) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)

၅) စိတ်ညစ် ဝမ်းနည်းစရာတွေ ကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)

၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့ စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)

၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ) ဖြစ်တယ်။ (yes ) (No)

၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့ နှစ်သက်မှုကို မရခဲ့ဘူး။
(yes ) (No)

၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)

၁ဝ) မေမေက အိမ်ထောင်ရှင်မဖြစ်တယ်။ (yes ) (No)


မေးခွန်း (၁ဝ) ခုလုံးကို No လို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ဝ% ပဲရှိပါတယ်။ သင်နဲ့ မေမေရဲ့ဆက်ဆံရေးက အေးစက်လွန်းပါတယ်။

yes လို့ ၁ မှ ၃ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၃ဝ% ရှိပါတယ်။ တစ်ခြားလူတွေ သီးခံလောက်တဲ့ အဆင့်ထဲမှာ ပါပါတယ်။ တစ်နည်းပြောရရင် "ရိုသေတဲ့ သားသမီး" လို့ ဆိုနိုင်ပါတယ်။

yes လို့ ၄ မှ ၆ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၆ဝ% ရှိပါတယ်။ သင်ဟာ မိခင်ကို မတော်လှန်တတ်သူဖြစ်တယ်။ မေမေက သင့်ဘဝရဲ့ အရေးကြီးဆုံးနေရာမှာ ရှိခဲ့ပါတယ်။ မေမေကို ယုံကြည်မှီခိုတတ်တဲ့ သားသမီးလိမ္မာ ဖြစ်ပါတယ်။

yes လို့ ၇ မှ ၉ ခုအထိ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၉ဝ% ရှိပါတယ်။ တစ်ခြားလူ သီးခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး မိခင်ကို နှစ်သက်စွဲလမ်းသူဖြစ်တယ်။ ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့် ခံရသူဖြစ်ပြီး ဘာကိစ္စမဆို မိခင်ကို အားကိုးတတ်သူဖြစ်တယ်။ မေမေ မရှိရင် အသက်မရှင်နိုင်တဲ့ အမျိုးအစားထဲက ဖြစ်တယ်။ တကယ်လိုသင်ဟာ မိခင်နဲ့ အမြဲအတူနေတဲ့ ယောက်ျားလေးဆိုရင် သင်ယူမယ့် မိန်းကလေးအတွက် ယောက္ခမနဲ့ ချွေးမကြားက ပြဿနာတွေကို ဖြစ်ပွါးစေနိုင်ပါတယ်။

မေးခွန်း(၁ဝ)ခုစလုံး yesလို့ ဖြေခဲ့သူ
သင့်မှာ မိခင်ကို ချစ်ခင်စွဲလမ်းတဲ့စိတ် ၁ဝဝ% အပြည့် ရှိပါတယ်။ ဒီလိုယောက်ျားမျိုးက မိန်းမ မယူနိုင်လောက်အောင် မိခင်ကိုပဲ အစွဲလမ်းလွန်သွားပါတယ်။ မေမေထက်ကောင်းတဲ့မိန်းမ ဒီလောကမှာ မရှိတော့ဘူးလို့ ထင်သူဖြစ်တယ်။ တစ်ခြားမိန်းကလေးထက် မေမေရှိနေရင် အရာရာပြည့်စုံပြီလို့ ထင်သူဖြစ်တယ်။ ကုစရာဆေးမရှိလောက်အောင် မိခင်ကို ချစ်ခင်၊ နှစ်သက်၊ စွဲလမ်းသူ ဖြစ်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မူရင်း ရေးသားသူး Heng Cao (曹姮)
ရေးသားသူ....... နိုင်းနိုင်းစနေ at 1/18/2009 02:45:00 AM
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မနိုင်းနိုင်းစနေ ရဲ့ လက်ရာကောင်းတွေထဲမှ
ခံစားမှုထပ်တူ ကျတဲ့ အကြောင်းလေးမို့
ထပ်မံကူးယူဖော်ပြလိုက်ပါတယ်။
ဓါတ်ပုံလေးကို ကိုကိုဆရာမျိုးဝင်း မှ
ကူညီမျှဝေပါတယ်။
မနိုင်းနိုင်းနဲ့ကျွန်တော့်ရဲ့အားလုံးမိတ်ဆွေများ ကို
အမေ့လက်ရာက ကျေးဇူးအထူးတင်ပါတယ်။
ရွှင်လန်းကြပါစေ...........
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, January 17, 2009

စင်္ကာပူရဲ့ez-link card သစ်လေးအကြောင်း



ez-link card တွေ စပြီး လဲပေးနေလို့  ဒီညနေပဲ စီးတီးဟော ဘူတာက လက်မှတ်ကောင်တာ မှာ သွားလဲ လိုက်တယ်။ နာရီဝက်လောက် တန်းစီ ပြီးတော့ မှ ကိုယ်တွေ အလှည့်ရောက်တယ်။ လူတွေ ကလည်း အသစ် လဲပေးတယ် ဆိုတော့ တန်းစီကြတာပေါ့။
ရလာတဲ့ ကဒ်အသစ်လေးက စီမ်းပြာလေးပါ၊ ကဒ်ဟောင်းထဲက ငွေတွေကို ကဒ်အသစ်ထဲ ပြောင်းပေးလိုက်တယ်။ နဂို စဘော် ငွေ လို အပေါင် သဘောမျိုး ပေးထားတဲ့ ၃ ဒေါ်လာလဲ ပြန်ထဲ့ပေးလိုက်တယ်။ ကဒ်အသစ် က စဘော်ငွေ သုံးဒေါ်လာ မရှိတော့တဲ့ အတွက် အထူးသတိထားဖို့  လိုပါတယ်။ ဒီကိစ္စက တော်တော် သတိထားရမယ့် ကိန်းပဲ။ မေ့တတ်ပုံနဲ့ တော့ ဟုတ်နေပါပြီ။

ကဒ်ထဲမှာလက်ကျန်က ၅ ဒေါ်လာအောက် နည်းနေပြီဆို ကား စီးတဲ့အခါ ကားပေါ်က စက်က စီမ်းဝါရောင်အချက်ပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ ဒေါ်လာရှိမှ ကား၊ရထား စီးသင့် တယ်လို့  လည်း လက်ကမ်းစာရွက်မှာ အကြံပေးထားပါတယ်။

ကဒ်အသစ်မှာ ၂၇ ဖေဖေါ်ဝါရီ ၂၀၀၉ ကနေ စလို့  ခရက်ဒစ်ကဒ် တွေ ဂျိုင်ယို(Giro) ငွေပေးချေ မှုတွေ နဲ့ ချိတ်ဆက်ထားပြီး အလိုအလျှောက် ပိုက်ဆံဖြည့်တင်း တဲ့ စံနစ်တွေ ကျင့်သုံးထား နိုင်ပါမယ်တဲ့။ ကဒ်ပျောက် တာတို့  ခရက်ဒစ်ကဒ်တွေ နဲ့ မဟုတ်မမှန် အသုံးပြုတာတို့ကို ကာကွယ်ဖို့ အတွက် အီဇီး ရှီး (EZ-Link CardShield)အကာကွယ် အာမခံ ကို တရက်ကို ၁၅ ဆင့် နဲ့ ၀ယ်ယူ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကဒ်အသစ်က နံပါတ်ကို အသုံးပြုပြီး အီဇီးလင့်ခ် အင်တာနက် စာမျက်နှာမှာ အကောင့်အသစ်ဖွင့် မှတ်ပုံတင်လိုက်မယ်ဆိုရင် မတော်တဆမှုကြောင့် ရာသက်ပန် ဒုက္ခိတ ဖြစ်မှု (accidental Permanent Total Disability insurance coverange) ကို ကာကွယ်ပေးတဲ့ အာမခံကို ၆ လ အလကား ရရှိနိုင်မှာ ဖြစ်ပြီး၊ အဲသလိုများ ဒုက္ခိတ ဖြစ်သွားရင် အလျှော်ငွေ ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ် လို့  ဆိုထားပါတယ်။

ကဒ်အသစ်ကို အရင်ကဒ်အတိုင်း သုံးလို့ ရတဲ့ နေရာတိုင်းမှာ သုံးလို့ ရနိုင်မယ့် အပြင် မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် နောက်မျိုးဆက်သစ် စက်တွေမှာလည်း သုံးနိုင်မှာဖြစ်ပါတယ်။
ထူးခြားချက်
၁) ကဒ်ထဲမှာ စဘော်ငွေ တပြားမှ ချန်ထားဖို့ မလိုအပ်ပါဘူး။
၂) မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် မျိးဆက်သစ် လမ်း တံတားဖြတ်သန်းခ စက်တွေ နဲ့ အဆင်ပြေစွာသုံးနိုင်မယ်။
၃) ကဒ်ထဲမှာ အများဆုံး ငွေ ၅၀၀ ထည့်ထားလို့ ရပါမယ်။
အသုံးပြုနိုင်မယ့် နေရာများကတော့
၁) အများသုံး ဘက်စ်ကား၊ ရထား များမှာ ချက်ခြင်းသုံးနိုင်ပါမယ်။
၂) ကျောင်းကန်တင်းတွေ ၊ ပုံနှိပ်လုပ်ငန်းများ၊ စားသောက်ဆိုင် များမှာ ၂၀၀၉ ပထမ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
၃) ဆဲဗင်းအလဲဗင်း ဆိုင်တွေ၊ လမ်းတံတားခတွေ ၊ အက်စ်အမ်တာတီ အငှားယာဉ် တွေ ၊ ကျောင်းစာအုပ်ဆိုင်များ ၊စာကြည့်တိုက် တွေ နဲ့ မက်ဒေါ်နယ် စားသောက်ဆိုင်တွေ မှာ ၂၀၀၉ ဒုတိယ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
၎) အအေး ရောင်းစက်တွေ ၊ ရေကူးကန်တွေ နဲ့ ဆေးရုံတွေ မှာ ၂၀၀၉ တတိယ သုံးလပါတ်အတွင်း စတင် သုံးနိုင်ပါမယ်။
အဲသလို လက်ကမ်းကြော်ငြာ စာရွက်မှာ ဖေါ်ပြပါရှိတာကို အညောင်းခံ ရေးသားရင်း ပို့စ်တခု တင်လိုက်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မူရင်းရေးသားခဲ့သူ နဲ့ မျှဝေပေးပို့ခဲ့သူ ဆရာသွင်ကျော်နိုဗယ်လ် အား
အမေ့လက်ရာ က ကျေးဇူးအထူးတင်ပါတယ်။
ရွှင်ကြည်အေးမြကြပါစေ။
အားလုံးကိုပါဝင်ရေးသားကြဖို့ခေါ်ဖိတ်ပါတယ်။
သိနေဟဖြင့်.........
သားရွှေနု
(အမေ့လက်ရာ)

Tuesday, January 13, 2009

လွှတ်လှတဲ.ညနေ…


ဘ၀ကို…
အလျားလိုက်ဆန်ကူးဖို. အားယူ….
မသိကိန်းတချို.နဲ. ပုစ္ဆာတစ်အုပ်က
ဖရိုမရဲ ကုန်းထ…
မသပ်မရပ် ပွေ.ဖက်နမ်းရှိုက်ခဲ့တော.

နွေညနေခင်း မှာ…
ငါ.လိပ်ပြာ
လှလှပပပျံသန်းပုံများ
ဖွာနေကျ ဆေးတံကြွရွပုံများ
ထိုင်နေကျ အဖြူဆိုင်
စီ၊ရီ(ရယ်) နေပုံများ

အရာအားလုံးက..
နာရီအချို.နဲ.အတူ
သေဆုံးသွားပြီးခဲ့သည်.တိုင်
တစ်ဘ၀စာ…
လွှတ်လှနေလေရဲ. ။ ။

ဗစ်တာထွန်းဇေ
@@@@@@@@@@@@@@@@@@@@
မိတ်ဆွေများအားလုံးကိုပါဝင်ရေးသားပေးပို့ကြဖို့
အမေ့လက်ရာမှအားလုံးကိုခေါ်ဖိတ်ပါတယ်။
သိနေဟဖြင့်.........
သားရွှေနု
(အမေ့လက်ရာ)

”ဗျို့..ဆရာတို့UK ထီပေါက်တယ်တဲ့”


အွန်လိုင်းထီ ပေါက်ဖူးကြလား?

နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှာနေတဲ့ ညီမငယ် Moon တစ်ယောက် ထီပေါက်လို့ဆိုပြီး ကျွန်မဆီ အီးမေးလ်ပို့ထားတာ ကြာပါပြီ။ အီးမေးလ်ထဲမှာ သူအွန်လိုင်းထီတွေထိုးပြီး US$ 800,000 ,00 ပေါက်လို့ ကျွန်မကို တစ်ဝက်ခွဲပေးမယ်လို့ ရေးထားတာ မဟုတ်ပါဘူး.. ဟား..ဟား ထုံးစံအတိုင်း ပုံစံဖြည့်ပါ၊ အခွန်ဆောင်ပါတွေပြောပြီး ကိုယ့်ဆီက အခွန်ဆောင်ငွေရမှ သူတို့က ပိုက်ဆံလွဲပေးမယ်တွေ လုပ်လို့ ကျွန်မကို ဒီလိုကြုံခဲ့ဖူးလား? ကြားဖူးခဲ့လား? ကြုံဖူးတဲ့လူတွေလည်း သူတို့အတွေ့အကြုံတွေ ပြန်ပြောပြနိုင်အောင် ရေးပါအုန်းလို့ Moon က ပြောလာပါတယ်။

ကျွန်မလဲ ဟိုရှုပ်ဒီရှုပ်၊ လူမှုရေးရှုပ်၊ နှလုံးသားရေးရှုပ်၊ ခေါင်းတွေခြောက်ပြီး မရေးဖြစ်ခဲ့ဘူး။ ဒီမနက်တော့ ကျွန်မဆီ Ticket Number: 8603775966738 လို့ခေါင်းစဉ်တပ်ထားတဲ့ အီးမေးလ်တစ်စောင် ဝင်လာခဲ့လို့ ဒီစာကို ရေးဖြစ်လိုက်ပါတယ်။ အီးမေးလ်က ကျွန်မ ထီပေါက်တဲ့ အီးမေးလ်ဖြစ်နေတယ်။ ကျွန်မ ထီလဲမထိုးတတ်ပါဘူး။ ထီလဲ မထိုးဖူးပါဘူး။ ပို့ပေးတဲ့ လိပ်စာက အောက်ကအတိုင်းဖြစ်ပါတယ်။

THE INTERNATIONAL AWARENESS PROMOTION
DEPARTMENT OF THE BMW AUTOMOBILE COMPANY.
41 Wigmore Street London W1U 1PJ, United Kingdom,

In the final draw of 7TH day of January 2009 Your e-mail address attached to Ticket Number: 8603775966738 with the following Winning Numbers:6, 18, 40, 43, 47, 49, 32 (bonus no.32) has won you £500,000.00 G.B.P. (Five Hundred thousand Great British Pounds) in the ongoing BMW AUTOMOBILE 2009 awareness program lottery.

တကယ်ဟုတ်ခဲ့ရင် အဲလောက်များတဲ့ငွေနဲ့ ကျွန်မ ဘာလုပ်ရမှန်း မသိဘဲ ရူးသွားမလား မသိဘူး :P ဒါပေမယ့် ဒီအီးမေးလ်ကို ကျွန်မဖျက်လိုက်ပါတယ်။ တကယ်လို့ ဒီအီးမေးလ်ကို ကျွန်မပြန်ခဲ့ရင် Moon လိုပဲ ဖောင်ဖြည့်ပါ၊ အကောင့်နံပါတ်ပေးပါ၊ အခွန်အရင်ဆောင်ပါ၊ ပြီးမှ ငွေပို့ပေးမယ်ဆိုတာတွေ ဖြစ်လာတော့မှာ... လောကကြီးမှာ အလကားစားရတဲ့ ညစာမရှိပါဘူး။
ဒီလိုအီးမေးလ်မျိုးကို တစ်ခြားလူတွေလည်း မကြာခဏ လက်ခံရမယ်ထင်ပါတယ်။ ဒီလိုမေးလ် ဝင်လာတိုင်း ကျွန်မက ဖျက်ပစ်နေကျဆိုတော့ အတွေ့အကြုံတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဟိုးအရင် ကျွန်မထိုင်ဝမ်မှာ ကျောင်းတက်တုန်းက အဆောင်နေ အခန်းဖော်အစ်မတစ်ယောက် ဒီလိုအဖြစ်မျိုး ကြုံတာကို တွေ့ခဲ့ဖူးတယ်။ သူလဲ ထီပေါက်တယ်၊ ကံစမ်းမဲပေါက်တယ်ဆိုတဲ့ မက်ဆေ့ကို ဖုန်းထဲကနေရခဲ့တယ်။ အဲဒီတုန်းက ကျွန်မလဲ တောသားမြို့တက်စဆိုတော့ တကယ်ပေါက်တယ်ထင်ပြီး သူ့အတွက် ဝမ်းသာပေးလိုက်တာ.. သူလဲ ငွေတွေရရင် မိသားစုအတွက် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ စီမံကိန်းတွေ ချပြီး ပျော်နေခဲ့တယ်။

ဖုန်းတွေဆက်၊ အကောင့်နံပါတ်တွေပေးပြီး ငွေလွဲပေးပါလို့ ပြောတော့ အခွန်အရင်ဆောင်ပါတဲ့။ အခွန်ကို ပေါက်တဲ့ ငွေထဲကနေ နုတ်ယူပါဆိုတော့ မရဘူးတဲ့။ နောက်တော့ ဖုန်းခကုန်တာပဲ အဖတ်တင်ပါတယ်။ စကားတွေ ပြောတာများလာပြီ၊ စကားထဲကနေ လိမ်ကြောင်း သိလိုက်ရတယ်။ ဒီလိုသတင်းမျိုးက မကြာခဏ ကြားနေရပါတယ်။ နည်းနည်းပိုတုံးတဲ့ လူက ငွေတွေထည့်ထားတဲ့ ကိုယ့်အကောင့်ကို ပေးလိုက်တယ်။ သူတို့ဆီကငွေတွေ မရတဲ့အပြင် ကိုယ့်အကောင့်ထဲက ငွေတွေတောင် အဆစ်ပါသွားတတ်သေးတယ်။ တစ်ချို့ကလည်း အတိအကျပဲ ချက်နဲ့ လွဲပေးမယ်ဆိုပြီး အယုံပြ... တကယ်တော့ သူတို့ဖက်ကနေ ချက်လက်မှတ်ကို အလွယ်တကူ cancel လုပ်နိုင်ပါတယ်။

ကြုံဖူးသူတွေရှိရင်လဲ ညီမငယ် Moon ပိုသိရအောင်၊ ဒါမှမဟုတ် အကြံဥာဏ်လေး ပေးကြပါအုန်းလို့ Moon ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

နိုင်းနိုင်းစနေ
ရေးသားသူ....... နိုင်းနိုင်းစနေ at 1/13/2009 01:19:00 AM 8 comments
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ထုံးစံအတိုင်း ..မနိုင်းနိုင်းရဲ့ လက်ရာကောင်းတွေထဲမှ
ကိုယ်နဲ့တိုက်ဆိုင်သော အကြောင်းလေးဖြစ်နေလို့
ကော်ပီ..ပေ့စ် လုပ်လိုက်ပါတယ်..။
မနိင်းနိုင်းကို ဒီနေရာမှ ပဲကျေးဇူးတင်ကြောင်းထပ်လောင်း
ဆိုချင်ပါတယ်။

ကျွန်တော့်ဘလော့.................
လာလည်ဖတ်သူ သူငယ်ချင်းမိတ်ဆွေများ ခင်ဗျား
အွန်လိုင်းမှအီးမေးလ်နှင့်ဝင်လာသောသတင်း
များအထူးဂရုပြုဖတ်ကြပါ။ပိုက်ဆံပေးပေး၊နတ်သမီး
နတ်သားပေးပေး ကိုယ့်ဘက်က ရဲရဲတင်းတင်း
“NO နိုး..”လို့ပြော ”Go ဂိုး” ဆိုပြီး အဲဒီမေးလ် ကို
အမှုက်ပုံးထဲ ဒုံး မြည်အောင် ပစ်သာထည့်ကြဗျို့။
သွားလွမ်းမပြနဲ့ ဒင်းက အုပ်သွားလိမ့်မယ်။

အားလုံးကို
သိနေဟဖြင့်..
သားရွှေနု
(အမေ့လက်ရာ)

Saturday, January 10, 2009

အရည်မရ အဖတ်မရ



ကွမ်းစားဖူးသူတော်တော်များများတော့ သိမှာပါ။
ကွမ်းစားရင် ကွမ်း၊ကွမ်းသီး၊ထုံး နဲ့ အခြားဆေး
ဖတ်/မှုန့်တွေကို ဝါးပီး ထွေးထုတ်ရပါတယ်။
အဖတ်ရော အရည်ပါ အားလုံး မျိုချလို့မဖြစ်တာ
ကြောင့် ထွေးထုတ်ရပါတယ်..................။

ဒီနေ့ဘလော့လေးမှာ အရည်မရ အဖတ်မရ
ကွမ်းဝါးသလို သူငယ်ချင်းများနဲ့ ဆုံစည်းပြိး
ပြောဆိုခဲ့တာများမှ အကုန်မျိုချမရတာတွေကို
စာစီ..............”အရည်မရ အဖတ်မရ”။ ။

(၁)စလုံးမှာ.......
အီးဇက်လင့်ခ် ကဒ်(EZLink Card)မီးရထား၊ကား
စီးနင်းခွင့်ကဒ် အသစ်တွေ ၂၀၀၉ မတ်လနောက်
ဆုံးထားလဲရမည် ဆိုလား....။
ဒီကဒ်အသစ်က တက္ကစီ၊ရထား၊ကားစီးလို့ရသလို
ကိုယ်ပိုင်ကားနဲ့ဆိုင်ကယ်များရပ်နားခွန်ပါ ဆောင်
လို့ရပြီး နောက်ဆို Fair Price (NTUC) နဲ့
7elevenတို့မှာ ဈေးဝယ်လို့ရမယ်တဲ့။
အပြည့်အစုံသိချင်ရင်....www.EZLink.com.sg/

(၂)စလုံးရဲ့ ရွှေမြန်မာ....
သံရုံးဟာ အရင် အော်ချက်လမ်းမှ ပင်နီဆူလား
ပလာဇာအပေါ်ထပ် သို့ ပြောင်းလာကာ
အခွန်ဆောင်မှု နှုံးထားတွေ နှစ်ကူးအထူး ဒစ်စ
ကောင့်ချပေးမည် ဆိုလား.....
အပြည့်အစုံ က www.သံရုံးကိုယ်တိုင်သွားမေး
ပါ.com

(၃)စလုံးရဲ့..ပိုလီ ၊အိုင်တီအီး၊NUS တက္ကသိုလ်
စသောသက်မွေးနည်းပညာသင်တန်းကျောင်းများ
၂၀၀၉ ဧပရယ် ဝင်ခွင့်များလက်ခံနေပီဆိုလား
အပြည့်အစုံက....ကျောင်းဝက်ဆိုဒ်များမှာပါ။

(၄)စလုံး ကုမပဏီတော်တော်များ စီးပွါးရေး
အခြေအနေကြောင့် ၁၃ လစာ ဘောနပ်စ်
မသေချာချိန်မှာ......လှံမထမ်းချင်
ကံထမ်းလာတာမြင်ချင်တဲ့ ကိုကိုမမ များ
4D , BIG SWEEP ,TOTO များ ဖိထိုးလာ
ဆိုလား........
အပြည့်အစုံက www.singapore pools.com

(၅)စလုံးမှာ စီးပွါးရေးအခြေအနေအကြောင့်
ဝန်ထမ်းတွေလျော့လာလို့ မပျော်နိုင်ကိုကို မမ
များ...နိုင်ငံကျော်ယတြာ
ဆြာကြီး ...ဦးဗလ ရဲ့ ယတြာ ချေနည်း
ပြောင်းဖူးနဲ့ချဉ်ပေါင်စား၊ကြာဇံကြော်စား
သူဌေး ကို အခါတရာ သွားဖြဲ ပြုံးပြ ဆိုလား။

နောက်မှဆက်ဝါးရန်.......................
@@@@@@@@@@@@@@@@@@@@@@@@@
ဒီအခန်းလေးအတွက် (အရည်မရ အဖတ်မရ)
အီးမေးလ် နဲ့ ဖြစ်စေ၊ c box မှာဖြစ်စေ..
ဝင်ပီး....သိပီးသားတွေ၊မသိသေးတာတွေ
လက်စွမ်းပြနိုင်ပါတယ်။
ကိုယ့်ရဲ့ အရည်မရ အဖတ်မရ တာလေးကို
တော့ကိုယ်တာဝန်ယူစေလိုပါတယ်။
အားလုံးကိုခေါ်ဖိတ်ပါတယ်။

ကျေးဇူးများစွာ...................
သိနေဟဖြင့်
(အမေ့လက်ရာ)


သင်မှ..သူ့ဆီ လက်ဆင့်ကမ်းပေးပါ


ဟိုး လွန်ခဲ့သော ၁၁ နှစ်ခန့်က ကြည့်ခဲ့သော အင်္ဂလိပ် ရုပ်ရှင်တစ်ကားကို
မှတ်မှတ်ရရ ဖြစ်မိတယ်။ ကားနံမည်လေးကတော့ Good will hunting ဖြစ်ပြီး
အော်စကာဆုတောင် ရရှိခဲ့ပါတယ်။ ခု ပြောချင်တာကတော့ အဲဒီ ရုပ်ရှင်လေးထဲက
စာသားလေးတစ်ခုပါ။ အဲဒီစာသားလေးကတော့ `pay it forward´ တဲ့။ အဲဒီစာသားလေးကို
အရမ်းသဘောကျပါတယ်။ မြန်မာပြည်က ရောက်လာတာ မကြာသေးတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူ ဒီကိုရောက်ရောက်လာခြင်း အသိတစ်ယောက်မှ မရှိတော့
အလုပ်ရှာတာက အစ ကျွန်မကိုယ်တိုင်ပဲ လိုက်ရှာပေးရပါတယ်။ သူက ကျွန်မကို
အရမ်းကျေးဇူးတင်တယ်လို့ ခဏ ခဏ ပြောပါတယ်။ ဒါပေမယ့် ကျွန်မက `အမရေ ကျွန်မကို
ကျေးဇူးတင်နေမယ့် အစား အသစ်ရောက်လာတဲ့ လူတစ်ယောက်ကို အမသိသလောက် တတ်သလောက်ကလေး
ပြောပြရင် သူအတွက် အကျိုးရှိသွားမှာ´လို့ ပြန်ပြောလိုက်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း အဲဒီ `pay it forward´ စကားလေးကို
တော်တော်သုံးဖြစ်ခဲ့ဘူးပါတယ်။



များသောအားဖြင့် မြန်မာလူမျိုးတွေဟာ ကျေးဇူးခံ၊ ကျေးဇူးစား ဆိုတဲ့ စကားကို
တော်တော်လေး သုံးကြပါတယ်။ `ငါလုပ်ပေးလိုက်လို့ သူဒီလိုဖြစ်လာတာ။ ခု အဆင်ပြေတော့
ငါ့ကိုတောင် အဖက်မလုပ်ဘူး´ ဆိုပြီး တစ်ခါလောက် ကူညီဖူးခဲ့တဲ့ ကျေးဇူးကို
တစ်သက်လုံး ပြောမကုန်အောင်တင်တော့တာပါပဲ။ ကျွန်မတို့ အိမ်မှာ နေတဲ့
အမကြီးတစ်ယောက် ရှိပါတယ်။ သူကကျွန်မကို အမြဲပြောဖူးတယ်။ ကိုယ်တိုင်လုပ်လို့
ရတဲ့ အလုပ်တွေကို သူများကို အကူအညီ မတောင်းပါနဲ့တဲ့။ တောင်းလိုက်လို့ ရတဲ့
အကူအညီဟာ ဘ၀ တစ်သက်လုံးမှာ ဆပ်လို့ မကုန်ဆုံးနိုင်တော့ဘူးတဲ့။ ပိုက်ဆံနဲ့
ပေးလို့ရတဲ့ ကိစ္စတွေကို ပိုက်ဆံပေးပြီး လုပ်ခိုင်း လိုက်ရတာဟာ ပိုပြီး
ကိစ္စပြတ်တယ်လို့ ပြောပါတယ်။ ပိုက်ဆံပေးလိုက်တော့ ကိုယ်လည်း စိတ်ထဲမထင့်တော့
ဘူး။ သူကိုလည်း ကျေးဇူးတင်နေစရာ၊ အားနာနေစရာ သိပ်မလိုတော့ပါဘူး။ သူလည်း
သူ့တန်ရာ တန်ကျေးရသောကြောင့် ကျေးဇူးခံ၊ ကျေးဇူးစားဆိုတဲ့ စကားသံ ထွက်လာစရာ
အကြောင်းမရှိတော့ပါဘူးတဲ့။ ပထမ အဲဒီစကားသံ ကြားလိုက်ရတော့ ကျွန်မတော်တော်
အံဘြသွားတယ်။ မြန်မာလူမျိုးဖြစ်ပြီးတော့ အဲလိုစိတ်ထားတယ်ပေါ့။ ဒါပေမယ့်
အဲဒီစကားဟာ တော်တော်လေးကို မှန်ကန်ကြောင်း လူများများနဲ့ ပေါင်းကြည့်တဲ့ အခါမှာ
သိလာပါတယ်။



မနေ့တုန်းက ကျွန်မ အစောကြီး အလုပ်သွားရတယ် ။ အိပ်ခြင် မူးတူးနဲ့ ဆင်းရမဲ့
ကားကိတ်ကို ခလုတ်မနှိပ်လိုက်မိတဲ့အတွက် ကားကမရပ်ပဲ ဆင်းရမဲ့မှတ်တိုင်
ကျော်သွားပါတယ်။ ကျွန်မလည်း ပူထူသွားတယ်။ အိပ်ချင်စိတ်တောင်
ဘယ်တွေရောက်သွားမှန်း မသိဘူး။ အလုပ်ကလည်း နောက်ကျတော့မယ်။ လမ်းလျှောက်ဘို့ကလည်း
တော်တော် ဝေးတယ်။ ဘစ်ကားပြန်ဆီး ဘို့ကလည်း တစ်ဘက်လာတဲ့ ဘစ်ကားကို မတွေ့ဘူး။
တော်တော်ကိုစိတ်ညစ်သွားတယ်။ နောက် မထူးတော့ပါဘူး။ ဆောင်းမနက်ခင်းမှာ ကျန်းမာရေး
ဖြစ်အောင် ပြေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်လို့ ပြေးပါတော့တယ်။ အဲဒီအချိန်မှာ တက်စီ
တစ်စီးက ဘေးနားမှာ ထိုးစိုက်လာပါတယ်။ ပြီးတော့ ဘယ်သွားမလို့လည်း
သူလိုက်ပို့ပေးမယ်တဲ့။ ကျွန်မကလည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ငါလည်း
မတားပဲနဲ့ ဘာလို့လာရပ်တာလည်းလို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် ကားသမားက
အလကားလိုက်ပို့ပေးမယ် တက်ပါဆိုပြီးပြောတယ်။ ကျွန်မလည်း အလကားဆိုပြီး ဟိုရောက်မှ
ပိုက်ဆံအတင်းတောင်းရင် ဒုက္ခဆိုပြီး အတင်း ငြင်းတာပေါ့။ ဒါပေမယ့် ကားသမားက `မင်း
ဘာပိုက် ဆံမှပေးစရာမလိုဘူးလို့ ပြောတယ်။ ကျွန်မလည်း အလုပ်ချိန်
အရမ်းနီးနေတာနဲ့ပဲ တက်လိုက်ခဲ့ပါတယ်။



ကားပေါ်ရောက်တော့ ကားသမားက သူအရင် တက်စီ မမောင်းခင်တုန်းကလည်း အလုပ်ကို
အမြဲနောက်ကျတတ်သူ ဖြစ်တဲ့ အကြောင်း ကျွန်မလိုပဲ အမြဲပြေးနေရကြောင်း ဒါကြောင့်
ကျွန်မဘ၀ ကိုသူစာနာ ကြောင်း လုံးစိပတ်စိ ပြောပြနေပါတယ်။ ကျွန်မလည်း အဲဒီတော့မှ
ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီလိုနိုင်ငံကြီးတွေမှာ အလကားဆိုတာ တယ်ရှားတာကိုး။
အားလုံးနီးပါး ပိုက်ဆံ ပေးမှရတာဆိုတော့ ခုသူရှင်းပြမှ သဘောပေါက်တော့တယ်။ သူက
ကျွန်မကို အလုပ်ဂိတ်ပေါက်ဝ အထိ ချပေးပါတယ်။ ကျွန်မလည်း သူကို ကျေးဇူးတင်ကြေင်း
အထပ်ထပ်ပြောမိတယ်။ ဒါပေမယ့် သူပြန်ပြီးပြောတဲ့ စကားတစ်ခွန်းဟာ ဘ၀မှာ တစ်သက်လုံး
မှတ်သားလောက်စရာပါပဲ။ မင်း ငါ့ကို ဘာမှ ကျေးဇူးတင်စရာမလိုပါဘူး။ တကယ်လို့များ
မင်း တတ်နိုင်ရင် ငါမင်းကို ကူညီခဲ့သလို မင်းတစ်ခြားတစ်ယောက်ကို ပြန်လည်
ကူညီလိုက်ပါ။ အဲဒါဟာ ငါ့ကို ကျေးဇူးဆပ်လိုက်တာပဲတဲ့။ `pay it forward´
(လက်ဆင့်ကမ်းလိုက်) ပေါ့တဲ့။ ကျွန်မ အလုပ်သာ လုပ်နေရတယ် အဲဒီစကားလေးတစ်ခွန်းကို
စဉ်းစားလို့ မဆုံးသေးဘူး။ အော်... ဒီကမ္ဘာကြီးမှာ အဲလို လူမျိုးတွေသာ
များပြားခဲ့ရင် ကမ္ဘာကြီးဟာ ဘယ်လောက် အေးချမ်းမလည်း။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီအကြောင်းလေး..အီးမေးလ်လေးနဲ့ လက်ဆင့်ကမ်းလာတဲ့
ဆရာသွင်ကျော်နိုဗယ် နဲ့ မူရင်းစတင်ရေးသား လက်ဆင့်ကမ်းခဲ့
သူအား...အမေ့လက်ရာမှ ကျေးဇူး အထူး။
အခြား သူများလည်း ကျေးဇူးပါဗျာ။

သိနေဟဖြင့်....
(အမေ့လက်ရာ)

Thursday, January 8, 2009

”ကြွက်ရောင်းရန်ရှိသည်”


(၁).....

မနေ့ကအချိန်အထိ..သူရှင်သန်နေထိုင်ရာ ဒီလမ်းကြားလေးထဲ
မပြောနဲ့ ဟောဟို အပြင်ဘက်က ကားလမ်းကြီး ဘေးမှာတောင်
တခုစ နှစ်ခုစ ဆိုသလောက်ပါပဲ အရီးလေးမြ ထမင်းဆိုင် ၊
အေးပုံ ရဲ့ ယောက် ကျား မြင့်ဆွေ ဝပ်ရှော့ခ် ပြင် ဆိုင် ၊
အစိုးရ ရုံး တရုံး နဲ့ ကျန်း မာ ရေး ဆေး ပေး ခန်း တ ခန်း ၊
(ကျား ကြီး) ဝင်း မောင် ရဲ့ အ မိန့် အ ရ အ ရ က် ဖြု ဆိုင် ၊
ရန် ကုန် သူ မသန်းဌေး ရဲ့ ကုန် စုံ နဲ့ စ တိုး ပ စည်း ဆိုင် ၊
ဒီ ဆိုင် တွေ ရဲ့ ဆိုင်း ဘုတ် တွေ ပဲ သူ တွေ့ နေ မြင် နေ ကျ။
သွား လာ သူ ၊ဆော့ က စား သူ (က လေး) တွေ နဲ့ ဒီ မြို့ တန်း
လေး ဟာ ပို နေ မြဲ ကျား နေ မြဲ လွှတ် လှ နေ ကျ။

(၂).....

အို ဘုရား သ ခင်.. ၊ဒီ နေ့ တော့,သွား သူ လာ သူ ပျာပန်းခတ်
ရှုပ်ယှက်။ကားလမ်းကြီး ဘေး တလျှောက် သက် ကြီး ငယ် အ ရွယ်
စုံ ၊ဗန်း ကြီး ငယ် အသွယ် သွယ် နဲ့ တ ကြော် ကြော် အော် ခေါ်
“xxxx ရောင်းသည်” “xxxx ရသည်” “xxxx ရသည်”
“xxxx ရောင်းသည်” ။ ။
သဘာဝအတိုင်း ဖြစ် ရိုး ဖြစ် စဉ် တွေ နဲ့ အ ရိုး ခံ လှ ခဲ့ တဲ့ မြို့
တန်းလေးဟာ အော် သံ ခေါ် သံ တွေ နဲ့ ပွက် ပွက် ဆူ ညံ လို့ ။

အိမ်ရှေ့ မျက်နှာစာလေး အုတ် ပတ် ၊ ဆေး လေး ပြောင်း သုတ်
ထား တဲ့ ရပ် ရွာ လူ ကြီး အိမ် မှာ “လွင်” တည်း ခို ရိပ် သာ ၊
ပိ တောက် ပင် အ ရိပ် ထိုး နေ တဲ့ အိမ် စုတ် စုတ် ဆ ရာ
ဦး မောင် စိန် အိမ် စည်း ရိုး ပျက် မှာ ”အိမ်ရောင်းမည်”
လမ်းပေါ် သိန်းတိုး က လည်း အရီး မြ ဆိုင် နား တဲ ထိုး
“သိန်းတိုး ဝက်သားတုတ်ထိုး” တဲ့၊ ဟို တ မျိုး ဒီ တ မျိုး
ဆိုင်း ဘုတ် မျိုး စုံ တွေ က သူ နေ ထိုင် ရာ လမ်း ကြး လေး
ထဲ က အိမ် စု စု လေး တွေ အ ထိ တွေ့ နေ ရ ။
”ကျူရှင် စာပြ၊ ဂတ်စ် မီး ခြစ် ထည့် ၊အ ပေါင် ခံ ၊
ဗေ ဒင် လက္ခဏာ ၊ စက် ချုပ် ၊အ နှင်း အ နှိပ်၊
စက်ဘီး ဆိုက္ကား ပြင် ၊ဆံ ပင် ဝယ် ရောင်း” စ တဲ့
ဆိုင်း ဘုတ် ပုံ စံ အ မျိုး မျိုး တွေ က ပြော ရ ရင်
”ရောင်းရန်ရှိသည်”အပေါင်လက်ခံသည်”ဌားသည်”
ဆို တာ မျိုး တွေ ပဲ။ ။

(၃)....

များ ပြား လှ တဲ့ “ရောင်း ရန် ရှိ သည်” ဆိုင်း ဘုတ် တွေ
က ဒီ မြို့ လေး ကို မျက် စိ ရှုပ် အောင် အ လှ ဆင် ထား
ချက် များ ...သူ ဌား နေ တဲ့ ထရံ ဘေး ချင်း ကပ် အ ခန်း
မှာ တောင် ”ဆွမ်းတင်သည်” ဆို ပြီးသွပ် ပြား အ ပဲ့ လေး
ပေါ် မှာမီး သွေး ခဲ လေး နဲ့ ခြစ် ရေး ထား တဲ့ ဆိုင်း ဘုတ်
က လေး ကပ် လို့ လေ။
ရယ် ချင် သ လို ၊ ငို ချင် သ လို နဲ့ ဒိ အ ကြောင်း တွေ
သူ စဉ်း စား ရင်း ကြမ်း ပေါ် ပက် လက် လှန် လှဲ မိ စဉ်...
မျက် လုံး တွေ အ စုံ လိုက် ပြု တ် ကျ ...
နှုတ် ဖျား က ဘု ရား ရေ လွှတ် တ...
သား အ ငယ် ကောင် ၊ဘယ် အချိန် တံ ခါး ပေါက် ဘောင်
မှာ မြေ ဖြူ နဲ့ ရေး ထား မှန်း မ သိ သော .....................
”ကြွက် ရောင်း ရန် ရှိ သည်”
”တ ကောင် ၁၅ ပြား ”

တိမ်လွှာငယ်
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
အမေ့လက်ရာ ကို ပါ ဝင် အား ဖြည့် ရေး ပို့
ပေး ကြ သူ မိတ် ဆွေ အား လုံး ကို
ကျေး ဇူး အ ထူး တင် ပါတယ်။
လာ ရောက် ဖတ် ရှု သူ များ လည်း ကျေး ဇူး ပါ။
တိုး တက် ကောင်း မွန် သော ဘ လော့  လေး
ဖြစ် အောင် ဝေ ဖန် အ ကြံ ပြု ကြ ဖို့ လည်း
ထပ် မံ ခေါ် ဖိတ် ပါ တယ်။

ရွှင် လန်း ကြ ပါ စေ
သိနေဟ ဖြင့်...
သားရွှေနု
(အမေ့လက်ရာ)

Wednesday, January 7, 2009

“ထင်ပေါ်ချင်လို့စင်တော်တက်ပါတယ်ဆိုမှ”



“ငါ့နှယ်နော်..
ထင်ပေါ်ချင်လို့စင်တော်တက်ပါတယ်ဆိုမှ”

မော်ဒယ်လုပ်ချင်သူများသတိထား
ကိုရို့ကားယား အဝတ်ဖားဖား
မြင့်မြင့်မားမား ဒေါက်ဖိနပ်လွှားလွှား
ကြည့်သွား...ကြည့်ကြွား
တဟားဟား နဲ့ ကားနေလိမ့်မယ်။

အားလုံးသို့...
ရယ်ရအောင်မျှဝေတာနော်။
စိတ်တိုတော်မူကြနဲ့ဗျို့။
အားလုံးကိုသိနေဟဖြင့်.......
သားရွှေနု
{အမေ့လက်ရာ}
@@@@@@@@@@@@@@@@
မိတ်ဆွေများဗျာ....
ပိုတိုးတက်ကောင်းမွန်သော ဘလော့ဖြစ်အောင်
ဝေဖန်အကြံပြုချက်များ အချိန်နည်းနည်းပေးလို့
ရေးသားပေးပို့ကြပါ.
ကျေးဇူးများစွာ....။
သားရွှေနု
{အမေ့လက်ရာ}

Tuesday, January 6, 2009

တကိုယ်တော်......................



တကိုယ်တော်..
စိတ်ရှုးပေါက်ပေါက် နွေဦးပန်းခြောက်တွေ
မိုးနဲ့ဆောင်းမှာ ကောက်ကြောင်းခြစ်
ညစ်ထေးလွန်းတဲ့ ရင်ဘတ်ကြီး
ရွက်လွှင့်လို့ ..(မာနကိုကျစ်ကျစ်ဆုပ်)
လေဆန်ဘက်ကချီခဲ့။

သူငယ်တန်းဝတ် အင်္ကျီအဖြူ
အမေ့ရင်ခွင်မှာ မှေးမှိန်ကျန်စဉ်
ငါးပြားတန်ကာတွန်းဇာတ်လမ်း
တကိုယ်တော် သူရဲကောင်းကြီး
မည်းနက်မှောင်မိုက်
ညဉ့်ကာလ မှာ.....
စွန့်စားချိန် ခြေနင်းဗလာမဲ့
လေဆန်ဘက်ကို ချီလျက်။

ဒင်္ဂါးတွေ သိမ်းပိုက်
အတွေးအိမ်မက် နဲ့
တကိုယ်တော် စွန့်စားချိန်
အတ္တနဲ့အရှုံး
ချစ်ခြင်းမဲ့အမုန်း
အဓိပါယ်မဲ့ ပျက်လုံးတွေ
ကိုယ့်ဘာသာ ကိုယ်ချခင်း
ကင်းဖေါက်ခံလိုက်ရ။

တကိုယ်တော်
ကြေမွ ၊ကြွေနေ့စေ့ချိန်
ဒီအကြောင်းတွေ
ဖတ်စရာတအုပ် လုပ်
နွေဦးပန်းခြောက် ကပ်လို့ထားတယ်။


ဗစ်တာထွန်းဇေ

Monday, January 5, 2009

နှစ်သစ်မင်္ဂလာမှာ.....


ခုတလော လူပြောများလာလို့..
ရေးဖြစ်မှာက “နှစ်သစ်မင်္ဂလာမှာ”ဖြစ်ပါတယ်။
ဘလော့ မိတ်ဆွေအမျိုးများက ဘာလို့နှစ်သစ်ကူး
ဆုတောင်းမလုပ်ပေးတုန်း၊သူများရေးပီးသားတွေချည်း
ကော်ပီကူးချနေရတာတုန်း။
....တုန်း။ ...တုန်း။ ...တုန်း။....။

အဲဒီလို ”ဘာလို့တုန်း” ဆိုသောမေးခွန်းများစွာအတွက်
ပြန်ဖြေရရင်...ခုတလောတမျိုးကြီးဖြစ်နေလို့ဆိုရပါမယ်။
ခရစ်သက္ကရာဇ်အဆိုအရ ဇန်နဝါရီ ၁ ရက်နေ့ ဟာ
ကမ္ဘာလုံးဆိုင်ရာ နေ့ထူးနေ့မြတ်(ဝါ)နှစ်သစ်မင်္ဂလာရက်ဦး
လို့သတ်မှတ်ကြပီး ပျော်ပွဲရွှင်ပွဲများကျင်းပကြတာ ယနေ့တိုင်ပါပဲ။

ဒီအချိန်မှာ အမေ့လက်ရာ...
သူများပျော်လို့ မပျော်နိုင် မှိုင် နေပုံက...
ရေးချင်တာများပြီး မရေးနိုင်သောဒုက္ခ
အလုပ်မှာ ဘောနပ်စ်(bouns)မရသော ဒုက္ခ
(လူပြောင်းလူရွေ့)အလုပ်ထုတ်မှုတွေ လုပ်နေလို့
အိပ်မပျော်သော သောက..
ဖြစ်ချင်တာတွေ မှန်းမျှော်နေသော လောဘ

ချစ်သောသူ သန္တာ နဲ့
နယူးရီးယား ည မပျော်နိုင်သော ဘဝ။

ဘယာခြောက်ခြား သွေးချောင်းများနဲ့
ပါလက်စတိုင်း ကလေးများဘဝ။

ဟားမတ်စ်ကြောင့် အစ္စရေးလေကြောင်း
ဂါဇာ(Gaza)ည မီးဒုံးပန်း ကျဲပြ
တင့်ခ် ကားများ စစ်ချီ အလှ။

ဘန်ကောက်နယူးရီးယား
ကလပ်(Club) မီးလောင် လူသေများတဲ့ည။

ကျောင်းမတက်နိုင်ရှာတဲ့ မလေးရှားကလေးများ
ရေဘေး ဘဝ။

တရုပ်၊ဂျပန်၊အမေရိကန် ငွေကြေးဈေးနှုန်း
မတည်ငြိမ် ကျဆင်း
အလုပ်မဲ့များလာတဲ့ ဘဝ။

မွတ်စလင်များဟာ အကြမ်းဖက်သမားလား
မေးလို့ ပါလက်စ္စတိုင်း အပေါ် အစ္စရေးကျုးကျော်မှု
ရှုံ့ချ..အင်ဒိုနီးရှားမှာပြည်သူတစု
လမ်းပေါ် ဆန္ဒထုတ်ပြ။

မိုးပြိုမှာတွေးကြောက်..
ခြေထောက်ကွေးကွေးလေး
မြှောက်ထောင်နေသောကာလ။


အကြောင်းကြောင်းကြောင့်....
ကျွန်တော့်ဘလော့မိတ်ဆွေများအား
နှစ်ဦးမင်္ဂလာတောင်းဆုပြုခြင်းနောက်ကျသွားတာပါ။
မည်သို့ဆိုစေ....
နှစ်သစ်မင်္ဂလာမှာ ကမ္ဘာရှိပြည်သူ အားလုံးပြုံးပျော်
ကိုယ်စိတ်ချမ်းသာလို့ တောင်းဆုများကုံလုံပြည့်ဝပါစေသော်။

သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်



လက်ထပ်ပြီး ၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ် လန်းဆန်းစေတဲ့ နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ မပါတဲ့ ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။

မကြာသေးခင်က အခြားအမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တယ်။ အဲဒီလို ချိန်းတွေ့ဖို့အကြံကို ကျွန်တော့်ဇနီးကပဲ ပေးခဲ့ပါတယ်။

"မောင် သူ့ကို အရမ်းချစ်မှန်း ကျွန်မသိပါတယ်"

ဇနီးစကားကိုကြားတော့ ကျွန်တော်အံ့သြပြီး ချက်ချင်းပဲ "ခင့်ကို မောင်ချစ်တယ်လေ" လို့ ပြန်ဖြေခဲ့တယ်။

"ကျွန်မသိတယ်မောင်.. ဒါပေမယ့် သူ့ကိုလည်း မောင်ချစ်တယ် မဟုတ်လား! "

ဇနီးက ကျွန်တော့်ကိုအမေနဲ့ ချိန်းတွေ့ခိုင်းစေတာဖြစ်တယ်။ အမေတစ်ယောက်ထဲ နေလာတာ ၁၉နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်လည်း အလုပ်များတာကတစ်ကြောင်း၊ ကလေးသုံးယောက်ရဲ့ တာဝန်ကိုယူရတဲ့ ဖခင်ဖြစ်နေတာကတစ်ကြောင်း အမေနဲ့တွေ့ဖို့၊ ဆုံဖို့ အချိန်ချို့တဲ့ခဲ့ရတယ်။

အဲဒီညက အမေဆီ ကျွန်တော်ဖုန်းဆက်ပြီး ကျွန်တော်နဲ့ညစာအတူစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ ချိန်းဆိုလိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲ? သား နေကောကောင်းရဲ့လား? "

ညဖုန်းဆက်ပြီး ရုတ်တရက် အမေ့ကိုချိန်းဆိုခဲ့လို့ သားတစ်ခုခုများ ဖြစ်နေပလားလို့ အမေတွေးထင်ခဲ့ပုံရတယ်။

"အမေနဲ့နှစ်ယောက်တည်း ချိန်းတွေ့ခွင့် ရချင်လို့ပါ။ အရမ်းအဓိပ္ပါယ်ရှိမယ်လို့ ကျွန်တော်ထင်တယ် အမေ"

"အမေလက်ခံပါတယ် သား" ခဏစဉ်းစားပြီး အမေပြန်ဖြေတယ်။

သောကြာနေ့ ရုံးဆင်းပြီးနောက် ကားမောင်းပြီး အမေ့ကို ကျွန်တော်သွားကြိုခဲ့တယ်။ ဒီလို ချိန်းဆိုမှုမျိုး ကျွန်တော်တစ်ခါမှ မမြည်းစမ်းခဲ့ဖူးလို့ ကားမောင်းနေတဲ့အချိန် ကျွန်တော့်ရင်တွေ တုန်လှုပ်နေမိတယ်။

အမေ့အိမ်ရောက်တဲ့အချိန် အမေလည်း ဒီချိန်းဆိုမှုကြောင့် စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော်ထင်တယ်။ တံခါးဝမှာ အမေရပ်နေတယ်။ အနွေးထည်ကို အမေဝတ်ထားတယ်။ အမေဝတ်ထားတဲ့ အထဲအင်္ကျီက မင်္ဂလာနှစ်ပတ်လည်နေ့မှာ အမေနောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီဖြစ်တယ်။ ခေါင်းပေါ်က ဆံတိုကို အမေထပ်ကောက်ထားသေးတယ်။ အမေ့မျက်နှာက နတ်သမီးအလား ပြုံးရွှင်လို့နေတယ်။

ကားပေါ်ရောက်တော့ အမေက အားရနှစ်လိုစွာနဲ့ " အမေ့သူငယ်ချင်းတွေကို ဒီနေ့သားနဲ့ အမေချိန်းတွေ့မယ်လို့ ပြောပြတော့ သူတို့က အမေကိုအားကျကြတယ်။ အမေတို့ ဘယ်လိုချိန်းတွေ့ခဲ့ကြတယ် ဆိုတာကို သူတို့စောင့်မျှော် နားထောင်နေကြမယ်တဲ့"

အကောင်းဆုံးမဟုတ်ပေမယ့် သပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော်တို့ ရောက်သွားခဲ့တယ်။ အမေက ကျွန်တော့်လက်မောင်းကို ချိတ်လို့ ကတော်တစ်ယောက်နဲ့ တူနေခဲ့တယ်။ ထိုင်ခုံမှာနေရာယူပြီးနောက် အမေ့အတွက် ကျွန်တော်ကပဲ အစားအစာတွေ မှာပေးခဲ့ရတယ်။ အမေရဲ့မျက်လုံးက လက်ရေးကြီးတွေကိုပဲ မြင်နိုင်လောက်အောင် မွဲနေခဲ့ပါပြီ။

အစာစားရင် တစ်ဝက်အရောက် ကျွန်တော်ခေါင်းမော့်ကြည့်လိုက်တယ်။ ကျွန်တော့်ကို ကြည့်နေတဲ့ အမေမျက်လုံးနဲ့ သွားဆုံတယ်။

"သား ငယ်ငယ်တုန်းက အမေပဲ သားအတွက် အစာမှာပေးရတယ်"

အတိတ်ကို အောင်းမေ့လွမ်းဆွတ်တဲ့ အပြုံးနဲ့ အမေကပြောတယ်။

"အခုတော့ အမေအနားယူလို့ရပြီ၊ အမေ့ကို ပြုစုဖို့ ကျွန်တော့်အလှည့်ရောက်ပြီလေ"

အစာစားရင်း ကျွန်တော်တို့ စကားတွေ ပြောဖြစ်ကြတယ်။ စကားတွေက အပျော်ထဲမှာ နစ်မွန်းနေခဲ့တယ်။ ဒီနှစ်တွေအတောအတွင်း ဘဝကိုယ်စီမှာ ဖြစ်ပျက်ခဲ့သမျှကို ဖလှယ်ကြတယ်။ ကျွန်တော်တို့ စကားတွေအများကြီး ပြောခဲ့ကြလို့ ရုပ်ရှင်ကြည့်ဖို့ နောက်ကျသွားခဲ့ရတယ်။

ညစာပြီးလို့ အမေကို အိမ်ပြန်ပို့တော့ အမေက တံခါးဝမှာရပ်ရင်း "သားနဲ့ နောက်တစ်ကြိမ် ချိန်းတွေ့ချင်သေးတယ်။ ဒီတစ်ခေါက်ကျရင် အမေရှင်းမယ်နော်" လို့ ပြောတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

အမေ့ကို ပို့ပြီး အိမ်ပြန်ရောက်တော့ ဇနီးက ဆီးကြိုမေးတယ်။

"ညနေစာချိန်းပွဲလေး ဘယ်လိုလဲ?"

"အရမ်း အဓိပ္ပါယ်ပြည့်စုံတဲ့ ချိန်းပွဲလေးပေါ့။ ထင်ထားတာထက်တောင် ပိုအဓိပ္ပါယ်ရှိနေခဲ့တယ်"

အမေနဲ့ချိန်းတွေ့ပြီး ရက်အနည်းငယ်နောက်ပိုင်း နှလုံးရောဂါကြောင့် အမေ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ ထင်မှတ်မထားတဲ့ ရုတ်တရက်မို့ ကျွန်တော်လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။

အမေဆုံးပြီး သိပ်မကြာခင် ကျွန်တော်စာတစ်စောင် လက်ခံရရှိခဲ့တယ်။ စာက အမေနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်က ပို့ခဲ့တဲ့ ပြေစာတစ်စောင်ဖြစ်တယ်။ စာထဲမှာ စာတိုလေးတစ်ကြောင်းပါ ပါတယ်။

"ကုန်ကျစရိတ်ကို အမေကြိုရှင်းခဲ့တယ်။ နောက်တစ်ကြိမ် အမေထပ်သွားဖို့ အခွင့်ရှိတော့မှာ မဟုတ်ဘူးဆိုတာ အမေသိနေတယ်။ ဒါပေမယ့် နှစ်ယောက်စာကို အမေရှင်းခဲ့တယ်။ သားနဲ့ သားရဲ့ဇနီး အတွက်ပါ။ အဲဒီည ချိန်းပွဲလေးက အမေ့အတွက် အရမ်းအဓိပ္ပါယ်ရှိခဲ့မယ်လို့ သားတွေးထင် မထားခဲ့မိဘူး မဟုတ်လား။ သားကို ချစ်တယ်"

အဲဒီအချိန်ကစပြီး "ချစ်တယ်" ဆိုတဲ့ စကားကို အချိန်မလွန်ခင်ပြောဖို့ ကျွန်တော် အသိတရား ရလိုက်တယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်တွေပေးဖို့လိုကြောင်း ကျွန်တော်နားလည်လိုက်တယ်။

လောကမှာ ဘယ်အရာကမှ ကိုယ့်မိသားစုလောက် အရေးမကြီးပါဘူး။ သူတို့နဲ့အတူနေဖို့ အချိန်ပိုပေးကြည့်ပါ။ ဒီကိစ္စဟာ "နောက်မှ.. အချိန်ရပါသေးတယ်" ဆိုပြီး အချိန်ဆွဲသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original from : google search OR http://www.yukz.com/novel

ရေးသားသူ....... နိုင်းနိုင်းစနေ at 1/04/2009 12:21:00 PM

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နိုင်းနိုင်းစနေ ရဲ့ လက်ရာကောင်းများစွာထဲမှ
ခံစားမှုထပ်တူကျလို့..ကူးယူဖော်ပြပါသည်။
ကာယကံရှင် မနိုင်းနိုင်းစနေ ကိုလည်း
ဒီနေရာမှနေ ကျေးဇူးအထူးတင်ပါတယ်။

အခြားသူငယ်ချင်းများလည်းကျေးဇူးပါဗျာ။။
အားလုံးကို..
သိနေဟဖြင့်
သားရွှေနု
(အမေ့လက်ရာ)

Saturday, January 3, 2009

ဘဝထဲက အပျော်ကိုရှာ



တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာ ကိုရင်တစ်ပါးကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး " ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်" လို့ သတိပေး မှာကြားလိုက်တယ်။

ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။ ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။

ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး "သေချာယူခဲ့ပါလို့ မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်" ဆိုပြီး ဆူတော့ ကိုရင် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့ ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး "ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်" လို့ မှာလိုက်တယ်။

ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။

ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊ လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့ ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။ မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။

သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊ အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက် သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့ ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့ ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

original from :http://www.yukz.com/index203.html

ရေးသားသူ....... နိုင်းနိုင်းစနေ at 1/02/2009 04:19:00 AM

..........................................................

နိုင်းနိုင်းစနေ ၏ လက်ရာကောင်းတွေထဲမှ
ကူးယူဖော်ပြ မျှဝေ ပါသည်။
နိုင်းနိုင်းစနေ အားကျေးဇူးတင်ပါသည်။


လာလည်သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
သားရွှေနု{အမေ့လက်ရာ]

လွပ်လပ်ရေးနေ့..တို့မမေ့





မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော
အမျိုးသားခေါင်ဆောင်ကြီးများ နဲ့ ဗြိတိသျှကျွန် ဖက်ဆစ်ကျွန်
ဘယ်ကိုလိုနီ ကျွန်ဘဝ မှာမှ မနေချင်သော လွပ်လပ်ပြီး
တရားမျှတသော ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုခုံမင်သော
ပြည်ထောင်စုတရပ်လုံး က ရွပ်ရွပ်ချွန်ချွန်ပူးပေါင်းကြိုးစား
အသက်ပေးရယူခဲ့သော..မြန်မာနိုင်ငံတော်ကြီးသည်
၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင်
ဗြိတိသျှတို့ မှ တရားဝင် အခမ်းအနားနှင့် လွပ်လပ်သောနိုင်ငံအဖြစ်
ကြေငြာလွှဲပြောင်းခဲ့ရသည်.....။ ။

ယနေ့ဆို နှစ်ပေါင်း ၆၁ နှစ်ရှိပြီ။
ဒါကြောင့်..အသက်ပေး ရယူခဲ့သော
အာဇာနည်..သမိုင်းဝင် ပုဂ္ဂိုလ်များနှင့်
အမိုင်းမဝင်ပေ မယ့် တိုက်ပွဲဝင်
ကျဆုံး ခဲ့သော မျိုးချစ်များအားလုံးအား
ဦးညွှတ် အလေးပြု ဂုဏ်ယူရင်း........

ကျွန်တော်တို့ ရဲ့အချုပ်ခြာနိုင်ငံလွပ်လပ်ရေး
အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲ မပြိုကွဲ
မပျက်သုဉ်းရအောင်..အားလုံးအတူတူ
ပူးပေါင်းကာကွယ်ကြစို့..။


အားလုံးကို..
သိနေဟ အားဖြင့်.....
သားရွှေနု
(အမေ့လက်ရာ)+

ကိုလာ နဲ့ မင်န်သော် ပေါင်းဖက်တော့နော်






ထူးထူးခြားခြား စပ်စပ်စုစု စမ်းသပ်တတ်တဲ့
နိုင်ငံခြားက ကျောင်းသူကျောင်းသားလေးများရဲ့
ကိုကာ-ကိုလာအချိုရည် နဲ့ မင်န်သော် ပရုပ်ပူရှိန်း
တို့ပေါင်းစပ် မှုက လှလှပပ အမြှုပ်တန်းလေးဖြစ်လာ
တာကိုတွေ့ရမှာပါ။

မှတ်ချက်။ ။ကိုလာ၊ပက်ပစီ နဲ့ မင်သော်ပူရှိန်း ပေါင်းဖက်
မစားမသောက်ပါနဲ့တဲ့ဗျား။ဘရာဇီးမှာကျောင်းသားလေးတယောက်
တွဲသောက်မိလို့ သေဆုံးခဲ့ရပါသတဲ့။
@@@@@@@@@@@@@@@@@@@@@@

ဒီအီးမေးလ်လေးမျှဝေပေးလာတဲ့ မမမျိုးအား
အမေ့လက်ရာ ကကျေးဇူးအထူးတင်ပါတယ်။
အခြားသူငယ်ချင်းများလည်းကျေးဇူးပါ။
သားရွှေနု
(အမေ့လက်ရာ)

မနာကျင်ပဲ..မအောင်မြင်နိုင်(No pain...No gain)


ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။
အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။
အဲဒီလိုပဲမြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို
မပေးပါဘူး။သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။
သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀ကသင့်ကို ပြုံးပြီးကြည့်တယ်။
သင်သူများတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့အခါမှာတော့
ဘ၀က သင့်ကို အလေးပြုတယ်။အောင်မြင်သူတိုင်းမှာ
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ပင်ပန်းဆင်းရဲတဲ့
ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု
ရှိပါတယ်။လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။
ခက်တာကတော့ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့
မရပါဘူး။ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့
အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့လူတိုင်းလုပ်လို့ ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ
မလိုပါဘူး။ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများ
ထူးမှာမို့လို့လဲ။အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင
် သင့်မျက်လုံးတွေကိုမျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။
မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့နောက်ထပ်အခွင့်
အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။မျက်နှာကိုပြုပြင်လိုက်တာ
(Changing the face) ဟာ ဘာကိုမှပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အပြောင်းအလဲကိုရင်ဆိုင်လိုက်တာ (Facing the change)
ကတော့ အရာရာကိုပြောင်းလဲသွားစေနိုင်ပါတယ်။သူများတွေအကြောင်း
မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင်ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်
လိုက်ပါ။အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။
ဒါပေမယ့်နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို
အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ပြင်းပြင်းထန်ထန်နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့်
သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
my
1 heart
2 eye
206 bones
7 liters blood
5.5 million red sells
60 trrllion. DNA
say to u

i miss U a lot
.................................................................
ခံစားမှုရသ..မှတ်သားစရာလေး အီးမေးလ် နဲ့မျှ
ဝေပေးလာသူ ဆရာ သွင်နိုဗယ် အား
အမေ့လက်ရာက ကျေးဇူးအထူးတင်ပါတယ်။
အခြားသူငယ်ချင်းများလည်း..ကျေးဇူးပါ။
သားရွှေနု
(အမေ့လက်ရာ)